Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 23, 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သစ်ပင်လူသား နောက်တစ်ကြိမ် ဆေးရုံတက်ရ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သစ်ပင်လူသားဟု လူသိများသည့် Abul Bajandar အားတွေ့ ရစဉ်(ဆင်ဟွာ)
ဒါကာ ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာဆေးကောလိပ်ဆေးရုံ(DMCH)၌ နှစ်နှစ်ခွဲကျော်ကြာ ဆေးကုသမှုခံယူခဲ့ရပြီး ၂ဝ၁၈ ခုနှစ် မေလတွင် ဆေးရုံမှ ဆင်းခဲ့သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား “ သစ်ပင်လူသား” သည် ၄င်း၏ ကျန်းမာရေးအခြေအနေမှာ တစ်ရက်ပြီးတစ်ရက် ပြန်လည်ဆိုးဝါးလာသဖြင့် နောက်တစ်ကြိမ် ဆေးရုံတက်ရောက် ကုသမှု ခံယူနေရကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် အဘူလ်ဘာဂျန်ဒါသည် အလွန်ဖြစ်ခဲသော အရေပြားရောဂါဝေဒနာတစ်ခုခံစားနေရပြီး ၄င်း၏ လက်ချောင်း နှင့် ခြေချောင်းများပေါ်တွင် သစ်ပင်အကိုင်းအခက်သဖွယ် ဖြာထွက်နေသည်။

ဘာဂျန်ဒါသည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်တွင် DMCH ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူရချိန်တွင် ပြည်တွင်းပြည်ပ သတင်းဌာနများ၏ အာရုံစိုက် သတင်းဖော်ပြစရာဖြစ်ခဲ့သည်။

၎င်း၏ လက်ချောင်းများသည် သစ်ပင်အကိုင်းအခက်ကဲ့သို့ ဖြစ်နေသောကြောင့် မည်သည့်အရာမျှ ဆုပ်ကိုင်နိုင်ခြင်းမရှိပေ။

 “ အဲဒီတုန်းက ဆေးရုံက ဆင်းလိုက်တာဟာ သိပ်ကိုမှားသွားတယ်။ ကုသမှုအပြည့်အဝခံယူဖို့ ဆေးရုံမှာနေတာက ကျွန်တော့်အတွက် ပိုကောင်းမှာပါ။အမှန်ပြောရရင် အဲဒီတုန်းက ကျွန်တော်စိတ်မရှည်တော့လို့ ဆေးရုံက ဆင်းခဲ့မိတာပါ” ဟု ဝေဒနာအပြင်းအထန်ခံစားနေသည့် ဘာဂျန်ဒါက သတင်းသမားများအားပြောကြားခဲ့သည်။

၎င်းသည် ၂၆ ကြိမ်မြောက် ခွဲစိတ်ကုသမှုမခံယူမီ ရက်ပိုင်းအလို ၂ဝ၁၈ ခုနှစ် မေလတွင် ဆေးရုံမှ ဆင်းခဲ့သည်။ ၄င်း၏ လက်ချောင်း နှင့် ခြေချောင်းများသည် သစ်ကိုင်းများသဖွယ် လျင်လျင်မြန်မြန် ဆက်လက် ထိုးထွက်နေကြောင်း သိရသည်။

ဘာဂျန်ဒါသည် အလွန်ဖြစ်ခဲသော epidermodysplasia verruciformis ဟုခေါ်သည့် ရောဂါဝေဒနာကို ဆယ်စုနှစ်များစွာခံစားခဲ့ရပြီး ၊ ယင်းရောဂါကြောင့် လက်ချောင်းခြေချောင်းများမှ သစ်ကိုင်းများသဖွယ် အခက်အလက်များဖြာထွက်လာကြောင်း နှင့် ၄င်း၏ လက်ချောင်းခြေချောင်း နှစ်ခုစလုံး၏အလေးချိန်သည် လေး ကီလိုဂရမ်နီးပါးအထိ ရှိနေကြောင်း သိရသည်။

အဆိုပါ ဖြစ်တောင့်ဖြစ်ခဲသော ရောဂါကို သစ်ပင်လူသား ရောဂါဟူ၍လည်း လူသိများကြသည်။

ဘာဂျန်ဒါသည် ကမ္ဘာပေါ်တွင် ၄င်းရောဂါဝေဒနာကို ခံစားရသည့် စတုတ္ထမြောက် ဝေဒနာရှင်တစ်ဦးဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment