Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 23, 2019

အိမ္ေထာင္ရွိ ရဲဒုတပ္ၾကပ္တစ္ဦး အသက္ (၁၅) နွစ္အရြယ္ မိန္းကေလးအား တည္းခိုခန္းတြင္ေခၚ၍ သားမယားျပဳက်င့္


မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္ (၇) နယ္ေျမရဲစခန္းမွ ရဲဒုတပ္ၾကပ္တစ္ဦး က အသက္ (၁၅) နွစ္အရြယ္ မိန္းကေလးအား မုဒိမ္း က်ဴးလြန္မႈျဖစ္ေၾကာင္း သိရသည္ ။

ျဖစ္စဥ္မွာ မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္ (၇) နယ္ေျမရဲစခန္းမွ အိမ္ေထာင္ရွိသူ ရဲဒုတပ္ၾကပ္ ေတဇေအာင္ က အသက္ (၁၅) နွစ္အရြယ္ မိန္းကေလးအား တည္းခိုခန္းတြင္ေခၚ၍ သားမယားျပဳက်င့္ေၾကာင္း သိရသည္ ။

“ကြၽန္ေတာ္လည္း ဘာမွမသိဘူး ။ ေခၚလို႔လာရတာ ။ အတိအက်မသိေသးဘူး ။ ဒုရဲတပ္ၾကပ္က ကြ်န္ေတာ္သား ရိုက္မႈနဲ႔ ပတ္သက္ၿပီး ေျပာဆိုခင္မင္ဆက္ဆံတာေတာ့ရွိတယ္” ဟု ျပဳက်င့္ခံရသူ၏ ဖခင္ က ေျပာသည္ ။
ျပဳက်င့္ခံရသည့္ အသက္ (၁၅) နွစ္အရြယ္ မိန္းကေလးအား မႏၲေလး အေထြေထြေရာဂါကုေဆးရံုသို႔ တင္ပို႔ထားၿပီး မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္ (၇) နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္ ။
ယင္းျဖစ္စဥ္နွင့္ပတ္သက္၍ က်ဴးလြန္သူမွာ ဖမ္းဆီးရမိျခင္းမရွိေသးဘဲ ထြက္ေျပးလြတ္ေျမာက္ေနၿပီး သက္ဆိုင္ရာရဲစခန္းအေနျဖင့္ သတင္းအခ်က္အလက္ထုတ္ျပန္ေပးျခင္းမရွိေသးေပ ။The Fifth Wave News

Unicode

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး က အသက် (၁၅) နှစ်အရွယ် မိန်းကလေးအား မုဒိမ်း ကျူးလွန်မှုဖြစ်ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေရဲစခန်းမှ အိမ်ထောင်ရှိသူ ရဲဒုတပ်ကြပ် တေဇအောင် က အသက် (၁၅) နှစ်အရွယ် မိန်းကလေးအား တည်းခိုခန်းတွင်ခေါ်၍ သားမယားပြုကျင့်ကြောင်း သိရသည် ။

“ကျွန်တော်လည်း ဘာမှမသိဘူး ။ ခေါ်လို့လာရတာ ။ အတိအကျမသိသေးဘူး ။ ဒုရဲတပ်ကြပ်က ကျွန်တော်သား ရိုက်မှုနဲ့ ပတ်သက်ပြီး ပြောဆိုခင်မင်ဆက်ဆံတာတော့ရှိတယ်” ဟု ပြုကျင့်ခံရသူ၏ ဖခင် က ပြောသည် ။

ပြုကျင့်ခံရသည့် အသက် (၁၅) နှစ်အရွယ် မိန်းကလေးအား မန္တလေး အထွေထွေရောဂါကုဆေးရုံသို့ တင်ပို့ထားပြီး မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူမှာ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေပြီး သက်ဆိုင်ရာရဲစခန်းအနေဖြင့် သတင်းအချက်အလက်ထုတ်ပြန်ပေးခြင်းမရှိသေးပေ ။The Fifth Wave News

No comments:

Post a Comment