Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 23, 2019

ကျောင်းသားကျောင်းသူပေါင်း (၂၅၁၅) ယောက်ကို လိုလေသေးမရှိအောင် လှူဒါန်းခဲ့တဲ့ နေခြည်ဦး


ဇန်နဝါရီလ ၂၅ရက်နေ့မှာ အသက်(၂၇)နှစ် ပြည့်တော့မယ့် နေခြည်ဦးက မွေးနေ့အမှတ်တရ လှိုင်သာယာမြို့နယ်က အောင်ဇေယျာမင်း ပရိယတ္တိစာသင်တိုက်မှာ စာသင်ကြားနေတဲ့ ကျောင်းသူ ၊ ကျောင်းသားများကို သွားရောက်လှူဒါန်းခဲ့ပါတယ်…

” ဒီနှစ်ကိုတော့ မွေးနေ့ပွဲတွေ မလုပ်ဘဲ BeautybynaychiFollowers တွေနဲ့ အတူတူကုသိုလ်ယူရအောင် အလှူတွေလုပ်မယ်။ သီလရှင်ဝတ်ပြီး ကုသိုလ်ယူမယ်လို့ စီစဉ်ထားပါတယ် ။  ဒီနှစ် မွေးနေ့ ၂၅ရက်နေ့က နေခြည် တောင်ကြီးမှာ ရူတင်ရှိနေတာမို့ မွေးနေ့အလှူလေးတွေကို စောလုပ်ဖြစ်တယ်။ ဒီနေ့ကတော့ မွေးနေ့အတွက် ပထမဆုံး အလှူလေးပေါ့။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ လှူချင်တာမို့ အောင်ဇေယျာမင်း ပရိယတ္တိစာသင်တိုက် ၊ အလယ်ရွာ ၊ ရွှေပြည်သာတံတာအဆင်း၊ လှိုင်သာယာ မှာ သွားရောက်လှူဒါန်းဖြစ်ခဲ့တယ်”…..

“ဒီကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းသူ ၊ ကျောင်းသား မူလတန်းကနေ အထက်တန်းအထိ (2515)ဦးတောင်ရှိတယ်။ ကိုရင်လေးတွေ ၊ သီလရှင်ဆရာလေးတွေလည်း ပါတာပေါ့နော်။ နေခြည်က အိမ်ကနေထဲက နေခြည့်ရဲ့ အဝတ်အစားတွေ လှူဖို့ ယူသွားတယ်။ မုန့်၊ ပဲနို့၊ အရုပ်တွေဝယ်သွားတယ်။ စာသင်ကျောင်းမှာနေတဲ့ မိန်းကလေးတွေအတွက် လစဉ်သုံးပစ္စည်းတွေလည်း နေခြည်လှူဒါန်းခဲ့ပါတယ်။ ကျောင်းသူ ၊ ကျောင်းသားအယောက်(၂၅၁၅)ယောက်အတွက် အဆာပြေ မုန့်တွေလည်း လှူဒါန်းဖြစ်တယ် ”…..

“Januaryborn ကလေးတွေနဲ့ အတူကိတ်ခွဲတဲ့ အချိန်ကတော့ ဒီနေ့ရဲ့ အပျော်ဆုံး ချိန်ထဲက တခုပေါ့တကယ့် ကလေးသေးသေးလေးတွေကနေ ၁၅/၁၆/၁၇ အရွယ်လေးတွေကော ၊ ကိုရင်လေးတွေ၊သီလရှင်ဆရာလေး ၁၀၀ ကျော်လောက်နဲ့အတူ Happy Birthday သီချင်းတူတူဆို၊ ဖယောင်းတိုင်မီးမှုတ် ၊ ကိတ်ခွဲနဲ့ ပုံတွေထဲမှာသာကြည့်လိုက်တော့ ပျော်နေပုံတွေကို နေခြည်ရဲ့ Beautybynaychilabel your social media BFF book လေးတွေကိုလည်း ကိုးတန်း ၊ ဆယ်တန်း ကျောင်းသူလေး ၁၄၀ ကျော်ကို လက်ဆောင်လေး ပေးခဲ့သေးတယ် နေခြည့်ရဲ့ အလှူလေးကို သာဓုခေါ်နိုင်အောင် နေခြည်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ ပုံလေးတွေကနေ အပျော်လေးတွေလည်း ကူးစက်နိုင်ကြပါစေ။ ” Beautybynaychilabel your social media BFF book စာအုပ်လေးကို ဝေမျှပေးနေစဉ်

No comments:

Post a Comment