Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 4, 2019

မႏၱေလးၿမဳိ႕က ေတာင္းရမ္း စားေသာက္ေနသူ အမ်ားစုရဲ႕ တကယ့္ဘဝအမွန္

ပိုက္ဆံ​လိုက္​​ေတာင္​း​ေနတဲ့ သူ​ေတာင္​းစား..​ေတြနဲ႔..ပက္​သက္​ၿပီး ကိုယ္​​ေတြၾကံဳခဲ့ဘူးတဲ့.အျဖစ္​အပ်က္​​ေလးကို မ်ွ​ေဝခ်င္​ပါတယ္​

လြန္​ခဲ့တဲ့ ၁ႏွစ္​​ေက်ာ္​​ေလာက္​က..မႏၱ​ေလးၿမိဳ႕အတြင္​းမွာ လိုက္​လံ​ေတာင္​းစား​ေနတဲ့..က​ေလးလူႀကီး​ေတာ္​​ေတာ္​မ်ားမ်ားကို ​ေတြ႔ဆံုၿပီး..သူတို႔အတြက္​အလုပ္​ရ႐ွိ​ေရး..စားဝတ္​​ေနမႈ၊ အ​ဆင္​​ေျပ​ေရး..တို႔အတြက္​ ​ေဂ်​ေဂ်.နဲ႔. ေဂ်​ေဂ်.ရဲ႕ ဆရာ​ေတြ စု​ေပါင္​းၿပီး.သု​ူ​ေတာင္​းစား ေတာ္​​ေတာ္​မ်ားမ်ားနဲ႔ ..​ေတြ႔ဆံုခဲ့ၾကပါတယ္​။

အဲဒီ​ေတြ႔ဆံုမႈမွာ ည​ေဈးတန္​းမွာ​ေတာင္​းစား​ေနသူမ်ား၊ မိန္​းထဲမွာ..​ေတာင္​းစား​ေနသူမ်ား၊ ရတနာပံု​ေဈး..အနီးတဝိုက္​ ​ေတာင္​းစား​ေနသူမ်ား၊ ဘုရားႀကီး.အနီး.ပတ္​ဝန္​းက်င္​​ေတာင္​းစား​ေနသူမ်ားနဲ႔ ေတြ႔ဆံုခဲ့ပါတယ္​။ အဓိက ရည္​ရြယ္​ခ်က္​​ေတာ႔ သူတို႔အားလံုး..႐ိုး႐ိုးသားသား..လုပ္​ကိုင္​စား​ေသာက္​နိုင္​ဖို႔အတြက္​ပါ။ ဒါ​ေၾကာင္​့.သူတို႔​ေတြနဲ႔ အဆင္​​ေျပႏိုင္​မယ္​့ အလုပ္​​ ေနရာေတာ္​​ေတာ္​မ်ားမ်ားကိုလည္​း.အစကတည္​းက..႐ွာ​ေဖြခဲ့ပါတယ္​။ ေတာ္​ၾကာ.အလုပ္​​ေနရာ..မ႐ွိလို႔ မလုပ္​ခ်င္​ဘူးလို႔ ​ေျပာမွာ စိုးလို႔ပါ။

အဆံုးသတ္​.က​ေတာ့…မ​ေအာင္​ျမင္​ခဲ့ပါဘူး။ ေတာင္​းစားသူ..မ်ားကို ​ေလ့လာလိုက္​တဲ့အခ်ိန္​မွာ ေတာင္​းစားသူ အမ်ားစု မွာ..မိသားစု.လိုက္​ျဖစ္​ပါတယ္​။ တကယ္​..မ႐ွိလို႔​ေတာင္​းစားတဲ့လူ​ေတြလည္​း မ႐ွိဘူးမဟုတ္​ပါဘူး ႐ွိပါတယ္​..ဒါ​ေပမယ္​့ အရမ္​းနည္​းလြန္​းပါတယ္​။

​ေဂ်​ေဂ်တို႔​ေတြ႔ဆံုၿပီး ​ေမးျမန္​းတဲ့.မိသားစု.တစ္​စုဆိုရင္ သူတို႔..တစ္​အိမ္​လံုးရဲ႕ တစ္​ရက္​ ဝင္​​ေငြဟာ.အနည္​းဆံုး ၄၀၀၀၀ ​က်ပ္ ​အထက္​မွာ ႐ွိ​ေနပါတယ္​တဲ့။ မိသားစု.၅​ေယာက္​ပါ..မိဘ ႏွစ္​ပါးနဲ႔.သားသမီး.၃​ေယာက္​ပါ။ မိခင္​ႏွင္​့ က​ေလး အငယ္​ဆံုး​ေလးဟာ..မိန္​းထဲမွာ..​ေတာင္​းတာပါ။ က်န္​တဲ့မိသားစုဝင္​ ​ေတြက​ေတာ့..ည​ေဈးတန္​း.ရတနာပံု​ေဈး စတဲ့ လူစည္​ကားတဲ့​ေနရာ​ေတြမွာ.​ေတာင္​းတယ္​လို႔ ဆိုပါတယ္​။

မိန္​းထဲမွာဆို မိခင္​က.တစ္​​ေနရာမွာထိုင္​​ေနၿပီးက​ေလး​ေလးကို..လိုက္​​ေတာင္​းခိုင္​းတာပါ..ည​ေနခင္​း​ေလး ​ေတာင္​းလိုက္​တာနဲ႔ ႏွစ္​​ေသာင္​းနီးပါး ရတယ္​လို႔ ဆိုပါတယ္​။ က​ေလးငယ္​ ႏွစ္​​ေယာက္​က.​ေက်ာင္​း​ေနအရြယ္​​ေရာက္​​ေန​ေပမယ္​့..​ေက်ာင္​း မ​ေနရပါဘူး..​ေတာင္​းတာ.. ပိုက္​ဆံရတယ္​လို႔ ​ေက်ာင္​းလံုးဝ မထားဘူးလို႔.သူ႔မိခင္​ ကိုယ္​တိုင္​က.​ေျပာပါတယ္​ ​ေနာက္​ၿပီး​ထပ္​​ေျပာပါ​ေသးတယ္​။
ရတနာပံု​ေဈး အနီးနားမွာ ေတာင္​းရမ္​း​ေနတဲ့.သူ႔.သားအႀကီးဆံုးရဲ႕ .တစ္​ရက္​​ေတာင္​းရ​ေငြဟာ..၂၀၀၀၀​ေလာက္​ရတယ္​​ေျပာပါတယ္​။ တကယ္​လို႔ ​ေဂ်​ေဂ်တို႔႐ွာ​ေပးတဲ့အလုပ္​က တစ္​လ..၆သိန္​း​ေလာက္​ရမယ္​ဆိုရင္​….သူ႔က​ေလးကို သူ​ေတာင္​းစားမလုပ္​ခိုင္​း​ေတာ့ဘူးတဲ့။

အဲဒီမိသားစုဟာ ျမိဳ႕သစ္​မွာ.အိမ္​ပိုင္​ဝိုင္​းပိုင္​႐ွိ​ေပမယ္​့.အဲဒီ အိမ္​ကို​ေတာ့ အဌားခ်ထားၿပီး.က်ဳးထဲမွာ တဲထိုး​ေနတယ္​လို႔ လည္​း ေျပာဆိုပါတယ္​။ က်ဴး​ျဖစ္​​ေန​ေပမယ္​့ ဆိုင္​ကယ္​ ၃စီး႐ွိၿပီး တစ္​​ေယာက္​ကို Ph တစ္​လံုးဆီလည္​း..႐ွိပါတယ္​။ ေန႔ျပန္​အတိုး​ေတြလည္​း.​ေပးထားတယ္​လ္​ု႔ ဆိုပါတယ္​။ ဒါတကယ္​့အစစ္​အမွန္​ပါ။

​ေဂ်​ေဂ်တို႔ ဆရာ​ေတြက.အငယ္​ဆံုးက​ေလး.ႏွစ္​​ေယာက္​ကို ေက်ာင္​းထားဖို႔..​ေတာင္​းဆိုတဲ့ အခါမွာ.လံုးဝ ခါးသီးစြာ.ျငင္​း ဆန္​ပါတယ္​။ ေျပာလို႔ လံုးဝ မရခဲ့ပါဘူး။ ေနာက္​ထပ္​ .က​ေလး​ေတြရယ္​ အဘိုးႀကီးအဘြားႀကီး ​ေတြကို ဌားရမ္​း႕ ​ေဈးကြက္​လည္​း ႐ွိ​ေသးတယ္​ လို႔​ေျပာဆိုပါတယ္​။ တစ္​ျခား ​ေတာင္​းစား​ေနတဲ့..လူ​ေတြ.ကိုလည္​း လိုက္​လံ​ေျပာဆိုတဲ့အခ်ိန္​မွာလည္​း မ​ေအာင္​ျမင္​ခဲ့ပါဘူး။

​ေဂ်​ေဂ်တို႔..အားသြန္​ခြန္​စိုက္​ၿပီး.ႀကိဳးစား​ေပမယ္​့ ဒီျပသနာကို..မ​ေျဖ႐ွင္​းႏိုင္​ခဲ့ပါဘူး။ ဒါ​ေၾကာင္​့.လြန္​ခဲ့တဲ့ ၁ႏွစ္​​ေက်ာ္​​ေလာက္​က..စၿပီး အဲဒီ သူ​ေတာင္​းစားမ်ားကို လံုးဝ မလႉ​ေတာ့ပါဘူး။ အဖိုးအဖြားအသက္​အရြယ္​နဲ့.​ေျခလက္မ​ေကာင္​းတဲ့ လူ​ေတြ ဆိုရင္​​ေတာ့ လႉပါတယ္​။
ဘာ​ေၾကာင္​့ မလႉသလဲဆို​ေတာ့.သူတို႔အတြက္​ပါပဲ။ ဒီလိုသာ.ဆက္​ၿပီး.ကြၽန္​မတို႔ လႉ​ေနမယ္​ဆိုရင္​..သူတို႔ဘဝ​ေတြဟာ ဆက္​လက္​ၿပီး.နိမ္​့က်​ေနမွာပါ….မ်ိဳး႐ိုးစဥ္​ဆက္​ နိမ္​့က်သြားမွာပါ။ သူတို႔​ေမြးဖြားလာမယ္​.အနာဂါတ္​့က​ေလး​ငယ္​​ေလး​ေတြ ဟာလည္​း..ပညာသင္​ယူခြင္​့ရ႐ွိ​ေတာ့မွာမဟုတ္​ဘူးလို႔..ထင္​ျမင္​မိပါတယ္​။

ပညာရဲ႕ တန္​ဖိုးကို.နားမလည္​တဲ့..က​ေလး​ေလး​ေတြ ျဖစ္​သြားရင္​ သူတို႔ဘဝဟာ..လွႏိုင္​စရာ.အ​ေၾကာင္​းမ႐ွိ​ေတာ့ဘူး လို႔လည္​း ထင္​ျမင္​မိပါတယ္​။ ပိုက္​ဆံကို လြယ္​လြယ္​​ေလးနဲ႔ ရ​ေနၾက​ေတာ့.​ေရသာခို အ​ေခ်ာင္​စား​ေနတဲ့..ဘဝက​ေနလည္​း..႐ုန္​းထြက္​ႏုိင္​ၾကမွာ.မဟုတ္​ပါဘူး။ ႐ုန္​းထြက္​ခ်င္​မွာလည္​း မဟုတ္​ပါဘူး။ ဒါ​ေၾကာင္​့.အဆိပ္​ပင္​ကို..​ေရမ​ေလာင္​း​ေတာ့ျခင္း ျဖစ္​ပါသည္​။

Credit – Jj Lay

Unicode Version
မန္တလေးမြို့က တောင်းရမ်းစားသောက်သူ အများစုရဲ့ တကယ့်ဘဝအမှန်

ပိုက်ဆံလိုက်တောင်းနေတဲ့ သူတောင်းစား..တွေနဲ့..ပက်သက်ပြီး ကိုယ်တွေကြုံခဲ့ဘူးတဲ့.အဖြစ်အပျက်လေးကို မျှဝေချင်ပါတယ်။

လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်က..မန္တလေးမြို့အတွင်းမှာ လိုက်လံတောင်းစားနေတဲ့..ကလေးလူကြီးတော်တော်များများကို..

တွေ့ဆုံပြီး..သူတို့အတွက်အလုပ်ရရှိရေး..စားဝတ်နေမှု၊ အဆင်ပြေရေး..တို့အတွက် ဂျေဂျေ.နဲ့. ဂျေဂျေ.ရဲ့ ဆရာတွေ စုပေါင်းပြီး.သုူတောင်းစား တော်တော်များများနဲ့ ..တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ညဈေးတန်းမှာတောင်းစားနေသူများ၊ မိန်းထဲမှာ..တောင်းစားနေသူများ၊ ရတနာပုံဈေး..အနီးတဝိုက် တောင်းစားနေသူများ၊ ဘုရားကြီး.အနီး.ပတ်ဝန်းကျင်တောင်းစားနေသူများနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်တော့

သူတို့အားလုံး..ရိုးရိုးသားသား..လုပ်ကိုင်စားသောက်နိုင်ဖို့အတွက်ပါ။ ဒါကြောင့်.သူတို့တွေနဲ့ အဆင်ပြေနိုင်မယ့် အလုပ် နေရာတော်တော်များများကိုလည်း.အစကတည်းက..ရှာဖွေခဲ့ပါတယ်။ တော်ကြာ.အလုပ်နေရာ..မရှိလို့ မလုပ်ချင်ဘူးလို့

ပြောမှာ စိုးလို့ပါ။

အဆုံးသတ်.ကတော့…မအောင်မြင်ခဲ့ပါဘူး။ တောင်းစားသူ..များကို လေ့လာလိုက်တဲ့အချိန်မှာ တောင်းစားသူ အများစု မှာ..မိသားစု.လိုက်ဖြစ်ပါတယ်။ တကယ်..မရှိလို့တောင်းစားတဲ့လူတွေလည်း မရှိဘူးမဟုတ်ပါဘူး ရှိပါတယ်..ဒါပေမယ့် အရမ်းနည်းလွန်းပါတယ်။

ဂျေဂျေတို့တွေ့ဆုံပြီး မေးမြန်းတဲ့.မိသားစု.တစ်စုဆိုရင် သူတို့..တစ်အိမ်လုံးရဲ့ တစ်ရက် ဝင်ငွေဟာ.အနည်းဆုံး

၄၀၀၀၀ ကျပ် အထက်မှာ ရှိနေပာတယ်တဲ့။ မိသားစု.၅ယောက်ပါ..မိဘ နှစ်ပါးနဲ့.သားသမီး.၃ယောက်ပါ။ မိခင်နှင့် ကလေး အငယ်ဆုံးလေးဟာ..မိန်းထဲမှာ..တောင်းတာပါ။ ကျန်တဲ့မိသားစုဝင် တွေကတော့..ညဈေးတန်း.ရတနာပုံဈေး စတဲ့ လူစည်ကားတဲ့နေရာတွေမှာ.တောင်းတယ်လို့ ဆိုပါတယ်။

မိန်းထဲမှာဆို မိခင်က.တစ်နေရာမှာထိုင်နေပြီးကလေးလေးကို..လိုက်တောင်းခိုင်းတာပါ..ညနေခင်းလေး တောင်းလိုက်တာနဲ့ နှစ်သောင်းနီးပါး ရတယ်လို့ ဆိုပါတယ်။ ကလေးငယ် နှစ်ယောက်က.ကျောင်းနေအရွယ်ရောက်နေပေမယ့်..ကျောင်း မနေရပါဘူး..တောင်းတာ.. ပိုက်ဆံရတယ်လို့ ကျောင်းလုံးဝ မထားဘူးလို့.သူ့မိခင် ကိုယ်တိုင်က.ပြောပါတယ် နောက်ပြီးထပ်ပြောပါသေးတယ်။

ရတနာပုံဈေး အနီးနားမှာ တောင်းရမ်းနေတဲ့.သူ့.သားအကြီးဆုံးရဲ့ .တစ်ရက်တောင်းရငွေဟာ..၂၀၀၀၀လောက်ရတယ်ပြောပါတယ်။ တကယ်လို့ ဂျေဂျေတို့ရှာပေးတဲ့အလုပ်က တစ်လ..၆သိန်းလောက်ရမယ်ဆိုရင်….သူ့ကလေးကို သူတောင်းစားမလုပ်ခိုင်းတော့ဘူးတဲ့။

အဲဒီမိသားစုဟာ မြို့သစ်မှာ.အိမ်ပိုင်ဝိုင်းပိုင်ရှိပေမယ့်.အဲဒီ အိမ်ကိုတော့ အဌားချထားပြီး.ကျုးထဲမှာ တဲထိုးနေတယ်လို့ လည်း ပြောဆိုပါတယ်။ ကျူးဖြစ်နေပေမယ့် ဆိုင်ကယ် ၃စီးရှိပြီး တစ်ယောက်ကို Ph တစ်လုံးဆီလည်း..ရှိပါတယ်။ နေ့ပြန်အတိုးတွေလည်း.ပေးထားတယ်လ်ု့ ဆိုပါတယ်။ ဒါတကယ့်အစစ်အမှန်ပါ။

ဂျေဂျေတို့ ဆရာတွေက.အငယ်ဆုံးကလေး.နှစ်ယောက်ကို ကျောင်းထားဖို့..တောင်းဆိုတဲ့ အခါမှာ.လုံးဝ ခါးသီးစွာ.ငြင်း ဆန်ပါတယ်။ ပြောလို့ လုံးဝ မရခဲ့ပါဘူး။ နောက်ထပ် .ကလေးတွေရယ် အဘိုးကြီးအဘွားကြီး တွေကို ဌားရမ်း့ ဈေးကွက်လည်း ရှိသေးတယ် လို့ပြောဆိုပါတယ်။ တစ်ခြား တောင်းစားနေတဲ့..လူတွေ.ကိုလည်း လိုက်လံပြောဆိုတဲ့အချိန်မှာလည်း မအောင်မြင်ခဲ့ပါဘူး။

ဂျေဂျေတို့..အားသွန်ခွန်စိုက်ပြီး.ကြိုးစားပေမယ့် ဒီပြသနာကို..မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့်.လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်က..စပြီး အဲဒီ သူတောင်းစားများကို လုံးဝ မလှူတော့ပါဘူး။ အဖိုးအဖွားအသက်အရွယ်နဲ့.ခြေလက်မကောင်းတဲ့ လူတွေ ဆိုရင်တော့ လှူပါတယ်။

ဘာကြောင့် မလှူသလဲဆိုတော့.သူတို့အတွက်ပါပဲ။ ဒီလိုသာ.ဆက်ပြီး.ကျွန်မတို့ လှူနေမယ်ဆိုရင်..သူတို့ဘဝတွေဟာ..

ဆက်လက်ပြီး.နိမ့်ကျနေမှာပါ….မျိုးရိုးစဉ်ဆက် နိမ့်ကျသွားမှာပါ။ သူတို့မွေးဖွားလာမယ်.အနာဂါတ့်ကလေးငယ်လေးတွေ ဟာလည်း..ပညာသင်ယူခွင့်ရရှိတော့မှာမဟုတ်ဘူးလို့..ထင်မြင်မိပါတယ်။

ပညာရဲ့ တန်ဖိုးကို.နားမလည်တဲ့..ကလေးလေးတွေ ဖြစ်သွားရင် သူတို့ဘဝဟာ..လှနိုင်စရာ.အကြောင်းမရှိတော့ဘူး လို့လည်း ထင်မြင်မိပါတယ်။ ပိုက်ဆံကို လွယ်လွယ်လေးနဲ့ ရနေကြတော့.ရေသာခို အချောင်စားနေတဲ့..ဘဝကနေလည်း..

ရုန်းထွက်နိုင်ကြမှာ.မဟုတ်ပါဘူး။ ရုန်းထွက်ချင်မှာလည်း မဟုတ်ပါဘူး။ ဒါကြောင့်.အဆိပ်ပင်ကို..ရေမလောင်းတော့ခြင်း ဖြစ်ပါသည်။

Credit – Jj Lay

No comments:

Post a Comment