Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 4, 2019

ဇာတ္ပုိ႔သရုပ္ေဆာင္ လူၾကမ္း ဦးမင္းစိန္ ရန္ကုန္ေဆးရံုၾကီးမွာ ရုတ္တရက္ကြယ္လြန္

ပရိသတ္ေတြကို ရသေျမာက္ေအာင္ေဖ်ာ္ေျဖႏုိင္ဖို႔အတြက္ က်ရာဇာတ္ဝင္ခန္းကေနျပီးေတာ့ အပိုအလိုမရွိသရုပ္ေဆာင္ခဲ့ၾကသူမ်ား၊ လူအခ်ိဳ႕သာလုပ္ႏိုင္တဲ့ လူၾကမ္းဆိုတဲ့ကာရုိက္တာေတြကို အံဝင္ဂြင္က်ျဖစ္ေအာင္ သရုပ္ေဆာင္ႏုိင္တဲ့ လူၾကမ္းမင္းသား ဦးမင္းစိန္တစ္ေယာက္ ယေန႔ မနက္ 2 နာရီခြဲအခ်ိန္ ရန္ကုန္ေဆးရံုၾကီးမွာကြယ္လြန္သြားခဲ့ျပီျဖစ္ပါတယ္။

လူၾကမ္းဦးမင္းစိန္ဟာ လူၾကမ္း၊ လူမိုက္အခန္းေတြမွာသာသရုပ္ေဆာင္ခြင့္ရရွိသူျဖစ္ျပီးေတာ့ အကယ္ဒမီဆိုတာ မေမ်ွာ္လင့္ခဲ့ရတဲ့ ဘဝထဲမွာပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ကားရိုက္ၾကဲလာတာနဲ႔အမ်ွ မိသားစုစားဝတ္ေနေရးအတြက္ သံုးဘီးဆိုင္ကယ္ေလးတစ္စီးနဲ႔ေရသန္႔ပတ္ပို႔ရတဲ့အလုပ္ကိုပါ လုပ္ကိုင္လာခဲ့တာျဖစ္ပါတယ္။

ယေန႔ ၅.၁.၂၀၁၉ ခုႏွစ္ မနက္အေစာပိုင္း ၂ နာရီခြဲအခ်ိန္မွာေတာ့ လူၾကမ္းမင္းစိန္တစ္ေယာက္ ရန္ကုန္ေဆးရံုၾကီးမွာ ရုတ္တရက္ကြယ္လြန္သြားခဲ့ျပီျဖစ္ပါတယ္။ ကြယ္လြန္ခ်ိန္မွာ ဦးမင္းစိန္ရဲ႕အသက္ (၅၆) ႏွစ္ရွိျပီျဖစ္ပါတယ္။ ဇာတ္ပုိ႔သရုပ္ေဆာင္ ဦးမင္းစိန္ ေကာင္းရာဘံုဘဝသုိ႔ေရာက္ရွိႏိုင္ပါေစ လို႔ ဝမ္းနည္းစြာနဲ႔ပဲ ပရိသတ္ေတြနဲ႔ထပ္တူ ဆုေတာင္းေပးလုိက္ပါတယ္။We Love Cele
welovecele

ပရိသတ်တွေကို ရသမြောက်အောင်ဖျော်ဖြေနိုင်ဖို့အတွက် ကျရာဇာတ်ဝင်ခန်းကနေပြီးတော့ အပိုအလိုမရှိသရုပ်ဆောင်ခဲ့ကြသူများ၊ လူအချို့သာလုပ်နိုင်တဲ့ လူကြမ်းဆိုတဲ့ကာရိုက်တာတွေကို အံဝင်ဂွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ လူကြမ်းမင်းသား ဦးမင်းစိန်တစ်ယောက် ယနေ့ မနက် 2 နာရီခွဲအချိန် ရန်ကုန်ဆေးရုံကြီးမှာကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

လူကြမ်းဦးမင်းစိန်ဟာ လူကြမ်း၊ လူမိုက်အခန်းတွေမှာသာသရုပ်ဆောင်ခွင့်ရရှိသူဖြစ်ပြီးတော့ အကယ်ဒမီဆိုတာ မမျှော်လင့်ခဲ့ရတဲ့ ဘဝထဲမှာပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ကားရိုက်ကြဲလာတာနဲ့အမျှ မိသားစုစားဝတ်နေရေးအတွက် သုံးဘီးဆိုင်ကယ်လေးတစ်စီးနဲ့ရေသန့်ပတ်ပို့ရတဲ့အလုပ်ကိုပါ လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။

ယနေ့ ၅.၁.၂၀၁၉ ခုနှစ် မနက်အစောပိုင်း ၂ နာရီခွဲအချိန်မှာတော့ လူကြမ်းမင်းစိန်တစ်ယောက် ရန်ကုန်ဆေးရုံကြီးမှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဦးမင်းစိန်ရဲ့အသက် (၅၆) နှစ်ရှိပြီဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင် ဦးမင်းစိန် ကောင်းရာဘုံဘဝသို့ရောက်ရှိနိုင်ပါစေ လို့ ဝမ်းနည်းစွာနဲ့ပဲ ပရိသတ်တွေနဲ့ထပ်တူ ဆုတောင်းပေးလိုက်ပါတယ်။We Love Cele
welovecele

No comments:

Post a Comment