Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 15, 2019

ဧရာ၀တီတိုင္းေဒသႀကီးလႊတ္ေတာ္ဒုဥကၠ႒အား ပါတီမွ အၿပီးထုတ္ပယ္


ဧရာ၀တီတိုင္းေဒသႀကီးလႊတ္ေတာၵဳဥကၠ႒အား ပါတီမြ အၿပီးထုတၸယ္

ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္တြင္ အသုံးျပဳရန္ ကား ၅ စီး ဝယ္ယူခဲ့မွုႏွင့္ပတ္သက္ၿပီး ပါတီဗဟိုမွ ေခၚယူစစ္ေဆးခဲ့ၿပီးေနာက္ ပါတီမွ အၿပီးထုတ္ပယ္လိုက္ေၾကာင္း NLD ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန႔္က မဇၩိမသို႔ ေျပာသည္။

“ ဟုတ္ပါတယ္ခင္ဗ်။ ဒီေန႔ အမိန႔္စာ ထြက္သြားၿပီ။ ဟုတ္ပါတယ္။ ပါတီကေန အၿပီးထုတ္လိုက္တာပါ” ဟု ေဒါက္တာမ်ိဳးညြန႔္က ေျပာသည္။

၂၀၁၇-၁၈ ဘ႑ာေရးႏွစ္ ဧရာဝတီတိုင္းလႊတ္ေတာ္႐ုံး၌ အသုံးျပဳမည့္ကား ဝယ္ယူရာတြင္ အလြဲသုံးစားမွု ျပဳလုပ္သည္ဟုဆိုၿပီး လႊတ္ေတာ္ဒုတိယဥကၠ႒ ဦးစံမင္းေအာင္ကို တိုင္ၾကားခံထားရျခင္းျဖစ္ၿပီး အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီ(NLD) အရံဗဟိုအလုပ္အမွုေဆာင္အဖြဲ႕ဝင္ ဦးေက်ာ္ဟိုးက ဦးေဆာင္ၿပီး အထူးအဖြဲ႕ဖြဲ႕ကာ ဒီဇင္ဘာလအတြင္းက စစ္ေဆးခဲ့ျခင္းျဖစ္သည္။

၂၀၁၇-၁၈ ဘ႑ာႏွစ္တြင္ လႊတ္ေတာ္႐ုံး၌ အသုံးျပဳမည့္ကား ဝယ္ယူခဲ့သည့္ လုပ္ငန္းစဥ္ ႏွင့္ ပတ္သက္ၿပီး ပါတီ႐ုံးခ်ဳပ္တြင္ ေခၚယူေမးျမန္းခဲ့ၿပီးေနာက္ ယင္းသို႔ ပါတီမွ အၿပီး ထုတ္ပယ္လိုက္ျခင္းလည္း ျဖစ္သည္။
Mizzima
.................................
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အသုံးပြုရန် ကား ၅ စီး ဝယ်ယူခဲ့မှုနှင့်ပတ်သက်ပြီး ပါတီဗဟိုမှ ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ပါတီမှ အပြီးထုတ်ပယ်လိုက်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မဇ္ဈိမသို့ ပြောသည်။

“ ဟုတ်ပါတယ်ခင်ဗျ။ ဒီနေ့ အမိန့်စာ ထွက်သွားပြီ။ ဟုတ်ပါတယ်။ ပါတီကနေ အပြီးထုတ်လိုက်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းလွှတ်တော်ရုံး၌ အသုံးပြုမည့်ကား ဝယ်ယူရာတွင် အလွဲသုံးစားမှု ပြုလုပ်သည်ဟုဆိုပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို တိုင်ကြားခံထားရခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD) အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဟိုးက ဦးဆောင်ပြီး အထူးအဖွဲ့ဖွဲ့ကာ ဒီဇင်ဘာလအတွင်းက စစ်ဆေးခဲ့ခြင်းဖြစ်သည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် လွှတ်တော်ရုံး၌ အသုံးပြုမည့်ကား ဝယ်ယူခဲ့သည့် လုပ်ငန်းစဉ် နှင့် ပတ်သက်ပြီး ပါတီရုံးချုပ်တွင် ခေါ်ယူမေးမြန်းခဲ့ပြီးနောက် ယင်းသို့ ပါတီမှ အပြီး ထုတ်ပယ်လိုက်ခြင်းလည်း ဖြစ်သည်။
Mizzima

No comments:

Post a Comment