Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 15, 2019

ဥာဏ်ရည်မပြည့်မှီသည့် မိန်းခလေးငယ်ကို အဓမ္မကျင့်ခဲ့သည့် ညီအကို ၃ ယောက်ကို အမိန့်ချပြီ


ဥာဏ်ရည်မပြည့်မှီသည့် မိန်းခလေးငယ်ကို အဓမ္မကျင့်ခဲ့သည့် ညီအကို ၃ယောက်အား ထောင် အနှစ် ၂၀စီ ကျခံစေရန် မြ၀တီခရိုင်တရားရုံး အမိန့်ချ

မြ၀တီ၊ ဇန်န၀ါရီ ၁၅
အသက် ၁၅ နှစ်အရွယ် ဥာဏ်ရည်မပြည့်မှီသည့် မိန်းခလေးငယ်ကို အဓမ္မကျင့်ခဲ့သည့် ညီအကို ၃ယောက်အား ထောင် အနှစ် ၂၀စီ ကျခံစေရန် မြ၀တီခရိုင်တရားရုံးက ယနေ့တွင် စီရင်ချက်ချမှတ်လိုက်ကြောင်း သိရသည်။
PN

Unicode Version

ဉာဏ်ရည်မပြည့်မှီသည့် မိန်းခလေးငယ်ကို အဓမ္မကျင့်ခဲ့သည့် ညီအကို ၃ယောက်အား ထောင် အနှစ် ၂၀စီ ကျခံစေရန် မြဝတီခရိုင်တရားရုံး အမိန့်ချ

မြဝတီ၊ ဇန်နဝါရီ ၁၅

အသက် ၁၅ နှစ်အရွယ် ဉာဏ်ရည်မပြည့်မှီသည့် မိန်းခလေးငယ်ကို အဓမ္မကျင့်ခဲ့သည့် ညီအကို ၃ယောက်အား ထောင် အနှစ် ၂၀စီ ကျခံစေရန် မြဝတီခရိုင်တရားရုံးက ယနေ့တွင် စီရင်ချက်ချမှတ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက မြဝတီမြို့ရှိ နေအိမ်တစ်အိမ်တွင်း ဖြစ်ခဲ့သည့် အဆိုပါမုဒိန်းမှုကို ခရိုင်တရားရုံးက စစ်ဆေးပြီး ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားလို၏ ရှေ့နေဖြစ်သူ ဦးမျိုးအောင်က ‘’ညီအကိုတွေက ကလေးမလေးကို အိမ်ထဲ ခေါ်သွင်းပြီး ကျူးလွန်ခဲ့ကြတာ ဖြစ်တယ်။ မိန်းခလေးတွေဘက်က အတော်လေးကို အဆင်မပြေကြတာပါ’’ဟု ပြောသည်။

ယခု ပြစ်ဒဏ် ချမှတ်ခံလိုက်ရသူများမှာ အသက် ၂၄နှစ်အရွယ်၊အသက် ၂၇နှစ်အရွယ်၊ အသက် ၃၀အရွယ်ရှိ အမျိုးသားများဖြစ်ကြသည်။
PN

ဓါတ်ပုံ-ဦးအောင်ထွန်းလင်း

No comments:

Post a Comment