Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 16, 2019

လည္ပင္းႀကီးေရာဂါ အတြက္ေဆးနည္းလာၿပီ


လည္ပင္းႀကီးေရာဂါ…
တျဖည္းျဖည္း ႀကီးလာတာ..၅ႏွစ္႐ွိၿပီဟုေျပာပါသည္။မႏၱေလးၿမိဳ႕စိန္ပန္းရပ္မွျဖစ္ပါသည္။သူ႔လည္ပင္းမွအဖုကိုျပပါသည္.. အဂၤလိပ္ေဆးလည္းေန႔စဥ္စားေနပါသည္။လက္လုပ္လက္စားျဖစ္၍.စစ္ကိုင္းသီတဂူေဆးရံုသို႔သြားျပသည္..ေပးသည့္ေဆးကိုေန႔စဥ္တစ္ႀကိမ္စားရသည္ဟုဆိုသည္။ေဆးကလည္းေစ်းမႀကီးပါ။

စားခဲ့တာတစ္ႏွစ္ေက်ာ္
သိပ္လည္းမထူးျခားအနည္းငယ္ပိုႀကီးလာသည္ထင္သည္ဟုဆိုသည္။အဘယ့္ေၾကာင့္တိုင္းရင္းေဆးခန္းလာျပရသလဲ.ေမးၾကည့္ေသာအခါ..ဆရာ့ေဆးခန္းကေဆးနဲ႔ေပ်ာက္သြားတဲ့အေဒၚႀကီးတစ္ေယာက္နဲ႔ေတြ႔ခဲ့လို႔ဟုေျပာသည္။ ဆရာကလည္ပင္းႀကီးမကုဖူးပါဟုေျပာသည္။

ေပ်ာက္သူအေဒၚႀကီးကကိုယ္တိုင္ေျပာသည္။ဆရာေပးတဲ့ဆးျမစ္နဲ့ေပ်ာက္သည္ဟုေျပာပါတယ္…။စစ္ကိုင္းနယ္ဖက္မွျဖစ္သည္။ဒူးနာ၍မႏၱေလးဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းတြင္တည္းကုရန္အမ်ိဳးဘုန္းႀကီးကေခၚကုေပးျခင္းျဖစ္သည္။ဆရာ့ထံတြင္ကုသရင္းေရာဂါမွာဒူးနာျဖစ္ေသာ္လည္း..ေတာရြာမ်ားတြင္ျဖစ္ေလ့႐ွိၿပီးကုသေလ့မ႐ွိၾကေသာ.လည္ပင္းႀကီးျဖစ္ေနသည္ကိုဆရာကေတြ႔သျဖင့္..ေပ်ာက္လိုေပ်ာက္ျငားလိမ္းၾကည့္ပါဟုေဆးျမစ္ကေလးေပးလိုက္ပါသည္။က်ားမႏိုင္ေဆးျမစ္ဟုေခၚပါသည္။

လည္ပင္းတြင္လိမ္းရာသက္သာၿပီးအသက္႐ွဴေကာင္းလာသျဖင့္ေရ႐ွည္ေန႔စဥ္လိမ္းပါသည္။ ေ႐ွြစာရံဘုရားပြဲတြင္ဆရာေပးလိုက္သည့္ေဆးျမစ္မ်ိဳးေရာင္းသည္ကိုေတြ႔သျဖင့္မ်ားမ်ား၀ယ္ထားၿပီးဆက္လိမ္းပါသည္။အကုန္အစင္ေပ်ာက္သြားၿပီဟုမဆိုႏိုင္ေသာ္လည္း.သူ႔လည္ပင္းမွာၾကည့္ေပ်ာ္႐ႈေပ်ာ္အေနအထားသို႔ေရာက္လာေၾကာင္းေျပာျပ၍လာျပသည္ဟုေျပာပါသည္။ထိုအေဒၚႀကီးညႇြန္၍ေဆးခန္းလာျပသည္ဟုေျပာပါသည္။

အိုင္အိုဒင္းဓာတ္ခ်ိဳ႕တဲ့၍ျဖစ္သည္ဟုဆိုေသာလည္ပင္းႀကီးေရာဂါမွာ..ပင္လယ္ႏွင့္ေ၀းေသာအရပ္ေဒသမ်ားတြင္အျဖစ္မ်ားပါသည္။က်ားမႏိုင္သည္ႏြယ္ပင္ႀကီးျဖစ္ပါသည္၊။

ထိပ္ပိုင္းျဖတ္လိုက္ေသာအခါထိပ္တြင္.က်ားေျခရာကဲ့သို႔ပံုပါသျဖင့္က်ားမႏိုင္ေဆးႏြယ္ျမစ္ဟုေခၚျခင္းျဖစ္သည္။ေ႐ွြစာရံဘုရားပြဲတြင္ေတာထြက္ေတာင္ထြက္ေဆးပင္ေဆးျမစ္ေရာင္းခ်သူမ်ားက..႐ိုးရာေဆးအသံုးအျဖစ္ မ်က္စိနာလွွ်င္ေသြးကြင္းႏိုင္သည္။၀က္ျခံဖုမ်ားေပ်ာက္သည္။အပူဖု အက်ိတ္မ်ားေၾကသည္။အေအးေဆးျမစ္ျဖစ္သည္..အပူမေလာင္ပါ။အေရာင္က်ေစသည္.သက္တံ့နာကိုပင္ႏိုင္သည္။

အျပင္ထြက္သည့္လိပ္ေခါင္းကိုပင္ေသြးလိမ္းလ်ွင္ေပ်ာက္သည္ဟုေျပာေရာင္းၾကသည္ကိုေတြ႔ရပါသည္။အေနာက္တိုင္းေဆးႏွင့္ပင္တစ္သက္လံုးေဆးစားရမည့္ အိုင္အိုဒင္းခ်ိဳ႕တဲ့လည္ပင္းႀကီးေရာဂါအတြက္.တန္ဘိုးမႀကီးေသာ႐ိုးရာေဆးနည္းတိုျဖင့္.မေပ်ာက္သည့္တိုင္.သက္သာၿပီးၾကည့္ေပ်ာ္႐ႈေပ်ာ္ျဖစ္သြားသည္ဆိုလ်ွင္…တင္ျပရသည့္အတြက္..ကုသိုလ္ရမည္ထင္ပါသည္။

ၾကည္လြင္ျမင့္(မုျဒာ)…

Unicode

လည်ပင်းကြီးရောဂါ…

တဖြည်းဖြည်း ကြီးလာတာ..၅နှစ်ရှိပြီဟုပြောပါသည်။မန္တလေးမြို့စိန်ပန်းရပ်မှဖြစ်ပါသည်။သူ့လည်ပင်းမှအဖုကိုပြပါသည်.. အင်္ဂလိပ်ဆေးလည်းနေ့စဉ်စားနေပါသည်။လက်လုပ်လက်စားဖြစ်၍.စစ်ကိုင်းသီတဂူဆေးရုံသို့သွားပြသည်..ပေးသည့်ဆေးကိုနေ့စဉ်တစ်ကြိမ်စားရသည်ဟုဆိုသည်။ဆေးကလည်းဈေးမကြီးပါ။

စားခဲ့တာတစ်နှစ်ကျော်

သိပ်လည်းမထူးခြားအနည်းငယ်ပိုကြီးလာသည်ထင်သည်ဟုဆိုသည်။အဘယ့်ကြောင့်တိုင်းရင်းဆေးခန်းလာပြရသလဲ.မေးကြည့်သောအခါ..ဆရာ့ဆေးခန်းကဆေးနဲ့ပျောက်သွားတဲ့အဒေါ်ကြီးတစ်ယောက်နဲ့တွေ့ခဲ့လို့ဟုပြောသည်။ ဆရာကလည်ပင်းကြီးမကုဖူးပါဟုပြောသည်။

ပျောက်သူအဒေါ်ကြီးကကိုယ်တိုင်ပြောသည်။ဆရာပေးတဲ့ဆးမြစ်နဲ့ပျောက်သည်ဟုပြောပါတယ်…။စစ်ကိုင်းနယ်ဖက်မှဖြစ်သည်။ဒူးနာ၍မန္တလေးဘုန်းကြီးကျောင်းတစ်ကျောင်းတွင်တည်းကုရန်အမျိုးဘုန်းကြီးကခေါ်ကုပေးခြင်းဖြစ်သည်။ဆရာ့ထံတွင်ကုသရင်းရောဂါမှာဒူးနာဖြစ်သော်လည်း..တောရွာများတွင်ဖြစ်လေ့ရှိပြီးကုသလေ့မရှိကြသော.လည်ပင်းကြီးဖြစ်နေသည်ကိုဆရာကတွေ့သဖြင့်..ပျောက်လိုပျောက်ငြားလိမ်းကြည့်ပါဟုဆေးမြစ်ကလေးပေးလိုက်ပါသည်။ကျားမနိုင်ဆေးမြစ်ဟုခေါ်ပါသည်။

လည်ပင်းတွင်လိမ်းရာသက်သာပြီးအသက်ရှူကောင်းလာသဖြင့်ရေရှည်နေ့စဉ်လိမ်းပါသည်။ ရွှေစာရံဘုရားပွဲတွင်ဆရာပေးလိုက်သည့်ဆေးမြစ်မျိုးရောင်းသည်ကိုတွေ့သဖြင့်များများဝယ်ထားပြီးဆက်လိမ်းပါသည်။အကုန်အစင်ပျောက်သွားပြီဟုမဆိုနိုင်သော်လည်း.သူ့လည်ပင်းမှာကြည့်ပျော်ရှုပျော်အနေအထားသို့ရောက်လာကြောင်းပြောပြ၍လာပြသည်ဟုပြောပါသည်။ထိုအဒေါ်ကြီးညှွန်၍ဆေးခန်းလာပြသည်ဟုပြောပါသည်။

အိုင်အိုဒင်းဓာတ်ချို့တဲ့၍ဖြစ်သည်ဟုဆိုသောလည်ပင်းကြီးရောဂါမှာ..ပင်လယ်နှင့်ဝေးသောအရပ်ဒေသများတွင်အဖြစ်များပါသည်။ကျားမနိုင်သည်နွယ်ပင်ကြီးဖြစ်ပါသည်၊။

ထိပ်ပိုင်းဖြတ်လိုက်သောအခါထိပ်တွင်.ကျားခြေရာကဲ့သို့ပုံပါသဖြင့်ကျားမနိုင်ဆေးနွယ်မြစ်ဟုခေါ်ခြင်းဖြစ်သည်။ရွှေစာရံဘုရားပွဲတွင်တောထွက်တောင်ထွက်ဆေးပင်ဆေးမြစ်ရောင်းချသူများက..ရိုးရာဆေးအသုံးအဖြစ် မျက်စိနာလျှင်သွေးကွင်းနိုင်သည်။ဝက်ခြံဖုများပျောက်သည်။အပူဖု အကျိတ်များကြေသည်။အအေးဆေးမြစ်ဖြစ်သည်..အပူမလောင်ပါ။အရောင်ကျစေသည်.သက်တံ့နာကိုပင်နိုင်သည်။

အပြင်ထွက်သည့်လိပ်ခေါင်းကိုပင်သွေးလိမ်းလျှင်ပျောက်သည်ဟုပြောရောင်းကြသည်ကိုတွေ့ရပါသည်။အနောက်တိုင်းဆေးနှင့်ပင်တစ်သက်လုံးဆေးစားရမည့် အိုင်အိုဒင်းချို့တဲ့လည်ပင်းကြီးရောဂါအတွက်.တန်ဘိုးမကြီးသောရိုးရာဆေးနည်းတိုဖြင့်.မပျောက်သည့်တိုင်.သက်သာပြီးကြည့်ပျော်ရှုပျော်ဖြစ်သွားသည်ဆိုလျှင်…တင်ပြရသည့်အတွက်..ကုသိုလ်ရမည်ထင်ပါသည်။

ကြည်လွင်မြင့်(မုဒြာ)

No comments:

Post a Comment