Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 15, 2019

သင့္ရဲ႕ ဆီးအေရာင္က ေျပာျပေနတဲ့ က်န္းမာေရး အေျခအေန


ခႏၶာကုိယ္ရဲ႕ စြန္႔ပစ္ပစၥည္းတစ္ခုျဖစ္တဲ့ ဆီးအေရာင္ကိုၾကည့္ၿပီး လူတစ္ေယာက္ရဲ႕ က်န္းမာေရး အေျခအေနကို အၾကမ္းဖ်ဥ္း ခန္႔မွန္းႏုိင္ပါတယ္။

၁။ ၾကည္လင္တဲ့အေရာင္ရွိေသာဆီး – ေရကိုလုိအပ္တာထက္ ပိုၿပီး ေသာက္သံုးမိေနေၾကာင္း ေဖာ္ျပပါတယ္။ ဘာအႏၱရာယ္မွ မရွိပါဘူး။
၂။ ေကာက္႐ုိးေရာင္မွ ပယင္းေရာင္ရွိေသာဆီး – အ၀ါေရာင္ေဖ်ာ့ေဖ်ာ့ရွိတဲ့ဆီးက က်န္းမာေရးေကာင္းမြန္ေၾကာင္း ေဖာ္ျပေနၿပီး အ၀ါေရာင္ ရင့္ရင့္ရွိတဲ့ ဆီးကေတာ့ ေရႏွင့္အသီး အရြက္ကုိ ဦးစားေပး စားသင့္ေၾကာင္း ေဖာ္ျပေနပါတယ္။
၃။ ပန္းေရာင္ (သုိ႔) အနီေရာင္ရွိေသာဆီး – ဆရာ၀န္ႏွင့္ျပသသင့္တဲ့ အေျခအေန ျဖစ္ပါတယ္။ ဆီးလမ္းေၾကာင္း ပုိး၀င္ျခင္း၊ ေက်ာက္ကပ္တြင္ ေက်ာက္တည္ျခင္း၊ ေက်ာက္ကပ္ကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ စတဲ့ေရာဂါမ်ားတြင္ ေတြ႕ရတတ္တဲ့ ဆီးအေရာင္ျဖစ္ပါတယ္။
၄။ အၫိုေရာင္ဆီး – အလြန္အမင္း ေရဓာတ္ ခ်ဳိ႕ယြင္းေနတဲ့ လကၡဏာ ျဖစ္ပါတယ္။ ေရမ်ားမ်ား ေသာက္ဖို႔ႏွင့္ အသီးအရြက္ မ်ားမ်ား စားေပးဖုိ႔ လုိအပ္ပါတယ္။
၅။ အစိမ္းေရာင္ (သုိ႔) အျပာေရာင္ဆီး – ဆုိးေဆးပါေသာ အစားအစာမ်ား၊ အခ်ဳိ႕ေသာ အေရာင္က်ေဆးႏွင့္ စိတ္က်ေရာဂါအတြက္ ေဆး၀ါးမ်ား ေသာက္သံုး ေနသူမ်ားတြင္ ေတြ႕ရတတ္ပါတယ္။
၆။ အျမႇဳပ္ပါေသာဆီး – ယင္းဆီး အမ်ဳိးအစား ျဖစ္ပါက စားေနေသာ အစားအစာထဲတြင္ အသားဓာတ္ အလြန္ကၽြံ ပါ၀င္ေနျခင္း သုိ႔မဟုတ္ ေက်ာက္ကပ္၏ က်န္းမာေရး မေကာင္းျခင္း တို႔ကို ၫႊန္ျပေနပါတယ္။
Dr. Htet Htet Aung

Unicode Version

သင့်ရဲ့ ဆီးအရောင်က ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေ

ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆီးအရောင်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပါတယ်။

၁။ ကြည်လင်တဲ့အရောင်ရှိသောဆီး – ရေကိုလိုအပ်တာထက် ပိုပြီး သောက်သုံးမိနေကြောင်း ဖော်ပြပါတယ်။ ဘာအန္တရာယ်မှ မရှိပါဘူး။

၂။ ကောက်ရိုးရောင်မှ ပယင်းရောင်ရှိသောဆီး – အဝါရောင်ဖျော့ဖျော့ရှိတဲ့ဆီးက ကျန်းမာရေးကောင်းမွန်ကြောင်း ဖော်ပြနေပြီး အဝါရောင် ရင့်ရင့်ရှိတဲ့ ဆီးကတော့ ရေနှင့်အသီး အရွက်ကို ဦးစားပေး စားသင့်ကြောင်း ဖော်ပြနေပါတယ်။

၃။ ပန်းရောင် (သို့) အနီရောင်ရှိသောဆီး – ဆရာဝန်နှင့်ပြသသင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့ရောဂါများတွင် တွေ့ရတတ်တဲ့ ဆီးအရောင်ဖြစ်ပါတယ်။

၄။ အညိုရောင်ဆီး – အလွန်အမင်း ရေဓာတ် ချို့ယွင်းနေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ရေများများ သောက်ဖို့နှင့် အသီးအရွက် များများ စားပေးဖို့ လိုအပ်ပါတယ်။

၅။ အစိမ်းရောင် (သို့) အပြာရောင်ဆီး – ဆိုးဆေးပါသော အစားအစာများ၊ အချို့သော အရောင်ကျဆေးနှင့် စိတ်ကျရောဂါအတွက် ဆေးဝါးများ သောက်သုံး နေသူများတွင် တွေ့ရတတ်ပါတယ်။

၆။ အမြှုပ်ပါသောဆီး – ယင်းဆီး အမျိုးအစား ဖြစ်ပါက စားနေသော အစားအစာထဲတွင် အသားဓာတ် အလွန်ကျွံ ပါဝင်နေခြင်း သို့မဟုတ် ကျောက်ကပ်၏ ကျန်းမာရေး မကောင်းခြင်း တို့ကို ညွှန်ပြနေပါတယ်။

Dr. Htet Htet Aung

No comments:

Post a Comment