CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 26, 2019
စားစရာမရှိတဲ့သူနဲ့ ထားစရာမရှိတဲ့သူ အမှုရင်ဆိုင်ရာ နေအိမ်လဲရှုံး ထောင်နှစ်ကြိမ် ကျခံရတော့မယ့်ကျိုက်ထိုမြို့က နစ်နာသူ ဒေါ်မိခိုင်၏ ရင်ဖွင်သံ
စားစရာမရှိတဲ့သူနဲ့ ထားစရာမရှိတဲ့သူ အမှုရင်ဆိုင်ရာ နေအိမ်လဲရှုံး ထောင်နှစ်ကြိမ် ကျခံရတော့မယ့်ကျိုက်ထိုမြို့က နစ်နာသူ ဒေါ်မိခိုင်၏ ရင်ဖွင်သံ သမ္မတကြီးကြားသိပါစေ။
=============================
26.Jan.2019
မနေ့က(25-1-2019)ရက်နေ့ မွန်းလွဲပိုင်းမှာ ကျနော်တို့ မြဝတီမြို့ကနေ မွန်ပြည်နယ် ကျိုက်ထိုမြို့ ဖက္ကလိပ်ကျေးရွာကို ရောက်ခဲ့ကြပါတယ်။ မီဒီယာအဖွဲ့ရောက်လာတယ်လို့ အသံကြားတာနဲ့ နစ်နာမှုအတွက် ရင်ဖွင့်လိုတဲ့ပြည်သူတွေ ဆယ်ယောက်ခန့်က အပူရုပ်နဲ့ စောင့်မျှော် ရင်ဖွင့်ကြလေရဲ့။
အဲ့ဒီထဲကမှ ဖြစ်စဉ်တစ်ခုအနေဖြင့်
အဲဒီဖက္ကလိပ်ရွာကဒေါ်မိခိုင်(၅၀)နှစ် ဆိုသူဟာ မြဝတီမြို့မှာအလုပ်လာလုပ်နေစဉ် သူ့အစ်မဖြစ်သူ
မဝင်းမြင့်က ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ရွာ သုံးခွပိုင်းရှိ ဒေါ်မိခိုင်ပိုင်ဆိုင်တဲ့ နေအိမ်နဲ့ခြံကို
၁၂.၆. ၂ဝ၁၃ ခုနှစ်မှာအဲဒီရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်ကို အသိသက်သေပြုလုပ်ပြီး ရပ်ကွက်ရုံးမှာပဲ ဦးဇေယျာကျော်ကျော်ဆီကို ကျပ်သိန်း ၃ဝ နဲ့ပေါင်လိုက်
တယ်။ အဲ့ဒီကနေ အတိုးအရင်းမရရှိတဲ့အခါ နေအိမ်မှာ နေထိုင်တဲ့ ဒေါ်မိခိုင်ရဲ့မိခင်ဖြစ်သူကို လက်မှတ်ထိုးခိုင်းပြီး တရားရုံးမှာအမှုဖွင့်ခဲ့ပါတယ်။ အမှုဖြစ်စဉ်အစမှာ မပါဝင်ခဲ့သော ကျန်းမာရေးမကောင်းတဲ့ ဒေါ်မိခိုင်ရဲ့မိခင်ဟာ တရားရုံးသို့ မလာရောက်နိုင်ခဲ့တဲ့အတွက် တရားသူကြီးမှ တရားလို ဦးဇေယျာကျော်ကျော်ကို အနိုင်ပေးခဲ့ပြီး နေအိမ်ကို တရားရုံးအမိန့်လေလံဆွဲရာမှာ ကျပ်သိန်း(၈၀)ဖြင့် ဦးအောင်ဖြိုးဝေဆိုသူက ရရှိခဲ့ပါတယ်။
နေအိမ်ပိုင်ဆိုင်မှု မူရင်းစာရွက်စာတမ်းလက်ဝယ်ရှိတဲ့ ဒေါ်မိခိုင်ဟာ မြဝတီမြို့က ပြန်လာတဲ့အချိန် လူမရှိတဲ့ သူ့အိမ်ကိုပြန်တက်နေစဉ်မှာ အပေါင်ခံတဲ့သူက ပိုင်နက်ကျူးလွန်တယ်ဆိုပြီး ကျိုက်ထိုမြို့နယ်တရားရုံးတွင် ၂၅.၄ ၂၀၁၆ခုနှစ်မှာ ရာဇသတ်ကြီးပုဒ်မ.၄၂၇/၄၄၈ဖြင့် တရားစွဲလို့ ၁၂.၅.၂၀၁၉ ရက်နေ့မှာထောင်၄၅ ရက်ကျခဲ့တယ်၊
သူထောင်ကျနေစဉ်မှာ အဲဒီအိမ်မှာနဂိုတည်းက အိမ်စောင့်အဖြစ်ရှိနေတဲ့... ၎င်း၏မောင်ခင်မောင်ထွေး(၄၈)နှစ် ဆိုသူကို
ပိုင်နက်ကျူးလွန်မှုနဲ့ ထပ်မံဖမ်းဆီးထားတယ်၊ပြီးတော့ ၂၆.၆.၂၀၁၇ရက်နေ့မှာ ထောင်ကလွတ်လာတဲ့ ဒေါ်မိခိုင်ကို အားပေးကူညီမှုနဲ့ တရားထပ်စွဲလို့
ရုံးချိန်းတွေ အလီလီသွားခဲ့ရပြီး
အခုလာမဲ့ ၂၀၁၉ ဇန်နဝါရီ ၂၉ ရက်နေ့
မှာ ကျိုက်ထိုမြို့နယ်တရားရုံးက
အမိန့်ချမှတ်တော့မှာဖြစ်တာ
ကြောင့် ဒေါ်မိခိုင်(ခ)ဒေါ်မြင့်မြင့်ခိုင် ဆိုသူဟာ နေအိမ်ပိုင်ဆိုင်မှုစာရွက်စာတမ်းဖြင့် ပိုင်ဆိုင်ထားပါလျှက် ယခုတော့ နေအိမ်လည်း
ဆုံးရှုံးရတဲ့အပြင် ထောင်ကျခဲ့ရပြီး ပြစ်မှုအကြောင်းအရာတစ်ခုတည်းမှာ နောက်ထပ်ပုဒ်မတစ်ခုဖြင့် ဒုတိယအကြိမ် ထောင်ဒဏ် ထပ်ကျဦးမလား၊ဆိုတာတော့
ယခုလာမယ့် ၂၉.၁.၂၀၁၉)ရက်နေ့မှာ စောင့်ကြည့်ရပေဦးမည်။
ထိုသို့ စားစရာမရှိတဲ့သူနဲ့ ထားစရာမရှိတဲ့သူ အမှုရင်ဆိုင်ရာ နေအိမ်လဲရှုံးတဲ့အပြင် ပြစ်မှုတစ်ခုမှာ ထောင်နှစ်ကြိမ် ကျခံရတော့မယ်ဆိုတဲ့ ကျိုက်ထိုမြို့က နစ်နာသူ ဒေါ်မိခိုင်၏ ရင်ဖွင်သံကို နိုင်ငံတော်သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ တာဝန်ရှိသူများ ကြားသိနိုင်ကြပါစေရန်အတွက် လေးစားစွာ တင်ပြလိုက်ရပါသည်။
နေနော်(မြဝတီ)
စားစရာမရှိတဲ့သူနဲ့ ထားစရာမရှိတဲ့သူ အမှုရင်ဆိုင်ရာ နေအိမ်လဲရှုံး ထောင်နှစ်ကြိမ် ကျခံရတော့မယ့်ကျိုက်ထိုမြို့က နစ်နာသူ ဒေါ်မိခိုင်၏ ရင်ဖွင်သံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 26, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 26, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment