Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 9, 2019

ရဟန္း သံဃာေတာ္မ်ား ဘယ္ဘက္ပုခံုး မွာ သကၤန္းေတာ္ကို ဖံုးလႊမ္းရတဲ့ အေၾကာင္းအရင္း


ျမတ္ဗုဒၶ သာသနာမွာ လက္၀ဲေတာ္ရံ လက္ယာေတာ္ရံ ဆိုတာရွိတယ္။လက္၀ဲေတာ္ရံဆိုတာ တန္ခိုးအရာမွာ ဧတဒဂ္ရတဲ့ အရွင္မဟာေမာဂၢလာန္ပါ။လက္ယာေတာ္ရံဆိုတာ ပညာအရာမွာ ဧတဒဂ္ရတဲ့အရွင္သာရိပုတၱရာပါ။

တန္ခိုးက လက္၀ဲ၊ ပညာက လက္ယာ။တန္ခိုးဆိုတာ အာသေ၀ါ တရားတို ့ရဲ ့ ကုန္ရာခန္းရာ အရဟတၱဓဇ၊အရဟတၱရဲ ့အလံတံခြန္သာျဖစ္တယ္။ပညာဆိုတာကေတာ့ ၀ိပႆနာ ပညာ၊မဂ္ပညာ၊ ဖိုလ္ပညာကေန နိဗၺာန္ကို ရဖို ့ေရာက္ဖို ့ပါ။


ပုထုဇဥ္တို ့ရဲ ့စိတ္သဘာ၀ဆိုတာ အဆန္းၾကိဳက္၊ တစ္ခုရုိး တစ္မ်ိဳးေျပာင္းျပီး တစ္သံသရာလံုး ဆန္းတယ္ထင္တာေတြေနာက္လိုက္ခဲ့ၾကတယ္။ရုိင္းရုိင္းေျပာရရင္ လမ္းေဘး က ေမ်ာက္ပြဲ၊ မ်က္လွည့္ပြဲကအစ ဆန္းတယ္ထင္တာ မွန္သမွ်မွာ လူေတြေမ့ေမ်ာ သာယာေနတတ္ၾကတယ္။

ဒီေတာ့ တန္ခိုးရဲ ့ ဆန္းဆန္းျပားျပား ဖမ္းစားမႈအေပၚ ေမ့ေလ်ာ့ေတြေ၀ သာယာေနၾကရင္ မဂ္ပညာ ဖိုလ္ပညာကြယ္မွာပဲ။မဂ္ပညာ ဖိုလ္ပညာကြယ္ရင္ သာသနာကြယ္မွာပဲ။သာသနာကြယ္ျပီ ဆိုတာနဲ ့ သတၱ၀ါေတြရဲ ့သံသရာ၀ဋ္ဆင္းရဲ ဒုကၡအေပါင္းက လြတ္ေျမာက္ရာ တရား ေတြလည္းကြယ္တာပဲ။

ေယာဂီတို ့ တရားထိုင္ရာမွာလည္း တင္ပ်ဥ္ေခြၾကား လက္ႏွစ္ဖက္ ယွက္တင္တဲ့အခါ လက္၀ဲလက္ကို ေအာက္က လက္ယာလက္ကို အေပၚက ထားရတာလည္း ဒီသေဘာပဲ။

လက္၀ဲဆိုတဲ့ တန္ခိုးသေဘာကို လက္ယာ ဆိုတဲ့ ပညာက ဖံုးထားအုပ္ထား ဆင့္ထားရတယ္။တစ္နည္းအားျဖင့္ေတာ့ လက္၀ဲက သမထ၊ လက္ယာက ၀ိပႆနာ။သမထ တန္ခိုးကိုသာ ျပလိုက္လို ့ကေတာ့ အညွီ ယင္အံုသလို ေနေတာ့မွာေပါ့။ရုပ္ နာမ္ ျဖစ္ပ်က္ေတြ အနိစၥ ဒုကၡ အနတၱေတြ ဘာမွေ ဟာလို ့ ေျပာလို ့နား၀င္ေတာ့မွာ မဟုတ္ဘူး။တန္ခိုးျပမိရင္ တန္ခိုးပဲ ကိုးကြယ္မွာ။


၀ိပႆနာ ပညာ၊ ဖိုလ္ ပညာ၊ မဂ္ ပညာ ေတြဆိုတာ က်င့္ၾကံ အားထုတ္ရမွန္းေတာင္ သိမွာမဟုတ္ေတာ့ဘူး။တန္ခိုးေလာက္ရင္ မိန္းေမာေနရင္ သံသရာ၀ဋ္ဆင္းရဲကမလြတ္ေျမာက္ႏိုင္ဘူး။ဒါ့ေၾကာင့္တန္ခိုးဆိုတာ ဖံုးထားအပ္ေသာအရာ၊ ပညာသာလွ်င္ အျမဲအစဥ္

ဖြင့္ထားအပ္ေသာအရာ၊ ေဖာ္ထားအပ္ေသာ အရာ၊ ဒါေၾကာင့္ တန္ခိုး ကို ကိုယ္စားျပဳတဲ့ လက္၀ဲဘက္ ကို သကၤန္းနဲ ့ဖံုးထားရတယ္။ ပညာကိုကိုယ္စားျပဳတဲ့ လက္ယာ ဘက္ကိုေတာ့ ဖြင့္ျပထားရတယ္၊ ေဖာ္ထားရတယ္။

မဟာေဗာဓိျမိဳင္ဆရာေတာ္ၾကီး
Ashin Pannacara

မြတ်ဗုဒ္ဓ သာသနာမှာ လက်ဝဲတော်ရံ လက်ယာတော်ရံ ဆိုတာရှိတယ်။လက်ဝဲတော်ရံဆိုတာ တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါ။လက်ယာတော်ရံဆိုတာ ပညာအရာမှာ ဧတဒဂ်ရတဲ့အရှင်သာရိပုတ္တရာပါ။

တန်ခိုးက လက်ဝဲ၊ ပညာက လက်ယာ။တန်ခိုးဆိုတာ အာသဝေါ တရားတို ့ရဲ ့ ကုန်ရာခန်းရာ အရဟတ္တဓဇ၊အရဟတ္တရဲ ့အလံတံခွန်သာဖြစ်တယ်။ပညာဆိုတာကတော့ ၀ိပဿနာ ပညာ၊မဂ်ပညာ၊ ဖိုလ်ပညာကနေ နိဗ္ဗာန်ကို ရဖို ့ရောက်ဖို ့ပါ။

ပုထုဇဉ်တို ့ရဲ ့စိတ်သဘာဝဆိုတာ အဆန်းကြိုက်၊ တစ်ခုရိုး တစ်မျိုးပြောင်းပြီး တစ်သံသရာလုံး ဆန်းတယ်ထင်တာတွေနောက်လိုက်ခဲ့ကြတယ်။ရိုင်းရိုင်းပြောရရင် လမ်းဘေး က မျောက်ပွဲ၊ မျက်လှည့်ပွဲကအစ ဆန်းတယ်ထင်တာ မှန်သမျှမှာ လူတွေမေ့မျော သာယာနေတတ်ကြတယ်။

ဒီတော့ တန်ခိုးရဲ ့ ဆန်းဆန်းပြားပြား ဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာကွယ်မှာပဲ။မဂ်ပညာ ဖိုလ်ပညာကွယ်ရင် သာသနာကွယ်မှာပဲ။သာသနာကွယ်ပြီ ဆိုတာနဲ ့ သတ္တဝါတွေရဲ ့သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းက လွတ်မြောက်ရာ တရား တွေလည်းကွယ်တာပဲ။

ယောဂီတို ့ တရားထိုင်ရာမှာလည်း တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့အခါ လက်ဝဲလက်ကို အောက်က လက်ယာလက်ကို အပေါ်က ထားရတာလည်း ဒီသဘောပဲ။

လက်ဝဲဆိုတဲ့ တန်ခိုးသဘောကို လက်ယာ ဆိုတဲ့ ပညာက ဖုံးထားအုပ်ထား ဆင့်ထားရတယ်။တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ၀ိပဿနာ။သမထ တန်ခိုးကိုသာ ပြလိုက်လို ့ကတော့ အညှီ ယင်အုံသလို နေတော့မှာပေါ့။ရုပ် နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဘာမှေ ဟာလို ့ ပြောလို ့နားဝင်တော့မှာ မဟုတ်ဘူး။တန်ခိုးပြမိရင် တန်ခိုးပဲ ကိုးကွယ်မှာ။

၀ိပဿနာ ပညာ၊ ဖိုလ် ပညာ၊ မဂ် ပညာ တွေဆိုတာ ကျင့်ကြံ အားထုတ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။တန်ခိုးလောက်ရင် မိန်းမောနေရင် သံသရာဝဋ်ဆင်းရဲကမလွတ်မြောက်နိုင်ဘူး။ဒါ့ကြောင့်တန်ခိုးဆိုတာ ဖုံးထားအပ်သောအရာ၊ ပညာသာလျှင် အမြဲအစဉ်

ဖွင့်ထားအပ်သောအရာ၊ ဖော်ထားအပ်သော အရာ၊ ဒါကြောင့် တန်ခိုး ကို ကိုယ်စားပြုတဲ့ လက်ဝဲဘက် ကို သင်္ကန်းနဲ ့ဖုံးထားရတယ်။ ပညာကိုကိုယ်စားပြုတဲ့ လက်ယာ ဘက်ကိုတော့ ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
Ashin Pannacara

No comments:

Post a Comment