Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 28, 2019

၂၀၁၉ ခုနှစ် ဂျန်နဝါရီလမှာ ထွက်ပေါ်လာမယ့် သွေးနီရောင်လ နဲ့ ကမ္ဘာပျက်ကိန်








unicode

ကမ္ဘာပျက်ကိန်း စိတ်ဝင်စားသူတွေကို ဂျန်နဝါရီလမှာထွက်ပေါ်လာမယ့် သွေးနီရောင်လဟာ ကမ္ဘာပျက်ကိန်းရဲ့ နိမိတ်ဖြစ်တယ်လို့ပြောနေကြပါတယ်။ဂျန်နဝါရီလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့မှာ အနီ

ရောင်သန်းနေတဲ့ လမင်းကြီးကို ဗြိတိန် ၊ ဥရောပ နဲ့ မြောက်အမေရိကမှ မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ် ။လဟာ ကိုယ်ပိုင်အလင်းရောင်မရှိပဲ နေရဲ့အလင်းရောင်ကို ရောင်ပြန်ပြီးတော့ အလင်းရောင်ထုတ်လွှတ်ပေးတာပါ ။

သွေးနီရောင်လဖြစ်ပေါ်လာရခြင်းအကြောင်းကတော့ နေမှထွက်လာတဲ့အလင်းတန်းတွေဟာ လရဲ့မျက်နှာပြင်ကိုရိုက်ပြီး ကမ္ဘာကိုလာတဲ့အချိန်မှာ ကမ္ဘာ့လေထုက ရောင်စဉ်တန်းတွေကို စစ်ထုတ်လိုက်တဲ့အတွက်ကြောင့်ပါပဲ ။

တစ်ချို့သောလူတွေကတော့ ဒါဟာ ဘုရားသခင်က ကမ္ဘာပျက်ကိန်းအကြောင်း ကြိုတင်သတိပေးနေတာဖြစ်တယ်လို့ မျက်စိမှိတ်ယုံထားကြပါတယ် ။

သူတို့ကဘာကြောင့်ကမ္ဘာပျက်ကိန်းလို့ယုံကြည်နေရတာလဲ ။” ကမ္ဘာ့စည်းခြောက်ခု ပျက်တဲ့အခါ ကြီးမားတဲ့ငလျင်ကြီးတစ်ခုလှုပ်ခတ်မယ် ၊ နေမင်းက ဆံပင်လိုနက်မှောင်သွားပြီး လမင်းက သွေး

ရောင်သန်းမယ်” လို့ကမ္ဘာပျက်ကိန်းအကြောင်းရေးသားထားတဲ့စာအုပ်ထဲမှာဖော်ပြထားလို့ပါပဲ ။ ဒါပေမယ့် နေမင်းသာမရှိတော့ရင် လရဲ့ အလင်းရောင်ကိုမြင်နိုင်တော့မှာမဟုတ်တဲ့အတွက် ဒါဟာ ပျက်လုံးတစ်ခုလိုဖြစ်နေပါတယ်။

၂၀၁၉ ခုနှစ်ဟာ အနည်းငယ် ကြမ်းတမ်းမယ့်နှစ်တစ်နှစ်ဖြစ်နိုင်ပေမယ့် ဘိုင်ဘယ်ထဲကလို ကမ္ဘာပျက်မှာတော့ စိုးရိမ်ဖို့မလိုသေးပါဘူး ။

Writer – Min Thu (Daily Hot News ) .

No comments:

Post a Comment