Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 23, 2019

ချစ်သူအမျိုးသမီးကို သတ်သည့် တရားခံအား ဖမ်းဆီးရမိ



ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရပ်ကွက်ကြီး(၈) နရဏီသိမ်လမ်းဘေး ခြုံတောအတွင်း ဒဏ်ရာတွေနဲ့ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို သတ်တဲ့သူကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း အမှတ်(၃)နယ်မြေရဲစခန်းက သိရပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီ(၁၉)ရက်က ပဲခူးမြို့ရပ်ကွက်ကြီး(၈) နာဂဝန်(၆) လမ်းနေ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသမီးအလောင်းတစ်လောင်းကို ပြည်သူတွေရဲ့ သတင်းပို့ တိုင်ကြားမှုအရ တွေ့ရှိခဲ့ရပါတယ်။

အဲဒီသေဆုံးသူမှာ မအေးအေးစန်း(ခ)မအေးဖြစ်ကြောင်းကို မောင်အရင်းဖြစ်သူ ဦးနေမျိုးအောင်က ဇန်နဝါရီ(၂၁)ရက်မှာ အမှတ်(၃) နယ်မြေစခန်းကို လာရောက်အတည်ပြုပေးခဲ့ပါတယ်။


အဲဒီနောက် ဖြစ်စဉ်တွေကို လိုက်လံစုံစမ်းခဲ့ရာ ပဲခူးမြို့ဥဿာမြို့သစ် (၁)ရပ်ကွက် (၈)လမ်းရှိ မင်းခန့်ကျော်(၁၉နှစ်)ဆိုသူကို ခေါ်ယူ စစ်ဆေးရာ မအေးဆိုသူနဲ့ ဇန်နဝါရီ(၁၄)ရက်က နရဏီ သိမ်လမ်း ဘေး ခြုံတောအတွင်း ချိန်းတွေ့ခဲ့ကြပြီး စကားပြော အဆင်မပြေ ဖြစ်ရာမှ အနီးရှိ အုတ်ခဲကျိုးနဲ့ မအေးရဲ့ ဦးခေါင်းကို ထုနှက်ခဲ့တာလို့ ထွက်ဆိုခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှတ်(၃)နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၉)၊ (ပ)၂၇/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂နဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။

သတင်း၊ ဓာတ်ပုံ-- ဖြိုးကိုလင်း(ညောင်ဝိုင်း)
One News Myanmar
https://www.facebook.com/onenewsmyan

No comments:

Post a Comment