Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 25, 2019

ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ အမြောက်တပ် (၃၆၃)တပ်တွင်း ဖြစ်ပွားသော ရိုက်မှု


15.1.2019 နံနက် 4း45 နာရီတွင် ရှေ့တန်းထွက်နေတဲ့ တပ်ကြပ်ကြီးအေးဝင်း၏ လိုင်းခန်းတွင် တပ်ကြပ်မိုးကျော်ဆန်းမှ ယောက္ခမ(တပ်ကြပ်ကြီးအေးဝင်၏ ဇနီး) အပါအ၀င် ဇနီး နှင့် ခယ်မနှစ်ဦးအား သံတုတ်ဖြင့် ၀င်ရိုက်ခဲ့လို့ မိုးနဲဆေးရုံမှာတက်ရောက်ကုသနေရပါတယ် ..

သံတုတ်နဲ့ရိုက်တဲ့ တပ်ကြပ်မိုးကျော်ဆန်းကိုလဲ အရေးယူအပြစ်ပေးခြင်းမရှိသာ့်အပြင် တပ်တွင်းမိသားစုများမှလဲ လူနာများအား မေးမြန်းအားပေးခြင်းလဲမရှိသလို တပ်တွင်းမိသားစုဖြစ်ပေမဲ့ တပ်မတော်ဆေးရုံမှာလဲ ကုသခွင့်မရခဲ့ပါ

အပြစ်ပယ်ခံရတဲ့ တပ်တွင်းမှာရှိတဲ့ ငယ်သားတို့ရဲ့ တပ်တွင်းဒုက္ခကို နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ် သိစေရန်ပါ

အမြောက်တပ် (၃၆၃) တပ်မိသားစုတစ်ဦး ပေးပို့မှု


No comments:

Post a Comment