Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 14, 2019

ျမန္မာေဆး ေလငန္းထုိးေဆးဆုိၿပီး ကပ္ထားတဲ့ တံဆိပ္ကုိ ခြာၾကည့္လုိက္ေတာ့


ျမန္မာေဆး ေလငန္းထုိးေဆးဆုိၿပီး ကပ္ထားတဲ့ တံဆိပ္ကုိ ခြာၾကည့္လုိက္ေတာ့

ေျပာမယုံ ၾကဳံမွသိ

ယေန႔ ကို္ယ္​့ဆီ အၿမဲ လာျပေနတ႔ဲ အဘြားတစ္​ေယာက္​ ေရာက္​လာတယ္​။ အသက္​က ၇၀ ေလာက္​ ပဲျပဳတ္​ေရာင္​းၿပီး ဆင္​းရဲတ့ဲၾကားတ့ဲ ၿပီးခ့ဲတ့ဲ နွစ္​ကမွ ဆိုင္​ကယ္​က တိုးေတာ့ ခဗ်ာ ပဲျပဳတ္​ေလးေတာင္​ ေကာင္​းေကာင္​းမေရာင္​းနိူ္​င္​ရွာေတာ့ ကိုယ္​့ဆီ လာတိုင္​းလဲ အၿမဲ FOC ေပး ရင္​တြင္​းျဖစ္​ေလးေတြ အန္​ခ်နဲ႔ရင္​းနွီးေနတာ။

ဒီေန႔မွ “ ဆရာရယ္​ ေလငန္​းေဆးေလး ထိုးခ်င္​လို႔ ´´ တ့ဲ “ ဆရာ႕ကိုလဲ ျပၿပီးမွ ထိုးခ်င္​လို႔ ယူလာတာ´´ ဆိုေတာ့ကား အင္​း အာေပါက္​ေအာင္​ ထပ္​ရွင္​းျပရဦးမယ္​ ထင္​တယ္​ လို႔ စိတ္​ထဲေတြးၿပီး သကာလ “ ဟုတ္​က့ဲ ျပၾကည္​့ပါဦး အဘြားရယ္​´´ ဆိုေတာ့ ထိုးေဆးတစ္​ဘူး ထုတ္​ျပရွာတယ္​။

“ အယ္​ ျမန္​မာေဆးထိုးေဆးဟ´´ ဆိုၿပီး ေမာင္​ဥကၠာတစ္​ေယာက္​ အ့ံၾသသံေလးထြက္​သြားတယ္​ (တကယ္​လဲ ယခုထိ ျမန္​မာေဆးထိုးေဆး ရိွေကာင္​းရိွနိင္​ေသာ္​လည္​း ကြၽန္​ုပ္​ မျမင္​ဖူးပါ) “ဟုတ္​တယ္​ ဆရာရဲ႕ ျမန္​မာေဆးေပမယ္​့ နားမလည္​ဘူးေလ ငါ့ဆရာရိွတယ္​ ျပၾကည္​့ဦးမယ္​ ဆိုၿပီး ယူလာတာ ဆရာေရ´´ တ့ဲ အာ့နဲ႔ ကိုယ္​လဲ အထူးအဆန္​းဆိုၿပီး ၾကည္​့ေန တုန္​း ထိပ္​ပိတ္​ေပၚက စာကို သြားေတြ႕တယ္​ဗ်။

“ အယ္​ ျမန္​မာေဆးက အင္​းဂိတ္​လိုေရးထားတာလားဗ် ´´ ဆိုၿပီး ေမးလဲေမး ၾကည္​့လဲၾကည္​့ ငင္​့ Sterile water for injectionတ့ဲ အာ့နဲ႔ စကၠဴဖက္​ေလးကြာေနလို႔ ကပ္​ေပးမလို႔လုပ္​တုန္​း ဟင္​တဆက္​တည္​း မဟုတ္​ဘူးဟ ဆိုၿပီး ျဖည္​းျဖည္​း ခ်င္​းဆီ ခြာၾကည္​့ေတာ့ ေအာင္​မငီး ကိုယ္​က်ိဳးနဲ ေလငန္​းေဆးေတာ္​ႀကီး ေတြ႕ပါေလေကာဗ်ာ ေဆးဘူးကိုၾကည္​့ၿပီး အားရပါးရ ရီေနေသာ အက်ြႏ္​ုပ္​အား လူနာအဘြားမွ ေၾကာင္​တတ္​တတ္​နွင္​့“ ၾဆာေလးဘာျဖစ္​လို႔လဲဟင္​´´ တ့ဲ သူ႔စိတ္​ထဲ ၾဆာေတ်ာက္​ ေလငန္​းေဆးျမင္​ၿပီး ေဂါက္​သြားၿပီလား ထင္​မလားပဲ “ အဘြားရယ္​ မိုးေရေတပါ ´´ လို႔ ကိုယ္​့မွာ တခိြခိြနဲ႔ ျပန္​ေျဖေပးရတယ္​ ။

အ့ဲမွာ သေဘာက်မိတာက ေလငန္​းေဆးဆိုၿပီး ေပါက္​ကရေဆးေတြကို မလုပ္​ပဲ sterile water ေလးပဲ လုပ္​တ့ဲ စိတ္​ကူးေလးေတာ့ သေဘာက်မိပါရဲ႕
Mg Okkar

#Unicode Version#
မြန်မာဆေး လေငန်းထိုးဆေးဆိုပြီး ကပ်ထားတဲ့ တံဆိပ်ကို ခွာကြည့်လိုက်တော့

ပြောမယုံ ကြုံမှသိ

ယနေ့ ကိုယ့်ဆီ အမြဲ လာပြနေတဲ့ အဘွားတစ်ယောက် ရောက်လာတယ်။ အသက်က ၇၀ လောက် ပဲပြုတ်ရောင်းပြီး ဆင်းရဲတဲ့ကြားတဲ့ ပြီးခဲ့တဲ့ နှစ်ကမှ ဆိုင်ကယ်က တိုးတော့ ခဗျာ ပဲပြုတ်လေးတောင် ကောင်းကောင်းမရောင်းနိူ်င်ရှာတော့ ကိုယ့်ဆီ လာတိုင်းလဲ အမြဲ FOC ပေး ရင်တွင်းဖြစ်လေးတွေ အန်ချနဲ့ရင်းနှီးနေတာ။

ဒီနေ့မှ “ ဆရာရယ် လေငန်းဆေးလေး ထိုးချင်လို့ ´´ တဲ့ “ ဆရာ့ကိုလဲ ပြပြီးမှ ထိုးချင်လို့ ယူလာတာ´´ ဆိုတော့ကား အင်း အာပေါက်အောင် ထပ်ရှင်းပြရဦးမယ် ထင်တယ် လို့ စိတ်ထဲတွေးပြီး သကာလ “ ဟုတ်ကဲ့ ပြကြည့်ပါဦး အဘွားရယ်´´ ဆိုတော့ ထိုးဆေးတစ်ဘူး ထုတ်ပြရှာတယ်။

“ အယ် မြန်မာဆေးထိုးဆေးဟ´´ ဆိုပြီး မောင်ဥက္ကာတစ်ယောက် အံ့သြသံလေးထွက်သွားတယ် (တကယ်လဲ ယခုထိ မြန်မာဆေးထိုးဆေး ရှိကောင်းရှိနိင်သော်လည်း ကျွန်ုပ် မမြင်ဖူးပါ) “ဟုတ်တယ် ဆရာရဲ့ မြန်မာဆေးပေမယ့် နားမလည်ဘူးလေ ငါ့ဆရာရှိတယ် ပြကြည့်ဦးမယ် ဆိုပြီး ယူလာတာ ဆရာရေ´´ တဲ့ အာ့နဲ့ ကိုယ်လဲ အထူးအဆန်းဆိုပြီး ကြည့်နေ တုန်း ထိပ်ပိတ်ပေါ်က စာကို သွားတွေ့တယ်ဗျ။

“ အယ် မြန်မာဆေးက အင်းဂိတ်လိုရေးထားတာလားဗျ ´´ ဆိုပြီး မေးလဲမေး ကြည့်လဲကြည့် ငင့် Sterile water for injectionတဲ့ အာ့နဲ့ စက္ကူဖက်လေးကွာနေလို့ ကပ်ပေးမလို့လုပ်တုန်း ဟင်တဆက်တည်း မဟုတ်ဘူးဟ ဆိုပြီး ဖြည်းဖြည်း ချင်းဆီ ခွာကြည့်တော့ အောင်မငီး ကိုယ်ကျိုးနဲ လေငန်းဆေးတော်ကြီး တွေ့ပါလေကောဗျာ ဆေးဘူးကိုကြည့်ပြီး အားရပါးရ ရီနေသော အကျွန်ုပ်အား လူနာအဘွားမှ ကြောင်တတ်တတ်နှင့်“ ဆြာလေးဘာဖြစ်လို့လဲဟင်´´ တဲ့ သူ့စိတ်ထဲ ဆြာတျောက် လေငန်းဆေးမြင်ပြီး ဂေါက်သွားပြီလား ထင်မလားပဲ “ အဘွားရယ် မိုးရေတေပါ ´´ လို့ ကိုယ့်မှာ တခွိခွိနဲ့ ပြန်ဖြေပေးရတယ် ။

အဲ့မှာ သဘောကျမိတာက လေငန်းဆေးဆိုပြီး ပေါက်ကရဆေးတွေကို မလုပ်ပဲ sterile water လေးပဲ လုပ်တဲ့ စိတ်ကူးလေးတော့ သဘောကျမိပါရဲ့
Mg Okkar

No comments:

Post a Comment