Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 14, 2019

ယုဇနဥယ်ာဥ္​ျမဳိ႕​ေတာ္ တုိက္​ခန္​းျပဳိက်မွဳျဖစ္

 (13-1-2018)ည​ေန ၄နာရီခဲြခန္​႔အခ်ိန္​က ဒဂုံဆိပ္​ကမ္​း ျမဳိ႕နယ္​၊(၉၄)ရပ္​ကြက္​၊ယုဇနဥယ်ာဥ္​ျမဳိ႕​ေတာ္​၊(၁၂)လမ္​း(A)၊တုိက္​(၁၆) ပထမထပ္​တြင္​ မ်က္​ႏွာက်က္​ ျပဳိက်မွဳျဖစ္​ပြားခဲ့ရာ.က​ေလးငယ္​တစ္​ဦး ဒဏ္​ရာရ႐ွိခဲ့ပါသည္​။

ၾကံ႕ခုိင္​မွဳ စိတ္​ခ်ရျခင္​းမ႐ွိ​ေသာ ယုဇနတုိက္​ခန္​းမ်ားတြင္​ ​ေနထုိင္​လွ်က္​႐ွိၾက​သည္​့ ျပည္​သူအမ်ား စုိးရိမ္​ထိတ္​လန္​႔စြာ​ေနထုိင္​ၾကရၿပီး.သက္​ဆုိင္​ရာအုပ္​ခ်ဳပ္​​ေရးအဖဲြ႕၊အိမ္​ယာ​ေကာ္​မတီ၊ စည္​ပင္​ႏွင္​့ ယုဇနကုမၸဏီတုိ႔အၾကား မည္​သူက တာ၀န္​ယူ​ေဆာင္​ရြက္​​ေပးမည္​ကုိမသိ႐ွိရပဲ

တုိက္​ခန္​း​ေနျပည္​သူမ်ားအ​ေနျဖင္​့ အသက္​အႏၱရာယ္​ကုိ စုိးရိမ္​ထိတ္​လန္​႕စြာ​ေနထုိင္​​ေနၾကရပါ​ေၾကာင္​း တာ၀န္​႐ွိသူမ်ားသိ႐ွိ​ႏုိင္​ပါရန္​တင္​ျပအပ္​ပါသည္​။
Ko Kan

#Unicode Version#
(13-1-2018)ညနေ ၄နာရီခွဲခန့်အချိန်က ဒဂုံဆိပ်ကမ်း မြို့နယ်၊(၉၄)ရပ်ကွက်၊ယုဇနဥယျာဉ်မြို့တော်၊(၁၂)လမ်း(A)၊တိုက်(၁၆) ပထမထပ်တွင် မျက်နှာကျက် ပြိုကျမှုဖြစ်ပွားခဲ့ရာ.ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပါသည်။

ကြံ့ခိုင်မှု စိတ်ချရခြင်းမရှိသော ယုဇနတိုက်ခန်းများတွင် နေထိုင်လျှက်ရှိကြသည့် ပြည်သူအများ စိုးရိမ်ထိတ်လန့်စွာနေထိုင်ကြရပြီး.သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊အိမ်ယာကော်မတီ၊ စည်ပင်နှင့် ယုဇနကုမ္ပဏီတို့အကြား မည်သူက တာဝန်ယူဆောင်ရွက်ပေးမည်ကိုမသိရှိရပဲ

တိုက်ခန်းနေပြည်သူများအနေဖြင့် အသက်အန္တရာယ်ကို စိုးရိမ်ထိတ်လန့်စွာနေထိုင်နေကြရပါကြောင်း တာဝန်ရှိသူများသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။
Ko Kan

No comments:

Post a Comment