Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 23, 2019
မရမ်းသီးထောင်းနည်း နှင့်ရှောက်ဖတ်ငပိထောင်းနည်းလေးပါ။
မရမ်းသီးထောင်းနည်း
မရမ်းသီးကျပ်သား
ကြက်သွန်ဖြူဗမာတစ်ဥ
Credit : မူလရေးသားသူ
=======================
#ေ ရှာက်ဖတ်ငပိထောင်းနည်းလေးပါ
လိုအပ်တာတွေကတော့
ထားပါ။
အချိုမှုန့်အနည်းငယ်
ဆားအနည်းငယ်
နှံ့ရုံဖွဖွလေးထောင်းပါ။
ဒီအတိုင်းအခန်းအပူချိန်မှာဆီမြှုပ်အောင်ထည့်ပြီး
သွားတတ်​ပါတယ်
Credit-Mietharsu
Unicode
မရမ်းသီးထောင်းနည်း
မရမ်းသီးကိုငပိမပါပဲပုဇွန်ခြောက်နဲ့ထောင်းထားတာလေးပါ
မရမ်းသီးနုနုလေးတွေထပ်ခြမ်းခွဲရေဆေးပြီးဆားရည်စိမ်ထားပါ
ဒါဆိုမရမ်းသီးကမမဲတော့ပဲစိမ်းနေပါမယ်ချစ်တို့ရေ့
ပုဇွန်ခြောက်လက်တစ်ဆုပ်
မရမ်းသီးကျပ်သား
ကြက်သွန်ဖြူဗမာတစ်ဥ
ငရုတ်သီးစိမ်းအစပ်စားနိုင်သလောက်ပါရှင်
အရင်ဆုံးကြက်သွန်ဖြူထောင်း
ပြီးရင်ငရုတ်သီးစိမ်းထည့်ထောင်း
ပြီးရင်ပုဇွန်ခြောက်ထည့်ထောင်း
ဆား၊အရသာ၊ငံပြာရည်အနည်းငယ်ထည့်ပေးပါ
နောက်ဆုံးမှမရမ်းသီးထည့်ထောင်းပြီးပဲဆီစိမ်းလေးလောင်းပါ
ပုဇွန်ခြောက်ကဆီနဲ့တွေ့ပြီးပွလာတော့တစ်မျိုးလေးစားကောင်းတယ်ရှင့်
Credit : မူလရေးသားသူ
ရှောက်ဖတ်ငပိထောင်းနည်းလေးပါ။
သွေးတိုးရှိတဲ့သူလဲစားလို့ရတယ်။
ဆီမြှုပ်အောင်ထည့်ထားရင်အကြာကြီးလဲခံတယ်။
အလုပ်သွားရတဲ့သူတွေတစ်ပတ်စာထောင်းထား
ရင်ထမင်းမြိန်မြိန်စားလို့ရတယ်။
အဝေးကသူကိုအများကြီးထောင်းပြီးလက်ဆောင်ပေးလဲကိုယ့်ကိုအမြဲငပိထောင်းနဲ့တွဲပြီးသတိရနေလိမ်​့မယ်​
အရမ်းခံတွင်းမြိန်ပါတယ်။
လိုအပ်တာတွေကတော့
ငပိကောင်းကောင်း၁၀သား
ငရုတ်သီးစပ်စပ်ကြိုက်ရင်များများ(မွှေးအောင်လှော်
ထားပါ။
ကြက်သွန်ဖြူဗမာဥ၅လုံး
အချိုမှုန့်အနည်းငယ်
ဆားအနည်းငယ်​
ရှောက်သီးစိမ်းစိမ်းအနေတော်၁လုံး
(ရှောက်သီးကအဝါရောင်သန်းပြီးမှည့်နေရင်အ
ရည်ရွှမ်းလို့မကောင်းပါ။ခါးတတ်သည်။)
ငပိကိုမွှေးရုံလေးမီးကင်ပါ။
တူးသွားရင်ခါးပြီးငပိအနံ့လည်းသိပ်မမွှေးတော့ပါ။
ငရုတ်သီးစိမ်းလဲမွှေးအောင်လှော်ပါ။
ကြက်သွန်ဖြူလဲလှော်ပါ။
ငရုတ်သီး၊ကြက်သွန်ဖြူက်ုမညက်တညက်ထောင်း
ပြီးရင်ငပိပါအချိုမှုန့်အနည်းငယ်နဲ့ထောင်းပြီးမှ
ရှောက်သီးကိုအခွံခွာပြီးအဖတ်ကလေးများမျှင်ပါ။
ဆားအနည်းငယ်နှင့်နယ်ပြီးငပိထဲထည့်ထောင်းပါ။
နှ့ံှရုံဖွဖွလေးထောင်းပါ။
ရှောက်သီးဖတ်တွေကြေမသွားစေရ။
ပြီးရင်ဗူးလေးထဲထည့်ပြီးအပေါ်ကဆီမြှုပ်အောင်
ထည့်ထားရင်အကြာကြီးထားစားလို့ရပါတယ်။
ကျမကတခါထောင်းရင်အများကြီးထောင်းပြီးအကြာကြီးထားစားပါတယ်​
ရေခဲသေတ္တာထဲထားရင်ပိုကောင်းပေမယ့်
ဒီအတို်င်းအခန်းအပူချိန်မှာဆီမြှုပ်အောင်ထည့်ပြီး
ထားလဲအရသာမပြောင်းပါဘူး။
ထမင်းမြိန်စေတာလဲအမှန်ပါပဲနော်။
အ​ရေးကြီးတာ​လေးတခုကျန်​ခဲ့တယ်​
ငပိဖုတ်​ထားတာကိုအပူအတိုင်​းထည်​့​ထောင်​းရင်​​ရှောက်​သီးကခါး
သွားတတ်​ပါတယ်​
ဒါ့​ကြောင်​့ငပိမီးဖုတ်​ထားတာလုံးဝ​အေးသွားမှ​ထောင်​းပါရှင်​
No comments:
Post a Comment