Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 17, 2019

ေသာတာပန္ေသၿပီးေနာက္ ဘာျဖစ္မလဲ

ေသာတာပန္ေသၿပီးေနာက္ ဘာျဖစ္မလဲ မဂၤလာပါ ဆရာေတာ္ တပည္ေတာ္ တစ္ခုေလာက္ ေလ်ာက္တင္ခ်င္ပါတယ္ တပည္ေတာ္ကိုေလ်ာ က္ခြင္ၿပုပါ ေသာတပန္ တည္ၿပီးသြားတဲအရ ယာပုဂိုယ္တစ္ေယာက္သည္ နိဗြ့ာန္ကိုမရာက ္ပဲနဲေသသြားရင္ေနာက္ဘဝက်ရင္ဘာၿဖစ္ပါမလဲ ေနာက္ဘဝက်ရင္ေကာ ဒီလိုမဴိးသစြ့ာတ ရားကိုနာခြင္ရႏွိင္ပါမလားနိဗြ့ာန္ကိုေကာ လြယ္ကႈစြာရႏွိင္ပါမလား တပည္ေတာ္ကိုအစဥ္ သနားလ်က္ေၿဖၾကားေပးပါ။

ေသာတာပန္အဓိပၸာယ္ ေသာတာပန္ဆိုတာ “ေသာတာပႏၷ”ပုဒ္ကေန ေျပာင္းလြဲလာတဲ့ ပါဠိမစစ္ ျမန္မာမစစ္တဲ့ ပုဒ္ပါ။ သို႔ေသာ္ ျမန္မာစကားအစစ္လ ဘာသာေရးနယ္ပယ္မွာ တြင္က်ယ္စြာသံုး ႏႈန္းေနၾကပါတယ္။ အဓိပၸာယ္ကို သိသူရွိသလို မသိသူလည္း ရွိေနဦးမွာပါ။ ေသာတာပန္ဆိုတာနဲ႔ပတ္သက္လို႔ သရုပ္ျပအဘိဓာန္က်မ္းျပဳဆရာေတာ္ ဦးၾသဘာသာဘိ၀ံသက သုေတသနသမၼာမဂၢဂၤ ပၪႇာက်မ္းမွာ ဒီလိုေရးထားတာေတြ႕ရပါတယ္။

ဒကာ။ ။ ေသာတာပန္ ေသာတာပန္နဲ႔ ေခၚဆိုေနၾကတာ ေသာတာပန္ ဆိုတဲ့ အဘိဓာန္ပုဒ္ရဲ႕ အနက္သေဘာကို သိပါရေစ ဆရာေတာ္၊ ဆရာေတာ္က ျမန္မာ ပါဠိ အဘိဓာန္ က်မ္းျပဳပုဂၢိဳလ္မို႔ ေမးရတာပါဘုရား။

ဆရာ။ ။ ေသာတာပန္ဆိုတာ “ေသာတာပႏၷ” ဆိုတဲ့ ပါဠိက ပ်က္လာတဲ့ စကားပုဒ္ပဲ၊ မဂၢသံယုတ္ အ႒ကထာ စသည္မ်ားမွာ -ေသာတံ အာဒိေတာ အာပဇၨႎသု ပါပုဏႎ သူတိ ေသာတာပႏၷာ။ ေသာတံ = (နာမ႐ူပပရိေစၧဒဉာဏ္၊ ပစၥယပရိဂၢဟဉာဏ္ ႏွစ္ပါးႏွင့္ ျပည့္စံုလ်က္ မဂၢင္ရွစ္ပါးတည္းဟူေသာ)ေရအလ်ဥ္သို႔။ အာဒိေတာ အာပဇၨႎသု ပါပုဏႎသူတိ= ၀ိပႆနာဉာဏ္အျမင္ျဖင့္ စတင္၍ ေရာက္ရွိေနၾကကုန္ျပီ၊ထို႔ေၾကာင့္ -ေသာတာပႏၷာ = ေသာတာပန္ မည္ကုန္၏ တဲ့၊ ကဲ….အဲဒါေသာတာပန္ ရဲ႕ အနက္သေဘာပဲ။ ဆိုလိုရင္းကေတာ့ အနတၱဉာဏ္ျမင္ ခိုင္လံုစြာထင္ျ ပီး ငါစြဲကင္းစင္လ်က္ မဂၢင္ဉာဏ္အလ်ဥ္ထ က်ေရာက္ကာ ဝိပႆနာလုပ္ငန္းခြင္သို႔ ဝင္ေရာက္အားထုတ္တဲ့ ပုဂၢိဳလ္ကို ေသာတာပန္လို႔ ေခၚဆိုတာပဲ၊ ကဲ….သေဘာေပါက္ရဲ႕လား။

 ဒကာ။။ စူဠ ေသာတာပန္ကို ဆိုတာလား ဆရာေတာ္၊ဘာ ေသာတာပန္ကို ဆိုတာလဲ၊ မကြဲျပားေသးဘူးဘုရား။

ဆရာ။ ။ အင္း….ရုပ္နာမ္ႏွစ္ပါးကို အက်ိဳးအေၾကာင္းနဲ႔က်က်နန ပိုင္းျခားသိကာ ရုပ္နာမ္တို႔ ျဖစ္ပ်က္မႈကို မွတ္႐ႈေနတဲ့ ဝိပႆနာေယာဂီဟာ စူဠေသာတာပန္ပဲ။ ဉာဏ္ရင့္လို႔ျဖစ္ပ်က္မႈဒုကၡေတြ ကုန္ဆံုးကာ ဒိ႒ိနဲ႔ ဝိစိကိစၧာကို ပယ္လ်က္ အရိယာဘက္သို႔ ေရာက္သြားတဲ့အခါ မဟာေသာတာပန္လို႔ မွတ္ရမည္တဲ့၊ ဒကာၾကီးတို႔က ဘာ ေသာတာပန္ေတြမို႔လဲ၊ထပ္ခါထပ္ခါ ေမးေနၾကတာ။

ဒကာ။။ ကြဲျပားရွင္းလင္းသြားပါျပီ ဆရာေတာ္၊ ဒကာၾကီးတို႔ကေတာ့ စူဠနား နီးလာၾကျပီ ဆိုပါေတာ့ ဘုရား၊ၾကိဳးစားတံုးပါပဲ။ ဒါကေတာ့ ေသာတာပန္ဆိုတဲ့ အဓိပၸာယ္နဲ႔ ပတ္သက္လို႔ပါ။ ေသာတာပန္စုေတၿပီးေနာက္ဘ၀က်လွ်င္ ဘာျဖစ္မလဲ??? ေသာတာပတၱိဖလသစၧိကိရိယေတာ ပ႒ာယဟိ နီစကုေလ ဥပၸတၱိ နာမ နတၳိ, မဟာေဘာဂကုေလသု ဧဝ နိဗၺတၱတီတိ အေတၳာ။ (အံ၊ဋီ၊၂-၁၈၉။ သံ၊ဋီ၊၂၊၄၉၄။ ပဋိသံ၊႒၊၂၊၆၇။ဝိသုဒၶိ၊ ဋီ၊၂၊၅၃၁။) အဓိပၸာယ္ကေတာ့ ေသာတာပတၱိဖိုလ္က မ်က္ေမွာက္ျပဳၿပီးတ့ဲ အခါကစၿပီးယုတ္ည့ံတဲ့ အမ်ိဳးေတြမွာ ျဖစ္တယ္ဆိုတာ မရွိေတာ့ဘူး၊ စည္းစိမ္ေပါမ်ားတဲ့ (မဟာေဘာဂကုလ) အမ်ိဳးေတြမွာသာ ျဖစ္ေတာ့တယ္။လို႔ဆိုလိုတာပါ။ ဒါကေတာ့ သုတၱန္ေတြရဲ့ မွတ္ခ်က္တစ္ခုပါ၊ အင္မတန္မွ မွတ္သားစရာေကာင္းလွပါတယ္။ အဘိဓမၼာေတြမွာေတာ့…. ေသာတာပန္အရိယာမ်ားကို ဘံုအားျဖင့္ခြဲျခားရင္ေတာ့ ကာမဘံုမွတစ္ပါး အျခားဘံုမ်ားမွာ လည္းေသာတာပန္အရိယာရွိႏိုင္ေသးပါတယ္။ ခုဒီမွာေတာ့ ကာမဘံုသားလူေသာတာပန္အရိယာ အတြက္ကိုသာ ေျဖဆိုလိုက္ပါေတာ့မယ္။ လူေသာတာပန္မွာလည္းစ်ာန္ရေသာတာပန္၊ စ်ာန္မရေသာတာပန္ လို႔ (၂)မ်ိဳးကြဲျပားေသးတယ္။ စ်ာန္ရၿပီးစ်ာန္မေလွ်ာပဲစုေတလွ်င္ေတာ့ ဆိုင္ရာစ်ာန္ေတြရဲ့ အက်ိဳးေပးရာ ျဗဟၼာ့ဘံုေတြမွာ ျဖစ္ပါလိမ့္မယ္။ စ်ာန္မရလွ်င္ေတာ့ ကာမသုဂတိ (လူ႔ဘံု၊ နတ္ျပည္ေျခာက္ထပ္)(၇)ဘံုမွာ ပဋိသေႏၶေနပါလိမ္ မယ္။ ေသာတာပန္ျဖစ္ၿပီးသူဟာ ဒြိဟတ္ပဋိသေႏၶ၊ အဟိတ္ပဋိသေႏၶေတြနဲ႔ ပဋိသေႏၶမေနေတာ့ပ အရည္အေသြးစံခ်ိန္မွီ အဆင့္အတန္းျမင့္တဲ့ တိဟိတ္ပဋိသေႏၶနဲ႔သာ ပဋိသေႏၶေနေတာ့တယ္။ ဒါေၾကာင့္ ေရွးဆရာေတာ္မ်ားကအရိယာတိ ကာစုတိေနာင္ သႏၶိေတရ တိဟိတ္ခ်ခဲ့။ လို႔ စပ္ဆိုေတာ္မူခဲ့ၾကတာေပါ့။ ဘာသာဋီကာမိန္႔ဆိုခ်က္… ဧတၳ ပန ေသာတာပတၲိမဂၢံ ဘာေဝတြာ ဒိ႒ိ ဝိစိကိစၦာ ပဟာေနန ပဟီနာပါယဂမေနာ သတၲကၡဳတၲဳပရေမာ ေသာတာပေႏၷာ နာမ ေဟာတိ၊ (သၿဂႋဳဟ္ပါဠိ) ဒီပါဠိကို သၿဂႋဳဟ္ဘာသာဋီကာမွာ ဒီလိုေလး ရွင္းခ်က္ေပးထားတယ္။ ဒိ႒ိရဲ့သေဘာ ဤကိုယ္၌ အတၱဟု စြဲလမ္းထင္မွတ္မႈသည္ သကၠာယဒိ႒ိ မည္၏၊ သႆတဒိ႒ိ ဥေစၧဒဒိ႒ိ နတၳိကဒိ႒ိ အေဟတုကဒိ႒ိ အႀကိယဒိ႒ိႀကီးတို႔သည္ ဤသကၠာယဒိ႒ိကို အရင္းခံ၍ ျဖစ္ၾကရ၏၊ သို႔ျဖစ္၍ ကိေလသာ(၁၀)ပါးတြင္ ဒိ႒ိကိေလသာသည္ အ႐ုန္႔ၾကမ္းဆံုးတည္း။

ဝိစိကိစၧာလည္းဒိ႒ိ၏ ေနာက္ေတာ္ပါးပင္ ျဖစ္၏၊ ၀ိစိကိစၧာရဲ့လက္ခ်က္ တကယ့္ ဘုရား တရားသံဃာကို ေတြ႕ျမင္ေနပါလ်က္လည္းယံုမွားတုန္းပင္ ျဖစ္၏၊ ပစၥဳပၸန္ေလာက တမလြန္ေလာကတြင္ က်င္လည္ေနရ ပါလွ်က္လည္း ထိုေလာေတြကကို ယံုမွားေန၏၊ပဋိစၥသမုပၸါဒ္တရားမ်ား၌လည္း ယံုမွား၏၊ ဒိ႒ိ၀ိစိကိစၧာအျမစ္ျဖတ္ ေသာတာပန္အေလာင္းအလ်ာ ျဖစ္သူတိုု႔ကား ဒိ႒ိဝိသုဒၶိစခန္းေလာက္ကပင္ ဤဒိ႒ိႏွင့္ ဝိစိကိစၦာတို႔ကို အေတာ္မ်ားစြာ ပယ္ခြာ၍ ႐ုပ္နာမ္ခႏၶာ သံသရာ၏ အေၾကာင္းကို ေကာင္းေကာင္းႀကီးရိပ္မိခဲ့ရကား ေသာတာပတၲိမဂ္ခဏ၌ ဤဒိ႒ိႏွင့္ ဝိစိကိစၦာကို အႏုသယဓာတ္ အကတ္အသတ္ကေလးကိုမွ် မက်န္ ေအာင္ ရွင္းလင္း သုတ္သင့္လိုက္ၾက ေပသည္။ ဘာေၾကာင့္အပါယ္မက်တာလဲ ပဟီနာပါယဂမေနာ။ ။ ဒိ႒ိႏွင့္ ဝိစိကိစၦာကို ပယ္လိုက္သျဖင့္ အကုသိုလ္စိတ္ (၁၂)ပါးတြင္ ဒိ႒ိဂတသမၸယုတ္စိတ္ႏွင့္ ဝိစိကိစၦာသဟဂုတ္ စိတ္မ်ား မျဖစ္ၾကေတာ့ၿပီ၊ဒိ႒ိဂတဝိပၸယုတ္ ေဒါသမူ ဥဒၶစၥသဟဂုတ္စိတ္(၆)ပါးကား ျဖစ္ခြင့္ရွိေသး၏၊ သို႔ေသာ္ ထိုအကုသိုလ္မ်ား၏ အပါယ္က်ေစႏိုင္ေ လာက္ေသာ သတၱိအင္းအားကိုလည္းပယ္ရွား ခ်ိဳးဖ်က္လိုက္ၿပီ၊ သို႔ျဖစ္၍ ေသာတာပန္ပုဂၢိဳလ္၌ ဣႆာ မစၦရိယအစရွိေသာ အကုသိုလ္အၾကမ္းစ ားတို႔မျဖစ္ႏိုင္ေတာ့ၿပီ၊ (အ႒သာလိနီ နိေကၡပ က႑ၾကည့္၊) ေသာတာပန္ မျဖစ္မီက ျပဳခဲ့ေသာ အပါယ္ေရာက္ေၾကာင္းမေကာင္း မႈမ်ား ရွိၾကေပဦးလတၱံ႕၊ ထိုမေကာင္းမ်ားသည္ သူတို႔ခ်ည္းသက္သက္ အပါယ္ မခ်ႏိုင္။

အဝိဇၨာ တဏွာဟူေသာ ဝဋ္ျမစ္အေဖာ္ရမွသာ အပါယ္ခ်ႏိုင္၏၊ ေသာတာ ပန္ပုဂိၢဳလ္၏ သႏၲာန္၌ အဝိဇၨာ တဏွာဟူေသာ ဝဋ္ျမစ္တို႔ကား အပါယ္၌ တြယ္ကပ္ ႏိုင္ေသာ အစြမ္းသတၲိ မရွိၾကေတာ့ေခ်၊ ထို႔ေၾကာင့္ ေသာတာပန္ မျဖစ္မီက ျပဳခဲ့ၿပီးေသာ အပါယ္ေရာက္ေၾကာင္းမေကာင္းမႈမ်ားလည္း အပါယ္မခ်ႏိုင္ေတာ့။ ၾကားျဖတ္ၿပီးေျပာလိုက္ဦးမယ္ သၿဂႋဳဟ္ဘာသာဋီကာရဲ့စကားထဲ ၾကားျဖတ္ၿပီး ပရိတ္ႀကီးနိႆသစ္(သေျပကန္ဆရာေတာ္)ရဲ့ အဆိုအမိန္႔ကေလး ထည့္လိုက္ပါဦးမယ္။ ဆရာေတာ္ကဒီလိုမိန္႔ေတာ္မူတယ္။ ကိေလသာရွိလွ်င္ ကံျဖစ္ျမဲတည္။

ကံျဖစ္လွ်င္လည္း အက်ိဳး႐ုပ္နာမ္ ဟူေသာ ၀ိပါက ျဖစ္ရျမဲတည္။ သို႔ျဖစ္လွ်င္ ကမၼ၀ဋ္ကား ၀ိပါက၀ဋ္၏ မူလအေျခခံျဖစ္၏။ ၀ိပါက၀ိဋ္ ကင္းလြတ္ေရး၀ယ္ ကမၼ၀ဋ္ကို ပယ္ရွားႏိုင္မွ ျဖစ္၏။ ဒီစကားအရ အပါယ္ေရာက္ေစႏိုင္တဲ့ကံကို ေထာက္ပံ့ေနတဲ့ ကိေလသာကို ျဖတ္လိုက္လွ်င္ အပါယ္ကေနလြတ္ေျမာက္သြားႏိုင္တယ္။ အဓိကကကံကိုျဖစ္ေစႏိုင္တဲ့ ကိေလသာေတြကို ျဖတ္ျပစ္ရမယ္။ ကိေလသာအားလံုးကိ ျဖတ္ပစ္လွ်င္ ကုသိုလ္အကုသိုလ္လို႔မေခၚရေတာ့ပဲ ႀကိယာဆိုတဲ့ အမည္တစ္မ်ိဳးနဲ႔ေခၚပံုကို အဘိဓမၼာေတြမွာလာပါတယ္။ ဘဘာသာဋီကာ စကားျပန္ဆက္လိုၾကစို႔…။

 နိဗၺာန္ကိုလြယ္ကူစြာရႏိုင္မလား ေသာတာပန္ ျဖစ္ၿပီးေနာက္ အလြန္ဆံုး ခုနစ္ဘဝသာ ပဋိသေႏၶေနဖြယ္ ရွိေတာ့၏၊ခုနစ္ဘဝ ပဋိသေႏၶ ေနၿပီးလွ်င္ ဧကန္ ရဟႏၱာ ျဖစ္မည္-ဟူလို၊ ထင္ရွားေစအံ့-ပုထုဇဥ္ဘဝမွာပင္ ပါရမီအေျခခံ ေကာင္းသူသည္ တျဖည္းျဖည္း စဥ္းစားဉာဏ္ ရင့္က်က္ သူေတာ္ေကာင္းစိတ္ဓာတ္မ်ား တိုးပြားေလ့ရွိ၏၊ေပ်ာ္မႈ ပါးမႈ ကိစၥႏွင့္ ႀကံဳရေသာ္လည္း ၿငီးေငြ႕ေသာ သံေဝဂ ဉာဏ္ ထက္သန္တတ္၏၊ အရွင္သာရိပုတၲရာ အရွင္ေမာဂၢလႅာန္ အေလာင္းေတာ္ႏွစ္ပါးသည္ ပြဲလမ္းသဘင္ကို ႐ႈစားရာမွ သံေဝဂရ၍ လူ႕ေဘာင္ကို ခြာေရွာင္ေတာ္မူခဲ့ၾက၏။

 ဤသို႔လွ်င္ ပါရမီအေျခခံထက္သန္ေသာ ပုထုဇဥ္မ်ား၌ပင္ စဥ္းစားဉာဏ္တိုးပြား၍ သံေဝဂ ဉာဏ္ ရင့္သန္ေလ့ရွိေပရကား ဒိ႒ိ ဝိစိကိစၦာႏွင့္ ႐ုန္႔ၾကမ္းေသာ အကုသိုလ္ဓာတ္ကို ျဖတ္ေတာက္ၿပီးေသာ ေသာတာပန္မွာ ဆိုဖြယ္ မရွိၿပီ။ ေလာကီအာ႐ံု ကာမဂုဏ္၌ ေပ်ာ္ခ်င္တိုင္းေပ်ာ္၊ ေပါင္းအေဖာ္ မသူေတာ္တို႔ႏွင့္ ေတြ႕ခ်င္တိုင္း ေတြ႕၊ သိုလ္တရားဝယ္ ေမ့ႏိုင္သမွ် ေမ့ေနေစကာမႈ သံသရာ၌ ၿငီးေငြ႕ရင္းစြဲျဖစ္ေသာ ဓာတ္ခံသာကား အၿမဲတိုးပြားရင့္သန္ေနမည္သာ ျဖစ္ေသာေၾကာင့္ သဒၶိေႁႏၵစေသာ ဣေႁႏၵတို႔က တိုးလာတိုင္း အကုသိုလ္ အႏုသယဓာတ္တို႔ ဆုတ္ယုတ္ၾကရေတာ့သည္၊ထို႔ေၾကာင့္ “ဘုသံ ပမတၲာ န ေတ ဘဝံအ႒မ မာဒိယႏၲိ”ဟု ရတနသုတ္၌ ေဟာေတာ္မူသည္။ သေျပကန္ဆရာေတာ္ႀကီးမိန္႔ဆိုခ်က္ ကာမရာဂမကြာေသး၍ လူ႔စည္းစိမ္ နတ္စည္းစိမ္မ်ားျဖင့္ အေမ့ႀကီး ေမ့ေလ်ာ့ေနေစကာမူ ထိုလက္စကေလးမ်ား (သခၤါရတရားတို႔၌ ၿငီးေငြ႕ေသာဉာဏ္မ်ား)ကို ျပန္ေဖာ္လိုေသာအခါ လြယ္ကူစြာပင္ ေဖာ္ႏိုင္ေတာ့သည္။ရၿပီးစာ ေမ့ေန၍ ျပန္က်က္ေသာအခါလြယ္သကဲ့သို႔ လည္းေကာင္း၊ တစ္စံုတစ္ခုေသာ အေၾကာင္းေၾကာင့္ စ်ာန္ေလွ်ာကြယ္ပခဲ့ရသူမွာ ျပန္အားထုတ္လွ်င အလြယ္ပင္ ရသကဲ့သို႔လည္းေကာင္း မွတ္အပ္၏။ (၇)ခုေျမာက္ဘ၀၌ ရဟႏၲာမျဖစ္မီ အမွတ္တမဲ့ ဓားစသည္ ခုတ္သတ္၍ (မိုးႀကိဳး ဦးေခါင္းကိုပစ္ ၍ျဖစ္ေစ၊ ေရနစ္၍ျဖစ္ေစ) ႐ုတ္တရက္ စုေတေစရေစကာမူ ထိုမွ်တိုေတာင္းလွေသာ ကာလအတြင္းမွာပင္ ရဟႏၲာျဖစ္၏။

ရဟႏၲာမျဖစ္ပဲ စုတိ႐ိုး ထံုးစံ မရွိဟု ဉာဏ၀ိဘဂၤ႒ကထာ အ႒ာန၀ိဘင္း အဖြင့္(၄၁၁)တြင္လာသည္...တဲ့။ သတၱေမ ဘေဝ သဗၺကာေရန ပမာဒဝိဟာရိေနာပိ ဝိပႆနာဉာဏံပရိပါကံဂစၧတိ။အပၸမတၱေကပိ အာရမၼေဏ နိဗၺိႏၵိတြာ နိဗၺဳတႎ ပါပုဏာတိ။ သေစပိ ဟိႆ သတၱေမ ဘေဝ နိဒၵံ ဝါဩကၠမႏၲႆ, ပရမၼဳခံဝါဂစၧႏၲႆ, ပစၧေတာ ဌတြာ တိခိေဏန အသိနာ ေကာစိေဒဝ သီသံပါေတယ်, ဥဒေက ဝါ ဩသာေဒတြာ မာေရယ်, အသနိ ဝါ ပနႆ သီေသ ပေတယ်, ဧဝ႐ူေပပိ ကာေလ သပၸဋိသႏၶိကာ ကာလံကိရိယာ နာမ န ေဟာတိ, အရဟတၱံပတြာဝ ပရိနိဗၺာတိ။ [အဘိ၊႒၊၂၊ ၄၁၁။ ] လိုရင္းမွတ္ၾကစို႔ ဒီစကားေတြကို ေထာက္ၿပီး လိုရင္းမွတ္ၾကပါစို႔၊ ေသာတာပန္ဟာ ေနာက္ဘ၀ေတြမွာ ျမင့္ျမတ္တဲ့အမ်ိဳးမွာ၊ အရည္အေသြးမီ အဆင့္အတန္မီတဲ့ ပဋိသေႏၶမ်ိဳးမွာ ၿဖစ္တယ္။ တရားထူးကိုလည္း လြယ္ကူစြာရႏိုင္တယ္လို႔ သတ္မွတ္ရေတာ့မွာေပါ့။ ေသာတာပန္ အမ်ိဳးအစားေတြကိုေတာ့ ရွည္သြားတဲ့အတြက လ်စ္လ်ဴရွဳလိုက္ရပါေတာ့တယ္။ အားလံုးရႊင္လန္းခ်မ္းေျမ့ၾကပါေစ…
ရန႔ံစံအိမ္

# Unicode Version ျဖင့္ ဖတ္ပါ #

သောတာပန်သေပြီးနောက် ဘာဖြစ်မလဲ မင်္ဂလာပါ ဆရာတော် တပည်တော် တစ်ခုလောက် လျောက်တင်ချင်ပါတယ် တပည်တော်ကိုလျော က်ခွင်ပြုပါ သောတပန် တည်ပြီးသွားတဲအရ ိယာပုဂိုယ်တစ်ယောက်သည် နိဗွ့ာန်ကိုမရာက ်ပဲနဲသေသွားရင်နောက်ဘဝကျရင်ဘာဖြစ်ပါမလဲ နောက်ဘဝကျရင်ကော ဒီလိုမိူးသစွ့ာတ ရားကိုနာခွင်ရနှိင်ပါမလားနိဗွ့ာန်ကိုကော လွယ်ကှုစွာရနှိင်ပါမလား တပည်တော်ကိုအစဉ် သနားလျက်ဖြေကြားပေးပါ။

သောတာပန်အဓိပ္ပာယ် သောတာပန်ဆိုတာ “သောတာပန္န”ပုဒ်ကနေ ပြောင်းလွဲလာတဲ့ ပါဠိမစစ် မြန်မာမစစ်တဲ့ ပုဒ်ပါ။ သို့သော် မြန်မာစကားအစစ်လ ဘာသာရေးနယ်ပယ်မှာ တွင်ကျယ်စွာသုံး နှုန်းနေကြပါတယ်။ အဓိပ္ပာယ်ကို သိသူရှိသလို မသိသူလည်း ရှိနေဦးမှာပါ။ သောတာပန်ဆိုတာနဲ့ပတ်သက်လို့ သရုပ်ပြအဘိဓာန်ကျမ်းပြုဆရာတော် ဦးသြဘာသာဘိဝံသက သုတေသနသမ္မာမဂ္ဂင်္ဂ ပဉှာကျမ်းမှာ ဒီလိုရေးထားတာတွေ့ရပါတယ်။

ဒကာ။ ။ သောတာပန် သောတာပန်နဲ့ ခေါ်ဆိုနေကြတာ သောတာပန် ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်သဘောကို သိပါရစေ ဆရာတော်၊ ဆရာတော်က မြန်မာ ပါဠိ အဘိဓာန် ကျမ်းပြုပုဂ္ဂိုလ်မို့ မေးရတာပါဘုရား။

ဆရာ။ ။ သောတာပန်ဆိုတာ “သောတာပန္န” ဆိုတဲ့ ပါဠိက ပျက်လာတဲ့ စကားပုဒ်ပဲ၊ မဂ္ဂသံယုတ် အဋ္ဌကထာ စသည်များမှာ -သောတံ အာဒိတော အာပဇ္ဇိံသု ပါပုဏိံ သူတိ သောတာပန္နာ။ သောတံ = (နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးနှင့် ပြည့်စုံလျက် မဂ္ဂင်ရှစ်ပါးတည်းဟူသော)ရေအလျဉ်သို့။ အာဒိတော အာပဇ္ဇိံသု ပါပုဏိံသူတိ= ဝိပဿနာဉာဏ်အမြင်ဖြင့် စတင်၍ ရောက်ရှိနေကြကုန်ပြီ၊ထို့ကြောင့် -သောတာပန္နာ = သောတာပန် မည်ကုန်၏ တဲ့၊ ကဲ….အဲဒါသောတာပန် ရဲ့ အနက်သဘောပဲ။ ဆိုလိုရင်းကတော့ အနတ္တဉာဏ်မြင် ခိုင်လုံစွာထင်ြ ပီး ငါစွဲကင်းစင်လျက် မဂ္ဂင်ဉာဏ်အလျဉ်ထ ကျရောက်ကာ ဝိပဿနာလုပ်ငန်းခွင်သို့ ဝင်ရောက်အားထုတ်တဲ့ ပုဂ္ဂိုလ်ကို သောတာပန်လို့ ခေါ်ဆိုတာပဲ၊ ကဲ….သဘောပေါက်ရဲ့လား။

 ဒကာ။။ စူဠ သောတာပန်ကို ဆိုတာလား ဆရာတော်၊ဘာ သောတာပန်ကို ဆိုတာလဲ၊ မကွဲပြားသေးဘူးဘုရား။

ဆရာ။ ။ အင်း….ရုပ်နာမ်နှစ်ပါးကို အကျိုးအကြောင်းနဲ့ကျကျနန ပိုင်းခြားသိကာ ရုပ်နာမ်တို့ ဖြစ်ပျက်မှုကို မှတ်ရှုနေတဲ့ ဝိပဿနာယောဂီဟာ စူဠသောတာပန်ပဲ။ ဉာဏ်ရင့်လို့ဖြစ်ပျက်မှုဒုက္ခတွေ ကုန်ဆုံးကာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို ပယ်လျက် အရိယာဘက်သို့ ရောက်သွားတဲ့အခါ မဟာသောတာပန်လို့ မှတ်ရမည်တဲ့၊ ဒကာကြီးတို့က ဘာ သောတာပန်တွေမို့လဲ၊ထပ်ခါထပ်ခါ မေးနေကြတာ။

ဒကာ။။ ကွဲပြားရှင်းလင်းသွားပါပြီ ဆရာတော်၊ ဒကာကြီးတို့ကတော့ စူဠနား နီးလာကြပြီ ဆိုပါတော့ ဘုရား၊ကြိုးစားတုံးပါပဲ။ ဒါကတော့ သောတာပန်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပတ်သက်လို့ပါ။ သောတာပန်စုတေပြီးနောက်ဘဝကျလျှင် ဘာဖြစ်မလဲ??? သောတာပတ္တိဖလသစ္ဆိကိရိယတော ပဋ္ဌာယဟိ နီစကုလေ ဥပ္ပတ္တိ နာမ နတ္ထိ, မဟာဘောဂကုလေသု ဧဝ နိဗ္ဗတ္တတီတိ အတ္ထော။ (အံ၊ဋီ၊၂-၁၈၉။ သံ၊ဋီ၊၂၊၄၉၄။ ပဋိသံ၊ဋ္ဌ၊၂၊၆၇။ဝိသုဒ္ဓိ၊ ဋီ၊၂၊၅၃၁။) အဓိပ္ပာယ်ကတော့ သောတာပတ္တိဖိုလ်က မျက်မှောက်ပြုပြီးတဲ့ အခါကစပြီးယုတ်ညံ့တဲ့ အမျိုးတွေမှာ ဖြစ်တယ်ဆိုတာ မရှိတော့ဘူး၊ စည်းစိမ်ပေါများတဲ့ (မဟာဘောဂကုလ) အမျိုးတွေမှာသာ ဖြစ်တော့တယ်။လို့ဆိုလိုတာပါ။ ဒါကတော့ သုတ္တန်တွေရဲ့ မှတ်ချက်တစ်ခုပါ၊ အင်မတန်မှ မှတ်သားစရာကောင်းလှပါတယ်။ အဘိဓမ္မာတွေမှာတော့…. သောတာပန်အရိယာများကို ဘုံအားဖြင့်ခွဲခြားရင်တော့ ကာမဘုံမှတစ်ပါး အခြားဘုံများမှာ လည်းသောတာပန်အရိယာရှိနိုင်သေးပါတယ်။ ခုဒီမှာတော့ ကာမဘုံသားလူသောတာပန်အရိယာ အတွက်ကိုသာ ဖြေဆိုလိုက်ပါတော့မယ်။ လူသောတာပန်မှာလည်းဈာန်ရသောတာပန်၊ ဈာန်မရသောတာပန် လို့ (၂)မျိုးကွဲပြားသေးတယ်။ ဈာန်ရပြီးဈာန်မလျှောပဲစုတေလျှင်တော့ ဆိုင်ရာဈာန်တွေရဲ့ အကျိုးပေးရာ ဗြဟ္မာ့ဘုံတွေမှာ ဖြစ်ပါလိမ့်မယ်။ ဈာန်မရလျှင်တော့ ကာမသုဂတိ (လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်)(၇)ဘုံမှာ ပဋိသန္ဓေနေပါလိမ် မယ်။ သောတာပန်ဖြစ်ပြီးသူဟာ ဒွိဟတ်ပဋိသန္ဓေ၊ အဟိတ်ပဋိသန္ဓေတွေနဲ့ ပဋိသန္ဓေမနေတော့ပ အရည်အသွေးစံချိန်မှီ အဆင့်အတန်းမြင့်တဲ့ တိဟိတ်ပဋိသန္ဓေနဲ့သာ ပဋိသန္ဓေနေတော့တယ်။ ဒါကြောင့် ရှေးဆရာတော်များကအရိယာတိ ကာစုတိနောင် သန္ဓိတေရ တိဟိတ်ချခဲ့။ လို့ စပ်ဆိုတော်မူခဲ့ကြတာပေါ့။ ဘာသာဋီကာမိန့်ဆိုချက်… ဧတ္ထ ပန သောတာပတ္တိမဂ္ဂံ ဘာဝေတွာ ဒိဋ္ဌိ ဝိစိကိစ္ဆာ ပဟာနေန ပဟီနာပါယဂမနော သတ္တက္ခုတ္တုပရမော သောတာပန္နော နာမ ဟောတိ၊ (သြင်္ဂိုဟ်ပါဠိ) ဒီပါဠိကို သြင်္ဂိုဟ်ဘာသာဋီကာမှာ ဒီလိုလေး ရှင်းချက်ပေးထားတယ်။ ဒိဋ္ဌိရဲ့သဘော ဤကိုယ်၌ အတ္တဟု စွဲလမ်းထင်မှတ်မှုသည် သက္ကာယဒိဋ္ဌိ မည်၏၊ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကြိယဒိဋ္ဌိကြီးတို့သည် ဤသက္ကာယဒိဋ္ဌိကို အရင်းခံ၍ ဖြစ်ကြရ၏၊ သို့ဖြစ်၍ ကိလေသာ(၁၀)ပါးတွင် ဒိဋ္ဌိကိလေသာသည် အရုန့်ကြမ်းဆုံးတည်း။

ဝိစိကိစ္ဆာလည်းဒိဋ္ဌိ၏ နောက်တော်ပါးပင် ဖြစ်၏၊ ဝိစိကိစ္ဆာရဲ့လက်ချက် တကယ့် ဘုရား တရားသံဃာကို တွေ့မြင်နေပါလျက်လည်းယုံမှားတုန်းပင် ဖြစ်၏၊ ပစ္စုပ္ပန်လောက တမလွန်လောကတွင် ကျင်လည်နေရ ပါလျှက်လည်း ထိုလောတွေကကို ယုံမှားနေ၏၊ပဋိစ္စသမုပ္ပါဒ်တရားများ၌လည်း ယုံမှား၏၊ ဒိဋ္ဌိဝိစိကိစ္ဆာအမြစ်ဖြတ် သောတာပန်အလောင်းအလျာ ဖြစ်သူတို့ကား ဒိဋ္ဌိဝိသုဒ္ဓိစခန်းလောက်ကပင် ဤဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့ကို အတော်များစွာ ပယ်ခွာ၍ ရုပ်နာမ်ခန္ဓာ သံသရာ၏ အကြောင်းကို ကောင်းကောင်းကြီးရိပ်မိခဲ့ရကား သောတာပတ္တိမဂ်ခဏ၌ ဤဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အနုသယဓာတ် အကတ်အသတ်ကလေးကိုမျှ မကျန် အောင် ရှင်းလင်း သုတ်သင့်လိုက်ကြ ပေသည်။ ဘာကြောင့်အပါယ်မကျတာလဲ ပဟီနာပါယဂမနော။ ။ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်လိုက်သဖြင့် အကုသိုလ်စိတ် (၁၂)ပါးတွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ်နှင့် ဝိစိကိစ္ဆာသဟဂုတ် စိတ်များ မဖြစ်ကြတော့ပြီ၊ဒိဋ္ဌိဂတဝိပ္ပယုတ် ဒေါသမူ ဥဒ္ဓစ္စသဟဂုတ်စိတ်(၆)ပါးကား ဖြစ်ခွင့်ရှိသေး၏၊ သို့သော် ထိုအကုသိုလ်များ၏ အပါယ်ကျစေနိုင်ေ လာက်သော သတ္တိအင်းအားကိုလည်းပယ်ရှား ချိုးဖျက်လိုက်ပြီ၊ သို့ဖြစ်၍ သောတာပန်ပုဂ္ဂိုလ်၌ ဣဿာ မစ္ဆရိယအစရှိသော အကုသိုလ်အကြမ်းစ ားတို့မဖြစ်နိုင်တော့ပြီ၊ (အဋ္ဌသာလိနီ နိက္ခေပ ကဏ္ဍကြည့်၊) သောတာပန် မဖြစ်မီက ပြုခဲ့သော အပါယ်ရောက်ကြောင်းမကောင်း မှုများ ရှိကြပေဦးလတ္တံ့၊ ထိုမကောင်းများသည် သူတို့ချည်းသက်သက် အပါယ် မချနိုင်။

အဝိဇ္ဇာ တဏှာဟူသော ဝဋ်မြစ်အဖော်ရမှသာ အပါယ်ချနိုင်၏၊ သောတာ ပန်ပုဂ္ဂိုလ်၏ သန္တာန်၌ အဝိဇ္ဇာ တဏှာဟူသော ဝဋ်မြစ်တို့ကား အပါယ်၌ တွယ်ကပ် နိုင်သော အစွမ်းသတ္တိ မရှိကြတော့ချေ၊ ထို့ကြောင့် သောတာပန် မဖြစ်မီက ပြုခဲ့ပြီးသော အပါယ်ရောက်ကြောင်းမကောင်းမှုများလည်း အပါယ်မချနိုင်တော့။ ကြားဖြတ်ပြီးပြောလိုက်ဦးမယ် သြင်္ဂိုဟ်ဘာသာဋီကာရဲ့စကားထဲ ကြားဖြတ်ပြီး ပရိတ်ကြီးနိဿသစ်(သပြေကန်ဆရာတော်)ရဲ့ အဆိုအမိန့်ကလေး ထည့်လိုက်ပါဦးမယ်။ ဆရာတော်ကဒီလိုမိန့်တော်မူတယ်။ ကိလေသာရှိလျှင် ကံဖြစ်မြဲတည်။

ကံဖြစ်လျှင်လည်း အကျိုးရုပ်နာမ် ဟူသော ဝိပါက ဖြစ်ရမြဲတည်။ သို့ဖြစ်လျှင် ကမ္မဝဋ်ကား ဝိပါကဝဋ်၏ မူလအခြေခံဖြစ်၏။ ဝိပါကဝိဋ် ကင်းလွတ်ရေးဝယ် ကမ္မဝဋ်ကို ပယ်ရှားနိုင်မှ ဖြစ်၏။ ဒီစကားအရ အပါယ်ရောက်စေနိုင်တဲ့ကံကို ထောက်ပံ့နေတဲ့ ကိလေသာကို ဖြတ်လိုက်လျှင် အပါယ်ကနေလွတ်မြောက်သွားနိုင်တယ်။ အဓိကကကံကိုဖြစ်စေနိုင်တဲ့ ကိလေသာတွေကို ဖြတ်ပြစ်ရမယ်။ ကိလေသာအားလုံးကိ ဖြတ်ပစ်လျှင် ကုသိုလ်အကုသိုလ်လို့မခေါ်ရတော့ပဲ ကြိယာဆိုတဲ့ အမည်တစ်မျိုးနဲ့ခေါ်ပုံကို အဘိဓမ္မာတွေမှာလာပါတယ်။ ဘဘာသာဋီကာ စကားပြန်ဆက်လိုကြစို့…။

 နိဗ္ဗာန်ကိုလွယ်ကူစွာရနိုင်မလား သောတာပန် ဖြစ်ပြီးနောက် အလွန်ဆုံး ခုနစ်ဘဝသာ ပဋိသန္ဓေနေဖွယ် ရှိတော့၏၊ခုနစ်ဘဝ ပဋိသန္ဓေ နေပြီးလျှင် ဧကန် ရဟန္တာ ဖြစ်မည်-ဟူလို၊ ထင်ရှားစေအံ့-ပုထုဇဉ်ဘဝမှာပင် ပါရမီအခြေခံ ကောင်းသူသည် တဖြည်းဖြည်း စဉ်းစားဉာဏ် ရင့်ကျက် သူတော်ကောင်းစိတ်ဓာတ်များ တိုးပွားလေ့ရှိ၏၊ပျော်မှု ပါးမှု ကိစ္စနှင့် ကြုံရသော်လည်း ငြီးငွေ့သော သံဝေဂ ဉာဏ် ထက်သန်တတ်၏၊ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် အလောင်းတော်နှစ်ပါးသည် ပွဲလမ်းသဘင်ကို ရှုစားရာမှ သံဝေဂရ၍ လူ့ဘောင်ကို ခွာရှောင်တော်မူခဲ့ကြ၏။

 ဤသို့လျှင် ပါရမီအခြေခံထက်သန်သော ပုထုဇဉ်များ၌ပင် စဉ်းစားဉာဏ်တိုးပွား၍ သံဝေဂ ဉာဏ် ရင့်သန်လေ့ရှိပေရကား ဒိဋ္ဌိ ဝိစိကိစ္ဆာနှင့် ရုန့်ကြမ်းသော အကုသိုလ်ဓာတ်ကို ဖြတ်တောက်ပြီးသော သောတာပန်မှာ ဆိုဖွယ် မရှိပြီ။ လောကီအာရုံ ကာမဂုဏ်၌ ပျော်ချင်တိုင်းပျော်၊ ပေါင်းအဖော် မသူတော်တို့နှင့် တွေ့ချင်တိုင်း တွေ့၊ သိုလ်တရားဝယ် မေ့နိုင်သမျှ မေ့နေစေကာမှု သံသရာ၌ ငြီးငွေ့ရင်းစွဲဖြစ်သော ဓာတ်ခံသာကား အမြဲတိုးပွားရင့်သန်နေမည်သာ ဖြစ်သောကြောင့် သဒ္ဓိန္ဒြေစသော ဣန္ဒြေတို့က တိုးလာတိုင်း အကုသိုလ် အနုသယဓာတ်တို့ ဆုတ်ယုတ်ကြရတော့သည်၊ထို့ကြောင့် “ဘုသံ ပမတ္တာ န တေ ဘဝံအဋ္ဌမ မာဒိယန္တိ”ဟု ရတနသုတ်၌ ဟောတော်မူသည်။ သပြေကန်ဆရာတော်ကြီးမိန့်ဆိုချက် ကာမရာဂမကွာသေး၍ လူ့စည်းစိမ် နတ်စည်းစိမ်များဖြင့် အမေ့ကြီး မေ့လျော့နေစေကာမူ ထိုလက်စကလေးများ (သင်္ခါရတရားတို့၌ ငြီးငွေ့သောဉာဏ်များ)ကို ပြန်ဖော်လိုသောအခါ လွယ်ကူစွာပင် ဖော်နိုင်တော့သည်။ရပြီးစာ မေ့နေ၍ ပြန်ကျက်သောအခါလွယ်သကဲ့သို့ လည်းကောင်း၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဈာန်လျှောကွယ်ပခဲ့ရသူမှာ ပြန်အားထုတ်လျှင အလွယ်ပင် ရသကဲ့သို့လည်းကောင်း မှတ်အပ်၏။ (၇)ခုမြောက်ဘဝ၌ ရဟန္တာမဖြစ်မီ အမှတ်တမဲ့ ဓားစသည် ခုတ်သတ်၍ (မိုးကြိုး ဦးခေါင်းကိုပစ် ၍ဖြစ်စေ၊ ရေနစ်၍ဖြစ်စေ) ရုတ်တရက် စုတေစေရစေကာမူ ထိုမျှတိုတောင်းလှသော ကာလအတွင်းမှာပင် ရဟန္တာဖြစ်၏။

ရဟန္တာမဖြစ်ပဲ စုတိရိုး ထုံးစံ မရှိဟု ဉာဏဝိဘင်္ဂဋ္ဌကထာ အဋ္ဌာနဝိဘင်း အဖွင့်(၄၁၁)တွင်လာသည်...တဲ့။ သတ္တမေ ဘဝေ သဗ္ဗကာရေန ပမာဒဝိဟာရိနောပိ ဝိပဿနာဉာဏံပရိပါကံဂစ္ဆတိ။အပ္ပမတ္တကေပိ အာရမ္မဏေ နိဗ္ဗိန္ဒိတွာ နိဗ္ဗုတိံ ပါပုဏာတိ။ သစေပိ ဟိဿ သတ္တမေ ဘဝေ နိဒ္ဒံ ဝါဩက္ကမန္တဿ, ပရမ္မုခံဝါဂစ္ဆန္တဿ, ပစ္ဆတော ဌတွာ တိခိဏေန အသိနာ ကောစိဒေဝ သီသံပါတေယျ, ဥဒကေ ဝါ ဩသာဒေတွာ မာရေယျ, အသနိ ဝါ ပနဿ သီသေ ပတေယျ, ဧဝရူပေပိ ကာလေ သပ္ပဋိသန္ဓိကာ ကာလံကိရိယာ နာမ န ဟောတိ, အရဟတ္တံပတွာဝ ပရိနိဗ္ဗာတိ။ [အဘိ၊ဋ္ဌ၊၂၊ ၄၁၁။ ] လိုရင်းမှတ်ကြစို့ ဒီစကားတွေကို ထောက်ပြီး လိုရင်းမှတ်ကြပါစို့၊ သောတာပန်ဟာ နောက်ဘဝတွေမှာ မြင့်မြတ်တဲ့အမျိုးမှာ၊ အရည်အသွေးမီ အဆင့်အတန်မီတဲ့ ပဋိသန္ဓေမျိုးမှာ ဖြစ်တယ်။ တရားထူးကိုလည်း လွယ်ကူစွာရနိုင်တယ်လို့ သတ်မှတ်ရတော့မှာပေါ့။ သောတာပန် အမျိုးအစားတွေကိုတော့ ရှည်သွားတဲ့အတွက လျစ်လျူရှုလိုက်ရပါတော့တယ်။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ…
ရနံ့စံအိမ်

No comments:

Post a Comment