Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 12, 2019

သမီးရည္းစား အတူေနၿပီး လက္မထပ္သည့္ အမ်ိဳးသားမ်ား ကို ေထာင္ဒဏ္ငါးႏွစ္ႏွင္႔ အထက္


သမီးရည္းစားဘ၀တြင္ အတူေနထိုင္ၿပီး လက္မထပ္သည့္ အမ်ိဳးသားမ်ား ကို ေထာင္ဒဏ္ငါးႏွစ္ႏွင့္ အထက္ အေရးယူႏိုင္သည့္ ဥပေဒေရးဆြဲ ျပ႒ာန္း သြားမည

သမီးရည္းစားဘ၀တြင္ အတူေနထိုင္ၿပီး လက္မထပ္သည့္ အမ်ိဳးသားမ်ား ကို ေထာင္ဒဏ္ငါးႏွစ္ႏွင့္ အထက္ အေရးယူႏိုင္သည့္ ဥပေဒ ေရးဆြဲျပ႒ာန္း သြားမည္ ျဖစ္ေၾကာင္း ဒီဇင္ဘာ ၂၇ ရက္က ျပဳလုပ္သည့္ ျမန္မာႏိုင္ငံ လုံးဆိုင္ရာ အမ်ိဳးသမီးေရးရာ ေကာ္မတီ အစည္းအေ၀းႏွင့္ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ အမ်ိဳးသား ေကာ္မတီ အစည္းအေ၀း ပြဲမွ သိရသည္။

“ငါးႏွစ္နဲ႔ အထက္ေပါ့ေနာ္။ အကယ္၍မ်ား အမ်ိဳးသမီးေလးမွာ ကိုယ္၀န္ပါ ရွိသြားမယ္ဆိုရင္ အဲ့ဒီအမ်ိဳးသားဟာ အနည္းဆုံး ေထာင္ဒဏ္ခုနစ္ႏွစ္ဆိုၿပီး ကၽြန္မတို႔က အဲ့လိုမ်ိဳး ထည့္သြင္းထားပါတယ္” ဟု လူမႈ၀န္ထမ္းဦးစီးဌာန ညႊန္ၾကားေရးမွဴး ေဒၚေနာ္သ၀ါက မီဒီယာမ်ားသို႕ေျပာသည္။

အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ ကာကြယ္ေရး အထူးဥပေဒကို လာမည့္ လႊတ္ေတာ္ အစည္းအေ၀းတြင္ အတည္ျပဳျပ႒ာန္းႏိုင္ရန္ ေဆာင္ ရြက္ေနေၾကာင္း သိရသည္။ ယင္းဥပေဒအရ အမ်ိဳးသမီးတစ္ဦး စိတ္ အေႏွာင့္အယွက္ ျဖစ္ေစရန္ အေနာက္မွလိုက္၍ စကားေျပာလွ်င္ လည္း ျပစ္ဒဏ္ေျမာက္သည္ဟု ထည့္သြင္းထားကာ လက္ရွိအခ်ိန္တြင္ အမ်ိဳးသမီးမ်ားသည္ အၾကမ္းဖက္ခံရၿပီး လူေတာမတိုးရဲသည့္ အေျခ အေန ျဖစ္လာျခင္းေၾကာင့္ အမ်ိဳးသမီးမ်ားကို အကာအကြယ္ေပးသည့္ ဥပေဒေရးဆြဲေနျခင္း ျဖစ္ေၾကာင္းသိရသည္။

“အမ်ိဳးသမီးေတြကို ညွဥ္းပန္းႏွိပ္စက္ေနတာ၊ အၾကမ္းဖက္ေနတာ မ်ိဳးစုံရွိ တယ္။ ႐ုပ္ပိုင္းဆိုင္ရာ ကြဲရွ ထိခိုက္သြားမွ မဟုတ္ဘူး၊ စိတ္ပိုင္းဆိုင္ရာေတြ လည္း အမ်ားႀကီးရွိတယ္” ဟု လူမႈ၀န္ထမ္းဦးစီးဌာန ေခတၱညႊန္ၾကားေရး မွဴး ေဒါက္တာစန္းစန္းေအးက မီဒီယာမ်ားသို႔ ေျပာသည္။

အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ တားဆီးကာကြယ္ေရး ဥပေဒကို အတည္ျပဳႏုိင္ေရး ေဆာင္ရြက္လ်က္ရွိျပီး အမ်ိဳးသမီးမ်ားကို ရႈေထာင့္ေပါင္း စံုမွ ကာကြယ္ ေစာင့္ေရွာက္ေပးႏိုင္ရန္ ေရးဆြဲ ထားျခင္း ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ လံုးဆိုင္ရာ အမ်ိဳးသမီးေရးရာ ေကာ္မတီ ဥကၠ႒၊ လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ၀န္ၾကီးဌာန၊ ျပည္ေထာင္စု၀န္ၾကီး ေဒါက္တာ၀င္းျမတ္ေအးက ေျပာၾကားသည္။

အဆိုပါဥပေဒကို အတည္ျပဳျပ႒ာန္းၿပီးပါက တိုင္းေဒသႀကီးႏွင့္ ျပည္ နယ္ေဒသရွိ ေအာက္ေျခေက်းရြာမ်ားအထိ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားကို အသိပညာေပးရန္ ေဆာင္ရြက္ထားေၾကာင္းလည္း သိရသည္။

Burmese Asia
............................
unicode version

သမီးရည်းစားဘဝတွင် အတူနေထိုင်ပြီး လက်မထပ်သည့် အမျိုးသားများ ကို ထောင်ဒဏ်ငါးနှစ်နှင့် အထက် အရေးယူနိုင်သည့် ဥပဒေရေးဆွဲ ပြဋ္ဌာန်း သွားမည

သမီးရည်းစားဘဝတွင် အတူနေထိုင်ပြီး လက်မထပ်သည့် အမျိုးသားများ ကို ထောင်ဒဏ်ငါးနှစ်နှင့် အထက် အရေးယူနိုင်သည့် ဥပဒေ ရေးဆွဲပြဋ္ဌာန်း သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ အစည်းအဝေးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေး ပွဲမှ သိရသည်။

“ငါးနှစ်နဲ့ အထက်ပေါ့နော်။ အကယ်၍များ အမျိုးသမီးလေးမှာ ကိုယ်ဝန်ပါ ရှိသွားမယ်ဆိုရင် အဲ့ဒီအမျိုးသားဟာ အနည်းဆုံး ထောင်ဒဏ်ခုနစ်နှစ်ဆိုပြီး ကျွန်မတို့က အဲ့လိုမျိုး ထည့်သွင်းထားပါတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သဝါက မီဒီယာများသို့ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး အထူးဥပဒေကို လာမည့် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင် ရွက်နေကြောင်း သိရသည်။ ယင်းဥပဒေအရ အမျိုးသမီးတစ်ဦး စိတ် အနှောင့်အယှက် ဖြစ်စေရန် အနောက်မှလိုက်၍ စကားပြောလျှင် လည်း ပြစ်ဒဏ်မြောက်သည်ဟု ထည့်သွင်းထားကာ လက်ရှိအချိန်တွင် အမျိုးသမီးများသည် အကြမ်းဖက်ခံရပြီး လူတောမတိုးရဲသည့် အခြေ အနေ ဖြစ်လာခြင်းကြောင့် အမျိုးသမီးများကို အကာအကွယ်ပေးသည့် ဥပဒေရေးဆွဲနေခြင်း ဖြစ်ကြောင်းသိရသည်။

“အမျိုးသမီးတွေကို ညှဉ်းပန်းနှိပ်စက်နေတာ၊ အကြမ်းဖက်နေတာ မျိုးစုံရှိ တယ်။ ရုပ်ပိုင်းဆိုင်ရာ ကွဲရှ ထိခိုက်သွားမှ မဟုတ်ဘူး၊ စိတ်ပိုင်းဆိုင်ရာတွေ လည်း အများကြီးရှိတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေး မှူး ဒေါက်တာစန်းစန်းအေးက မီဒီယာများသို့ ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများကို ရှုထောင့်ပေါင်း စုံမှ ကာကွယ် စောင့်ရှောက်ပေးနိုင်ရန် ရေးဆွဲ ထားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

အဆိုပါဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးပါက တိုင်းဒေသကြီးနှင့် ပြည် နယ်ဒေသရှိ အောက်ခြေကျေးရွာများအထိ အမျိုးသား၊ အမျိုးသမီးများကို အသိပညာပေးရန် ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

No comments:

Post a Comment