Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 7, 2019

ေၾကးစည္ သံၾကားရင္ ေခြးေတြ ဘာေၾကာင့္ အူၾကရသလဲ


“ဘာျဖစ္လို ့ေၾကးစည္လိုတာလဲဗ်။ကုသိုလ္ေကာင္းမႈေတြ ျပဳျပီးတိုင္း ဘာေၾကာင့္ ေၾကးစည္တီးရတာလဲဗ်။”ဆရာေတာ္ဘုရားၾကီး အေမးရွိလိုက္ေပျပီ။ဘယ္သူမွ ရုတ္တရက္ မေျဖႏိုင္ၾကပါ။ေၾကးစည္ကေလး ေဆာင္ထားေလ့ရွိေသာ ပုတီးဆရာတစ္ဦးက” ေၾကးစည္ဆိုတာၾကီးေလ စည္ေလေပါ့ကြာ။ ၾကီးေအာင္ စည္ေအာင္ေပါ့ကြာ “လို ့ေျပာဖူးတာ အမွတ္ရလာပါတယ္။ဒါေပမယ့္ တိက်တဲ့ အေျဖမ်ိဳး မဟုတ္တဲ့အတြက္ အဲ့ဒီအေျဖကို ကြ်န္ေတာ္မေလွ်ာက္တင္ရဲပါ။ဆရာေတာ္ဘုရားၾကီးက – “ေၾကးစည္သံၾကားရင္ စိတ္ထဲ ေအးမသြားဘူးလား။

ရဟန္းသံဃာေတြ ဖူးလိုက္ရရင္ေရာ ေအးမသြားဘူးလား။တရားနာလိုက္ရေတာ့လည္း ေအးမသြားဘူးလား။ေၾကးစည္ဆိုတာ ေအးတာကို ကိုယ္စားျပဳတာ။ကိေလသာ အပူမီးေတြ ၀ိုင္းေနတဲ့လူေတြကို အေအးဓာတ္၊ အျငိမ္းဓာတ္၊ နိဗၺာနဓာတ္ၾကီးသတိရေအာင္ ႏိႈးေဆာ္လိုက္တာ။”“ျပီးေတာ့ ေၾကးဆိုတဲ့ သတၳဳက အလြန္ေအးတာ။

ဟိုး ေျမၾကီးထဲ အတြင္းနက္နက္ ေျမဆီကေန ေၾကးျဖစ္လာတာ။ ဒါေၾကာင့္ ေၾကးစည္သံမ်ားမၾကားလိုက္နဲ ့တစ္ခါတည္း ေအးခနဲ ျဖစ္သြားေတာ့တာ။ ဓာတ္ခိုက္တာ၊ ဓာတ္ကူးတာေပါ့” လို ့ရွင္းျပလိုက္ေတာ့မွ အားလံုးသေဘာေပါက္သြားပါတယ္။ဆရာေတာ္ဘုရားၾကီးက ဆက္ျပီးေတာ့ ေမးျပန္ပါတယ္။“ေၾကးစည္သံၾကားရင္ လူေတြကေတာ့ ေအးခနဲ ခံစားရျပီးေခြးေတြက ဘာလို ့အူရတာတံုးဗ်ာ။”ကြ်န္ေတာ္တို ့မေျဖႏိုင္ပါ။ “ေၾကးစည္က အေအး၊ ေခြးက အပူဗ်။ေခြးမ်ား ဘယ္ေလာက္ပူတိုန္းဆိုရင္ ေခြးသားစားမိသူဟာ ပူလြန္းလို ့ေရခ်ိဳးေရစိမ္လုပ္ရဆိုပဲဗ်။”“အလြန္ပူတဲ့ေခြးဟာ အလြန္ေအးတဲ့ ေၾကးစည္သံၾကားေတာ့ ခံစားမႈတစ္မ်ိဳး ျဖစ္ေပၚျပီး အူေတာ့တာပါပဲဗ်ာ။”

ဆရာေတာ္ဘုရား ရွင္းျပတာကို ပရိတ္သတ္ ဘ၀င္က်သြားပါတယ္။ ဒါလည္း အပူနဲ ့အေအးထိခတ္တံု ့ျပန္မႈ တစ္မ်ိဳးလို ့ နားလည္မွတ္သားခဲ့ရပါတယ္။

Ref: မဟာေဗာဓိျမိဳင္ဆရာေတာ္ၾကီး..
(ဆရာေမာင္ေသြးခြ်န္၏ ဘာေၾကာင့္ ၁+၂ေပါင္းခ်ဳပ္ မွ)..ေမတၱာျဖင့္ ေ၀မွ်သူ အႏိႈင္းမဲ့စာတိုေပစမ်ား…
(infinitydhamma)

Unicode

“ဘာဖြစ်လို ့ကြေးစည်လိုတာလဲဗျ။ကုသိုလ်ကောင်းမှုတွေ ပြုပြီးတိုင်း ဘာကြောင့် ကြေးစည်တီးရတာလဲဗျ။”ဆရာတော်ဘုရားကြီး အမေးရှိလိုက်ပေပြီ။ဘယ်သူမှ ရုတ်တရက် မဖြေနိုင်ကြပါ။ကြေးစည်ကလေး ဆောင်ထားလေ့ရှိသော ပုတီးဆရာတစ်ဦးက” ကြေးစည်ဆိုတာကြီးလေ စည်လေပေါ့ကွာ။ ကြီးအောင် စည်အောင်ပေါ့ကွာ “လို ့ပြောဖူးတာ အမှတ်ရလာပါတယ်။ဒါပေမယ့် တိကျတဲ့ အဖြေမျိုး မဟုတ်တဲ့အတွက် အဲ့ဒီအဖြေကို ကျွန်တော်မလျှောက်တင်ရဲပါ။ဆရာတော်ဘုရားကြီးက – “ကြေးစည်သံကြားရင် စိတ်ထဲ အေးမသွားဘူးလား။

ရဟန်းသံဃာတွေ ဖူးလိုက်ရရင်ရော အေးမသွားဘူးလား။တရားနာလိုက်ရတော့လည်း အေးမသွားဘူးလား။ကြေးစည်ဆိုတာ အေးတာကို ကိုယ်စားပြုတာ။ကိလေသာ အပူမီးတွေ ၀ိုင်းနေတဲ့လူတွေကို အအေးဓာတ်၊ အငြိမ်းဓာတ်၊ နိဗ္ဗာနဓာတ်ကြီးသတိရအောင် နှိုးဆော်လိုက်တာ။”“ပြီးတော့ ကြေးဆိုတဲ့ သတ္ထုက အလွန်အေးတာ။

ဟိုး မြေကြီးထဲ အတွင်းနက်နက် မြေဆီကနေ ကြေးဖြစ်လာတာ။ ဒါကြောင့် ကြေးစည်သံများမကြားလိုက်နဲ ့တစ်ခါတည်း အေးခနဲ ဖြစ်သွားတော့တာ။ ဓာတ်ခိုက်တာ၊ ဓာတ်ကူးတာပေါ့” လို ့ရှင်းပြလိုက်တော့မှ အားလုံးသဘောပေါက်သွားပါတယ်။ဆရာတော်ဘုရားကြီးက ဆက်ပြီးတော့ မေးပြန်ပါတယ်။“ကြေးစည်သံကြားရင် လူတွေကတော့ အေးခနဲ ခံစားရပြီးခွေးတွေက ဘာလို ့အူရတာတုံးဗျာ။”ကျွန်တော်တို ့မဖြေနိုင်ပါ။ “ကြေးစည်က အအေး၊ ခွေးက အပူဗျ။ခွေးများ ဘယ်လောက်ပူတိုန်းဆိုရင် ခွေးသားစားမိသူဟာ ပူလွန်းလို ့ရေချိုးရေစိမ်လုပ်ရဆိုပဲဗျ။”“အလွန်ပူတဲ့ခွေးဟာ အလွန်အေးတဲ့ ကြေးစည်သံကြားတော့ ခံစားမှုတစ်မျိုး ဖြစ်ပေါ်ပြီး အူတော့တာပါပဲဗျာ။”

ဆရာတော်ဘုရား ရှင်းပြတာကို ပရိတ်သတ် ဘဝင်ကျသွားပါတယ်။ ဒါလည်း အပူနဲ ့အအေးထိခတ်တုံ ့ပြန်မှု တစ်မျိုးလို ့ နားလည်မှတ်သားခဲ့ရပါတယ်။

Ref: မဟာဗောဓိမြိုင်ဆရာတော်ကြီး..(ဆရာမောင်သွေးချွန်၏ ဘာကြောင့် ၁+၂ပေါင်းချုပ် မှ)..မေတ္တာဖြင့် ဝေမျှသူ အနှိုင်းမဲ့စာတိုပေစများ…
Credit: (infinitydhamma)

No comments:

Post a Comment