Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 9, 2019

အမှတ်(၅၄)တက္ကသိုလ်ရိပ်သာလမ်းအမွေဆိုင် ကိစ္စ


ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သော ၅၄ တက္ကသိုလ် ရိပ်သာလမ်း နေ
အိမ်သည် မိခင်ကြီး ဒေါ်ခင်ကြည် ပိုင်သော မြေဖြစ်သည် ။
၂၅ တာဝါလိန်းလမ်းအိမ်ကို ဗိုလ်ချုပ်ပြတိုက် ဆောက်လုပ်ရန် အတွက်
ဖဆပလ အစိုးရက အမှတ် ၅၄ သို့၁၉၅၅ တွင်ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည် ။

ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဘဝ မှ အငြိမ်းစားယူခဲ့ပြီး
အမှတ် ၅၄ တွင် နေထိုင်ခဲ့သည် ။

သားကြီး ဦးအောင်ဆန်းဦး သည် အမေရိကန်တွက်၎င်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် တွင်
၎င်း အသီးသီးနေထိုင်ကြ၍ ဒေါ်ခင်ကြည် တစ်ဦးထဲသာလျှ င် နေထိုင်ခဲ့သည်။

ဒေါ်ခင်ကြည်သည် တူအရင်းဖြစ်သူ(ဒေါ်ခင်ကြည် ၏အမအရင်းဖြစ်သူ)၏
သား ဦးခင်မောင်အေးအား မွေးစားသား အဖြစ်မွေးစားခဲ့သည် ။
(နောင် ဗိုလ်မှူးကြီး ခင်မောင်အေး)

ထို ၁၉၈၅ ခုနှစ်အထိ ဗိုလ်မှူးကြီးခင်မောင်အေးတွင် နေစရာ အိမ် မရှိပေ။
ယင်းကိုသိသော ဒေါ်ခင်ကြည်ကမွေးစားသား(ယခု အသက် ၈၆ နှစ် ရှိ
ပြီဖြစ်သော) ဗိုလ်မှူးကြီးခင်မောင်အေးအတွက် အမှတ် ၅၄ မြေကွက် အတွင်းမှ
ပေ ၇၀ × ပေ ၁၀၀ အကျ ယ်ရှိ မြေကွက်တစ်ခုကို တူသား အိမ်ဆောက် နေနိုင်
ရန် အသိသက်သေများရှေ့၌ လက်မှတ် ရေးထိုး ပေးအပ်လေသည် ။

၁၉၈၈ ဒေါ်ခင်ကြည် ကျန်းမာရေး ချို့ယွင်းလာချိန် သားကြီး ကိုဦး နှင့် သမီး
ငယ် ဒေါ်စုထံ မိခင်ကြီးကို လာကြည့်ရန်မှာကြား၏ ။

သားကြီးကိုဦး အလုပ်ခွင်အခြေအနေအရ မလာနိုင်သော်လည်း သမီးငယ်
ဒေါ်စု မှာ ထိုင်းအဲယားဝေးဖြင့် ရောက်လာ၏ ။

မိခင် ဒေါ်ခင်ကြည်က ဗိုလ်မှူးကြီး ခင်မောင်အေးအား ပေ ၁၀၀ × ၇၀ မြေကိုပေးအပ်ထားကြောင်း
 ရောက်ရောက်ချ င်း ပြောပြ၏။ ဒေါ်စုက ဘာမျှ ထင်မြင်ချက် မပေးပါ ။

ဗိုလ်မှူးကြီးခင်မောင်အေးကို မြေ၁၀၀ × ၇၀ ပေးခြင်းကို သားကြီး ကိုဦးသည် မကျေ လည်ခဲ့ပေ ။

ထို့ကြောင့် ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးတွင် တရားဆွဲဆို ခဲ့သည် ။
စွပ်စွဲချက်တို့သည် အထောက်အထားခိုင်မာမှု မရှိသည့်အတွက် ရုံးတော်မှ
အမှု ကို ပယ် ချ ခဲ့သည် ။

ဗိုလ်မှူးကြီးခင်မောင်အေး ရမည့် မြေတန်ဘိုးသည် ကာလပေါက်ဈေး
သိန်းပေါင်း ( ၇၀၀၀၀ )ခုနှစ်သောင်းခန့်တန်ပေသည် ။

ယခု အခြေအနေ အရပ်ရပ်သည် ညီညွတ်ရေးဆီသို့ ဦးတည်ပြောင်းလဲ
ခဲ့ပြီ ။ သဘောထားကွဲလွဲမှု များလည်းယခင်ကလို မရှိတော့ပါ ။

ဒေါ်စု သဘောထားက ရှင်းသည် ။ဦးအောင်ဆန်းဦး ရ ရှိမည့်မြေပိုင်ဆိုင်
မှု အတွက် သင့်တင့်မျှတသော ငွေကိုသူ အမ်းပေးမည် ။

ဗိုလ်မှူးကြီးခင်မောင်အေး မြေကွက်အတွက်လည်း တန်ဘိုးငွေ အမ်းပေးမည် ။

ဤမြေကွက်ကြီးကို သူလည်းမယူ ။မိခင်ကြီးအား ရည်စူး၍ ပြည်သူများရှေ့ရေးအတွက်
ဒေါ်ခင်ကြည် ပရဟိတ ဖေါင်ဒေးရှင်းသို့ဤမြေကွက်ကြီးကို ပေးလှု လိုက်မည် ။

Myomyanmar

No comments:

Post a Comment