Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 20, 2019
အရေးပေါ် မြွေကိုက်(ပိုးထိ)လို့ စိုးရိမ်စရာ ဂရုစိုက်စရာ မလိုတော့ပါ
ဒါပေမဲ့ ၄င်းဆေးဆရာဟာ မြန်မာ့ဆေးနည်းအတော်များများကို တတ်ကျွမ်းတဲ့အတွက် တရားဝင် ဆေးကုသခွင့်မရှိလို့ တပ်မတော်ကဆက်သွယ်ပေးမှုကြောင့် မြန်မာ့သမားတော် များဆေးသင်တန်းတက်ရောက်စေခဲ့တာ သင်တန်းကနေ ၄င်းဆရာအား အထူးအောင်အဖြစ် လက်မှတ်ပေးခဲ့ကြောင်း ကြားသိမှတ်သားခဲ့ရကြောင်း ဖြည့်စွပ် တင်ပြလိုက်ရပါသည် …
....................
unicode
သူငယ်ချင်းတစ်ဦးထံမှ အတွေ့အကြုံတစ်ခုအား ပြန်လည်မျှဝေ တင်ပြခြင်းပါ …
ကျနော် ကျိုက္မရောမြို့ရောက်စဉ် မိတ်ဆွေတစ်ဦးနှင့် တွေ့ဆုံပြီး ကျန်းမာရေးအကြောင်း ဆွေးနွေးကြစဉ် မိတ်ဆွေမှ သူ့ဆရာတစ်ယောက်ရဲ့ အတွေ့အကြုံကို ပြောပြလာခဲ့ပါတယ် …
၎င်းဆေးဆရာဟာ တစ်နေ့ ခရီးတစ်ခုကို သွားဖို့ ရွာကထွက်လာခဲ့တယ် …
လမ်းခုလပ်အရောက်မှာ မွေကိုက်(ပိုးထိ)ခံရသူ တစ်ဦးကို တွေ့ရတော့ သူ့မှာ ဆေးကမပါလာဘူး … ဒါကြောင့် သူဟာ တတ်စွမ်းသမျှ သက်သာအောင် လုပ်ပေးခဲ့ပြီး ခရီးကို ဆက်လာခဲ့တယ် …
ကိစ္စပြီးလို့နောက်နေ့မနက်မှာ ရွာကိုပြန်လာခဲ့ရာ မနေ့က ပိုးထိလူနာကို သွားသတိရပြီးတော့ လူနာဘယ်လိုအခြေအနေရှိလဲသတင်းဝင်မေးမှဆိုပြီး လူနာရှိရာကို ဝင်လာခဲ့တယ် …
အဲဒီမှာ သူအရမ်းအံ့သြသွားခဲ့ရတယ် …
ပိုးထိလူနာတစ်ယောက်က အကောင်းပကတိ လယ်ထွန်အလုပ် လုပ်နေတာတွေ့လို့ပေါ့ …
ဒါနဲ့ ဆေးဆရာလဲ ပိုးထိလုလင်ကို အံ့သြစွာ မေးမြန်းမိတော့တာပေါ့ …
ပိုးထိထားတဲ့လုလင်က -ဆရာ ကျနော့ကို တတ်နိုင်သလောက် ပြုစုထားခဲ့တာကျေးဇူးတင်ကြောင်း …
ဆရာထွက်သွားပီးမကြာဘူး အဖိုးကြီးတစ်ဦးရောက်လာတယ် …
သူက ကျနော့ကို ကုသွားတာ ခုဆရာမြင်တဲ့အတိုင်း ကျနော် အလုပ်ကောင်းကောင်း လုပ်နိုင်နေတာပဲလို့ ပြန်ပြောပြတော့ ဆေးဆရာက သူထင်ထားတာက ပိုးထိထားသူဟာ ဆေးမှီရင်တောင် ဒါလောက်မြန်မြန်ပြန်ကောင်းမယ်မထင်ဘူး …
ဒီလောက်စွမ်းတဲ့ဆေးနည်းတောင်းအုံးမှဆိုပြီး လုလင်ကို အဖိုးကြီးလိပ်စာမေးပြီး လိုက်သွားခဲ့တယ် …
ဟိုရောက်တော့ အဖိုးကြီးနဲ့ တွေ့ရပြီး တပည့်ခံတယ် …ဆေးနည်းလဲရခဲ့တယ် …
ခုပုံမှာပြထားတာက အာတာလွတ်အပင်နဲ့ အာတာလွတ်ဥပါပဲ …
ခုနက လုလင်ကို ဒီအာတာလွတ်ဥခူးပြီး ဝါးစားခိုင်းလိုက်တာပဲ ဖြစ်တယ် …
တခြားဘာမှမပါဘူးဆိုတာ သိခဲ့ရတယ် …
အဲ့ဒီဆေးနည်းရပြီးနောက် ဆေးဆရာဟာ သူလုပ်ရိုးလုပ်စဉ်တွေလုပ်လာခဲ့တယ် …
တစ်နေ့ခရီးသွားရင်း ရွာတစ်ရွာအရောက် အိမ်တစ်အိမ်မှာ လူတွေအုပ်အုပ်ကျွက်ကျွက်ဝိုင်းအုံနေတာတွေ့လို့ ဘာဖြစ်တာလဲမေးတော့ ပိုးထိလို့ မျောနေပီ လို့ပြန်ဖြေကြတယ် …
ဆေးဆရာလဲ ကျနော်တစ်ချက်ကြည့်ပါရစေလို့ ခွင့်တောင်းပြီး သူမှာပါလာတဲ့ နားကြပ်နဲ့စမ်းသပ်ကြည့်တယ် …
နလုံးခုန်သေးတယ် …ဒါကြောင့် လူနာရှင်ကို ကျနော်ကုကြည့်ပါရစေ …လူနာအတွက်တော့ သိပ်အခြေအနေမကောင်းတော့ဘူးပြောတော့ လူနာရှင်တွေက ဒီတိုင်းထားတာထက် ကုကြည့်တာကကောင်းတယ်ဆိုပြီး ကုသခွင့်ပေးတယ် …
ဒါနဲ့ သူလဲ ဒီမှာအာတာလွတ်ဥ ရနိုင်မလား မရရင် အာတာလွတ် အမြစ်ခေါင်းရမလား ခူးယူလာပေးပါလို့တောင်းတော့ အာတလွတ်ဥ ရလာတယ်
လူနာက မေ့နေပြီဆိုတော့ ငြုတ်စုံမှာ ထည့်ထောင်းပြီး နှာခေါင်းကနေ ပိုက်နဲ့ အစာအိမ်ရောက်အောင် အာတာလွတ်ဥ ထောင်းထားတဲ့အရည်ကို ထည့်ပေးလိုက်တာ ၁၅မိနစ်လောက်မှာ လူနာ သတိရလာတယ် …
နောက် နာရီဝက် မိနှစ် ၃၀ လောက်ကြတော့ထထိုင်တော့တာပဲ …လူနာနဲ့လူနာရှင်တွေဟာ အရမ်းကျေးဇူးတင်ကြတယ် …
ဒါဟာ လက်တွေ့ထိရောက်တဲ့ မွေကိုက်(ပိုးထိ)လူနာတွေ ရဲ့ ကိုယ့်တွေဖြစ်စဉ်တွေပါပဲ …အာတာလွတ်အပင်ဟာ မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီးနဲ့ အောက်မြန်မာပြည်ဒေသများမှာ ပေါက်ရောက်ဖြစ်ထွန်းမှု အများဆုံးပါပဲ …
ဆေးဆရာရဲ့ အမည်တော့ မသိပါဘူး ခင်ဗျာ …
ဒါပေမဲ့ ၎င်းဆေးဆရာဟာ မြန်မာ့ဆေးနည်းအတော်များများကို တတ်ကျွမ်းတဲ့အတွက် တရားဝင် ဆေးကုသခွင့်မရှိလို့ တပ်မတော်ကဆက်သွယ်ပေးမှုကြောင့် မြန်မာ့သမားတော် များဆေးသင်တန်းတက်ရောက်စေခဲ့တာ သင်တန်းကနေ ၎င်းဆရာအား အထူးအောင်အဖြစ် လက်မှတ်ပေးခဲ့ကြောင်း ကြားသိမှတ်သားခဲ့ရကြောင်း ဖြည့်စွပ် တင်ပြလိုက်ရပါသည် …
မှတ်ချက်။ ။ကျနော်တင်ပြချက်သည် ဆေးနည်းကိုသာ အဓိက တင်ပြခြင်း ဖြစ်သောကြောင့် ဆေးဆရာရဲ့ ဖြစ်စဉ်ကို ကျနော် အတိအကျမသိပါ …
ဒါကြောင့် ဆေးဆရာနဲ့ပတ်သက်၍ အကြောင်းအရာမှားလျင် ကျနော် အမှတ်မှားခြင်းသာ ဖြစ်ပါသည် …
ဤဆေးနည်းကို မိတ်ဆွေများ ထိရောက်စွာ အသုံးချနိုင်ရန် တင်ပြအပ်သည်။ Credit
No comments:
Post a Comment