Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 10, 2019

ေစ်းေရာင္းတဲ ့ေစ်းသည္တိုင္း ဖတ္ၾကည့္သင့္တဲ ့ ျပိတၱာျဖစ္ ေစ်းေရာင္းနည္း


ျမတ္စြာဘုရားလက္ထက္ေတာ္က ရာဇၿဂိဳလ္ျပည္မွာ“ေစ်းသည္အမ်ဳိးသမီး ေလးေယာက္”ရွိပါတယ္။သူတုိ႔ေလးေယာက္မွာ လင္ေယာက္်ား နဲ႔သားသမီးေတြလည္းကုိယ္စီရွိၾကပါတယ္။သူတုိ႔က ေထာပတ္၊ပ်ားရည္၊ဆန္၊ဆီ၊ဆားစသည္ေတြကုိေရာင္းၿပီး လင္ေယာက္်ားနဲ႔သားသမီးေတြကုိ လုပ္ေကြၽးေနၾကတာပါ။ဒါေပမယ့္ သူတုိ႔ေစ်းေရာင္းခ်မႈဟာ မွန္ကန္မႈမရွိပါဘူး။အေလးခုိးသလုိ စဥ္းလဲေကာက္က်စ္တဲ့နည္းေတြနဲ႔လည္းေရာင္းေလ့ရွိပါတယ္

ေစ်းကုိလည္း ပံုမွန္ေစ်းထက္ ၊ပုိပုိတင္ၿပီးေရာင္းတတ္ပါတယ္။ဒီလုိေရာင္းတဲ့အတြက္ စီးပြါးေရးကခဏေလးေတြနဲ႔ တုိးတက္သြားၿပီး၊ျခံႀကီးႀကီး ၊ အိမ္ႀကီးႀကီး ေတြနဲ႔ ျဖစ္သြားပါတယ္။စီးပြားေရးေတြ အဆင္ေျပေနဆဲကာလမွာပဲေစ်းသည္အမ်ဳိးသမီးေလးေယာက္ဟာအေၾကာင္းမယ္မယ္ရရမရွိဘဲနဲ႔ ေရွ႕ဆင့္၊ေနာက္ဆင့္ကြယ္လြန္သြားၾကပါသတဲ့။ကြယ္လြန္ၿပီး ဘယ္ေရာက္သြားသလဲဆုိေတာ့ၿမိဳ႕က်ံဳးရဲ႕ အျပင္ဘက္နားမွာ “ၿပိတၱာမ”ေတြ သြားျဖစ္ပါသတဲ့။ဒီေတာ့ လူ႔ျပည္မွာက်န္ခဲ့တဲ့ လင္ေယာက္်ားေလးေယာက္ကသူတုိ႔ဇနီးေတြကုိ လြမ္းေဆြးတမ္းတမေနၾကပါဘူး။

ကြယ္လြန္ၿပီးမၾကာခင္မွာဘဲ ယခင္ဇနီးေဟာင္းေတြထက္ေခ်ာတဲ့ငယ္တဲ့ ဇနီးသစ္ကေလးေတြကုိ ကုိယ္စီေကာက္ယူလုိက္ၾကပါသတဲ့။ၿပီးေတာ့ ဇနီးေဟာင္းေတြရွာခဲ့တဲ့ ပစၥည္းေတြကုိဇနီးသစ္ကေလးေတြနဲ႔ ဒူးႏံွ႔ၿပီး သံုးေဆာင္ခံစားေနၾကပါသတဲ့။ၿပိတၱာျဖစ္ေနတဲ့ ေစ်းသည္ မိန္းမေလးေယာက္ဟာသူတုိ႔ရွာေဖြခဲ့တဲ့ပစၥည္းေလးေတြကုိ ခင္ပြန္းေလာင္းနဲ႔ ေနာက္မိန္းမ ကေပ်ာ္ေပ်ာ္ပါးပါးခံစားသံုးေဆာင္ေနၾကတာေတြ႕ရေတာ့ ၿပိတၱာျဖစ္ေနလုိ႔ စိတ္ဆင္းရဲေနရတဲ့အထဲ၊“လုပ္ရက္ေလျခင္း” ဆုိၿပီး ပုိစိတ္ဆင္းရဲသြားၾကပါသတဲ့။ဒါေၾကာင့္ က်ံဳးအျပင္ဘက္ကေနၿမိဳ႕ထဲကလူေတြၾကားေအာင္ အသံဆုိးႀကီးေတြနဲ႔လွမ္းလွမ္းေအာ္ပါေတာ့တယ္။

ဘယ္လုိေအာ္သလဲဆုိေတာ့…●“ငါတုိ႔ဟာ လိမ္လည္ေကာက္က်စ္ၿပီး ေစ်းေရာင္းခဲ့တဲ့အတြက္ၿပိတၱာမေတြျဖစ္ေနရတယ္။ငါတုိ႔ရွာခဲ့တဲ့ ပစၥည္းေတြကုိေတာ့ခင္ပြန္းေဟာင္းေတြက ေနာက္မိန္းမငယ္ေလးေတြနဲ႔ ခံစားေပ်ာ္ပါးေနၾကတယ္။ဥစၥာပစၥည္းရွာခဲ့တဲ့ ငါတုိ႔မွာေတာ့ ကုိယ္ရွာခဲ့တာမသံုးေဆာင္ရဘဲ၊ဆင္းရဲဒုကၡမ်ဳိးစံုနဲ႔ ၾကံဳေနရတယ္”လုိ႔ေအာ္ၾကပါတယ္။ညညဆုိ က်ံဳးအျပင္ဘက္ကေန အသံဆုိးႀကီးေတြနဲ႔ လွမ္းလွမ္းေအာ္ေနေတာ့ ၊ ၿမိဳ႕ထဲမွာေနၾကတဲ့သူေတြကထိတ္လန္႔ကုန္ပါတယ္။

ဒါေၾကာင့္ ျမတ္စြာဘုရားအမွဴးရွိတဲ့ သံဃာေတာ္ေတြကုိပင့္ၿပီး ဆြမ္းကပ္၊ဆြမ္းကပ္ၿပီးတဲ့အခါက်ေတာ့ျမတ္စြာဘုရားကုိ က်ံဳးအျပင္ဖက္ကလွမ္းလွမ္းေအာ္ေနၾကတဲ့အေၾကာင္း ေလွ်ာက္ျပၾကပါတယ္။ဒီေတာ့ ျမတ္စြာဘုရားက“ဒကာတုိ႔ ဒီအသံေတြက သင္တုိ႔ကုိအႏၲရာယ္ျပဳမယ့္ အသံေတြ မဟုတ္ပါဘူး။ၿပိတၱာမေလးေယာက္ဆင္းရဲျခင္းေတြ ႏွိပ္စက္ေနလုိ႔ေအာ္ေနၾကတာပါ။”လုိ႔မိန္႔ေတာ္မူၿပီးျဖစ္ေၾကာင္းကုန္စင္ကုိ ျမတ္စြာဘုရားက ျပန္ေဟာျပပါတယ္။

ျမတ္စြာဘုရားက တဆက္တည္းမွာ သစၥာေလးပါးကုိဆက္ေဟာျပေပးပါတယ္။တရားဆံုးမွာေတာ့ တရားနာပရိသတ္ေတြေသာတာပတၱိဖုိလ္စတဲ့ တရားထူးေတြရသြားၾကပါတယ္။စာထဲမွာေတာ့ ေစ်းသည္ၿပိတၱာမေလးေယာက္ပါ။တရားထူးရသြားတယ္လုိ႔ျပမထားပါဘူး။တျခားအဖြင့္ေတြမွာျပထားရင္ေတာ့ မေျပာတတ္ပါဘူး။ဘာပဲေျပာေျပာ စဥ္းလဲေကာက္က်စ္တဲ့နည္းေတြနဲ႔ေစ်းေရာင္းတဲ့အတြက္ ေသတဲ့အခါၿပိတၱာျဖစ္သြားရတာကေတာ့ အမွန္ပါပဲ။

ဒီေခတ္ေတြမွာလည္းတစ္ခ်ဳိ႕ပုဂၢိဳလ္ ေတြဟာစဥ္းလဲေကာက္က်စ္တဲ့ နည္းမ်ဳိးစံုနဲ႔ေစ်းေရာင္းေနၾကတာေတြရွိပါတယ္။“ကားကုိလိမ္ေရာင္းတာ၊တီဗြီကုိလိမ္ေရာင္းတာ၊ထီကုိလိမ္ေရာင္းတာ၊ၾကက္သားကုိေရထုိးၿပီးေရာင္းတာ၊
ပဲေတြထဲကုိ ခဲထည့္ၿပီးေရာင္းတာ” စသည့္ျဖင့္အမ်ားႀကီးပါ။အလိမ္ခံလုိက္ရတဲ့ စားသံုးသူေတြက သူတုိ႔ခံလုိက္ရတဲ့ အေၾကာင္းေတြ ေရးျပထားတဲ့စာေတြလည္းဂ်ာနယ္ေတြမွာ မၾကာခဏဖတ္ေနရပါတယ္။

တန္ဖုိးႀကီးတဲ့ ပစၥည္းေတြကုိ လိမ္ေရာင္းတဲ့သူေတြကလိမ္ေရာင္းသလုိ ၊ တန္ဖုိးနည္းတဲ့ ပစၥည္းေတြကုိလိမ္ေရာင္းတဲ့သူေတြကလည္း လိမ္ေရာင္းေနၾကတာပါပဲ။ဖရဲသီးေရာင္းတဲ့သူတစ္ေယာက္ဆုိရင္ေရခြက္ေလးထဲမွာေဆးသၾကားေလးေတြထည့္ထားပါသတဲ့။ဖရဲသီးလွီးတဲ့ဓားရဲ႕ဓားဦးေလးကုိ လည္းေဆးသၾကား ထည့္ထားတဲ့ ေရခြက္ေလးထဲ စုိက္ထားပါသတဲ့။

သာမန္အားျဖင့္ၾကည့္ရင္ ေရခြက္ထဲကုိ ဓားဦးေလးစုိက္ထားတဲ့ပံုစံေလးပါ။ေစ်းဝယ္သူလာတဲ့အခါ ဖရဲသီးကုိ နမူနာျမည္းၾကည့္ရေအာင္ ဆုိၿပီး ေဆးသၾကား တုိ႔ထားတဲ့ဓားဦးကေလးနဲ႔လက္တစ္ဆစ္စာေလာက္ကေလး ဝုိက္လွီးၿပီး၊ေကြၽးပါသတဲ့။ေစ်းဝယ္သူကလည္း“ဟယ္ …ခ်ဳိလုိက္တာ”ဆုိၿပီး ဝယ္သြားပါသတဲ့။ဒါေလးက ၾကားဖူးတာပါ။ေစ်းေရာင္းသူက ကုိယ္ေကာက္က်စ္လုိက္တာကုိေစ်းဝယ္သူ မသိဘူးဆုိၿပီး ကုိယ့္ကုိယ္ကုိယ္ေတာ့ဟုတ္လွၿပီ ထင္ေနမွာပါ။

ဒါေပမယ့္ က်န္တဲ့သူေတြတာ မသိရင္သာေနမယ္။ေစ်းေရာင္းသူကုိယ္တုိင္ေတာ့ သိေနခဲ့ပါၿပီ။ကုိယ့္ရဲ႕အျပဳအမူဟာ မဟုတ္မမွန္ဘူးဆုိတာလည္းသိတယ္။ သိလ်က္နဲ႔လည္း ျပဳမူတယ္ဆုိတာကုိယ္ရထားတဲ့ လူ႔ဘဝကုိ လံုးဝတန္ဖုိးမထားတာပါ။ကံဆုိတာျပဳၿပီးရင္ေျမာက္သြားတာပါ။ဘာမွ ျပန္လုပ္လုိ႔ မရေတာ့ပါဘူး။ေျမာက္သြားတဲ့ကံက အလကား ေနေတာ့မွာမဟုတ္ပါဘူး။အခြင့္အခါသင့္တာနဲ႔ ျပန္အက်ဳိးေပးေတာ့မွာပါ။ေကာက္က်စ္စဥ္းလဲတဲ့ကံေတြမ်ားရင္မ်ားသေလာက္အက်ဳိးေပးမွာပါ။

ကုိယ္က ျပဳၿပီး ၊စားေသာက္ၿပီး၊ ေမ့ခ်င္ေမ့ေနမယ္။ကံကေတာ့ မေမ့ပါဘူး။အခ်ိန္တန္ရင္ သူ႔အလုပ္သူလုပ္မွာပါ။အထက္မွာ ေကာက္က်စ္စဥ္းလဲစြာ ေစ်းေရာင္းခဲ့တဲ့ဝတၳဳေလးျပခဲ့လုိ႔ ေကာက္က်စ္စဥ္းလဲတဲ့အေၾကာင္းေတြေျပာေနရတာပါ။မွန္မွန္ကန္ကန္နဲ႔ ေမတၱာေစတနာအျပည့္နဲ႔ေစ်းေရာင္းေနၾကတဲ့ ေစ်းသည္ေတြလည္းအမ်ားႀကီးပါ။ကုိယ္ကမွန္မွန္ကန္ကန္ ေရာင္းခဲ့တဲ့အတြက္၊ေမတၱာေစတနာထားေရာင္းခဲ့တဲ့အတြက္၊ကုိယ္ျပဳခဲ့တဲ့ကံကလည္းအလကားေနမွာမဟုတ္ပါဘူး။သူ႔အက်ဳိးအားေလ်ာ္စြာ တုန္႔ျပန္မွာပါ။
bomgsaw

မြတ်စွာဘုရားလက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ“ဈေးသည်အမျိုးသမီး လေးယောက်”ရှိပါတယ်။သူတို့လေးယောက်မှာ လင်ယောက်ျား နဲ့သားသမီးတွေလည်းကိုယ်စီရှိကြပါတယ်။သူတို့က ထောပတ်၊ပျားရည်၊ဆန်၊ဆီ၊ဆားစသည်တွေကိုရောင်းပြီး လင်ယောက်ျားနဲ့သားသမီးတွေကို လုပ်ကျွေးနေကြတာပါ။ဒါပေမယ့် သူတို့ဈေးရောင်းချမှုဟာ မှန်ကန်မှုမရှိပါဘူး။အလေးခိုးသလို စဉ်းလဲကောက်ကျစ်တဲ့နည်းတွေနဲ့လည်းရောင်းလေ့ရှိပါတယ်

ဈေးကိုလည်း ပုံမှန်ဈေးထက် ၊ပိုပိုတင်ပြီးရောင်းတတ်ပါတယ်။ဒီလိုရောင်းတဲ့အတွက် စီးပွါးရေးကခဏလေးတွေနဲ့ တိုးတက်သွားပြီး၊ခြံကြီးကြီး ၊ အိမ်ကြီးကြီး တွေနဲ့ ဖြစ်သွားပါတယ်။စီးပွားရေးတွေ အဆင်ပြေနေဆဲကာလမှာပဲဈေးသည်အမျိုးသမီးလေးယောက်ဟာအကြောင်းမယ်မယ်ရရမရှိဘဲနဲ့ ရှေ့ဆင့်၊နောက်ဆင့်ကွယ်လွန်သွားကြပါသတဲ့။ကွယ်လွန်ပြီး ဘယ်ရောက်သွားသလဲဆိုတော့မြို့ကျုံးရဲ့ အပြင်ဘက်နားမှာ “ပြိတ္တာမ”တွေ သွားဖြစ်ပါသတဲ့။ဒီတော့ လူ့ပြည်မှာကျန်ခဲ့တဲ့ လင်ယောက်ျားလေးယောက်ကသူတို့ဇနီးတွေကို လွမ်းဆွေးတမ်းတမနေကြပါဘူး။

ကွယ်လွန်ပြီးမကြာခင်မှာဘဲ ယခင်ဇနီးဟောင်းတွေထက်ချောတဲ့ငယ်တဲ့ ဇနီးသစ်ကလေးတွေကို ကိုယ်စီကောက်ယူလိုက်ကြပါသတဲ့။ပြီးတော့ ဇနီးဟောင်းတွေရှာခဲ့တဲ့ ပစ္စည်းတွေကိုဇနီးသစ်ကလေးတွေနဲ့ ဒူးနံှ့ပြီး သုံးဆောင်ခံစားနေကြပါသတဲ့။ပြိတ္တာဖြစ်နေတဲ့ ဈေးသည် မိန်းမလေးယောက်ဟာသူတို့ရှာဖွေခဲ့တဲ့ပစ္စည်းလေးတွေကို ခင်ပွန်းလောင်းနဲ့ နောက်မိန်းမ ကပျော်ပျော်ပါးပါးခံစားသုံးဆောင်နေကြတာတွေ့ရတော့ ပြိတ္တာဖြစ်နေလို့ စိတ်ဆင်းရဲနေရတဲ့အထဲ၊“လုပ်ရက်လေခြင်း” ဆိုပြီး ပိုစိတ်ဆင်းရဲသွားကြပါသတဲ့။ဒါကြောင့် ကျုံးအပြင်ဘက်ကနေမြို့ထဲကလူတွေကြားအောင် အသံဆိုးကြီးတွေနဲ့လှမ်းလှမ်းအော်ပါတော့တယ်။

ဘယ်လိုအော်သလဲဆိုတော့…●“ငါတို့ဟာ လိမ်လည်ကောက်ကျစ်ပြီး ဈေးရောင်းခဲ့တဲ့အတွက်ပြိတ္တာမတွေဖြစ်နေရတယ်။ငါတို့ရှာခဲ့တဲ့ ပစ္စည်းတွေကိုတော့ခင်ပွန်းဟောင်းတွေက နောက်မိန်းမငယ်လေးတွေနဲ့ ခံစားပျော်ပါးနေကြတယ်။ဥစ္စာပစ္စည်းရှာခဲ့တဲ့ ငါတို့မှာတော့ ကိုယ်ရှာခဲ့တာမသုံးဆောင်ရဘဲ၊ဆင်းရဲဒုက္ခမျိုးစုံနဲ့ ကြုံနေရတယ်”လို့အော်ကြပါတယ်။ညညဆို ကျုံးအပြင်ဘက်ကနေ အသံဆိုးကြီးတွေနဲ့ လှမ်းလှမ်းအော်နေတော့ ၊ မြို့ထဲမှာနေကြတဲ့သူတွေကထိတ်လန့်ကုန်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားအမှူးရှိတဲ့ သံဃာတော်တွေကိုပင့်ပြီး ဆွမ်းကပ်၊ဆွမ်းကပ်ပြီးတဲ့အခါကျတော့မြတ်စွာဘုရားကို ကျုံးအပြင်ဖက်ကလှမ်းလှမ်းအော်နေကြတဲ့အကြောင်း လျှောက်ပြကြပါတယ်။ဒီတော့ မြတ်စွာဘုရားက“ဒကာတို့ ဒီအသံတွေက သင်တို့ကိုအန္တရာယ်ပြုမယ့် အသံတွေ မဟုတ်ပါဘူး။ပြိတ္တာမလေးယောက်ဆင်းရဲခြင်းတွေ နှိပ်စက်နေလို့အော်နေကြတာပါ။”လို့မိန့်တော်မူပြီးဖြစ်ကြောင်းကုန်စင်ကို မြတ်စွာဘုရားက ပြန်ဟောပြပါတယ်။

မြတ်စွာဘုရားက တဆက်တည်းမှာ သစ္စာလေးပါးကိုဆက်ဟောပြပေးပါတယ်။တရားဆုံးမှာတော့ တရားနာပရိသတ်တွေသောတာပတ္တိဖိုလ်စတဲ့ တရားထူးတွေရသွားကြပါတယ်။စာထဲမှာတော့ ဈေးသည်ပြိတ္တာမလေးယောက်ပါ။တရားထူးရသွားတယ်လို့ပြမထားပါဘူး။တခြားအဖွင့်တွေမှာပြထားရင်တော့ မပြောတတ်ပါဘူး။ဘာပဲပြောပြော စဉ်းလဲကောက်ကျစ်တဲ့နည်းတွေနဲ့ဈေးရောင်းတဲ့အတွက် သေတဲ့အခါပြိတ္တာဖြစ်သွားရတာကတော့ အမှန်ပါပဲ။

ဒီခေတ်တွေမှာလည်းတစ်ချို့ပုဂ္ဂိုလ် တွေဟာစဉ်းလဲကောက်ကျစ်တဲ့ နည်းမျိုးစုံနဲ့ဈေးရောင်းနေကြတာတွေရှိပါတယ်။“ကားကိုလိမ်ရောင်းတာ၊တီဗွီကိုလိမ်ရောင်းတာ၊ထီကိုလိမ်ရောင်းတာ၊ကြက်သားကိုရေထိုးပြီးရောင်းတာ၊
ပဲတွေထဲကို ခဲထည့်ပြီးရောင်းတာ” စသည့်ဖြင့်အများကြီးပါ။အလိမ်ခံလိုက်ရတဲ့ စားသုံးသူတွေက သူတို့ခံလိုက်ရတဲ့ အကြောင်းတွေ ရေးပြထားတဲ့စာတွေလည်းဂျာနယ်တွေမှာ မကြာခဏဖတ်နေရပါတယ်။

တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို လိမ်ရောင်းတဲ့သူတွေကလိမ်ရောင်းသလို ၊ တန်ဖိုးနည်းတဲ့ ပစ္စည်းတွေကိုလိမ်ရောင်းတဲ့သူတွေကလည်း လိမ်ရောင်းနေကြတာပါပဲ။ဖရဲသီးရောင်းတဲ့သူတစ်ယောက်ဆိုရင်ရေခွက်လေးထဲမှာဆေးသကြားလေးတွေထည့်ထားပါသတဲ့။ဖရဲသီးလှီးတဲ့ဓားရဲ့ဓားဦးလေးကို လည်းဆေးသကြား ထည့်ထားတဲ့ ရေခွက်လေးထဲ စိုက်ထားပါသတဲ့။

သာမန်အားဖြင့်ကြည့်ရင် ရေခွက်ထဲကို ဓားဦးလေးစိုက်ထားတဲ့ပုံစံလေးပါ။ဈေးဝယ်သူလာတဲ့အခါ ဖရဲသီးကို နမူနာမြည်းကြည့်ရအောင် ဆိုပြီး ဆေးသကြား တို့ထားတဲ့ဓားဦးကလေးနဲ့လက်တစ်ဆစ်စာလောက်ကလေး ဝိုက်လှီးပြီး၊ကျွေးပါသတဲ့။ဈေးဝယ်သူကလည်း“ဟယ် …ချိုလိုက်တာ”ဆိုပြီး ဝယ်သွားပါသတဲ့။ဒါလေးက ကြားဖူးတာပါ။ဈေးရောင်းသူက ကိုယ်ကောက်ကျစ်လိုက်တာကိုဈေးဝယ်သူ မသိဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ်တော့ဟုတ်လှပြီ ထင်နေမှာပါ။

ဒါပေမယ့် ကျန်တဲ့သူတွေတာ မသိရင်သာနေမယ်။ဈေးရောင်းသူကိုယ်တိုင်တော့ သိနေခဲ့ပါပြီ။ကိုယ့်ရဲ့အပြုအမူဟာ မဟုတ်မမှန်ဘူးဆိုတာလည်းသိတယ်။ သိလျက်နဲ့လည်း ပြုမူတယ်ဆိုတာကိုယ်ရထားတဲ့ လူ့ဘဝကို လုံးဝတန်ဖိုးမထားတာပါ။ကံဆိုတာပြုပြီးရင်မြောက်သွားတာပါ။ဘာမှ ပြန်လုပ်လို့ မရတော့ပါဘူး။မြောက်သွားတဲ့ကံက အလကား နေတော့မှာမဟုတ်ပါဘူး။အခွင့်အခါသင့်တာနဲ့ ပြန်အကျိုးပေးတော့မှာပါ။ကောက်ကျစ်စဉ်းလဲတဲ့ကံတွေများရင်များသလောက်အကျိုးပေးမှာပါ။

ကိုယ်က ပြုပြီး ၊စားသောက်ပြီး၊ မေ့ချင်မေ့နေမယ်။ကံကတော့ မမေ့ပါဘူး။အချိန်တန်ရင် သူ့အလုပ်သူလုပ်မှာပါ။အထက်မှာ ကောက်ကျစ်စဉ်းလဲစွာ ဈေးရောင်းခဲ့တဲ့ဝတ္ထုလေးပြခဲ့လို့ ကောက်ကျစ်စဉ်းလဲတဲ့အကြောင်းတွေပြောနေရတာပါ။မှန်မှန်ကန်ကန်နဲ့ မေတ္တာစေတနာအပြည့်နဲ့ဈေးရောင်းနေကြတဲ့ ဈေးသည်တွေလည်းအများကြီးပါ။ကိုယ်ကမှန်မှန်ကန်ကန် ရောင်းခဲ့တဲ့အတွက်၊မေတ္တာစေတနာထားရောင်းခဲ့တဲ့အတွက်၊ကိုယ်ပြုခဲ့တဲ့ကံကလည်းအလကားနေမှာမဟုတ်ပါဘူး။သူ့အကျိုးအားလျော်စွာ တုန့်ပြန်မှာပါ။

bomgsaw

No comments:

Post a Comment