Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 23, 2019

အရက္မူးၿပီးေသာင္းက်န္းသည့္ကပၸိယကို ကိုရင္ႀကီးက တုတ္ျဖင့္ရိုက္သတ္




ဘုန္းႀကီးေက်ာင္းတြင္ အရက္မူးၿပီးေသာင္းက်န္းသည့္ ကပၸိယကို ကိုရင္ႀကီးက တုတ္ျဖင့္ရိုက္သတ္ / မဂၤလာဒုံၿမိဳ႕နယ္ရွိ ဘုန္းႀကီးေက်ာင္းတြင္ အရက္မူးၿပီးေသာင္းက်န္းသည့္ ကပၸိယႏွင့္ဒုလႅဘဝတ္ ကိုရင္ႀကီးတို႔ စကားမ်ားၾကရာမွ ကိုရင္ႀကီးက ကပၸိယအား တုတ္ျဖင့္ရိုက္သတ္မိမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီးမဂၤလာဒံုၿမိဳ႕နယ္ေရႊနံ႔သာေက်းရြာအုပ္စု၊ ေပါင္းငူညာဏအပိုင္၊ ေဒၚငိုတံတားရပ္ကြက္၊ မေနာသုခလမ္းရွိနႏၵိယာရာမဘုန္းႀကီးေက်ာင္းဝန္းအတြင္း ေနထိုင္သူ ကပၸိယႀကီး ဦးေဇာ္ေလး(ခ)ေဇာ္ေဇာ္ လင္း၊(၅၅) ႏွစ္ ကိုဒုလႅဘဝတ္ကိုရင္ႀကီးပညာသီရိ၊ (၂၂)ႏွစ္က ဇန္နဝါရီလ ၂၂ ရက္၊ ည ၉ နာရီ ၄၅ မိနစ္ခန္႔ ကစကားမ်ားရန္ျဖစ္ၾကရာမွ တုတ္ျဖင့္ရိုက္လိုက္လိုက္ျခင္းျဖစ္ေၾကာင္း ပုလဲၿမိဳ႕သစ္ အရန္မီးသတ္တပ္ဖြဲ႔မွ သိရသည္။


“ဘုန္းႀကီးေက်ာင္းမွာ လူတစ္ေယာက္ေသြးအိုင္ထဲလဲေနလို႔ ဆရာေတာ္က ေခၚခိုင္းလိုက္လို႔ပါဆိုၿပီး ဆိုင္ကယ္သမားက အစ္ကိုတို႔ဆီ အကူအညီလာေတာင္းတယ္။ ဟိုေရာက္ေတာ့ အဲဒီေက်ာင္းက ကပၸိယ ျဖစ္ေနတယ္။ ျဖစ္စဥ္ကိုေမးေတာ့ ကပၸိယကမူးၿပီး ေက်ာင္းမွာေသာင္းက်န္းတယ္ေပါ့။ အဲဒါကို ကိုရင္ႀကီးကမခံႏိုင္ေတာ့ရန္ျဖစ္ၾကတယ္ရန္ျဖစ္ရင္းရိုက္လိုက္တာေပါ့”ဟုပုလဲၿမိဳ႕သစ္အရန္မီးသတ္တပ္ဖြဲ႔မွ မီးသတ္စခန္းမွဴး ကိုထင္လင္းေအာင္ က သတင္းဌာနသို႔ေျပာသည္။

တုတ္ျဖင့္ အရိုက္ခံရမႈေၾကာင့္ ကပၸိယႀကီးဦးေဇာ္ေလး(ခ ေဇာ္ေဇာ္လင္းတြင္ ေနာက္စိပြင့္ထြက္ ဒဏ္ရာ မ်က္လုံးထဲသစ္သားစစိုက္ဝင္ဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားသျဖင့္ အင္းစိန္ေဆးရုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

“လက္ရွိမွာေတာ့ ဖမ္းဆီးစစ္ေဆးေနပါတယ္။ အရိုက္ခံရလို႔ ကပၸိယႀကီးက ေသဆုံးသြားတယ္ သူတို႔ရန္ျဖစ္တာကို ဝင္တားတဲ့ ကပၸိယႀကီးမိန္းမလည္း ဒဏ္ရာရခဲ့တယ္။ စိုးရိမ္ရတဲ့ အေျခအေနေတာ့ မရွိပါဘူး”ဟု ေထာက္ၾကန္႔နယ္ေျမရဲစခန္းမွ စခန္းမွဴးရဲအုပ္ၾကည္စိုးသန္႔က ေျပာသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ဒုလႅဘဝတ္ကိုရင္ႀကီး ပညာသီရိ၊ (၂၂)ႏွစ္ကို ေထာက္ၾကန္႔နယ္ေျမရဲစခန္း၌ (ပ)၆၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂/၃၂၃ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဓာတ္ပုံ-ပုလဲၿမိဳ႕သစ္အရန္မီးသတ္တပ္ဖြဲ႔ ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

# Unicode Version ျဖင့္ ဖတ္ပါ #

ဘုန်းကြီးကျောင်းတွင် အရက်မူးပြီးသောင်းကျန်းသည့် ကပ္ပိယကို ကိုရင်ကြီးက တုတ်ဖြင့်ရိုက်သတ် / မင်္ဂလာဒုံမြို့နယ်ရှိ ဘုန်းကြီးကျောင်းတွင် အရက်မူးပြီးသောင်းကျန်းသည့် ကပ္ပိယနှင့်ဒုလ္လဘဝတ်ကိုရင်ကြီးတို့ စကားများကြရာမှ ကိုရင်ကြီးက ကပ္ပိယအား တုတ်ဖြင့်ရိုက်သတ်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်ရွှေနံ့သာကျေးရွာအုပ်စု၊ ပေါင်းငူညာဏအပိုင်၊ ဒေါ်ငိုတံတားရပ်ကွက်၊ မနောသုခလမ်းရှိနန္ဒိယာရာမဘုန်းကြီးကျောင်းဝန်းအတွင်း နေထိုင်သူ ကပ္ပိယကြီး ဦးဇော်လေး(ခ)ဇော်ဇော် လင်း၊(၅၅) နှစ် ကိုဒုလ္လဘဝတ်ကိုရင်ကြီးပညာသီရိ၊ (၂၂)နှစ်က ဇန်နဝါရီလ ၂၂ ရက်၊ ည ၉ နာရီ ၄၅ မိနစ်ခန့် ကစကားများရန်ဖြစ်ကြရာမှ တုတ်ဖြင့်ရိုက်လိုက်လိုက်ခြင်းဖြစ်ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

“ဘုန်းကြီးကျောင်းမှာ လူတစ်ယောက်သွေးအိုင်ထဲလဲနေလို့ ဆရာတော်က ခေါ်ခိုင်းလိုက်လို့ပါဆိုပြီး ဆိုင်ကယ်သမားက အစ်ကိုတို့ဆီ အကူအညီလာတောင်းတယ်။ ဟိုရောက်တော့ အဲဒီကျောင်းက ကပ္ပိယ ဖြစ်နေတယ်။ ဖြစ်စဉ်ကိုမေးတော့ ကပ္ပိယကမူးပြီး ကျောင်းမှာသောင်းကျန်းတယ်ပေါ့။ အဲဒါကို ကိုရင်ကြီးကမခံနိုင်တော့ရန်ဖြစ်ကြတယ်ရန်ဖြစ်ရင်းရိုက်လိုက်တာပေါ့”ဟုပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်စခန်းမှူး ကိုထင်လင်းအောင် က သတင်းဌာနသို့ပြောသည်။

တုတ်ဖြင့် အရိုက်ခံရမှုကြောင့် ကပ္ပိယကြီးဦးဇော်လေး(ခ ဇော်ဇော်လင်းတွင် နောက်စိပွင့်ထွက် ဒဏ်ရာ မျက်လုံးထဲသစ်သားစစိုက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“လက်ရှိမှာတော့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ အရိုက်ခံရလို့ ကပ္ပိယကြီးက သေဆုံးသွားတယ် သူတို့ရန်ဖြစ်တာကို ဝင်တားတဲ့ ကပ္ပိယကြီးမိန်းမလည်း ဒဏ်ရာရခဲ့တယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး”ဟု ထောက်ကြန့်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ကြည်စိုးသန့်က ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒုလ္လဘဝတ်ကိုရင်ကြီး ပညာသီရိ၊ (၂၂)နှစ်ကို ထောက်ကြန့်နယ်မြေရဲစခန်း၌ (ပ)၆၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၃ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဓာတ်ပုံ-ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့ နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

No comments:

Post a Comment