Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 6, 2019

ရဲကင်းစခန်းတွေကိုAA(ရက္ခိုင့်တပ်မတော်)က ၀င်တိုက်တဲ့ သီးသန့် ဗီဒီယိုဖိုင်ကို ဘင်္ဂလားဒ်ေရှ့် သတင်းဌာနက ထုတ်ပြန်

ရဲကင်းစခန်းတွေကို အေအေ က ၀င်တိုက်တဲ့ သီးသန့် ဗီဒီယိုဖိုင်ကို ဘင်္ဂလားဒ်ေရှ့် သတင်းဌာနက ထုတ်ပြန်လိုက်ပါတယ်။buchidong fight လို့ခေါင်းစဉ်တပ်ထားတဲ့ဒီဗီဒိယိုဖိုင်ကို poriborton ဆိုတဲ့ဝက်ဆိုက်မှာ တင်ထားတာဖြစ်ပြီး စခန်းကိုဝင်စီးစဉ် ရခိုင်လိုပြောဆိုနေကြတဲ့အသံများကို ကြားရသလို တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲတပ်သားတစ်ယောက်ရဲ့ မျက်နှာကို အနီးကပ်ဆွဲပြထားတာတွေ့ရပါတယ်။
ရဲသား ၁၄ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ရဲတပ်သားတစ်ဦးကို ဆေးထိုးပေးတာကိုလည်းတွေ့ရပါတယ်။

ဒီသတင်းထဲမှာ AA ရက္ခိုင်တပ်မတော်ကို The Buddhist extremist group from the Arakan Army (AA)  করে গত ডিসেম্বর থেকে সেখানে বৌদ্ধ উগ্রপন্থী গোষ্ঠী দ্য আরাকান আর্মি’র (এএ) সঙ্গে ရခိုင်မှအစွန်းရောက်ဗုဒ္ဓဘာသာအဖွဲ့လို့ အမည်တပ်ထားတာလည်းတွေ့ရပါတယ်။

ဒီဗီဒီယိုဖိုင်ဟာ AA ရဲဘော်ကရိုက်ပြီး ဒီသတင်းဌာနကိုပို့တဲ့ဗီဒီယိုဖိုင်လား၊ဒါမှမဟုတ် အဲဒီသတင်းဌာနက သတင်းထောက် က ဒီတိုက်ပွဲကိုလိုက်ပါလာပြီး ရိုက်ကူးခဲ့လေသလားဆိုတာ စိတ်ဝင်စားဖွယ်ပါပဲ။

ရက္ခိုင့်တပ်မတော် (အေအေ)တပ်ဖွဲ့ဝင်တွေကို ဘူးသီးတောင်မြို့နယ် တောင်ပဇာနယ်မြေရဲစခန်းမှာ 
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ၊ လက်နက် အရေးပေါ်ပြစ်ဒဏ်စီရင်မှုယာယီအက်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။