Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 18, 2019

AA ကို ေခ်မႈန္းရန္ ေဒၚေအာင္ဆန္းစုၾကည္ ၫႊန္ၾကားခဲ့

တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးေဆာင္ရြက္ခ်က္မ်ား၊ ရခိုင္ျပည္နယ္တြင္ AA ႏွင့္ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားႏွင့္ ပတ္သက္၍ သတင္းစာ႐ွင္းလင္းပြဲကို ယေန႔(ဇန္နဝါရီ ၁၈)၊ ေန႔လည္ နာရီတြင္ ေနျပည္ေတာ္႐ွိ စစ္သမိုင္းျပတိုက္တြင္ က်င္းပျပဳလုပ္ခဲ့ပါတယ္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္မွ AA သည္ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႔သာျဖစ္ၿပီး ထိထိေရာက္ေရာက္ လ်င္လ်င္ျမန္ျမန္ျပတ္ျပတ္သားသားေခ်မႈန္းရန္ မွာၾကားခဲ့သည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကာေရးအဖြဲ႔က ေျပာၾကားသည္။
ယေန႔ ေနျပည္ေတာ္၊ စစ္သမိုင္းျပတိုက္တြင္ က်င္းပျပဳျပဳလုပ္သည့္ တပ္မေတာ္သတင္းစာ႐ွင္းလင္းပြဲတြင္ သတင္းမီဒီယာမ်ားအား ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။
The Fifth Wave News
...........................
ဖြဲ့စည္းပံုအေျခခံဥပေဒအရ ေရြးေကာက္ခံအစိုးရဟာ စစ္ဆင္ေရးေတြကိုညႊန္ၾကားခြင့္မရွိသလိုထိန္းခ်ဳပ္ခြင့္မရွိတာေၾကာင့္ "ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္မွ AA သည္ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႔သာျဖစ္ၿပီး ထိထိေရာက္ေရာက္ လ်င္လ်င္ျမန္ျမန္ျပတ္ျပတ္သားသားေခ်မႈန္းရန္ " မွာၾကားခဲ့သည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကာေရးအဖြဲ႔က ေျပာၾကားခ်က္ဟာမွန္ကန္ပါရဲ့လား ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။
...........................

Unicode

တပ်မတော်၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်တွင် AA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့(ဇန်နဝါရီ ၁၈)၊ နေ့လည် နာရီတွင် နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ AA သည် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သာဖြစ်ပြီး ထိထိရောက်ရောက် လျင်လျင်မြန်မြန်ပြတ်ပြတ်သားသားချေမှုန်းရန် မှာကြားခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့က ပြောကြားသည်။
ယနေ့ နေပြည်တော်၊ စစ်သမိုင်းပြတိုက်တွင် ကျင်းပပြုပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများအား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

The Fifth Wave News

No comments:

Post a Comment