Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 3, 2019

(၇)ရက္သားသမီးတစ္ပတ္စာေဟာစာတမ္း – 03.1.2019 မွ 09.1.2019 အထိ


တနဂၤေႏြ

ဒီကာလမွာ အခက္အခဲအၾကပ္အတည္းေတြကို ေရွာင္ရွားသြားတာမ်ိဳးေတြမလုပ္ပါနဲ႔။ ရဲရဲရင္ဆိုင္ေျဖရွင္း လိုက္ပါ။ အထက္လူႀကီးေတြက ခက္ခဲပင္ပန္းတဲ့အလုပ္ေတြကို မိမိကိုပဲခိုင္းေစေနတတ္ပါတယ္။ မိတ္ေဆြေတြရဲ့ အကူအညီမရဘဲနဲ႔ တစ္ေယာက္တည္းေျဖရွင္းေနရတတ္ပါတယ္။

က်န္းမာေရးကေတာ့ ေကာင္းမြန္စြာနဲ႔ ေနသာ ထိုင္သာရွိေနပါလိမ့္မယ္။ အေနအထုိင္အစားအေသာက္မဆင္ျခင္တဲ့သူေတာင္မွ က်န္းမာေရးအတြက္စိုးရိမ္ဖို႔ ေတာ့မလိုေသးပါဘူး။

တပည့္လက္သားေတြက မိမိကိုသူတို႔ရဲ့ကိုယ္စြမ္းဥာဏ္စြမ္းရွိသေလာက္ ၀ိုင္း၀န္လုပ္ကိုင္ေပး ေနတတ္ပါတယ္။ ဒါေၾကာင့္လဲ ကိုယ္ပိုင္အလုပ္မ်ား တပည့္လက္သားေတြနဲ႔ မ်က္နွာလႊဲထားႏုိင္ပါလိမ့္မယ္။ အလုပ္ေျပာင္းအိမ္ေျပာင္းဆိုတာ ေတြကေတာ့ အဆင္ေျပပါလိမ့္မယ္။

အိမ္ေထာင္ေရးမွာေတာ့ အဘက္ဘက္က သာယာေနပါလိမ့္မယ္။ အခ်စ္ေရးကံေတာ့ ဒီအပတ္အတြင္း ခ်စ္သူရဲ့အလိုက္လိုက္ျခင္းမ်ား၊ လိုခ်င္တာ ၀ယ္ေပးျခင္းမ်ားလဲ ႀကံဳေနရတတ္ ပါတယ္။ ပညာေရးကေတာ့ ႀကိဳးစားမႈေပၚကိုအေျခခံပါတယ္။

အက်ိဳးေပးဂဏန္း-6/4/2…..အထူးေဟာ ကံညံ့ေနမည္။ ယၾတာ …..နီးစပ္ရာေစတီရဲ့ တနဂၤေႏြေထာင့္မွာ ထီးနီတစ္လက္လွဴဒါန္းလိုက္ပါ။



တနလၤာ

ဒီကာလအတြင္းအေျခအေနေကာင္း ရလဒ္ေကာင္းေတြရွိပါလိမ္မ့ယ္။ မိမိဆံုးျဖတ္ခ်က္ေတြက ေတြေ၀ေန တတ္ပါတယ္။ စား၀တ္ေနေရးေျပလည္ဖို႔ေငြေနာက္ပဲလိုက္ရမလား ။ပညာရမဲ့အလုပ္ေတြပဲလုပ္ရမလားစသည္ျဖင့္ ေတြေ၀ဒိြဟျဖစ္ရတာေတြမ်ားတတ္ပါတယ္။

ရပ္ေ၀းသြားၿပီး စီးပြားရွာျခင္းမ်ား ရလဒ္ေတြေကာင္းဖို႔မလြယ္ပါဘူး။ ေငြကုန္ေၾကးက်ေတြမ်ားေနရတတ္ပါတယ္။ တစ္ခုေကာင္းတာကေတာ့ အဓိဌာန္၀င္ျခင္းေတြ၊ ေစတီေတြလွည့္ၿပီး ပုတိီးစိပ္တာမ်ိဳးေတြကေတာ့ ဒီေန႔ရက္ေတြမွာလုပ္ေဆာင္မယ္ဆိုရင္ အက်ိဳးထူးတတ္ပါတယ္။

သံေယာဇဥ္ အရမ္း မ်ားေနသူဆိုအလုပ္မျဖစ္ပါဘူး။ အလုပ္ေပၚအာရံုစိုက္နိုင္မွာမဟုတ္ပါဘူး။ က်န္းမာေရးကေတာ့ အညံ့အဆိုးမေတြ႔ ေလာက္ေအာင္နည္းပါတယ္။ က်န္းမာေရးေကာင္းမွာပါ။ စပ္တူအလုပ္ေတြဆို ရွယ္ယာ၀င္ေတြႏႈတ္ထြက္သြား တတ္ပါတယ္။

အိမ္ေထာင္ေရးကေတာ့ အိမ္ေထာင္ဘက္က အိမ္မကပ္တာမ်ိဳးေတြရွိေနတတ္ပါတယ္။ အခ်စ္ေရး ကေတာ့ အေကာငး္ဘက္ကို မ်ားပါတယ္။ ခ်စ္လြန္းအားႀကီးၿပီး သ၀န္တိုတဲ့ကိစၥေတြေပၚလာရင္ေတာ့ ျပႆနာျဖစ္ရ တတ္ပါတယ္။ပညာေရးအထူးေကာင္းမည္။

အက်ိဳးေပးဂဏန္း 0/6/3…..အထူးေဟာ ဆံဳးျဖတ္ခ်က္ေတြခိုင္မာဖို႔လိုပါတယ္။ ယၾတာ……သရက္သီးေဖ်ာ္ရည္ဘုရားကပ္လွဴလိုက္ပါ။



အဂၤါ

ဒီကာလေတြမွာေတာ့ မိမိလုိခ်င္တာေတြကိုျဖစ္ေအာင္လုပ္တတ္ပါတယ္။ မိမိစိတ္ကိုယ္က ျပတ္သားေန တာကေတာ့ ေအာင္ျမင္မႈကို ေဖာ္ေဆာင္ေပးပါလိမ့္မယ္။ ရဲရဲေတြး ၊ရဲရဲလုပ္တဲ့သူေတြကေတာ့ အဆင္ေျပေနပါ လိမ့္မယ္။ စထားၿပီး ၿပီးဆံုးေအာင္မလုပ္ျဖစ္ေသးတဲ့ကိစၥေတြကို ဒီေန႔မွာျပန္လည္လုပ္ကို္င္ၾကည့္လိုက္ပါ။

ေသခ်ာ ေပါက္အဆင္ေျပတတ္ပါတယ္။ စက္ကားမ်ား၀ယ္မယ္ဆိုရင္လဲ ဒီေန႔ရက္ေတြမွာ၀ယ္လို႔အလြန္ပဲေကာင္းေနတတ္ ပါတယ္။သူတစ္ပါးေတြရဲ့ျပႆနာမ်ား အခက္အခဲမ်ားကို မိမိက အႀကံေပးလိုက္တာနဲ႔ အဆင္ေျပသြားတတ္ပါ တယ္။

က်န္းမာေရးကေတာ့ ခရီးသြားရာကေန ေရေျပာင္းေျမေျပာင္းျဖစ္ၿပီးေတာ့ က်န္းမာေရးကေတာ့ညံ့သြား တတ္ပါတယ္။ မိတ္ေဆြေကာင္း၊သူငယ္ခ်င္းေကာင္းေတြရဲ့ အကူအညီအေထာက္အပံ့ေတြရလာတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အနည္းငယ္ကေတာက္ကဆေတြမ်ားေနရတတ္ပါတယ္။

အခ်စ္ေရးကေတာ့ ခ်စ္သူနဲ႔ နားလည္မႈေတြ ၊စိတ္၀မ္းကြဲရတတ္ပါတယ္။ ပညာေရးကေတာ့ ေကာင္းေန၊အဆင္ေျပေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း -3/5/8…အထူးေဟာ အလုပ္စီးပြားေတြအဆင္ေျပေနပါလိမ့္မယ္။ ယၾတာ …..အသုပ္စံုဘုရားကပ္လွဴလိုက္ပါ။



ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းမွာေတာ့ မိမိအေပၚမေကာင္းၾကံၾကသူေတြမ်ားေနတတ္ပါတယ္။ မိမိကအလိုက္တသိေန တတ္ထိုင္တတ္တဲ့အတြက္ အထက္လူႀကီးနဲ႔အဆင္ေျပ၊အလုပ္ေတြနဲ႔ေအာင္ျမင္ေနတာကို မနာလိုတာမ်ိဳးရွိေန တတ္ပါတယ္။ လူအ၀င္မေတာ္ပါဘူး၊ ညအိပ္ဧည့္သည္လာရင္ ဘုရားခန္းမွာ မအိပ္ခိုင္းပါနဲ႔။

အလုပ္ေတြေကာင္း ေနေပမဲ့ ခ်ဲ႕ထြင္တာမ်ိဳး၊ေငြအရမ္းျမဳပ္ေအာင္ အလုပ္ထဲေငြထည့္လိုက္တာမ်ိဳးေတြေရွာင္လုိက္ေစခ်င္ပါတယ္။ က်န္းမာေရးကေတာ့ အေကာင္းမ်ားပါတယ္။ အထုိင္မ်ားသူမ်ားေတာ့ ဆီးခ်ဳပ္၊၀မ္းခ်ဳပ္ျဖစ္ေနရတတ္ပါတယ္။ ေရႊ၀ယ္လို႔လံုး၀မေကာင္းေသးပါဘူး။

အေရာင္းအ၀ယ္လုပ္သူမ်ား သူမ်ားနဲ႔လက္လႊဲမေရာင္းခိုင္းပါနဲ႔။ ပြဲစားထက္ ပိုင္ရွင္နဲ႔တိုက္ရိုက္ေရာင္း၀ယ္ျခင္းမ်ားျပဳလုပ္ပါ။ မိမိ၀န္ထမ္းမ်ား အလုပ္ထြက္တာမ်ိဳးေတြႀကံဳရတတ္ပါတယ္။ အိမ္ေထာင္ေရးကံ အနည္းငယ္ညံ့ေနတတ္ပါတယ္ ။

အိမ္ေထာင္ဘက္က အနည္းငယ္ရႈပ္ခ်င္တာမ်ိဳးေတြ ေတြ႔ရ တတ္ပါတယ္။ အခ်စ္ေရးသာယာအဆင္ေျပပါလိမ့္မယ္။ ဒါေပမဲ့ေတြ႔ဖို႔ခ်ိန္းထားရင္ပ်က္ရတတ္ပါတယ္။ ပညာေရး အားနည္းခ်က္ေတြမ်ားေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 4/6/5….အထူးေဟာ အလုပ္မ်ားေနတတ္ပါတယ္။ ယၾတာ …စံပယ္ပန္းဘုရားကပ္လွဴပါ….။



ၾကာသပေတး

ဒီကာလအတြင္း အလုပ္စီးပြားမ်ား ေျဖးေျဖးမွန္မွန္နဲ႔ေတာ့တိုးတတ္ေနပါလိမ့္မယ္။ စိတ္ရွည္သည္းခံ ေလအဘက္ဘက္က ေအာင္ျမင္မႈရေလပါပဲ။ ေဖ်ာ္ေျဖေရးနဲ႔ဆိုင္ေသာ sound boxမ်ား၊တီဗီ ၊dvdစက္မ်ား စတာေတြပ်က္လြယ္တဲ့ကာလပါပဲ။ ကုန္သြယ္မႈလုပ္ငန္းမ်ား လိုခ်င္တဲ့ေစ်းရဖို႔ခက္ခဲ ၾကန္႔ၾကာေနတတ္ပါတယ္။

မိမိစိတ္ကူးအတိုင္းဇြတ္လုပ္၍မရေပ။ အထက္လူၾကီး ဒါမွမဟုတ္ မိဘအႀကီးအကဲေတြနဲ႔ တုိင္ပင္ၿပီး လုပ္ကိုင္တာအေကာင္းဆံုးပါပဲ။ အစြမ္းအစမ်ား ထုတ္ျပခ်င္တဲ့စိတ္မ်ိဳးျဖစ္ေပၚေနရင္ဒီကာလမွာ ခဏေတာ့ မ်ိဳသိပ္ထားလိုက္ပါ။ က်န္းမာေရးမွာေတာ့ စိတ္ေၾကာင့္ရတဲ့ ေရာဂါမ်ိဳးျဖစ္လြယ္ပါတယ္။

က်န္းမာေရးနဲ႔ ပက္သက္ၿပီး စိတ္ထဲအစြဲမထားပါနဲ႔။ဥပါဒါန္ေၾကာင့္ ဥပဒ္ေရာက္တတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ နည္းနည္းေတာ့ အဆင္မေျပစရာႀကံဳရတတ္ပါတယ္။ အခ်စ္ေရးကံေတာ့ သ၀န္တိုၿပီး စြပ္စြဲေနတဲ့ခ်စ္သူကို မိမိက ခြင့္လြတ္ေပးလိုက္ပါ။ ပညာေရးမွာ မိမိကိုယ္တုိင္က စိတ္မႏွစ္ထားႏိုင္တာမ်ိဳး ျဖစ္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္္း 5/7/6…..အထူးေဟာ စိတ္ပင္ပန္းရတတ္ပါတယ္။ ယၾတာ ….သစၥာပန္း ဘုရားကပ္လွဴဆုေတာင္းပါ။



ေသာၾကာ

ခရီးမ်ားေနပါတယ္။ မိမိအတြက္ အက်ိဳးအျမတ္မ်ားမဲ့ခရီးမ်ိဳးေတြႀကံဳရေတြ႔ရႏိုင္ပါတယ္။ ဆန္႔က်င္ဘက္ လိင္ေတြရဲ့ အကူအညီေတြ အေထာက္အပံ့ေတြဆိုတာမ်ိဳးႀကံဳရေတြ႔ရတတ္ပါတယ္။ ေငြေၾကးကံေကာင္း ေနပါ လိမ့္မယ္။ အေပ်ာ္အပါးမ်ားလဲ ေတြ႔ရႀကံဳရတတ္ပါတယ္။

အေပ်ာ္ကေန အပ်က္မျဖစ္ဖို႔ေတာ့ သတိ ထားရပါ လိမ့္မယ္။မိမိေတြးသိထားသလိုမ်ိဳးမဟုတ္ဘဲ နယ္ပယ္သစ္ အခြင့္အေရးသစ္ဆိုတာမ်ိဳးႀကံဳဆံုရႏိုင္ပါတယ္။ မိမိက သာပါးနပ္လိမၼာသူဆိုရင္ေတာ့အခြင့္အေရးေတြကို လက္မလြတ္ဘဲ ရရွိႏိုင္ပါလိမ့္မယ္။

က်နး္မာေရးမွာေတာ့ ဒီကာလမွာ အေကာင္းမ်ားပါတယ္။ အေပၚယံေရာဂါအေသးေလးေတြပဲ ႀကံဳရေတြ႔ရတတ္ပါတယ္။ အိမ္ေထာင္ေရး မွာေတာ့ မိမိစကားေအာင္ပါလိမ့္မယ္။ မိမိေျပာတဲ့အတုိုင္း အိမ္ေထာင္ဘက္က လိုက္နာေဆာင္ရြက္မွာပါ။

အခ်စ္ေရးမွာ အမွတ္တရေတြ ေပ်ာ္စရာအခ်ိန္ေတြကိုဖန္းတီးနိုင္ပါလိမ့္မယ္။ ခရီးသြားရင္းလဲ ခ်စ္သူရတတ္ပါတယ္။ပညာေရးမွာေတာ့ အေကာင္းအဆိုး မွ်ေနပါတယ္။ မိမိရဲ့ႀကိဳးစားမႈကသာ အဓိကက်ပါတယ္။

အက်ိဳးေပးဂဏန္း 1/0/6….အထူးေဟာ ကံျမင့္္မားေနမည္။ ယၾတာ ….ဘုရားရွင္အား သံပုရာရည္ကပ္လွဴပါ။



စေန

ဘာသာေရးနဲ႔ပက္သက္ေသာ လက္ေဆာင္ေတြရတတ္ပါတယ္။ ဘုရား ရဟႏၱာပံုေတာ္ေတြ ရလာတတ္ပါ တယ္။ ၀န္ထမ္းျဖစ္တယ္ဆိုပါက မိမိရဲ့အေတြးအျမင္က အလုပ္အတြက္ အေထာက္အကူျပဳပါလိမ့္မယ္။ ေငြကံေကာင္းေနတတ္ပါတယ္။

ကံစမ္းမဲေပါက္ျခင္း ၊ ထီေပါက္ျခင္းမ်ိဳးေတြႀကံဳရ ေတြ႔ရတတ္ပါတယ္။ ကံၾကမၼာက မိမိ္အတြက္ ကံေကာင္းျခင္းေတြကိုယူေဆာင္ေပးပါလိမ့္မယ္။ မိမိတတ္သိနားလည္ထားသမွ်ကို အစြမ္းကုန္ ထုတ္ႀကိဳးစားျခင္းျဖင့္ႀကီးက်ယ္ေသာ ေအာင္ျမင္မႈေတြရပါလိမ့္မယ္။

လက္လီထက္ လက္ကားစီးပြားေရးမ်ား အရမ္းကို ေကာင္းေနတတ္ပါတယ္။ က်န္းမာေရးကေတာ့ အလြန္ေကာင္းပါတယ္။ က်န္းမာေရးအတြက္ ပူစရာမလိုတဲ့ကာလပါပဲ။ အိမ္ေထာင္ေရးမွာလဲ အိမ္ေထာင္ဘက္က ခရီးမ်ားေနၿပီး အိမ္မကပ္သလိုုျဖစ္ေနရတတ္ပါတယ္။

အခ်စ္ေရးမွာ ေတာ့ ခ်စ္သူကလက္ထပ္ဖို႔ ကိစၥမ်ားေျပာလာတတ္ပါတယ္။ ပညာေရးအထူးေကာင္းတယ္။ မိမိအတြက္အလြန္ အက်ိဳးမ်ားတဲ့ ပညာရပ္အသစ္ေတြရလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 1/2/7…အထူးေဟာ စိတ္ေပ်ာ္ရႊင္ရမည္။ယၾတာ ….ဦးထုပ္လက္ေဆာင္ေပးပါ။

၇ရက္သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ….။

ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ ) viber only -09775555695

Unicode

တနင်္ဂနွေ

ဒီကာလမှာ အခက်အခဲအကြပ်အတည်းတွေကို ရှောင်ရှားသွားတာမျိုးတွေမလုပ်ပါနဲ့။ ရဲရဲရင်ဆိုင်ဖြေရှင်း လိုက်ပါ။ အထက်လူကြီးတွေက ခက်ခဲပင်ပန်းတဲ့အလုပ်တွေကို မိမိကိုပဲခိုင်းစေနေတတ်ပါတယ်။ မိတ်ဆွေတွေရဲ့ အကူအညီမရဘဲနဲ့ တစ်ယောက်တည်းဖြေရှင်းနေရတတ်ပါတယ်။

ကျန်းမာရေးကတော့ ကောင်းမွန်စွာနဲ့ နေသာ ထိုင်သာရှိနေပါလိမ့်မယ်။ အနေအထိုင်အစားအသောက်မဆင်ခြင်တဲ့သူတောင်မှ ကျန်းမာရေးအတွက်စိုးရိမ်ဖို့ တော့မလိုသေးပါဘူး။

တပည့်လက်သားတွေက မိမိကိုသူတို့ရဲ့ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဝိုင်းဝန်လုပ်ကိုင်ပေး နေတတ်ပါတယ်။ ဒါကြောင့်လဲ ကိုယ်ပိုင်အလုပ်များ တပည့်လက်သားတွေနဲ့ မျက်နှာလွှဲထားနိုင်ပါလိမ့်မယ်။ အလုပ်ပြောင်းအိမ်ပြောင်းဆိုတာ တွေကတော့ အဆင်ပြေပါလိမ့်မယ်။

အိမ်ထောင်ရေးမှာတော့ အဘက်ဘက်က သာယာနေပါလိမ့်မယ်။ အချစ်ရေးကံတော့ ဒီအပတ်အတွင်း ချစ်သူရဲ့အလိုက်လိုက်ခြင်းများ၊ လိုချင်တာ ဝယ်ပေးခြင်းများလဲ ကြုံနေရတတ် ပါတယ်။ ပညာရေးကတော့ ကြိုးစားမှုပေါ်ကိုအခြေခံပါတယ်။

အကျိုးပေးဂဏန်း-6/4/2…..အထူးဟော ကံညံ့နေမည်။ ယတြာ …..နီးစပ်ရာစေတီရဲ့ တနင်္ဂနွေထောင့်မှာ ထီးနီတစ်လက်လှူဒါန်းလိုက်ပါ။

တနင်္လာ

ဒီကာလအတွင်းအခြေအနေကောင်း ရလဒ်ကောင်းတွေရှိပါလိမ်မ့ယ်။ မိမိဆုံးဖြတ်ချက်တွေက တွေဝေနေ တတ်ပါတယ်။ စားဝတ်နေရေးပြေလည်ဖို့ငွေနောက်ပဲလိုက်ရမလား ။ပညာရမဲ့အလုပ်တွေပဲလုပ်ရမလားစသည်ဖြင့် တွေဝေဒွိဟဖြစ်ရတာတွေများတတ်ပါတယ်။

ရပ်ဝေးသွားပြီး စီးပွားရှာခြင်းများ ရလဒ်တွေကောင်းဖို့မလွယ်ပါဘူး။ ငွေကုန်ကြေးကျတွေများနေရတတ်ပါတယ်။ တစ်ခုကောင်းတာကတော့ အဓိဌာန်ဝင်ခြင်းတွေ၊ စေတီတွေလှည့်ပြီး ပုတိီးစိပ်တာမျိုးတွေကတော့ ဒီနေ့ရက်တွေမှာလုပ်ဆောင်မယ်ဆိုရင် အကျိုးထူးတတ်ပါတယ်။

သံယောဇဉ် အရမ်း များနေသူဆိုအလုပ်မဖြစ်ပါဘူး။ အလုပ်ပေါ်အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ ကျန်းမာရေးကတော့ အညံ့အဆိုးမတွေ့ လောက်အောင်နည်းပါတယ်။ ကျန်းမာရေးကောင်းမှာပါ။ စပ်တူအလုပ်တွေဆို ရှယ်ယာဝင်တွေနှုတ်ထွက်သွား တတ်ပါတယ်။

အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက်က အိမ်မကပ်တာမျိုးတွေရှိနေတတ်ပါတယ်။ အချစ်ရေး ကတော့ အကောငး်ဘက်ကို များပါတယ်။ ချစ်လွန်းအားကြီးပြီး သဝန်တိုတဲ့ကိစ္စတွေပေါ်လာရင်တော့ ပြဿနာဖြစ်ရ တတ်ပါတယ်။ပညာရေးအထူးကောင်းမည်။

အကျိုးပေးဂဏန်း 0/6/3…..အထူးဟော ဆုံးဖြတ်ချက်တွေခိုင်မာဖို့လိုပါတယ်။ ယတြာ……သရက်သီးဖျော်ရည်ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ဒီကာလတွေမှာတော့ မိမိလိုချင်တာတွေကိုဖြစ်အောင်လုပ်တတ်ပါတယ်။ မိမိစိတ်ကိုယ်က ပြတ်သားနေ တာကတော့ အောင်မြင်မှုကို ဖော်ဆောင်ပေးပါလိမ့်မယ်။ ရဲရဲတွေး ၊ရဲရဲလုပ်တဲ့သူတွေကတော့ အဆင်ပြေနေပါ လိမ့်မယ်။ စထားပြီး ပြီးဆုံးအောင်မလုပ်ဖြစ်သေးတဲ့ကိစ္စတွေကို ဒီနေ့မှာပြန်လည်လုပ်ကိ်ုင်ကြည့်လိုက်ပါ။

သေချာ ပေါက်အဆင်ပြေတတ်ပါတယ်။ စက်ကားများဝယ်မယ်ဆိုရင်လဲ ဒီနေ့ရက်တွေမှာဝယ်လို့အလွန်ပဲကောင်းနေတတ် ပါတယ်။သူတစ်ပါးတွေရဲ့ပြဿနာများ အခက်အခဲများကို မိမိက အကြံပေးလိုက်တာနဲ့ အဆင်ပြေသွားတတ်ပါ တယ်။

ကျန်းမာရေးကတော့ ခရီးသွားရာကနေ ရေပြောင်းမြေပြောင်းဖြစ်ပြီးတော့ ကျန်းမာရေးကတော့ညံ့သွား တတ်ပါတယ်။ မိတ်ဆွေကောင်း၊သူငယ်ချင်းကောင်းတွေရဲ့ အကူအညီအထောက်အပံ့တွေရလာတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အနည်းငယ်ကတောက်ကဆတွေများနေရတတ်ပါတယ်။

အချစ်ရေးကတော့ ချစ်သူနဲ့ နားလည်မှုတွေ ၊စိတ်ဝမ်းကွဲရတတ်ပါတယ်။ ပညာရေးကတော့ ကောင်းနေ၊အဆင်ပြေနေတတ်ပါတယ်။

အကျိုးပေးဂဏန်း -3/5/8…အထူးဟော အလုပ်စီးပွားတွေအဆင်ပြေနေပါလိမ့်မယ်။ ယတြာ …..အသုပ်စုံဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းမှာတော့ မိမိအပေါ်မကောင်းကြံကြသူတွေများနေတတ်ပါတယ်။ မိမိကအလိုက်တသိနေ တတ်ထိုင်တတ်တဲ့အတွက် အထက်လူကြီးနဲ့အဆင်ပြေ၊အလုပ်တွေနဲ့အောင်မြင်နေတာကို မနာလိုတာမျိုးရှိနေ တတ်ပါတယ်။ လူအဝင်မတော်ပါဘူး၊ ညအိပ်ဧည့်သည်လာရင် ဘုရားခန်းမှာ မအိပ်ခိုင်းပါနဲ့။

အလုပ်တွေကောင်း နေပေမဲ့ ချဲ့ထွင်တာမျိုး၊ငွေအရမ်းမြုပ်အောင် အလုပ်ထဲငွေထည့်လိုက်တာမျိုးတွေရှောင်လိုက်စေချင်ပါတယ်။ ကျန်းမာရေးကတော့ အကောင်းများပါတယ်။ အထိုင်များသူများတော့ ဆီးချုပ်၊ဝမ်းချုပ်ဖြစ်နေရတတ်ပါတယ်။ ရွှေဝယ်လို့လုံးဝမကောင်းသေးပါဘူး။

အရောင်းအဝယ်လုပ်သူများ သူများနဲ့လက်လွှဲမရောင်းခိုင်းပါနဲ့။ ပွဲစားထက် ပိုင်ရှင်နဲ့တိုက်ရိုက်ရောင်းဝယ်ခြင်းများပြုလုပ်ပါ။ မိမိဝန်ထမ်းများ အလုပ်ထွက်တာမျိုးတွေကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးကံ အနည်းငယ်ညံ့နေတတ်ပါတယ် ။

အိမ်ထောင်ဘက်က အနည်းငယ်ရှုပ်ချင်တာမျိုးတွေ တွေ့ရ တတ်ပါတယ်။ အချစ်ရေးသာယာအဆင်ပြေပါလိမ့်မယ်။ ဒါပေမဲ့တွေ့ဖို့ချိန်းထားရင်ပျက်ရတတ်ပါတယ်။ ပညာရေး အားနည်းချက်တွေများနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 4/6/5….အထူးဟော အလုပ်များနေတတ်ပါတယ်။ ယတြာ …စံပယ်ပန်းဘုရားကပ်လှူပါ….။

ကြာသပတေး

ဒီကာလအတွင်း အလုပ်စီးပွားများ ဖြေးဖြေးမှန်မှန်နဲ့တော့တိုးတတ်နေပါလိမ့်မယ်။ စိတ်ရှည်သည်းခံ လေအဘက်ဘက်က အောင်မြင်မှုရလေပါပဲ။ ဖျော်ဖြေရေးနဲ့ဆိုင်သော sound boxများ၊တီဗီ ၊dvdစက်များ စတာတွေပျက်လွယ်တဲ့ကာလပါပဲ။ ကုန်သွယ်မှုလုပ်ငန်းများ လိုချင်တဲ့ဈေးရဖို့ခက်ခဲ ကြန့်ကြာနေတတ်ပါတယ်။

မိမိစိတ်ကူးအတိုင်းဇွတ်လုပ်၍မရပေ။ အထက်လူကြီး ဒါမှမဟုတ် မိဘအကြီးအကဲတွေနဲ့ တိုင်ပင်ပြီး လုပ်ကိုင်တာအကောင်းဆုံးပါပဲ။ အစွမ်းအစများ ထုတ်ပြချင်တဲ့စိတ်မျိုးဖြစ်ပေါ်နေရင်ဒီကာလမှာ ခဏတော့ မျိုသိပ်ထားလိုက်ပါ။ ကျန်းမာရေးမှာတော့ စိတ်ကြောင့်ရတဲ့ ရောဂါမျိုးဖြစ်လွယ်ပါတယ်။

ကျန်းမာရေးနဲ့ ပက်သက်ပြီး စိတ်ထဲအစွဲမထားပါနဲ့။ဥပါဒါန်ကြောင့် ဥပဒ်ရောက်တတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ နည်းနည်းတော့ အဆင်မပြေစရာကြုံရတတ်ပါတယ်။ အချစ်ရေးကံတော့ သဝန်တိုပြီး စွပ်စွဲနေတဲ့ချစ်သူကို မိမိက ခွင့်လွတ်ပေးလိုက်ပါ။ ပညာရေးမှာ မိမိကိုယ်တိုင်က စိတ်မနှစ်ထားနိုင်တာမျိုး ဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း 5/7/6…..အထူးဟော စိတ်ပင်ပန်းရတတ်ပါတယ်။ ယတြာ ….သစ္စာပန်း ဘုရားကပ်လှူဆုတောင်းပါ။

သောကြာ

ခရီးများနေပါတယ်။ မိမိအတွက် အကျိုးအမြတ်များမဲ့ခရီးမျိုးတွေကြုံရတွေ့ရနိုင်ပါတယ်။ ဆန့်ကျင်ဘက် လိင်တွေရဲ့ အကူအညီတွေ အထောက်အပံ့တွေဆိုတာမျိုးကြုံရတွေ့ရတတ်ပါတယ်။ ငွေကြေးကံကောင်း နေပါ လိမ့်မယ်။ အပျော်အပါးများလဲ တွေ့ရကြုံရတတ်ပါတယ်။

အပျော်ကနေ အပျက်မဖြစ်ဖို့တော့ သတိ ထားရပါ လိမ့်မယ်။မိမိတွေးသိထားသလိုမျိုးမဟုတ်ဘဲ နယ်ပယ်သစ် အခွင့်အရေးသစ်ဆိုတာမျိုးကြုံဆုံရနိုင်ပါတယ်။ မိမိက သာပါးနပ်လိမ္မာသူဆိုရင်တော့အခွင့်အရေးတွေကို လက်မလွတ်ဘဲ ရရှိနိုင်ပါလိမ့်မယ်။

ကျနး်မာရေးမှာတော့ ဒီကာလမှာ အကောင်းများပါတယ်။ အပေါ်ယံရောဂါအသေးလေးတွေပဲ ကြုံရတွေ့ရတတ်ပါတယ်။ အိမ်ထောင်ရေး မှာတော့ မိမိစကားအောင်ပါလိမ့်မယ်။ မိမိပြောတဲ့အတိုုင်း အိမ်ထောင်ဘက်က လိုက်နာဆောင်ရွက်မှာပါ။

အချစ်ရေးမှာ အမှတ်တရတွေ ပျော်စရာအချိန်တွေကိုဖန်းတီးနိုင်ပါလိမ့်မယ်။ ခရီးသွားရင်းလဲ ချစ်သူရတတ်ပါတယ်။ပညာရေးမှာတော့ အကောင်းအဆိုး မျှနေပါတယ်။ မိမိရဲ့ကြိုးစားမှုကသာ အဓိကကျပါတယ်။

အကျိုးပေးဂဏန်း 1/0/6….အထူးဟော ကံမြင့်မားနေမည်။ ယတြာ ….ဘုရားရှင်အား သံပုရာရည်ကပ်လှူပါ။

စနေ

ဘာသာရေးနဲ့ပက်သက်သော လက်ဆောင်တွေရတတ်ပါတယ်။ ဘုရား ရဟန္တာပုံတော်တွေ ရလာတတ်ပါ တယ်။ ဝန်ထမ်းဖြစ်တယ်ဆိုပါက မိမိရဲ့အတွေးအမြင်က အလုပ်အတွက် အထောက်အကူပြုပါလိမ့်မယ်။ ငွေကံကောင်းနေတတ်ပါတယ်။

ကံစမ်းမဲပေါက်ခြင်း ၊ ထီပေါက်ခြင်းမျိုးတွေကြုံရ တွေ့ရတတ်ပါတယ်။ ကံကြမ္မာက မိမိ်အတွက် ကံကောင်းခြင်းတွေကိုယူဆောင်ပေးပါလိမ့်မယ်။ မိမိတတ်သိနားလည်ထားသမျှကို အစွမ်းကုန် ထုတ်ကြိုးစားခြင်းဖြင့်ကြီးကျယ်သော အောင်မြင်မှုတွေရပါလိမ့်မယ်။

လက်လီထက် လက်ကားစီးပွားရေးများ အရမ်းကို ကောင်းနေတတ်ပါတယ်။ ကျန်းမာရေးကတော့ အလွန်ကောင်းပါတယ်။ ကျန်းမာရေးအတွက် ပူစရာမလိုတဲ့ကာလပါပဲ။ အိမ်ထောင်ရေးမှာလဲ အိမ်ထောင်ဘက်က ခရီးများနေပြီး အိမ်မကပ်သလိုဖြစ်နေရတတ်ပါတယ်။

အချစ်ရေးမှာ တော့ ချစ်သူကလက်ထပ်ဖို့ ကိစ္စများပြောလာတတ်ပါတယ်။ ပညာရေးအထူးကောင်းတယ်။ မိမိအတွက်အလွန် အကျိုးများတဲ့ ပညာရပ်အသစ်တွေရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/2/7…အထူးဟော စိတ်ပျော်ရွှင်ရမည်။ယတြာ ….ဦးထုပ်လက်ဆောင်ပေးပါ။

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ….။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ ) viber only -09775555695

No comments:

Post a Comment