Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 3, 2019

ေသြးယိုစီးက်ဆင္းျခင္းကို ရပ္တန္ေစျခင္း ဆီး၌ေသြးပါျခင္းႏွင့္ေသြး ၀မ္းသြားျခင္းကိုေပ်ာက္ကင္းေစတဲ႔ ရြက္က်ပင္ေပါက္

ေသြးယိုစီးက်ဆင္းျခင္းကို ရပ္တန္ေစတဲ့ရြက္က်ပင္ေပါက္

ေသြးယိုစီးက်ဆင္းျခင္းကို ရပ္တန္ေစျခင္း ဆီး၌ေသြးပါျခင္းႏွင့္ေသြး ၀မ္းသြားျခင္းကိုေပ်ာက္ကင္းေစတဲ႔ ရြက္က်ပင္ေပါက္…
ယင္းေဆးပင္သည္ ေသြးယိုစီးက်ဆင္းျခင္းကို ရပ္တန္႔ထိန္းခ်ဳပ္ေသာေနရာ၌ နတ္ေဆးသဖြယ္ျဖစ္သည္ဟု ဆိုပါသည္။ ရုကၡေဗဒအမည္မွာ( Bryophyllum calycinum Salisb)ျဖစ္သည္။

အရည္ရြမ္းေသာ ႏွစ္ရွည္ခံ ပင္ငယ္သက္ျပင္း မ်ိဳးျဖစ္သည္။ ထူးျခားသည္မွာ ရြက္ဖ်ားပတ္ပတ္လည္ အရြက္ပိုေလးမ်ားသည္ ပင္ေျခသို႔ ေျမခေၾကြက်ရာက မ်ိဳးေစ႔သဖြယ္ အပင္ေပါက္ေရာက္ျခင္းျဖစ္သည္။

အသံုးျပဳပံုမွာ
ယိုစီးက်ဆင္းေသာ ေသြးမ်ားကို ရပ္တန္႔ခ်ဳပ္တည္းေသာေနရာတြင္ နတ္ေဆး သဖြယ္ျဖစ္သည္ဟုေဖၚျပသည္။ထိခိုက္ရွနာႏွင့္ေသြးစိမ္းထြက္ေသာ အနာမ်ားကို ရြက္က်ပင္ေပါက္ရြက္ကို မီးကင္း၍ ကပ္ေပးပါက ေသြးမ်ားရပ္စဲ၍ အနာက်က္လြယ္၏။

အရြက္ကို ၾကိတ္ညစ္၍ရေသာ အရည္ျဖင့္ အနာစက္၊အနာမီးလွ်ံႏွင့္ေမြးကြ်တ္ နာမ်ားတြင္လိမ္းေပးက ေပ်ာက္ကင္း၏။ ရြက္က်ပင္ေပါက္ကို အရြက္ကိုမီးကင္ျပီး ထိခိုက္ေရာင္ရမ္းေသာ ဒဏ္ရာမ်ားကို ကပ္ေပးပါကေရာင္ရမ္းျခင္းက်ဆင္းျပီး ဒဏ္ရာမ်ားသက္သာ ေပ်ာက္ကင္း၏။ ရြက္က်ပင္ေပါက္ရြက္(၁)ရြက္(၂)ရြက္ကို ငရုတ္ေကာင္းအနည္းငယ္ထည့္၍ ညက္ေအာင္ၾကိတ္ျပီး ေသာက္သံုးပါက ဆီးပူ၊ဆီးခ်ဳပ္၊ေသြးျမင္းသရိုက္ႏွင့္ လူပ်ိဳနာေၾကာင့္ျဖစ္ေသာအနာ မ်ားေပ်ာက္ကင္း၏။
အရြက္ကိုၾကိတ္၍ အရည္ကိုေသာက္ပါက ကာလ၀မ္းေရာဂါေပ်ာက္၏ အရြက္ ရည္ကို အဆစ္လဲြ၊အေၾကာထံုးေနရာမ်ားႏွင့္ မီးေလာင္နာတို႔တြင္ လိမ္းေပးပါက ေပ်ာက္ကင္း၏။ အရြက္ကိုညက္စြာၾကိတ္၍လည္းေကာင္း၊ အေအးလြန္၍ျဖစ္ေသာမ်က္စိနာအ တြက္ အရြက္ကိုၾကိတ္ျပီး နႏြင္းစစ္စစ္ အနည္းငယ္ ထည့္ကာ ခပ္ေႏြးေႏြး အံုေပးပါက မ်က္စိနာေပ်ာက္၏။

အနာမ်ားမေပါက္ဘဲ အေညွာ္မိ၊ငန္းမန္း၊လိုက္၍ ေရာင္တင္းလာပါက အရြက္ ကိုၾကိတ္၍ အံုေပးပါက အေညွာ္မ်ားက်ဆင္းျပီး အနာနုလွ်င္ပိန္၍ ရင့္လွ်င္ေပါက္သြားေစသည္။

အရြက္ရည္ကို သၾကားျဖင့္ ေရာေသာက္ပါက ဆီး၌ေသြးပါျခင္းႏွင့္ေသြး ၀မ္းသြားျခင္းကိုေပ်ာက္ ကင္း၏ အရြက္ကို မီးကင္း၍ ေဖါေရာင္ေသာေနရာမ်ားကို ကပ္ေပးပါက အေဖါက်၏။ အရြက္ကို ဆားျဖင့္ၾကိတ္ျပီး ကင္းကိုက္ေသာေနရာသို႔ သိပ္ေပးပါကကင္းဆိပ္ ေျပသည္။

ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

Unicode version

သွေးယိုစီးကျဆင်းခြင်းကို ရပ်တန်စေခြင်း ဆီး၌သွေးပါခြင်းနှင့်သွေး ၀မ်းသွားခြင်းကိုပျောက်ကင်းစေတဲ့ ရွက်ကျပင်ပေါက်…
ယင်းဆေးပင်သည် သွေးယိုစီးကျဆင်းခြင်းကို ရပ်တန့်ထိန်းချုပ်သောနေရာ၌ နတ်ဆေးသဖွယ်ဖြစ်သည်ဟု ဆိုပါသည်။ ရုက္ခဗေဒအမည်မှာ( Bryophyllum calycinum Salisb)ဖြစ်သည်။
အရည်ရွမ်းသော နှစ်ရှည်ခံ ပင်ငယ်သက်ပြင်း မျိုးဖြစ်သည်။ ထူးခြားသည်မှာ ရွက်ဖျားပတ်ပတ်လည် အရွက်ပိုလေးများသည် ပင်ခြေသို့ မြေခကြွေကျရာက မျိုးစေ့သဖွယ် အပင်ပေါက်ရောက်ခြင်းဖြစ်သည်။

အသုံးပြုပုံမှာ
ယိုစီးကျဆင်းသော သွေးများကို ရပ်တန့်ချုပ်တည်းသောနေရာတွင် နတ်ဆေး သဖွယ်ဖြစ်သည်ဟုဖေါ်ပြသည်။ထိခိုက်ရှနာနှင့်သွေးစိမ်းထွက်သော အနာများကို ရွက်ကျပင်ပေါက်ရွက်ကို မီးကင်း၍ ကပ်ပေးပါက သွေးများရပ်စဲ၍ အနာကျက်လွယ်၏။

အရွက်ကို ကြိတ်ညစ်၍ရသော အရည်ဖြင့် အနာစက်၊အနာမီးလျှံနှင့်မွေးကျွတ် နာများတွင်လိမ်းပေးက ပျောက်ကင်း၏။ ရွက်ကျပင်ပေါက်ကို အရွက်ကိုမီးကင်ပြီး ထိခိုက်ရောင်ရမ်းသော ဒဏ်ရာများကို ကပ်ပေးပါကရောင်ရမ်းခြင်းကျဆင်းပြီး ဒဏ်ရာများသက်သာ ပျောက်ကင်း၏။ ရွက်ကျပင်ပေါက်ရွက်(၁)ရွက်(၂)ရွက်ကို ငရုတ်ကောင်းအနည်းငယ်ထည့်၍ ညက်အောင်ကြိတ်ပြီး သောက်သုံးပါက ဆီးပူ၊ဆီးချုပ်၊သွေးမြင်းသရိုက်နှင့် လူပျိုနာကြောင့်ဖြစ်သောအနာ များပျောက်ကင်း၏။

အရွက်ကိုကြိတ်၍ အရည်ကိုသောက်ပါက ကာလဝမ်းရောဂါပျောက်၏ အရွက် ရည်ကို အဆစ်လွဲ၊အကြောထုံးနေရာများနှင့် မီးလောင်နာတို့တွင် လိမ်းပေးပါက ပျောက်ကင်း၏။ အရွက်ကိုညက်စွာကြိတ်၍လည်းကောင်း၊ အအေးလွန်၍ဖြစ်သောမျက်စိနာအ တွက် အရွက်ကိုကြိတ်ပြီး နနွင်းစစ်စစ် အနည်းငယ် ထည့်ကာ ခပ်နွေးနွေး အုံပေးပါက မျက်စိနာပျောက်၏။



အနာများမပေါက်ဘဲ အညှော်မိ၊ငန်းမန်း၊လိုက်၍ ရောင်တင်းလာပါက အရွက် ကိုကြိတ်၍ အုံပေးပါက အညှော်များကျဆင်းပြီး အနာနုလျှင်ပိန်၍ ရင့်လျှင်ပေါက်သွားစေသည်။

အရွက်ရည်ကို သကြားဖြင့် ရောသောက်ပါက ဆီး၌သွေးပါခြင်းနှင့်သွေး ၀မ်းသွားခြင်းကိုပျောက် ကင်း၏ အရွက်ကို မီးကင်း၍ ဖေါရောင်သောနေရာများကို ကပ်ပေးပါက အဖေါကျ၏။ အရွက်ကို ဆားဖြင့်ကြိတ်ပြီး ကင်းကိုက်သောနေရာသို့ သိပ်ပေးပါကကင်းဆိပ် ပြေသည်။

ရဲမျိုးသူ(ဗောဓိမြိုင်)

No comments:

Post a Comment