Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 14, 2018

ျမန္မာအုိင္ေဒါဆုရွင္ ၿဖိဳးျမတ္ေအာင္ သီဆုိခဲ့သည့္“ငါတုိ႔ရဲ႕ဂ်င္နရယ္” သီခ်င္းကို NLD ပါတီသို႔ လွဴဒါန္း


ျမန္မာအုိင္ေဒါ သီခ်င္းၿပိဳင္ပြဲတြင္ ၿဖိဳးျမတ္ေအာင္ သီဆုိခဲ့ေသာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းအေၾကာင္း စပ္ဆုိထားသည့္ “ငါတုိ႔ဂ်င္န ရယ္” သီခ်င္း အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီသုိ႔ လွဴဒါန္းလုိက္ေၾကာင္း သိရသည္။

အဆုိပါ သီခ်င္းအား ကိုယ္ပိုင္သံစဥ္ေရးစပ္ထားသူ ေတးေရးဆရာ ယူေဇာမွ အမ်ိဳးသား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီရုံး ခ်ဳပ္သို႔ ဒီဇင္ဘာလ ၁၃ ရက္ ေန႔လည္ ၂ နာရီက လက္မွတ္ထုိး လွဴဒါန္းလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ပတ္သက္ၿပီးဂုဏ္ျပဳထားတဲ့ သီခ်င္းျဖစ္တဲ့အတြက္ အေကာင္းဆုံးအသံုးျပဳႏုိင္တဲ့ အက်ိဳးရွိမယ့္ အမ်ိဳး သားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ကို လွဴတာပါ” ဟု ပါတီေျပာေရးဆုိခြင့္ရွိသူ ေဒါက္တာမ်ိဳးညြန္႔က ေျပာသည္။

“ငါတို႔ရဲ႕ဂ်င္နရယ္” သီခ်င္းနွင့္ ပတ္သက္ေသာ မူပိုင္ခြင့္ကိစၥအ၀၀ကို ၂၀၂၀ ခုနွစ္အေထြေထြေ႐ြး ေကာက္ပြဲ က်င္းပၿပီးစီးသည့္ အခ်ိန္ထိ တစ္ဦးတည္းစိတ္ႀကိဳက္ စီမံခန္႔ခြဲပိုင္ခြင့္ရွိမည္ျဖစ္ၿပီး ၂၀၂၀ အေထြေထြေ႐ြး ေကာက္ပြဲအၿပီးတြင္ “ငါတို႔ရဲ႕ ဂ်င္နရယ္” သီခ်င္းအား မူလေတးေရးဆရာျဖစ္သူ ဆရာယူေဇာက ျပန္လည္လႊဲေျပာင္းရယူမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

“ငါတုိ႔ဂ်င္နရယ္”သီခ်င္းကို ၿဖိဳးျမတ္ေအာင္က အသံစစ္ေဆးရာတြင္ ဂီတာတီးသီဆုိခဲ့ၿပီး ဒုိင္ေလးဦးစလံုး၏ ႀကိဳက္ႏွစ္သက္ ျခင္းကို ခံရကာ ေနာက္တဆင့္သို႔ တက္ေရာက္ႏုိင္ခဲ့ၿပီး Winner ဆုရရွိခဲ့သည့္ ၿပိဳင္ပြဲ ဝင္ျဖစ္ခဲ့သည္။

“ငါတိုရဲ႕ဂ်င္နရယ္” သီခ်င္းကိုလွဴဒါန္းသည့္ အခမ္အနားကို အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ အဖဲြ႔ဝင္မ်ား ျဖစ္ၾကသည့္ ဦးသိန္းဦး၊ ေဒါက္တာဦးမ်ဳိးၫႊန္႔ ၊ အရံဗဟုိအလုပ္အမႈေဆာင္အဖဲြ႔ဝင္ ဦးေက်ာ္ဟိုးတို႔ တက္ေရာက္ခဲ့ၾကၿပီး ဗဟိုအ လုပ္အမႈ ေဆာင္အဖြဲ႔၀င္ ဦးသိန္းဦးက “ငါတို႔ရဲ႕ဂ်င္နရယ္” သီခ်င္းအား လွဴဒါန္းသည့္ စာခ်ဳပ္ေပၚတြင္လက္မွတ္ေရးထိုးၿပီး လက္ ခံရယူခဲ့ေၾကာင္း သိရသည္။

Welovecele

#Unicode Version#
 မြန်မာအိုင်ဒေါ သီချင်းပြိုင်ပွဲတွင် ဖြိုးမြတ်အောင် သီဆိုခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စပ်ဆိုထားသည့် “ငါတို့ဂျင်န ရယ်” သီချင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။

အဆိုပါ သီချင်းအား ကိုယ်ပိုင်သံစဉ်ရေးစပ်ထားသူ တေးရေးဆရာ ယူဇောမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံး ချုပ်သို့ ဒီဇင်ဘာလ ၁၃ ရက် နေ့လည် ၂ နာရီက လက်မှတ်ထိုး လှူဒါန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီးဂုဏ်ပြုထားတဲ့ သီချင်းဖြစ်တဲ့အတွက် အကောင်းဆုံးအသုံးပြုနိုင်တဲ့ အကျိုးရှိမယ့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို လှူတာပါ” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“ငါတို့ရဲ့ဂျင်နရယ်” သီချင်းနှင့် ပတ်သက်သော မူပိုင်ခွင့်ကိစ္စအ၀၀ကို ၂၀၂၀ ခုနှစ်အထွေထွေရွေး ကောက်ပွဲ ကျင်းပပြီးစီးသည့် အချိန်ထိ တစ်ဦးတည်းစိတ်ကြိုက် စီမံခန့်ခွဲပိုင်ခွင့်ရှိမည်ဖြစ်ပြီး ၂၀၂၀ အထွေထွေရွေး ကောက်ပွဲအပြီးတွင် “ငါတို့ရဲ့ ဂျင်နရယ်” သီချင်းအား မူလတေးရေးဆရာဖြစ်သူ ဆရာယူဇောက ပြန်လည်လွှဲပြောင်းရယူမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ငါတို့ဂျင်နရယ်”သီချင်းကို ဖြိုးမြတ်အောင်က အသံစစ်ဆေးရာတွင် ဂီတာတီးသီဆိုခဲ့ပြီး ဒိုင်လေးဦးစလုံး၏ ကြိုက်နှစ်သက် ခြင်းကို ခံရကာ နောက်တဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး Winner ဆုရရှိခဲ့သည့် ပြိုင်ပွဲ ဝင်ဖြစ်ခဲ့သည်။

“ငါတိုရဲ့ဂျင်နရယ်” သီချင်းကိုလှူဒါန်းသည့် အခမ်အနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးသိန်းဦး၊ ဒေါက်တာဦးမျိုးညွှန့် ၊ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဟိုးတို့ တက်ရောက်ခဲ့ကြပြီး ဗဟိုအ လုပ်အမှု ဆောင်အဖွဲ့ဝင် ဦးသိန်းဦးက “ငါတို့ရဲ့ဂျင်နရယ်” သီချင်းအား လှူဒါန်းသည့် စာချုပ်ပေါ်တွင်လက်မှတ်ရေးထိုးပြီး လက် ခံရယူခဲ့ကြောင်း သိရသည်။

Credit:Welovecele

No comments:

Post a Comment