Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 19, 2018

ေဒၚေအာင္ဆန္းစုၾကည္ ရရွိထားတဲ႔ Gwangju လူ႔အခြင့္အေရးဆု ႐ုပ္သိမ္းခံရ


ကိုရီးယားလူ႔အခြင့္အေရးအဖြဲ႔ႀကီးတစ္ဖြဲ႔ကေဒၚေအာင္ဆန္းစုၾကည္ကုိ ခ်ီးျမွင့္ထားတဲ့ Gwangju လူ႔အခြင့္အေရးဆု ႐ုပ္သိမ္းခံရ ။ ။ရိုဟင္ဂ်ာလူနည္းစုေတြအေပၚ ဖိႏွိပ္မႈေတြနဲ႔ ပတ္သတ္တဲ့ကိစၥရပ္ေတြမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ဥေပကၡာျပဳတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ကိုရီးယားလူ႔အခြင့္အေရးအဖြဲ႔ႀကီးတဖြဲ႔က သူတို႔ေပးအပ္ထားတဲ့ဆုကို ျပန္ရုပ္သိမ္းမွာျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။

ေတာင္ကုိရီးယားႏုိင္ငံ ဂြမ္ဂ်ဳဴးၿမိဳ႕မွာ သမၼတ ခ်န္ဒူးဝမ္လက္ထက္ ၁၉၈ဝ ခုနွစ္က ျဖစ္ပြားခဲ့တဲ့ ဒီမုိကေရစီလွဳပ္ရွားမွဳမွာ အစုိးရစစ္တပ္ရဲ႕ ပစ္ခတ္ၿဖဳိခြဲမႈေၾကာင့္ လူ ၂ဝဝ ေက်ာ္ေသဆုံးခဲ့ရတဲ့အတြက္ ေအာက္ေမ့ဖြယ္အျဖစ္ အဲဒီ ရန္ပုံေငြအဖြဲ႔ကုိ ၁၉၉၄ ခုနွစ္မွာ တည္ေထာင္ခဲ့ၿပီး ဂြမ္ဂ်ဴး လူ႔အခြင့္အေရးဆုကုိ၂ဝဝဝ ခုနွစ္မွာ စတင္ေပးအပ္ခဲ့ပါတယ္။ အဲဒီ ဆုကုိ ၂ဝဝ၄ ခုနွစ္ ခီးျ်မွင့္စဥ္က ေဒၚေအာင္ဆန္းစုၾကည္ဟာ ေနအိမ္အက်ယ္ခ်ဳပ္က်ေနခ်ိန္ျဖစ္တဲ့အတြက္ သြားေရာက္ရယူႏုိင္ခဲ့ျခင္းမရွိပါဘူး။

ေနအိမ္အက်ယ္ခ်ဳပ္ က်ခံေနရစဥ္ ၂၀၀၄ ခုႏွစ္က Gwangju လူ႔အခြင့္အေရးဆုကို ေဒၚေအာင္ဆန္းစုၾကည္ ရရွိခဲ့တာပါ။ လူ႔အခြင့္အေရးအတြက္ ကာကြယ္ရပ္တည္ေပးခဲ့တာေၾကာင့္ ဆုေပးခဲ့တာျဖစ္ေပမယ့္လည္း ရိုဟင္ဂ်ာေတြ နယ္စပ္ျဖတ္ေက်ာ္ ထြက္ေျပးခဲ့ရတဲ့ကိစၥရပ္ေတြမွာ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ လစ္လ်ဴရႈခဲ့တာေၾကာင့္ ဆုျပန္ရုပ္သိမ္းမွာျဖစ္ေၾကာင္း ကိုရီးယားလူ႔အခြင့္အေရးအဖြဲ႔ May 18 Memorial ေဖာင္ေဒးရွင္း ေျပာခြင့္ရ Cho Jin-tae က ေျပာပါတယ္။

တနလၤာေန႔တုန္းက ေဖာင္ေဒးရွင္း အမႈေဆာင္အရာရွိအဖြဲ႔က အခုလို ဆံုးျဖတ္ခဲ့တာျဖစ္ေၾကာင္းလည္း သူက ေျပာပါတယ္။ ၿငိမ္းခ်မ္းေရး ႏိုဗယ္လ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အာဏာရလာၿပီးေနာက္ ႏိုင္ငံေတာ္အတိုင္ပင္ခံအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ဟာ အစိုးရအဖြဲ႔မွာ ဦးေဆာင္ပါ၀င္ခဲ့တာပါ။

စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြေၾကာင့္ ရိုဟင္ဂ်ာ ဒုကၡသည္ သိန္းနဲ႔ခ်ီ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးတိမ္းေရွာင္သြားၿပီးေနာက္ပိုင္းမွာ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ လူ႔အခြင့္အေရးခ်ဳိးေဖါက္မႈေတြနဲ႔ ပတ္သက္ၿပီး ျပတ္ျပတ္သားသား ရပ္တည္ေျပာဆိုတာမ်ဳိးမလုပ္ခဲ့တာေၾကာင့္ ႏိုင္ငံတကာက ၀ိုင္း၀န္းျပစ္တင္ ေ၀ဖန္ခဲ့ၾကၿပီး အခုလို Gwangju လူ႔အခြင့္အေရးဆု အပါအ၀င္ ႏုိင္ငံတကာက သူ႔ကို ေပးအပ္ထားတဲ့ ဆုေတြကို ျပန္လည္ရုပ္သိမ္းခံေနရတာျဖစ္ပါတယ္။

VOA Burmese News

#Unicode Version#
ကိုရီးယားလူ့အခွင့်အရေးအဖွဲ့ကြီးတစ်ဖွဲ့ကဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Gwangju လူ့အခွင့်အရေးဆု ရုပ်သိမ်းခံရ ။ ။ရိုဟင်ဂျာလူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေနဲ့ ပတ်သတ်တဲ့ကိစ္စရပ်တွေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဥပေက္ခာပြုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုရီးယားလူ့အခွင့်အရေးအဖွဲ့ကြီးတဖွဲ့က သူတို့ပေးအပ်ထားတဲ့ဆုကို ပြန်ရုပ်သိမ်းမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
[Close]

တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျုူးမြို့မှာ သမ္မတ ချန်ဒူးဝမ်လက်ထက် ၁၉၈ဝ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ အစိုးရစစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် လူ ၂ဝဝ ကျော်သေဆုံးခဲ့ရတဲ့အတွက် အောက်မေ့ဖွယ်အဖြစ် အဲဒီ ရန်ပုံငွေအဖွဲ့ကို ၁၉၉၄ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို၂ဝဝဝ ခုနှစ်မှာ စတင်ပေးအပ်ခဲ့ပါတယ်။ အဲဒီ ဆုကို ၂ဝဝ၄ ခုနှစ် ခီးြျမှင့်စဉ်က ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကျနေချိန်ဖြစ်တဲ့အတွက် သွားရောက်ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။

နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ၂၀၀၄ ခုနှစ်က Gwangju လူ့အခွင့်အရေးဆုကို ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့တာပါ။ လူ့အခွင့်အရေးအတွက် ကာကွယ်ရပ်တည်ပေးခဲ့တာကြောင့် ဆုပေးခဲ့တာဖြစ်ပေမယ့်လည်း ရိုဟင်ဂျာတွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ကိစ္စရပ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လစ်လျူရှုခဲ့တာကြောင့် ဆုပြန်ရုပ်သိမ်းမှာဖြစ်ကြောင်း ကိုရီးယားလူ့အခွင့်အရေးအဖွဲ့ May 18 Memorial ဖောင်ဒေးရှင်း ပြောခွင့်ရ Cho Jin-tae က ပြောပါတယ်။

တနင်္လာနေ့တုန်းက ဖောင်ဒေးရှင်း အမှုဆောင်အရာရှိအဖွဲ့က အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့မှာ ဦးဆောင်ပါဝင်ခဲ့တာပါ။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည် သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ရပ်တည်ပြောဆိုတာမျိုးမလုပ်ခဲ့တာကြောင့် နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင် ဝေဖန်ခဲ့ကြပြီး အခုလို Gwangju လူ့အခွင့်အရေးဆု အပါအဝင် နိုင်ငံတကာက သူ့ကို ပေးအပ်ထားတဲ့ ဆုတွေကို ပြန်လည်ရုပ်သိမ်းခံနေရတာဖြစ်ပါတယ်။

VOA Burmese News

No comments:

Post a Comment