Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 23, 2018

ချောင်းသာကမ်းခြေတွင် လာရောက်လည်ပတ်နေသူ Electronic ပညာရှင်တစ်ဦးက တစ်သောင်းတန်ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲနေသည်ကို ဖော်ထုတ်ဖမ်းဆီးရမိ

ချောင်းသာကမ်းခြေတွင် ကျိုင်းတုံမြို့မှ လာရောက်လည်ပတ်နေသူ Electronic ပညာရှင်တစ်ဦးက တစ်သောင်းတန်ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲနေသည်ကို ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၁ ရက် ည ၁၂ နာရီခန့်တွင် ချောင်းသာကမ်းခြေရှိ ဆေးလ်ဗား ကာရာအိုကေဆိုင်တွင် လူတစ်ဦးမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများကို သုံးစွဲသွားကြောင်း သတင်းရရှိ၍ ချောင်းသာ နယ်မြေရဲစခန်းမှ လိုက်လံရှာဖွေရာတွင် ဆန်းလိုက်အိမ်ရာဝန်းအတွင်းရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသူမှာ တစ်သောင်းအတုများ သုံးစွဲသွားသူဖြစ်ကြောင်း သိရှိရ၍ သက်သေများနှင့်တကွ ဝင်ရောက်ရှာဖွေခဲ့ ကြောင်း၊ ငွေစက္ကူအတုများ သုံးစွဲသွားသူမှာ စစ်ဆေးမှုများအရ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် နေထိုင်သူ ဦးမင်းမင်းထွန်း အသက် ၃၈ နှစ် (ဘ) ဦးမင်းချစ်ဖြစ်ပြီး အခြေခံ အီလက်ထရောနစ် လေ့လာမှုဆိုင်ရာ စာအုပ်နှင့် LED LCD TV ပြုပြင်မှုဆိုင်ရာ အဖြာဖြာစာအုပ်တို့ကို ရေးသားထုတ်ဝေခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ဦးမင်းမင်းထွန်းအား ဆက်လက်ရှာဖွေရာတွင် ၎င်း၏ ခါးပတ်ဆောင် အိတ်အတွင်းမှ ဂဖ- ၅၀၂၅၀၇၄ နံပါတ်ပါ တစ်သောင်းတန်အတုနှစ်ရွက်၊ ဂတ-၂၇၀၈၉၄၉ နံပါတ်ပါ တစ်သောင်းတန်ငွေစက္ကူအတုသုံးရွက်၊ ဂတ-၂၇၀၈၉၄၈ နံပါတ်ပါ တစ်သောင်းတန် ငွေစက္ကူအတုသုံးရွက်တို့အား ရှာဖွေသိမ်းဆည်းရမိကြောင်း၊ ဆက်လက်စစ်ဆေးမှုများအရ ၎င်းမှာ ၂၀၁၈ ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်ထိ မန္တလေးမြို့ စက်မှုဇုန်ရှိ ကနောင်ခန်းမတွင် ကျင်းပပြုလုပ်မည့် Myanmar Electronic Development Technology Association ပွဲအား တက်ရောက်ရန်အတွက် ဖိတ်ကြားခံရသောကြောင့် တက်ရောက်ရန်အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကိုပါ ယူဆောင်၍ ခရီးထွက်လာခဲ့ပြီး ပွဲကျင်းပချိန်မတိုင်မီ ရက်အတွင်း ဇာတိဒေသဖြစ်သော ချောင်းသာကမ်းခြေသို့ လာရောက်ကာ ဖခင်ဖြစ်သူ နေအိမ်တွင် တည်းခိုနေထိုင်စဉ် ကမ်းခြေတွင် လည်ပတ်နေစဉ်အတွင်း ငွေစက္ကူအတုများကို ရိုက်နှိပ်ကာ သုံးစွဲနေခြင်း ဖြစ်ကြောင်း ၊ ဆက်လက်စစ်ဆေးမှုများအရ ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ၊ ပရင်တာနှင့် အခြားသော ဆက်စပ် ပစ္စည်းများနှင့်အတူ အသင့်သုံးစွဲရန် ထုတ်ထားသည့် ငွေစက္ကူအတုများကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“တရားခံကိုတော့ အခုဖမ်းဆီးထားပါတယ်။ သက်သေခံပစ္စည်းတွေကိုလည်း သိမ်းထားပြီးပါပြီ၊ သူက အီလက်ထရောနစ်ပညာရှင်ပါ ငွေစက္ကူအတုကိစ္စမို့ ဒါကို CID ကို လွှဲပေးမှာပါ။ ကျွန်တော်တို့ကတော့ အားလုံး သိမ်းဆည်းထားပါတယ်။ ပရင်တာနဲ့ ငွေအတု ထုတ်တာပါ ” ဟု ချောင်းသာနယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ဝဏ္ဏအောင်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲခဲ့သည်ဟုဆိုသော ဦးမင်းမင်းထွန်းအား ချောင်းသာနယ်မြေ ရဲစခန်းမှ ဒီဇင်ဘာ ၂၂ ရက်တွင် (ပ) ၃၁၇/၂၀၁၈ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ELeven Media Group

No comments:

Post a Comment