Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 14, 2018

အလိုတော်ပြည့်ဘုရားအနီးရှိ စေတီပေါ်မှအမေရိကန်နိုင်ငံသား ပြုတ်ကျ


ညောင်ဦး၌ အလိုတော်ပြည့်ဘုရားအနီးရှိ စေတီပေါ်မှအမေရိကန်နိုင်ငံသား ပြုတ်ကျ၍ တင်ပါးဆုံရိုးကျိုး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ အလိုတော် ပြည့်ဘုရားအနီးရှိ ဘုရားအမှတ် ၃၈၆/အနောက်လိုဏ် ရှည်ဘုရားပေါ်မှ အမေရိကန်နိုင်ငံသားတစ်ဦ ခြေ ချော်ပြုတ်ကျခဲ့ရာမှ တင်ပါးဆုံရိုးကျိုးဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

ဒဏ်ရာရရှိခဲ့သူမှာ ယင်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ Sky View ဟိုတယ်၌ တည်းခိုနေသည့် အမေရိကန်နိုင်ငံသား Mr.Flood Daniel Joseph (၃၃)နှစ် (ပတ်စ်ပို့ အမှတ် ၂၆၂၁၆၁၄၇ ဗီဇာ အမှတ် E ၀၁၁၆၈၁၈၄၊ ကမ္ဘာလှည့်ဗီဇာ၊ သက်တမ်း ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက် မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ)ဖြစ်ကြောင်း သိရသည်။

၎င်းသည် ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီ မိနစ် ၅၀ ခန့်က အလိုတော်ပြည့်ဘုရားလိုဏ်ဂူအတွင်းမှ အပေါ်သို့တက်ပြီး ဓာတ်ပုံရိုက်နေစဉ် အမြင့်ပေ ၂၀ ခန့်မှ ခြေချော်ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကို ညောင်ဦးဆေးရုံသို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့ အမှတ်(၆) တပ်ဖွဲ့စု (ပုဂံ)မှ တပ်ဖွဲ့ဝင်များက ကူညီပို့ဆောင်ပေးခဲ့ပြီးဆေးရုံတက်ရောက်ကုသရန် ပြောကြားသော်လည်း ဆေးရုံမတက်လိုကြောင်း မှတ်တမ်းတွင် ၀န်ခံလက်မှတ်ရေးထိုးခဲ့ကြောင်း၊ အခင်းဖြစ်နေ့ ည ၈ နာရီ မိနစ် ၂၀ တွင် Sky Viewဟိုတယ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။…..

သတင်း – တင့်ဇော်ထွန်း
The Standard Times

No comments:

Post a Comment