Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 20, 2018

အမှိုက်ကစရင် ပြသာဒ်မီးလောင်နိုင်တယ်


ယခုရက်ပိုင်းအတွင်း ရှုပ်ထွေးလာတဲ့ ၁၀၀၀၀ တန်ငွေတု
ပြသာနာက သေသေချာချာ မဖြေရှင်းရင် ကြီးထွားလာ
နိုင်တယ်။

လက်ဝယ်တွေ့တဲ့ အပြစ်မဲ့ပြည်သူတိုင်းကို ဖမ်းဆီးခြင်း
က အခြေအနေကို ပိုမိုဆိုးဝါးလာစေနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ .......

ဗဟိုဘဏ်ဥပဒေ ပုဒ်မ၁၀၅ ၏ပြဌာန်းချက်တွင်
ပိုက်ဆံအတုကိုလက်ဝယ်ထားခြင်းလို့ပြဌာန်းမထားပါ။
ပုဒ်မ ၁၀၅ တွင် ငွေတုမှန်းသိလျက်နှင့်သုံးစွဲခြင်း
ဟုသာပြဌာန်းထားပါသည်။
သိလျက်နှင့်သုံးစွဲသည်ဟူသောအချက်မပေါ်ပေါက်
လျက်လူကိုဖမ်းဆီးခြင်း တရားစွဲဆိုခြင်းပြုလျှင်
ဥပဒေပြဌာန်းချက်ကိုကျော်လွန်ရာကျနေပါသည်။
မူလဥပဒေရေးဆွဲစဉ်ကပင် အတုမှန်းသိသိ၊မသိသိ
သုံးသုံးမသုံးသုံး အပြစ်ရှိသည်ဟုသတ်မှတ်လိုပါက
"ငွေတုကိုလက်ဝယ်ထားလျှင်၊ တွေ.ရှိလျှင် "ဟု
ဥပဒေတွင် ထည့်သွင်းပြဌာန်းထားရမည်ဖြစ်ပါသည်။

ဥပမာ -ပြည်သူပိုင်ပစ္စည်း ခိုးခြင်း အလွဲသုံးစားပြုခြင်း
လက်ဝယ်ထားခြင်း အကျိုးဖျက်ဆီးခြင်းပြုပါက
၆( ၁ )နှင့်တရားစွဲဆိုပါသည်။
အဆိုပါ ဥပဒေတွင် လက်ဝယ်ထားရုံနှင့်အပြစ်ရှိသည်ဟု
" လက်ဝယ်ထားခြင်း "ကိုထည့်သွင်းပြဌာန်းထား၍
လက်ဝယ်တွေ.သည်နှင့်ဖမ်းဆီးအရေးယူနိုင်ပါသည်။

ယနေ.ပြည်သူများအကြား ဖြစ်ပွားနေသော
၁၀၀၀၀ တန်ငွေတု ပြသာနာတွင် ဗဟိုဘဏ် ဥပဒေ
မှာ လက်ဝယ်ထားခြင်းအတွက်ပြဌာန်းမထားပါ။
ဗဟိုဘဏ်ဥပဒေ ပုဒ်မ၁၀၅ ၏ပြဌာန်းချက်တွင်
ပြည်သူများမသိ၍အစစ်ထင်ပြီးသုံးမိသူများမနစ်နာ
စေရန် " သိလျက်နှင့်သုံးစွဲခြင်း " ဟု ကွဲကွဲပြားပြား
ပြဌာန်းပေးခြင်းသည် ဥပဒေကပေးထားသည့်
ပြည်သူတို့၏ အခွင့်အရေးဖြစ်သည်။

ထိုသို. ဥပဒေပါ တိတိကျကျခွဲပေးထားပါလျက်
ပြည်သူတို့ကို ဥပဒေအပေါ်ပေါ့ပေါ့ဆဆ အဓိပ္ပါယ်
ပြန်ကာ ပြည်သူများ တုန်လှုပ်ကြောက်ရွံမှုဖြစ်ကာ
အရေးယူမိခြင်း မရှိအောင် သက်ဆိုင်ရာအဖွဲ့အစည်း
များ သတိပြုဖို့လိုအပ်နေပါတယ်။
အပြစ်မဲ့ပြည်သူအများနစ်နာသည့်ကိစ္စကို မြန်မာနိုင်ငံ
ရဲတပ်ဖွဲ.၀င်များ၊ဥပဒေနှင့်ပတ်သက်သော တာဝန်ရှိ
သူများ ၊လုပ်ပိုင်ခွင်ရှိသူများ သတိပြုဆင်ခြင်ကြရန်
အရေးတကြီး လိုအပ်လျက်ရှိနေပါပြီ။

နောက်တစ်ချက်က......
နေ့စဉ် ဈေးကွက်ထဲမှာလည်ပတ်နေတဲ့ ၁၀၀၀၀ တန်
တွေကို ကုန်သည်တွေလက်မခံကြတော့ဘူး။
ဘဏ်တွေမှာလည်း ၁၀၀၀၀ တန် ငွေထုတ်ပေးရင်
မယူရဲကြတော့ဘူး။ အဲဒီလိုသာ ရက်တွေကြာလာရင်
ဘဏ်တွေထဲက ၁၀၀၀၀ တန်တွေ အခက်တွေ့ပြီ။
နဂိုကမှ ဈေးကွက်တုန့်ဆိုင်းနှေးကွေးနေတဲ့ စီးပွားရေး
နယ်ပယ်မှာ အကြီးအကျယ် ရိုက်ခတ်လာလိမ့်မယ်။

အဲဒီအချိန်မှာ ငွေတုထုတ်သူတွေက အရှုပ်အထွေး
ကြားမှာ သူတို့လက်ဝယ်ရှိတဲ့ ၁၀၀၀၀ တန်ငွေတုတွေကို
ထပ်ထည့်ပေးလိုက်ရင် ငါးပါးမှောက်ပြီ။
စီးပွားရေးဈေးကွက်မတည်မငြိမ်ဖြစ်ပြီဆိုတာနဲ့ နိုင်ငံရေး
ပယောဂတွေ ဆက်တိုက်လိုက်လာမယ်၊ တချိန်က
၇၅ကျပ်တန် ၃၅ကျပ်တန် ၂၅ကျပ်တန်ငွေစက္ကူတွေ
ဖျက်သိမ်းလိုက်တုန်းကလို ၁၀၀၀၀ တန်လေးတွေ
လက်ဝယ်ရှိနေတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ပစ္စည်းမဲ့ဒေါသ
တွေ ပေါက်ကွဲလာမယ်၊ အဲဒီ ဒေါသတွေက
လက်ရှိအုပ်ချုပ်သူ အစိုးရဆီ ဦးတည်လာကြလိမ့်မယ်။

ဒါကြောင့် ယနေ့ဖြစ်ပေါ်နေတဲ့ ၁၀၀၀၀ တန်ငွေတုကိစ္စကို
နိုင်ငံတော်သမ္မတရုံးက တစ်ဆင့်နိုင်ငံတော်အဆင့်
ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း " အမှိုက်ကစရင်
ပြသာဒ်မီးလောင်နိုင် " ပါကြောင်း တိုက်တွန်းလိုက်
ရပါတယ်။

ချစ်ခြင်းများစွာဖြင့်
ကျော်စွာမြင့်

No comments:

Post a Comment