Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 20, 2018

နောက်ဆုတ်တဲ့သူက သေကြေး....


ဒီပုံလေးကို အစက အမှုမဲ့ အမှတ်မဲ့ပါ
နောက်တော့ သေချာကြည့်မိတယ်

နောက်ဆုတ်တဲ့သူက သေကြေးလို့ ထင်ယောင်ထင်မှားဖြစ်နိုင်ပါတယ်

ဒါပေမဲ့  သေချာထပ်ကြည့်ကြည့်ပါ
ကောင်မလေးဖက်က နောက်ဆုတ်ရင် ကောင်လေးလက်ထဲကဓါးက ကောင်မလေး လည်ပင်းကိုစိုက်ဝင်သွားမှာပါ

ကောင်လေးဖက်ကနောက်ဆုတ်လိုက်ရင်တော့ ကောင်လေးရဲ့ လည်ပင်းကို ကောင်မလေးရဲ့လက်က ကာထားတဲ့အတွက် ဓါးက ကောင်မလေးရဲ့လက်ကိုပဲ အရင်စိုက်မှာပါ

ထပ်ပြီးသေချာစဉ်းစားကြည့်ကြပါစို့ 

RELATIONSHIPတစ်ခုကို မိန်းကလေးဖက်က စပြီးဖျက်သိမ်းတဲ့အခါ မိန်းကလေးဖက်ကပဲနာသလို
ယောကျာ်းလေးဖက်က စဖျက်သိမ်းတဲ့အခါ အရင်ဦးဆုံးခံစားရမှာ မိန်းကလေးပါပဲ

ဒါကြောင့် မိန်းကလေးဖက်ကလဲ အချစ်ကိုသေချာမသိပဲ ချစ်တယ်လို့ မပြောမိပါစေနဲ့ 
ပြတ်သွားခဲ့ရင် ကိုယ့်နာမည် ပျက်တယ်
ဘဝပါပျက်သွားရင်တော့ အဖတ်ဆယ်လို့ မရနိုင်ပါဘူး

ပိုဆိုးတာက မိန်းကလေးတစ်ယောက် ရည်းစားနဲ့ ပြတ်သွားတယ်ပေါ့
ဘဝပါပျက်သွားတယ်ဆို
ဒီမိန်းကလေးဟာ ပျက်ဆီးဖို့ လမ်းစ တွေ့ နေသလိုပါပဲ
ယောကျာ်းအားလုံးဒီလိုပါလားဆိုပြီးစိတ်နာနေမယ်မထင်နဲ့ 

နီးရာလူကို ပြေးပြီး စိတ်ထွက်ပေါက်ရှာတာတွေလဲအများကြီးပါ
ဒါဆို ပိုဆိုးပြီပဲ

ဒါအပြင် တကယ်အချစ်စစ်ကိုတွေ့ တဲ့အခါကျလဲ အရင်တုန်းက ဘာဖြစ်ခဲ့ဖူးတယ်
ရည်းစားတွေဘယ်လောက်ထားခဲ့ဖူးတယ်ဆိုတာတွေက
အဖြူရောင်စာရွက်ပေါ် မှင်စွန်းသလို ထင်ရှားနေမှာပေါ့

ကိုယ့်အိမ်ထောင်ဖက် ကိုယ်ချစ်တဲ့သူသာ ဒီအကြောင်းတွေသိရင် သာယာတဲ့အိမ်ထောင်ရေးဟာ
မလွယ်ကူတော့ပါဘူး

ဒါ့ကြောင့် အချုပ်ဆိုရမယ်ဆို မိန်းကလေး အားလုံး
ကိုယ်ဘယ်လောက်ချစ်ချစ် အယုံမလွယ်ဖို့ 
အဖြေပေးရင် သေချာစဉ်းစားပြီး မိန်းမကောင်းပန်းတစ်ပွင့်ပန် တဲ့ အနာဂတ်ရဲ့ မျိုးဆက်များကို ထိန်းသိမ်းနိုင်ပြီး

ခုစာကိုဖတ်မိတဲ့ယောကျာ်းလေးများကလဲ
ကိုယ်တကယ် နှစ်နှစ်ကာကာချစ်နိုင်မဲ့သူကိုတွေ့ မှ ချစ်ခွင့်ပန်စေလိုကြောင်း လေးစားစွာ အသိပေးလိုက်ပါတယ်

သီချင်းမရှိတဲ့ ဂစ်တာ

No comments:

Post a Comment