Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 24, 2018

သင့္ကေလး အစာနင္ျခင္း ( သုုိ ့) လည္ေခ်ာင္းထဲ တစ္ခုခုဆို့ျခင္း ျဖစ္ေပၚပါက အေရးေပၚ ေစာင့္ေရွာက္နည္း


တစ္နွစ္ေအာက္ကေလးေတြ အတြက္ေတာ့ အစာ သို့မဟုတ္ နို့မ်ားျပန္အန္ျခင္းေျကာင့္ လည္ပင္းနင္ျခင္းျဖစ္နိုင္ပါတယ္။ ကေလးအေနနဲ့ နို့မ၀ျခင္းေျကာင့္ အလြန္ဆာေလာင္ေနေသာအခ်ိန္မွာေသာ္လည္းေကာင္း၊အိပ္ပံုအေနအထားမမွန္တာေျကာင့္လည္းေကာင္း၊မိခင္ကနို့ေပါေသာေျကာင့္ ကေလးကျမန္ျမန္လိုက္မစို့နိုင္ေသာေျကာင့္လည္းေကာင္း လည္ပင္းဆို့နင့္နိုင္ပါတယ္။ကေလးငယ္မ်ား၀ါးနိုင္ေသာ အေနအထားမဟုတ္ပဲအစာမ်ားျကီးေနေသာအခါလဲနင္တတ္ပါတယ္။

တစ္နွစ္ေအာက္ကေလးငယ္မ်ား လည္ပင္းနင္ျခင္းအတြက္ အေရးေပါ္နည္းလမ္းမ်ား

-ကေလးကို သင့္လက္ေမာင္း တစ္ဖက္ေပါတြင္ ေမွာက္လ်က္အေနအထားထားပါ ကေလးေခါင္းကို ေအာက္ဘက္စိုက္ထားပါ။ပုခံုးနွစ္ခုျကားကို က်န္လက္တစ္ဖက္ျဖင့္ ငါးခ်က္ခန့္ရိုက္ေပးပါ။ကေလးလည္ေခ်ာင္းထဲက အစာထြက္သည္အထိ ရိုက္ေပးပါ။

-ကေလးကို သင့္လက္ေမာင္းေပ္ါမွာ ပက္လက္အေနအထားထားပါ။ကေလးကိုယ္တစ္ခုလံုးကို ေဇာက္ထိုးအေနအထားထားပါ။ ကေလးရဲ့ နံရိုးနွစ္ခုဆံုရာကို သင့္လက္ညိဴးနဲ့လက္ခလယ္သံုးျပီး ၅ျကိမ္ခန့္ဖိေပးပါ။

တစ္နွစ္အထက္ကေလးမ်ား လည္ပင္းနင္ေသာအခါ

-ကေလးျကီးမ်ားအတြက္ေတာ့ အျခားအေရးေပၚနည္းေတြကိုအသံုးျပဳပါတယ္။
-ကေလးကို သင့္လက္တစ္ဖက္ေပ္ါတင္ျပီး ေရွ့ကိုငိုက္လ်က္အေနအထားတြင္ထားပါ။ သင့္လက္ဖေနာင့္ကိုသံုးျပီး ကေလးရဲ့ ေက်ာအလယ္ကို ၅ခ်က္ခန့္ ခပ္ျပင္းျပင္းရိုက္ပါ။

-ကေလးကို သင့္အားေက်ာခိုင္းလ်က္အေနအထားတြင္ထားျပီး ဒူးေထာက္ခိုင္းပါ။ကေလးရဲ့ ခါးနွစ္ဖက္ကို သင့္လက္နွစ္ဖက္ျဖင့္ဆုပ္ကိုင္ထားပါ။ဆုပ္ကိုင္ရာမွာ လက္တစ္ဖက္ကိုလက္သီးဆုပ္အေနအထားထားျပီး က်န္လက္တစ္ဖက္ကို ထိုလက္သီးဆုပ္အေပါ္မွ အုပ္ျပီးကိုင္ထားပါ။ထိုလက္အေနအထားျဖင့္ ကေလးရဲ့ နံရိုးနွစ္ဖက္ဆံုရာေနရာကို ဖိေပးပါ။
လည္ပင္းတြင္ဆို့ေနေသာ အ ရာထြက္လာသည္အထိ ဖိေပးပါ။

လည္ပင္းတြင္ဆို့ေနေသာအရာထြက္လာျပီးေနာက္ ကေလးသည္ သတိလစ္ေနပါက သို့မဟုတ္ ေကာင္းေကာင္းအသက္မရွဴပါက သင့္ပါးစပ္ျဖင့္ကေလးပါးစပ္ထဲသို့ ေလမွဳတ္သြင္းျခင္း သို့မဟုတ္ ကေလးနွလံုးေနရာသို့နွိပ္ေပးျခင္းျဖင့္ သတိလည္လာေအာင္ျကိုးစားနိုင္ပါတယ္။

ကေလးမ်ား လည္ပင္းနင္ျခင္းမျဖစ္ေအာင္ ဘယ္လိုကာကြယ္ျကမလဲ

-ပစၥည္းအေသးေလးမ်ားကို သိမ္းဆည္းပါ
-ကေလးကို ေသခ်ာေစာင့္ျကည့္ပါ
-အေစ့မပါေသာ အသီးမ်ားကိုသာေက်ြးပါ

-အစာကို ေျကညက္ေအာင္ျကိတ္ေက်ြးပါ
-အစာစားစဥ္ အစားမေျပာဖို့ မရယ္ဖို့သင္ေပးပါ

Writer – Dr Jue ( Daily hot news )

တစ်နှစ်အောက်ကလေးတွေ အတွက်တော့ အစာ သို့မဟုတ် နို့များပြန်အန်ခြင်းကြောင့် လည်ပင်းနင်ခြင်းဖြစ်နိုင်ပါတယ်။ ကလေးအနေနဲ့ နို့မဝခြင်းကြောင့် အလွန်ဆာလောင်နေသောအချိန်မှာသော်လည်းကောင်း၊အိပ်ပုံအနေအထားမမှန်တာကြောင့်လည်းကောင်း၊မိခင်ကနို့ပေါသောကြောင့် ကလေးကမြန်မြန်လိုက်မစို့နိုင်သောကြောင့်လည်းကောင်း လည်ပင်းဆို့နင့်နိုင်ပါတယ်။ကလေးငယ်များဝါးနိုင်သော အနေအထားမဟုတ်ပဲအစာများကြီးနေသောအခါလဲနင်တတ်ပါတယ်။

တစ်နှစ်အောက်ကလေးငယ်များ လည်ပင်းနင်ခြင်းအတွက် အရေးပေါ်နည်းလမ်းများ

-ကလေးကို သင့်လက်မောင်း တစ်ဖက်ပေါတွင် မှောက်လျက်အနေအထားထားပါ ကလေးခေါင်းကို အောက်ဘက်စိုက်ထားပါ။ပုခုံးနှစ်ခုကြားကို ကျန်လက်တစ်ဖက်ဖြင့် ငါးချက်ခန့်ရိုက်ပေးပါ။ကလေးလည်ချောင်းထဲက အစာထွက်သည်အထိ ရိုက်ပေးပါ။

-ကလေးကို သင့်လက်မောင်းပေ်ါမှာ ပက်လက်အနေအထားထားပါ။ကလေးကိုယ်တစ်ခုလုံးကို ဇောက်ထိုးအနေအထားထားပါ။ ကလေးရဲ့ နံရိုးနှစ်ခုဆုံရာကို သင့်လက်ညိူးနဲ့လက်ခလယ်သုံးပြီး ၅ကြိမ်ခန့်ဖိပေးပါ။

တစ်နှစ်အထက်ကလေးများ လည်ပင်းနင်သောအခါ

-ကလေးကြီးများအတွက်တော့ အခြားအရေးပေါ်နည်းတွေကိုအသုံးပြုပါတယ်။
-ကလေးကို သင့်လက်တစ်ဖက်ပေ်ါတင်ပြီး ရှေ့ကိုငိုက်လျက်အနေအထားတွင်ထားပါ။ သင့်လက်ဖနောင့်ကိုသုံးပြီး ကလေးရဲ့ ကျောအလယ်ကို ၅ချက်ခန့် ခပ်ပြင်းပြင်းရိုက်ပါ။

-ကလေးကို သင့်အားကျောခိုင်းလျက်အနေအထားတွင်ထားပြီး ဒူးထောက်ခိုင်းပါ။ကလေးရဲ့ ခါးနှစ်ဖက်ကို သင့်လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားပါ။ဆုပ်ကိုင်ရာမှာ လက်တစ်ဖက်ကိုလက်သီးဆုပ်အနေအထားထားပြီး ကျန်လက်တစ်ဖက်ကို ထိုလက်သီးဆုပ်အပေါ်မှ အုပ်ပြီးကိုင်ထားပါ။ထိုလက်အနေအထားဖြင့် ကလေးရဲ့ နံရိုးနှစ်ဖက်ဆုံရာနေရာကို ဖိပေးပါ။
လည်ပင်းတွင်ဆို့နေသော အ ရာထွက်လာသည်အထိ ဖိပေးပါ။

လည်ပင်းတွင်ဆို့နေသောအရာထွက်လာပြီးနောက် ကလေးသည် သတိလစ်နေပါက သို့မဟုတ် ကောင်းကောင်းအသက်မရှူပါက သင့်ပါးစပ်ဖြင့်ကလေးပါးစပ်ထဲသို့ လေမှုတ်သွင်းခြင်း သို့မဟုတ် ကလေးနှလုံးနေရာသို့နှိပ်ပေးခြင်းဖြင့် သတိလည်လာအောင်ကြိုးစားနိုင်ပါတယ်။

ကလေးများ လည်ပင်းနင်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ

-ပစ္စည်းအသေးလေးများကို သိမ်းဆည်းပါ
-ကလေးကို သေချာစောင့်ကြည့်ပါ
-အစေ့မပါသော အသီးများကိုသာကျွေးပါ

-အစာကို ကြေညက်အောင်ကြိတ်ကျွေးပါ
-အစာစားစဉ် အစားမပြောဖို့ မရယ်ဖို့သင်ပေးပါ

Writer – Dr Jue ( Daily hot news )

No comments:

Post a Comment