Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 5, 2018

ဝက္သားၾကိဳက္သူမ်ားအတြက္ ထိတ္လန္႕ဖြယ္ ေလ့လာေတြ႕ရွိခ်က္မ်ား


ဝက္သားစားျခင္းႏွင့္ ေလ့လာေတြ႕ရွိခ်က္မ်ား

အသီးမွာ “ သရက္ ”အသားမွာ “ ဝက္ ”လို႔ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ လူသိမ်ားတဲ့ ဝက္ဟာ တကိုယ္လုံး လႊင့္ပစ္စရာမရွိေလာက္ေအာင္ အသုံးဝင္ပါတယ္။ အခုေနာက္ပိုင္း လူေတြက ဝက္သားကို စားလို႔ေကာင္းေအာင္ နည္းမ်ိဳးစုံနဲ႔ ျပဳလုပ္ စားေသာက္လာၾကပါတယ္။ လူႀကိဳက္လည္း အရမ္းမ်ားတဲ့ ဝက္ရဲ႕အသားဟာ ဘယ္ေလာက္ေတာင္ေၾကာက္ဖို႔ေကာင္းလဲဆိုတာ သိထားသင့္လို႔ ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။



(၁) ပညာရွင္ေတြက ဝက္တစ္ေကာင္ရဲ႕ အူလမ္းေၾကာင္းကို အမႈိက္ပုံတစ္ခုကဲ့သို႔လို႔ တင္စားေခၚေဝၚၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဝက္ေတြ စားတဲ့ အစားအေသာက္ေတြထဲမွာ သက္ရွိမ်ားရဲ႕ ဆီး၊ မစင္၊ ပုပ္သိုးေနေသာအသားႏွင့္ ဟင္းသီးဟင္း႐ြက္မ်ား၊ ေလာက္မ်ား၊ ကင္ဆာျဖစ္ပြားေနေသာ အသားတုံးမ်ားပါဝင္တယ္ဟု ေလ့လာသူေတြက ဆိုပါတယ္။

(၂) ဝက္ေတြရဲ႕ အသားနဲ႔ အဆီေတြဟာ သူတို႔စားေသာက္တဲ့ အစားအေသာက္မ်ားမွာ ပါဝင္ေနေသာ အဆိပ္အေတာက္မ်ားႏွင့္ အညစ္အေၾကးမ်ားကို “ ေရျမဳပ္ ” ကဲ့သို႔ စုပ္ယူထားႏိုင္ပါတယ္။ ဒါေၾကာင့္ ဝက္သားဟာ အျခားအသားမ်ားထက္ အစာအဆိပ္သင့္မႈ အဆ(၃၀)ခန႔္ပိုမိုျဖစ္ပြားႏိုင္ပါတယ္။

(၃) က်ေနာ္တို႔ ခႏၶာကိုယ္အတြင္းရွိ အစာေခ်စနစ္ဟာ အမဲသား၊ သမင္၊ ဆတ္ကဲ့သို႔သာ အသားမ်ားကိုသာ ေခ်ၿပီး ေသြးထဲသို႔ စုပ္ယူႏိုင္ရန္ အခ်ိန္(၈)နာရီခန႔္ၾကာသည္။ ဒီအသားေတြထဲမွာ ဘက္တီးရီးယားမ်ားေၾကာင့္ အဆိပ္အေတာက္(Toxins)မ်ား ပါလာခဲ့ရင္ေတာ့ နဲနဲခ်င္းစီသာေခ်ႏိုင္ေသာ အစာေခ်စနစ္ေၾကာင့္ ေသြးထဲသို႔တစိမ့္စိမ့္နဲ႔ အနည္းငယ္စီသာ ဝင္ေရာက္ႏိုင္ ပါတယ္။ အဲ့ဒါေၾကာင့္ ဒီအဆိပ္မ်ားကို အသည္းမွ အလြယ္တကူ စစ္ထုတ္ကာ ဆီးလမ္းေၾကာင္းမွ တဆင့္စြန႔္ထုတ္ႏိုင္ပါတယ္။ ဝက္သားမ်ားကို ေခ်ၿပီးေသြးထဲသို႔ စုပ္ယူႏိုင္ရန္ၾကာခ်ိန္မွာ (၄)နာရီခန႔္မွ်သာရွိပါတယ္။ ဒါ့ေၾကာင့္အခ်ိန္တိုအတြင္း အဆိပ္မ်ား ေသြးထဲသို႔ အေျမာက္အမ်ားဝင္ေရာက္လာႏိုင္ ပါတယ္။

(၄) ဝက္ေတြဟာ တျခားသတၱဝါေတြလို ေခြၽးမထြက္ပါဘူး။ ဒါေၾကာင့္ အဆိပ္အေတာက္နဲ႔ အညစ္အေၾကးဟူသမွ်က ခႏၶာကိုယ္တြင္း မစြန႔္ထုတ္ႏိုင္ပဲကိန္းေအာင္းေနပါတယ္။ တစ္ခါတရံ ဝက္ေတြဟာ ေႁမြေတြကိုပါ စားေသာက္တတ္ၿပီး ေႁမြဆိပ္ေတြဟာလည္း ဝက္ရဲ႕ ခႏၶာကိုယ္တြင္းသို႔ ေရာက္ရွိေနတတ္ပါတယ္။

(၅) ဝက္သားဟာ တျခားအသားမ်ားထက္ ပိုးတြယ္ျခင္း၊ ေလာက္တြယ္ျခင္းမ်ားကို ပိုမိုလ်င္ျမန္စြာျဖစ္ပြားေလ့ရွိပါတယ္။

(၆) ဝက္ရဲ႕ ခႏၶာကိုယ္တြင္းမွာ တုတ္ျပားေကာင္၊ သံျပားေကာင္မ်ား၊ ကပ္ပါးေကာင္မ်ားနဲ႔ ဒီအေကာင္ေတြရဲ႕ ဥမ်ား၊ အရည္အိတ္မ်ား တြယ္ကပ္ေနထိုင္တတ္ပါတယ္။ မီးပူပူျဖင့္ ေသခ်ာခ်က္ျပဳတ္ရင္ေတာင္ ဒီအေကာင္ေတြရဲ႕ ဥမ်ားေတြဟာ ေသဖို႔မလြယ္ကူပါဘူး။ ဝက္သားထဲမွာ တြယ္ကပ္ေနတဲ့ Trichinae ဟုေခၚေသာ အလြန္ေသးငယ္ေသာ တုတ္ေကာင္ေလးေတြဟာ လူ႔ခႏၶာကိုယ္အတြင္း ေရာက္ရွိပါက ေရာဂါရွာရခက္ခဲတဲ့ ေဝဒနာမ်ိဳးစုံကို ခံစားရႏိုင္ပါတယ္။

(၇) ဝက္သားဟာ အမဲသားထက္ အဆီ(၂)ဆခန႔္ ပိုမိုပါဝင္ပါတယ္။ ေသြးတိုး၊ ဆီးခ်ိဴ၊ ႏွလုံးေသြးေၾကာက်ဥ္းျခင္း၊ ေလျဖတ္ျခင္း၊ အသည္းအဆီဖုံးေရာဂါနဲ႔ အျခားေသာေရာဂါေပါင္းမ်ားစြာ ပိုမိုျဖစ္ပြားႏိုင္ပါတယ္။
BBG

#Unicode Version#
ဝက်သားစားခြင်းနှင့် လေ့လာတွေ့ရှိချက်များ

အသီးမှာ “ သရက် ”အသားမှာ “ ဝက် ”လို့ ကျနော်တို့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ဝက်ဟာ တကိုယ်လုံး လွှင့်ပစ်စရာမရှိလောက်အောင် အသုံးဝင်ပါတယ်။ အခုနောက်ပိုင်း လူတွေက ဝက်သားကို စားလို့ကောင်းအောင် နည်းမျိုးစုံနဲ့ ပြုလုပ် စားသောက်လာကြပါတယ်။ လူကြိုက်လည်း အရမ်းများတဲ့ ဝက်ရဲ့အသားဟာ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာ သိထားသင့်လို့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) ပညာရှင်တွေက ဝက်တစ်ကောင်ရဲ့ အူလမ်းကြောင်းကို အမှိုက်ပုံတစ်ခုကဲ့သို့လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝက်တွေ စားတဲ့ အစားအသောက်တွေထဲမှာ သက်ရှိများရဲ့ ဆီး၊ မစင်၊ ပုပ်သိုးနေသောအသားနှင့် ဟင်းသီးဟင်းရွက်များ၊ လောက်များ၊ ကင်ဆာဖြစ်ပွားနေသော အသားတုံးများပါဝင်တယ်ဟု လေ့လာသူတွေက ဆိုပါတယ်။

(၂) ဝက်တွေရဲ့ အသားနဲ့ အဆီတွေဟာ သူတို့စားသောက်တဲ့ အစားအသောက်များမှာ ပါဝင်နေသော အဆိပ်အတောက်များနှင့် အညစ်အကြေးများကို “ ရေမြုပ် ” ကဲ့သို့ စုပ်ယူထားနိုင်ပါတယ်။ ဒါကြောင့် ဝက်သားဟာ အခြားအသားများထက် အစာအဆိပ်သင့်မှု အဆ(၃၀)ခန့်ပိုမိုဖြစ်ပွားနိုင်ပါတယ်။

(၃) ကျနော်တို့ ခန္ဓာကိုယ်အတွင်းရှိ အစာချေစနစ်ဟာ အမဲသား၊ သမင်၊ ဆတ်ကဲ့သို့သာ အသားများကိုသာ ချေပြီး သွေးထဲသို့ စုပ်ယူနိုင်ရန် အချိန်(၈)နာရီခန့်ကြာသည်။ ဒီအသားတွေထဲမှာ ဘက်တီးရီးယားများကြောင့် အဆိပ်အတောက်(Toxins)များ ပါလာခဲ့ရင်တော့ နဲနဲချင်းစီသာချေနိုင်သော အစာချေစနစ်ကြောင့် သွေးထဲသို့တစိမ့်စိမ့်နဲ့ အနည်းငယ်စီသာ ဝင်ရောက်နိုင် ပါတယ်။ အဲ့ဒါကြောင့် ဒီအဆိပ်များကို အသည်းမှ အလွယ်တကူ စစ်ထုတ်ကာ ဆီးလမ်းကြောင်းမှ တဆင့်စွန့်ထုတ်နိုင်ပါတယ်။ ဝက်သားများကို ချေပြီးသွေးထဲသို့ စုပ်ယူနိုင်ရန်ကြာချိန်မှာ (၄)နာရီခန့်မျှသာရှိပါတယ်။ ဒါ့ကြောင့်အချိန်တိုအတွင်း အဆိပ်များ သွေးထဲသို့ အမြောက်အများဝင်ရောက်လာနိုင် ပါတယ်။

(၄) ဝက်တွေဟာ တခြားသတ္တဝါတွေလို ချွေးမထွက်ပါဘူး။ ဒါကြောင့် အဆိပ်အတောက်နဲ့ အညစ်အကြေးဟူသမျှက ခန္ဓာကိုယ်တွင်း မစွန့်ထုတ်နိုင်ပဲကိန်းအောင်းနေပါတယ်။ တစ်ခါတရံ ဝက်တွေဟာ မြွေတွေကိုပါ စားသောက်တတ်ပြီး မြွေဆိပ်တွေဟာလည်း ဝက်ရဲ့ ခန္ဓာကိုယ်တွင်းသို့ ရောက်ရှိနေတတ်ပါတယ်။

(၅) ဝက်သားဟာ တခြားအသားများထက် ပိုးတွယ်ခြင်း၊ လောက်တွယ်ခြင်းများကို ပိုမိုလျင်မြန်စွာဖြစ်ပွားလေ့ရှိပါတယ်။

(၆) ဝက်ရဲ့ ခန္ဓာကိုယ်တွင်းမှာ တုတ်ပြားကောင်၊ သံပြားကောင်များ၊ ကပ်ပါးကောင်များနဲ့ ဒီအကောင်တွေရဲ့ ဥများ၊ အရည်အိတ်များ တွယ်ကပ်နေထိုင်တတ်ပါတယ်။ မီးပူပူဖြင့် သေချာချက်ပြုတ်ရင်တောင် ဒီအကောင်တွေရဲ့ ဥများတွေဟာ သေဖို့မလွယ်ကူပါဘူး။ ဝက်သားထဲမှာ တွယ်ကပ်နေတဲ့ Trichinae ဟုခေါ်သော အလွန်သေးငယ်သော တုတ်ကောင်လေးတွေဟာ လူ့ခန္ဓာကိုယ်အတွင်း ရောက်ရှိပါက ရောဂါရှာရခက်ခဲတဲ့ ဝေဒနာမျိုးစုံကို ခံစားရနိုင်ပါတယ်။

(၇) ဝက်သားဟာ အမဲသားထက် အဆီ(၂)ဆခန့် ပိုမိုပါဝင်ပါတယ်။ သွေးတိုး၊ ဆီးချိူ၊ နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ အသည်းအဆီဖုံးရောဂါနဲ့ အခြားသောရောဂါပေါင်းများစွာ ပိုမိုဖြစ်ပွားနိုင်ပါတယ်။

BBG

No comments:

Post a Comment