Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 7, 2018

လောကမှာ ကျွန်တော်အမုန်းဆုံးလူမျိုးတစ်မျိုးကိုပြပါဆိုရင် မြန်မာလူမျိုးတွေကို အမုန်းဆုံးပါပဲ။


ကျနော် မြန်မာနိုင်ငံသား တစ်ဦးပါ
လောကမှာ
ကျွန်တော်အမုန်းဆုံးလူမျိုးတစ်မျိုးကိုပြပါဆိုရင်
မြန်မာလူမျိုးတွေကို အမုန်းဆုံးပါပဲ။
ကျွန်တော့်တစ်သက်မှာ

⚜ကျွန်တော်နဲ့
⚜ကျွန်တော့်မိသားစုတွေကို
ဒုက္ခပေးခဲ့တဲ့သူတွေကလည်း
ပြန်တွေးကြည့်ရင် မြန်မာတွေပါပဲ။

⚜ကျွန်တော့်အပေါင်းအသင်း
⚜မိတ်ဆွေ
⚜သူငယ်ချင်းတွေဒုက္ခရောက်ကြတယ်။

မြန်မာလူမျိုးတွေကြောင့်ပါပဲ။

မြန်မာတွေ.....
ဘယ်လောက်ဆိုးဝါးကြသလဲဆိုရင်
မြန်မာတွေအချင်းချင်း သိပ်ရန်လိုချင်ကြတယ်။
မြန်မာရပ်ကွက်ဘောလုံးပြိုင်ပွဲတွေမှာ
နာမည်ကြီးတဲ့အသင်းတွေဟာ
တော်လို့/ကောင်းလို့မဟုတ်ဘဲ
ညစ်လို့/ရန်ဖြစ်လို့ နာမည်ကြီးကြတာချည်းပါပဲ။

❇ဘုရားပွဲ
❇စတိတ်ရှိုးပွဲ
❇သင်္ကြန်ပွဲ
❇သီတင်းကျွတ်
❇တန်ဆောင်မုန်း .. စတဲ့ပွဲတွေမှာ
လည်ကြပျော်ကြတဲ့အခါ
ရန်ဖြစ်မှာမစိုးရိမ်ရဘဲ သွားလည်ကြဖူးလား။

အဆောင်ရှေ့မှာ ဂစ်တာတီးကြတဲ့အခါ
စာမေးပွဲဖြေပြီး လည်ကြပျော်ကြတဲ့အခါ
အပူအပင်ကင်းကင်း
မြန်မာပြည်မှာ......ပျော်ရဖူးလား။
လူရှုပ်ရှုပ်မှာ
စိတ်ချလက်ချ လမ်းလျှောက်ရဲလား။
မြန်မာပြည်မှာ
စိတ်အေးလက်အေးပျော်ရတဲ့ပွဲ ဘယ်နားမှာရှိလဲ။

မြန်မာတွေအချင်းချင်း သိပ်ကျော်ချင်ကြတယ်။
နိုင်ငံခြားကုမ္ပဏီတွေ
❇ဘယ်လောက်ရင်းနှီးမြှုပ်နှံပြီး
❇ဘာရုံးလာဖွင့်ဖွင့်
မြန်မာပါရင်အချင်းချင်းနှိမ်ကြတယ်။
တိုင်းတပါးသားကိုဖားပြီး
ကိုယ့်နိုင်ငံသားကို
ကျောကွဲအောင်ရိုက်ပြတတ်ကြတယ်။

ဘယ်ကုမ္မဏီ
ဘယ်လောက်ကောင်းကောင်း
မြန်မာပါရင် အောက်ကမတက်ဘူး။
မြန်မာအချင်းချင်း
စုပေါင်း...စပ်ပေါင်းအလုပ်အတူတူလုပ်ရင်
စိတ်ချရဖူးလား။
မြန်မာအချင်းချင်း.......အာမခံရဲလား။
မြန်မာအချင်းချင်း......ယုံကြည်ရဲလား။

မြန်မာတွေ လူစိတ်မရှိဘူး။

လူအချင်းချင်း
⚜နမ်းတဲ့အခါ
⚜ဖက်တဲ့အခါ
ပန်းခြံထဲထိသွားချောင်းပြီးမှ
ဓာတ်ပုံရိုက်တင်တာ မြန်မာပဲရှိတယ်။
လူမြင်ကွင်းမှာမနမ်းသင့်ဘူးဆိုပြီး
⚜ဓာတ်ပုံရိုက်
⚜အချင်းချင်းအရှက်ခွဲပွဲခံတတ်ကြတာလည်း
မြန်မာတွေပဲ .......။

အဲ့လိုပွဲခံတဲ့မြန်မာတွေ
ယဉ်ယဉ်ကျေးကျေး
လက်ထပ်ခွင့်တောင်းတာတွေ့တဲ့အခါ
လူလယ်ခေါင်မှာ
မိမိရဲ့ အဆို/အကပညာပါရမီကိုပြတဲ့အခါ
❇လက်ခုပ်တစ်ချက်တီးဖူးကြလား။
❇ချီးမွမ်းဖူးကြလား။
#မြန်မာပြည်ဟာမနာလိုခြင်းတိုင်းပြည်။

မြန်မာတွေ အောက်တန်းကျတယ်။
ဈေးဝယ်တဲ့အခါ
ဝယ်သူက ရောင်းသူမျက်နှာကြည့်ရတယ်။
ကားစီးတဲ့အခါ
စပယ်ယာ/ဒရိုင်ဘာ မျက်နှာကြည့်ရတယ်။
အာဏာလေးမတောက်တခေါက်ရလာရင်
သန့်ရှင်းရေးကအစ ပါဝါပြချင်တတ်ကြတယ်။

အာဏာရူးဆိုတာမြန်မာပြည်ရဲ့Heroပဲ။

လမ်းဖြတ်ကူးရင်
အရှိန်လျှော့မပေးတတ်တဲ့.........နိုင်ငံ။
မိုးရွာရင်
ဗွက်စင်အောင်မောင်းတတ်တဲ့....နိုင်ငံ။
လမ်းလျှောက်ရင်
လမ်းပိတ်လျှောက်တတ်တဲ့........နိုင်ငံ။
အမှိုက်မကောက်တတ်တဲ့.........နိုင်ငံ။

ပြည်သူပိုင်အလှအပတစ်ခုခုလုပ်ပေးရင်
ဖျက်ဆီးတတ်တဲ့...................နိုင်ငံ။
အလေးခိုးတတ်တဲ့.................နိုင်ငံ။
အခွင့်အရေးရရင်
⚜လူအချင်းချင်း
⚜မြန်မာအချင်းချင်းတောင်
လက်တဆုံးနှိုက်ကိုယ်ကျိုးရှာတတ်တဲ့နိုင်ငံ။

အခါကြီးရက်ကြီးတွေဆိုရင်
သဘာဝဘေးအန္တရာယ်တွေကြုံလာပြီဆိုရင်
မွေးရပ်မြေကိုပြန်ဖို့အချိန်ကျတဲ့အခါ
လူစည်ကားရာပွဲတော်ရောက်တဲ့အခါ
ပုံမှန်ဝယ်နေကျအရာတွေကို

မတန်တဆဈေးတင်ရောင်းတတ်တာကရော
မြန်မာတွေပါပဲ ......။

ကားလက်မှတ်တွေ
ကိုယ့်အချင်းချင်းပြန်ဝယ်ပြီး
အောက်ဈေးနဲ့ရောင်းတာကလည်း မြန်မာတွေပါပဲ။
ဒုက္ခရောက်တဲ့အချိန်
ပုံမှန်ရောင်းလည်းမြတ်နေပါလျက်
ဈေးတင်ရောင်းလို့
မြန်မာတွေဒုက္ခပိုရောက်တာမျိုး
မြန်မာပြည်မှာပဲရှိပါတယ် ..... ။

လာဘ်မစားပါဘူး။
စာရွက်တစ်ရွက်ကိုဈေးကြီးပေးဝယ်ပြီးမှ
အသက်ဆက်ရတာတွေ
ငွေမပါရင်လူဝင်လို့မရတဲ့
ကူညီရေးဌာနတွေလည်းရှိသလို
ဘုရားပွဲကိုလေလံဆွဲပြီး
မြေတစ်ကွက်ကိုရွှေထွက်အောင်ရောင်းတတ်လို့
မတက်သင့်တဲ့ဈေးတွေတက်ကုန်တဲ့
ဘုရားစောင့်ဆိုတာလည်း
မြန်မာပြည်မှာပဲ........ရှိပါတယ်။

ဘုရားကိုတောင်အတိုးပေးစားခိုင်းတဲ့နိုင်ငံ။

ဗုဒ္ဓရဲ့သိမ်မွေ့နူးညံ့တဲ့တရားတော်တွေ
ပျံ့လွင့်မွေ့ပျော်ရာ ဗုဒ္ဓဘာသာနိုင်ငံတဲ့ဗျ။

မြန်မာပြည်မှာ
ဗုဒ္ဓဘာသာ.........မရှိဘူး။
မယုံရင်
လမ်းပေါ်......ထွက်ကြည့်
အပြင်မှာ......လိုက်ရှာ
လူသေတာလည်း ဝမ်းသာတတ်ကြတယ်။
လူတွေဒုက္ခရောက်ရင် ပျော်တတ်ကြတယ်။

ဘုရားရှိခိုးရင်း
လူသတ်နေတဲ့........နိုင်ငံ။
တရားစာရွတ်ရင်း
မုဒိန်းကျင့်နေတဲ့......နိုင်ငံ။
သံဃာ(၆)သိန်းကျော်ရှိပြီး
တရားမသိတဲ့........နိုင်ငံ။
🙏ဗုဒ္ဓရဲ့အရိပ်
🙏ဗုဒ္ဓရဲ့တရားလွှမ်းမိုးတာ
မြန်မာပြည်ဘယ်နေရာမှာရှိလဲ။
ဗုဒ္ဓသာသနာ
မြန်မာပြည်မှာဘယ်အချိန်ထွန်းကားခဲ့ဖူးတာလဲ။

မျိုးချစ်စိတ်ဓာတ်ဆိုတာ
မြန်မာပြည်မှာလူသုံးအများဆုံးစကားလုံး။
မျိုးချစ်စိတ်ရှိတဲ့မြန်မာပြည်မှာ
လူအချင်းချင်း ကြောက်တတ်ရမယ်။
အမှားသာရင်
အမှန်က.......အရှုံးပေးရမယ်။
အုပ်စုတောင့်ရင်
လူ........ရိုက်ရဲရမယ်။
ကိုယ်ရောင်းမှ
သူတို့ဝယ်ရမှာဆိုတဲ့မျက်နှာထားတတ်ရမယ်။

မြန်မာအချင်းချင်း
ကောက်ကျစ်တတ်ရမယ်။
မြန်မာအချင်းချင်း
အောက်တန်းကျတတ်ရမယ်။
့မြန်မာအချင်းချင်းဖိနှိပ်ပြီး
တပါးသားကို ဖားတတ်ရမယ်။
အားသာတဲ့ဘက်မှာနေတတ်ရမယ်။
အားနည်းတဲ့ဘက်ကို
ပို..........ဖိနှိပ်တတ်ရမယ်။

အမွေလုရင်
သွေးချင်းမောင်နှမဆိုတာ မရှိ။
အခွင့်အရေးဆိုတာ
နှစ်ခါမလာဘူးဆိုပြီး လက်တစ်ဆုံးနှိုက်တတ်ရမယ်။
နောက်ကျောကနေ ဓားထောက်တတ်ရမယ်။

⚜လိမ်တတ်
⚜ညာတတ်
⚜လှည့်ပတ်တတ်ရင်
လူရည်လည်တယ်လို့ခေါ်တယ်။

အရည်အချင်းရှိတယ်ပေါ့ဗျာ။
အဲ့လိုအရည်အချင်းတွေပြည့်စုံမှ
မြန်မာပြည်မှာနေလို့အဆင်ပြေမယ်။

#မြန်မာပြည်ကြီးညစ်ပတ်မှာပေါ့။
#လူတွေကိုယ်တိုင်ကအမှိုက်တွေဖြစ်နေတာကိုး။

ခင်ဗျားလည်း.....မညာပါနဲ့။
အခွင့်အရေးရရင်
နိုင်ငံခြားထွက်ချင်နေတဲ့လူကများ။

(ဗုဒ္ဓဘာသာ...မြန်မာနိုင်ငံသား....မြန်မာလူမျိုး)

စကားချပ်
⚜⚜⚜⚜⚜⚜

လူတွေက
အတော်တော့ ရယ်စရာကောင်းတယ်ဗျ။
ကျွန်တော်
မြန်မာလူမျိုးတွေကိုမုန်းတယ်ဆိုတော့ပြောကြတယ်။
မင်းပြောတာကမှန်ပေမယ့်
လူတိုင်းတော့.......မဟုတ်ပါဘူး။
ပြင်ရေးသင့်တယ်တဲ့။

ဒါဆို....
ကျွန်တော်က
တစ်ယောက်ချင်းစီနာမည်တပ်ပြီး
ရေးပေးရမှာလားဆိုတော့
ဘာမှပြန်မပြောတော့ဘူး။
စဉ်းစားကြည့်တော့ ... !!!
တတိုင်းပြည်လုံးကမကောင်းတဲ့လူတွေကိုပြောတာ။

ဒါပေမယ့်
တချို့ လူတွေဆိုပြီး
တချို့ .....ဆိုတဲ့စကားလုံးလေး
သိပ်ပါစေချင်နေတာဗျ ... ။
တကယ်တမ်းက
မကောင်းတဲ့လူက
တချို့ .......မဟုတ်ပါဘူး။
ကောင်းတဲ့လူကသာ
တချို့........ပါ။

ရယ်စရာပဲ ... !!!
တိုင်းပြည်ထဲက
မကောင်းတဲ့သူတွေအကြောင်းပြောပါတယ်။
သူတော်ကောင်းကြီးတွေက
သူတို့ကိုပြောပါတယ်ဆိုပြီးလာငေါက်သွားတယ်ဗျာ။
အဲ့ဒီသူတော်ကောင်းကြီးတွေက
ကျွန်တော်ပြောတဲ့
မကောင်းတဲ့လူတွေရဲ့အသိုင်းအဝိုင်းက
ဘယ်လောက်ကျယ်ပြန့်ပါစေ။
တချို့ ......ဆိုတဲ့အဝိုင်းကျဉ်းလေးထဲမှာပဲ
ကုပ်ကပ်နေချင်ကြသေးတယ်။

ကျွန်တော်ကတော့
⚜တချို့တွေ
⚜တဝက်တွေခွဲခပ်ပြီး
အတင်းဟန်လုပ် ကောင်းပြမနေချင်ဘူး။
ကျွန်တော်ကိုယ်တိုင်
မကောင်းတဲ့အသိုင်းအဝိုင်းမှာနေတယ်။
အဲ့အသိုင်းအဝိုင်းကို
ကျွန်တော်ကိုယ်တိုင်အပါအဝင်
ကျွန်တော်ကိုယ်တိုင်ပဲ အပြစ်တင်မယ်။

တချို့.....ဆိုတဲ့ဘောင်လေးထဲ
ကုပ်ကပ်ဝင်ပြီး အသံတိတ်မနေနိုင်ဘူး။
ကျွန်တော်တို့မကောင်းကြောင်း
ကျွန်တော်ကိုယ်တိုင်အော်ပြီး
ကိုယ့်အမှားကိုမြင်အောင်ကြည့်ပြီး
ပြုပြင်ဖို့သတိရအောင်.....အော်မယ်။
ကျွန်တော်တတ်နိုင်သမျှ ဖျစ်ညှစ်အော်မယ်။

တချို့သူတော်ကောင်းကြီးတွေကကဲ့ရဲ့လည်း
ကျွန်တော်......ဂရုမစိုက်ဘူး။
ကိုယ့်ကိုယ်ကိုမမြင်တဲ့
တချို့ အသံတိတ်အပြစ်တင်နေတဲ့လူတွေထက်စာရင်
ကျွန်တော့်လိုမသမာသူတွေကမှ
တော်သေးတယ်လို့ထင်တယ်။

အခုလည်း......
ကျွန်တော်
မြန်မာပြည်ကမကောင်းတဲ့လူတွေအကြောင်းပြောမယ်။
ခင်ဗျား....
သူတော်ကောင်းကြီးဆိုရင်
ကျွန်တော်မထည့်ပြောဖြစ်တဲ့တချို့လူတွေဆိုတဲ့အထဲမှာ ခင်ဗျားပါတယ်...လို့ယူဆထားပါ။

နာတာမနာတာတော့ခင်ဗျားအပိုင်းပဲ။

Via.....SiThu

No comments:

Post a Comment