Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 8, 2018

ဟင်္သာတ မုန့်ဟင်းခါး ချက်နည်း တွင် လှို့ဝှက်ချက် နှစ် ခုရှိတယ်







 မေသင်းရပ်ကွက်လေး
# Unicode Version ဖြင့် ဖတ်ပါ #
(၁)ကုလားပဲပြုတ်သည့်အခါ ဆီ နနွင်းမု့န့် ဂျင်း ထောင်းပြီးထည့်ပါ ဆားလုံးဝမထည့်ရ ပဲနူးသည့်အခါတွင် ဆားထည့်ပါ ပဲနံ့မရတော့ပါ ဆိမ့်သည့်အရသာ ဖြစ်ပါလိမ့်မည်

(၂)ငါးပြုတ်လျှင် စပါးလင် အရင်းပိုင်းများထောင်းပြီးအိုး၏အောက်မှာထားပြီး ငါးကိုတင်ပါ ငံပြာရည် ငရုတ်သီး အပွခြေက် ၃ .တောင့်ထန်းလျက်ညို ၂ ခဲထည့်ကာပြုတ်ပါ ငါးများနူးလာရင်ဆယ်၍ အအေးခံ ပါ ငါးပြုတ်ရည်ကိုစကာနှင့်စစ်ပြီးပြန်တည်ထားပါ

ကြက် သွန်နီ ကြက်သွန်ဖြူ ဂျင်း ထောင်းကာဆီသတ် ငရုတ်သီး အရောင်တင်မုန့်နနွင်းမုန့်တည့်ကာအနံမွေးလာရင်ငါးပြုတ်နွှင်ထားတာတည့်လိုက်ပါ ငါးဆီသတ်ရင် ခြေက်မသွားစေရပါ ငါးကြော်လိုမဖြစ်စေရ

အရောင်ညီလာလျှင်ငါးဆီသတ်ထဲသို့..ငါးပြုတ်ရေအနည်းငယ်ထည့်ရမယ် ငါးမွှေ အိအိလေးဖြစ်ပါစေ အဲတာက အဓိက

ပြီးရင်ငါးဆီသတ်ထားတာကို ငါးပြုတ်ရေအိုးထဲသို့ထည့်ပေးလိုက်ဟင်းရည်ဆူလာရင် ဆန်လှော်မုန့် ရေကျုကျဲဖျော်ထည့်ပေးနော် .ကြန်သွန်နီဥ ငရုတ်ကောင်း မုန့်ခတ်ပေးပါက အရသာ ရှိလွန်းသော ဟသ်ာတ မုန့်ဟင်းခါး ကို မိသားစု ပျော်ရွင်စွာသုံးဆောင်နိုင်ကြပါစေ

NanNan Granary My food myanmar credit
 မေသင်းရပ်ကွက်လေး

No comments:

Post a Comment