Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 11, 2018

အကယ္ဒမီ ေ႐ႊစင္႐ုပ္ရွင္ထူးခၽြန္ဆု ႏွစ္ထပ္ကြမ္းရ ဝဏၰေက်ာ္ထင္ ဖိုးပါႀကီး အေၾကာင္း

အႏုပညာ အမ်ိဳးအစားေပါင္း ေျမာက္ျမားစြာ၌ ႐ုပ္ရွင္အႏုပညာသည္ ဆြဲေဆာင္မႈ အရွိဆံုး၊ လူႀကိဳက္အမ်ားဆံုး အႏုပညာတစ္ခုျဖစ္သည္။ ႐ုပ္ရွင္မွာ ဂီတသေဘာ၊ ပန္းခ်ီသေဘာ၊ စာေပသေဘာ၊ ကဗ်ာသေဘာ အားလံုးအက်ံဳးဝင္ေနေသာေၾကာင့္ ႐ုပ္ရွင္ဇာတ္ကားတစ္ကားသည္ ရသေပါင္းစံုကို ေပးစြမ္းႏိုင္ေပသည္။

ထို႔ေၾကာင့္ ႐ုပ္ရွင္သည္ အသက္အပိုင္းအျခားမေရြး၊ က်ားမ မေရြး လူတိုင္းခံစားသက္ဝင္ႏိုင္ေသာ အႏုပညာျဖစ္သည္သာမက အတုယူစရာ၊ သံေဝဂရစရာ၊ ေလ့လာမွတ္သားစရာ အေျခခံအခ်က္အလက္မ်ားကိုလည္း ႐ုပ္ရွင္ေငြေရာင္ပိတ္ကားမွ တဆင့္ ရရွိႏိုင္ေပေသးသည္။

ထိုကဲ့သို႔ ညႇဳိ႕အားျပင္းေသာ ႐ုပ္ရွင္ဇာတ္ကားတစ္ခု၌ ဇာတ္ဝင္ခန္းမ်ား၊ ႐ုပ္ရွင္သရုပ္ေဆာင္မ်ား၏ ပါဝင္သ႐ုပ္ေဆာင္မႈမ်ားသည္ ၾကည့္႐ႈသူ ပရိတ္သတ္ကို အနည္းႏွင့္အမ်ား ဆြဲေဆာင္လႊမ္းမိုးႏိုင္စြမ္းရွိ၍၊ အလြမ္းအေဆြး၊ သဘာဝယုတၱိကို သာမက ဟာသပညာျဖင့္ ပရိသတ္ ႏွစ္ၿခိဳက္ခဲ့ေသာ စြယ္စံုရ အႏုပညာရွင္တစ္ဦးကား ဝဏၰေက်ာ္ထင္ဘြဲ႕ရ အကယ္ဒမီဖိုးပါႀကီးပင္ ျဖစ္သည္။

ဖိုးပါႀကီး ကြယ္လြန္ခဲ့သည္မွာ ႏွစ္ (၃ဝ)ေက်ာ္ ၾကာခဲ့ၿပီ ျဖစ္ေသာ္လည္း ယေန႔တိုင္ သူပါဝင္သ႐ုပ္ေဆာင္ခဲ့သည့္ ႐ုပ္ရွင္ဇာတ္ကားမ်ားကို ျမန္မာ့အသံမွ အခါအားေလ်ာ္စြာ ထုတ္လႊင့္ျပသသည့္အခါတိုင္း ပရိသတ္မ်ား ႏွစ္ၿခိဳက္အားေပးေနဆဲျဖစ္သည္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ ဖိုးပါႀကီး၏ အမည္ရင္းမွာ ေမာင္ညႊန္႔လႈိင္ျဖစ္သည္။ ၁၉၁၈ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၆ရက္၊ အဂၤါေန႔တြင္ ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕၌ အဖယစ္မ်ိဳးအမႈထမ္း ဦးစံေဖ၊ အမိ ေဒၚလွတို႔မွ ဖြားျမင္ခဲ့သည္။ ေမြးခ်င္းသံုးဦးအနက္ အလတ္ျဖစ္ၿပီး ညီမငယ္မွာ အမာစိန္ျဖစ္သည္။ အစ္ကိုျဖစ္သူမွာ ငယ္စဥ္ကပင္ ကြယ္လြန္သြားခဲ့သည္။

ဟသၤာတၿမိဳ႕တြင္ အေနၾကာႀကီးျပင္းခဲ့သည့္အတြက္ ဖိုးပါႀကီးအား ဟသၤာတဇာတိဖြားဟု ထင္မွတ္ေနၾကသည္။

အသက္ (၆)ႏွစ္ အရြယ္တြင္ မိဘႏွစ္ပါး၏ အိမ္ေထာင္ေရးၿပိဳကြဲမႈေၾကာင့္ လူမမည္ဘဝအရြယ္တြင္ အရြယ္ႏွင့္မမွ်ေအာင္ ဒုကၡမ်ိဳးစံု ႀကံဳေတြ႕ခဲ့ရသည္။ အပစ္ပယ္ခံဘဝတြင္ ဒုကၡပင္လယ္ေဝေနသည့္ ဖိုးပါႀကီးကို ပုသိမ္ၿမိဳ႕ ‘နိေျဂာဓါ’ ေက်ာင္းတိုက္ တလိုင္းေက်ာင္းဆရာေတာ္ ဦးသုမနက ေခၚယူေစာင့္ေရွာက္ခဲ့သည့္အတြက္ ကံေကာင္းေထာက္မစြာျဖင့္ လူလားေျမာက္ခဲ့ရ ေပသည္။

လူပ်ိဳေပါက္အရြယ္တြင္ မိခင္ႏွင့္ျပန္လည္ေတြ႕ဆံုခဲ့ၿပီး ရန္ကုန္သို႔ ေရာက္ရွိခဲ့သည္။ ဥာဏ္ရည္ထက္ျမက္ေသာ္လည္း ဘဝေပးအေျခအေန မေကာင္းသည့္အတြက္ အ႒မတန္းအထိသာ ပညာသင္ၾကားႏိုင္ခဲ့သည္။ ငယ္စဥ္ကတည္းကပင္ အဆိုအက၊ ျပဇာတ္၊ ႐ုပ္ရွင္ႏွင့္ ပန္းခ်ီအႏုပညာ ဝါသနာ ျပင္းျပခဲ့သူျဖစ္သည္။

သို႔ေသာ္ ရန္ကုန္သို႔ စတင္ေျခခ်စဥ္က အလုပ္ၾကမ္းသမားဘဝမွ စခဲ့ရသည္။ ႐ုပ္ရွင္ပိုစတာ ေၾကာ္ျငာလွည္းတြန္းသမား၊ ပိုစတာဆိုင္းဘုတ္ ေဆးၾကမ္းသုတ္သူ၊ ဆိုင္းဘုတ္ေဆးၾကမ္းဖ်က္၊ ဆက္တင္လက္သမား စသည္ျဖင့္ စံုစီနဖာ၊ တိုလီမိုလီ၊ ဗူလိနတ္စ လုပ္ကိုင္ခဲ့ရသည္။ သို႔ေသာ္ ပင္ပမ္းမႈႏွင့္ ေငြရရွိေရးကို အဓိကမထားဘဲ ႐ုပ္ရွင္ကင္မရာမ်ား၊ ဆက္တင္မီးဆလိုက္ႀကီးမ်ားၾကား၌ လုပ္ကိုင္ခြင့္ရသည္ကိုပင္ ေက်နပ္ေနခဲ့သူျဖစ္သည္။ အျခားအလုပ္သမားမ်ားကဲ့သို႔ အလကားမေန။ ႐ုပ္ရွင္ဒါ႐ိုက္တာႀကီးမ်ား၊ ဓါတ္ပံုဆရာမ်ား၏ ႐ုိက္ကူးသင္ျပေနမႈကို ေဘးမွၾကည့္၍ ေလ့လာမွတ္သား ပညာယူခဲ့သည္။

ထို႔ျပင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ား၏ ဟန္အမူအရာ၊ ဇာတ္ဝင္ခန္း ေျပာဆိုပံုတို႔ကိုလည္း အတုခိုး၍ ယင္းတို႔ႏွင့္ တထပ္တည္းက်ေအာင္ မွန္ေရွ႕တြင္ ေလ့က်င့္ခဲ့သည္။ တစ္ေန႔တြင္ သူတို႔လို ေအာင္ျမင္ေသာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ျဖစ္ေအာင္ ႀကိဳးစားမည္ဟု ခံယူထားသည္။

သူ၏ ဇြဲ၊ လံု႔လ၊ ဝီရိယသည္ အေဟာသိကံမျဖစ္ခဲ့ေခ်။ မ်ားမၾကာမီ အခ်ိန္အတြင္း၌ပင္ ဇာတ္ပို႔ဇာတ္ရံ ဘဝျဖင့္ ႐ုပ္ရွင္ကင္မရာေရွ႕တြင္ လႈပ္ရွားသ႐ုပ္ေဆာင္ခြင့္ရခဲ့သည္။ သို႔ေသာ္ စိတ္ကူးယဥ္ အိပ္မက္ကမာၻေလး ဒုတိယကမာၻစစ္ေဘးေၾကာင့္ ပ်က္ပ်ယ္ကာ ဟသၤာတနယ္သို႔ စစ္ေဘးေရွာင္ခဲ့ရသည္။ စစ္ႀကီးအတြင္း အလုပ္ရွားပါးမႈေၾကာင့္ အလုပ္ဟူသမွ် ဂုဏ္ရွိစြဟု ခံယူကာ သမၺန္သမားဘဝေရာက္ခဲ့ရသည္။

ဂ်ပန္ေခတ္ (၁၉၄၂ မတ္လ ၈ ရက္မွ ၁၉၄၅ ေမလ ၃ရက္ေန႔အထိ) တြင္ ဒါ႐ုိက္တာ ဆရာခန္႔ ဦးေဆာင္သည့္ ေက်ာ္ေအး၊ ခင္ခင္ရီတို႔ ပါဝင္ေသာ ျပဇာတ္အဖြဲ႕ႏွင့္ ဆက္သြယ္မိၿပီး ရန္ကုန္သို႔ ေရာက္ခဲ့ရျပန္သည္။

ရန္ကုန္သို႔ ေရာက္ေသာအခါ အာရွလူငယ္ အစည္းအ႐ံုး ရန္ပံုေငြအတြက္ ၾကည့္ျမင္တိုင္ ထီးတန္းထိပ္ တ႐ုတ္ေက်ာင္း ျပဇာတ္႐ံု (ေနာင္ရန္ကုန္တကၠသိုလ္ ၾကည့္ျမင္တိုင္နယ္ေျမ)၌ ႐ုပ္ရွင္လူႀကမ္း ခ်စ္တင္ႀကီး ဒါ႐ိုက္တာအျဖစ္ တင္ဆက္ျပသေသာ ‘ရီရီ့ ကုသိုလ္’ ျပဇာတ္တြင္ မင္းသားေက်ာ္ေအး၊ မင္းသမီး ခင္ခင္ရီ၊ လူ႐ႊင္ေတာ္ စံပတို႔ႏွင့္ တြဲဖက္၍ ျပဇာတ္စင္ေပၚ ပထမဆံုး တက္ခြင့္ရခ့ဲသည္။ ထိုအခ်ိန္မွစ၍ ‘ဖိုးပါႀကီး’ နာမည္တစ္လံုး တြင္လာခဲ့ေလသည္။

ဖိုးပါႀကီး ျပဇာတ္စင္ေပၚသို႔ အခေၾကးေငြျဖင့္ ဦးစြာတက္ေရာက္ကခြင့္ရခဲ့ေသာ ျပဇာတ္မွာ ဂ်ပန္ေခတ္ လြင္လြင္႐ံု (ယခုအာဇာနည္
ကုန္းအနီး)တြင္ တင္ဆက္ျပသခဲ့ေသာ ဒါ႐ိုက္တာ ဆရာခန္႔၏ ‘ဤစစ္ႀကီးမွာ’ ျပဇာတ္ျဖစ္သည္။ မင္းသားေက်ာ္ဝင္း၊ မင္းသမီး ခင္ခင္တင့္၊ လူၾကမ္း ဦးေမာင္ကေလး၊ မင္းသားႀကီး ဦးဘအုန္း၊ မင္းသမီးႀကီး ေဒၚဖြားႏွစ္တို႔ႏွင့္အတူ ဖိုးပါႀကီးသည္ လူ႐ႊင္ေတာ္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ေလသည္။

ဖိုးပါႀကီးသည္ ‘ကမာၻ႕ဇာတ္ခံု’၊ ‘ေၾသာ္မိန္းမ’၊ ‘ေၾသာ္ေယာက္်ား’၊ ‘ကမာၻ႕ရန္သူ’၊ ‘ရတနာသိုက္’ စသည့္ ျပဇာတ္ေပါင္းမ်ားစြာတြင္ ပါဝင္ကျပခဲ့ရာမွ ဖိုးပါႀကီးဟူေသာ နာမည္သည္ ပရိသတ္ႏႈတ္ဖ်ားဝယ္ သီးခဲ့ရေလသည္။

ထို႔ေနာက္ စစ္ႀကီးအၿပီး ျပဇာတ္မ်ား ေမွးမွိန္လာ၍ အသံတိတ္႐ုပ္ရွင္မ်ား ေခတ္စားလာခ်ိန္တြင္ ရန္ကုန္႐ုပ္ရွင္ႏွင့္ ဆက္မိၿပီး ဒါ႐ုိက္တာ ဦးခ်စ္ေဖ ႐ိုက္ကူးသည့္ ‘လူပ်ိဳသိုး’ အသံတိတ္ ဇာတ္ျမဴးဇာတ္ကားျဖင့္ ႐ုပ္ရွင္ေလာကသို႔ ေရာက္ရွိလာခဲ့သည္။

ျပဇာတ္ႏွင့္ ႐ုပ္ရွင္သည္ ဆက္ႏြယ္ေနသည့္အတြက္ ႐ုပ္ရွင္သည္ သူ႕အဖို႔ မစိမ္းေပ။ ဆက္လက္၍ ‘ဂ်စ္တူးေမာင္’၊ ‘ေၾသာ္ဖူးစာ’ ‘ခင္နဲ႔ေမာင္’၊ ‘သူလိုလူ’၊ ‘ေ႐ႊမ်က္မွန္’ စေသာ အသံတိတ္ ဇာတ္ကားမ်ား ႐ိုက္ကူးခ့ဲသည္။ ဤသို႔ ႐ိုက္ကူးေနစဥ္ ႐ုပ္ရွင္ႏွင့္ ျပဇာတ္မင္းသမီး ေမခ်စ္ႏွင့္ နဖူးစာဆံုခဲ့သည္။

ယင္းေနာက္ ျပဇာတ္မ်ား ျပန္လည္ေခတ္ထလာရာ ႐ုပ္ရွင္႐ိုက္ကူးရင္း တဖက္မွ လက္ဦးဆရာ ဒါ႐ိုက္တာ ဆရာခန္႔၊ အလကၤာေက်ာ္စြာ ဒဂုန္ဆရာတင္၊ ဘုိကေလး တင့္ေအာင္၊ ဦးသုခ၊ သန္းႏြ႕ဲ၊ ကြ်န္ေတာ္ခ်စ္ေမာင္ စသည့္ ျပဇာတ္ဆရာ အေက်ာ္အေမာ္တို႔၏ စီစဥ္ညႊန္ၾကားမႈျဖင့္ ပန္းဆိုးတန္း ဝင္းဝင္း႐ံု (ယခု စာေပေလာက စာအုပ္ဆိုင္အနီး) လမ္းမေတာ္ အေနာက္ပိုင္း ‘ကာေဌး’ ျပဇာတ္႐ံု (ေနာင္ေကသြယ္ ႐ုပ္ရွင္႐ံု) တို႔တြင္ ဖိုးပါႀကီး ပါဝင္ကျပခဲ့ေသာ ျပဇာတ္မ်ား ပလူပ်ံခဲ့သည္။

ပါဝင္ကျပခဲ့ေသာ ျပဇာတ္မ်ားအနက္ ‘လာလာေလ လိုက္ခဲ့ေတာ့’၊ ‘ေနရီရီ’၊ ‘ငယ္ကြ်မ္းေဆြ’၊ ‘ဝါကၽြတ္လက္ေဆာင္’၊ ‘ေၾသာ္မိန္းမ’၊ ‘အၿပံဳးလက္ေဆာင္’၊ ‘ကိုယ္ႀကိဳက္တာကိုယ္လုပ္’ စသည့္ ျပဇာတ္မ်ားသည္ အထူးလူႀကိဳက္မ်ားခဲ့သည္။

အႏုပညာ ဇနီးေမာင္ႏွံျဖစ္သည့္ ဖိုးပါႀကီးႏွင့္ ေမခ်စ္တို႔သည္ သားႀကီး ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဇယ်ာႏွင့္ သားငယ္ ေမာင္ျမတ္ေဝတို႔ ထြန္းကားခဲ့သည္။ ထို႔ေနာက္ ႐ုပ္ရွင္မင္းသမီး ေမခ်စ္ ကြယ္လြန္ၿပီးေနာက္ ေဒၚခင္ၿမိဳင္ႏွင့္ လက္ထပ္ကာ သားသမီး (၄)ဦး ထြန္းကားခဲ့သည္။

၁၉၆၁ ခုႏွစ္တြင္ ကျပခဲ့ေသာ ျပဇာတ္မ်ားအနက္ ဒါ႐ိုက္တာ ဘုိကေလး တင့္ေအာင္၏ ‘ျခင္ေထာင္ငါးလံုး’ ျပဇာတ္၊ ‘အမိန္႔ေတာ္ရ ေရွ႕ေနဦးေသာၾကာ’ ျပဇာတ္ အျပင္ ‘ဂုဏ္နဲ႕မာန’ ျပဇာတ္မ်ားတြင္ မင္းသား မ်ိဳးခ်စ္၊ မင္းသမီး ျမင့္ျမင့္ေ႒းတို႔ႏွင့္ တြဲဖက္၍ သီခ်င္းမဆို၊ အေျပာအဆိုမပါဘဲ ဟန္မူရာႏွင့္ ခ်ာလီခ်က္ပလင္ ႐ုပ္ရွင္ဆန္ဆန္ ကျပရာတြင္ ဖိုးပါႀကီးသည္ အေကာင္းဆံုး သ႐ုပ္ေဆာင္ သြားႏိုင္ခဲ့သည္။ ဖိုးပါႀကီးသည္ ‘တေရာင္ထဲျခယ္’ ျပဇာတ္တြင္မူ ကိုယ္တိုင္ ဒါ႐ိုက္တာ မင္းသား လုပ္ခဲ့သည္။

ဖိုးပါႀကီးႏွင့္ ရင္းႏွီးခင္မင္ခဲ့ေသာ အမ်ိဳးသားစာေပဆု၊ ႐ုပ္ရွင္ႏွင့္
ျပဇာတ္ဒါ႐ိုက္တာ ဘိုကေလး တင့္ေအာင္က ဖိုးပါႀကီးသည္ စိတ္ထားအလြန္ေကာင္း၍ အမ်ားက ခ်စ္ခင္ေလးစားၾကသည္။ ဟိတ္ဟန္မရွိ၊ မာန္မာနမထား၊ ဒုကၡမ်ိဳးစံု ႀကံဳေတြ႕ခဲ့ရေသာ္လည္း မည္သူ႕ကိုမွ် အျပစ္မျမင္ ဘဝအက်ိဳးေပးတစ္ခုသာ မွတ္ယူ၍ ကိုယ့္ဘဝကိုယ္ေကာင္းေအာင္ ဆင္ျခင္ျပဳျပင္ခဲ့သည္။

ဆင္းရဲျခင္း၊ ခ်မ္းသာျခင္း၊ ကဲ့ရဲ႕ျခင္းစသည့္ ေလာကဓံတရား ရွစ္ပါးကို အမႈမထား၊ ေငြေၾကးကို မမက္၊ သူ႕အႏုပညာအေပၚ၌သာ သစၥာရွိသည္။ လြတ္လြတ္လပ္လပ္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနထိုင္တတ္ၿပီး အားလပ္သည့္အခါ ပန္းခ်ီဆြဲ၊ စာဖတ္၊ ငွက္ပစ္၊ ငါးမွ်ား၊ ဘိလိယက္ထိုး၊ မ်က္လွည့္ျပျခင္းျဖင့္ အပန္းေျဖေလ့ရွိသည္ဟု ဆိုသည္။

အကယ္ဒမီဝင္းဦးသည္ ႐ုပ္ရွင္ေလာကသို႔ မေရာက္မီကပင္ ဖိုးပါႀကီးႏွင့္ ရင္းႏွီးခဲ့ၿပီး၊ မိတ္ေဆြလို၊ ဆရာသမားလို ဖိုးပါႀကီးအား အေလးထားဆက္ဆံခဲ့သည္။ ဖိုးပါႀကီးသည္ သ႐ုပ္ေဆာင္ရာတြင္ အလြန္ေတာ္သူျဖစ္ေသာေၾကာင့္ ဇာတ္႐ုပ္မေရြး က်ရာကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္သည္။ အခုငို၊ အခုဆန္႔က်င္ဘက္ အမူအရာကို ခ်က္ခ်င္းလုပ္ႏိုင္စြမ္းရွိေသာေၾကာင့္ ဝင္းဦး ပါဝင္ေသာ ဇာတ္ကားတိုင္း၌ ဖိုးပါႀကီးကို ေခၚယူအသံုးျပဳသည္။

ဖိုးပါႀကီးသည္ လူ႐ႊင္ေတာ္ ဟာသမင္းသားအျဖစ္ ႐ုပ္ရွင္ဇာတ္

ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့သည့္အနက္ ေ႐ႊဝယ္သီရိ ႐ုပ္ရွင္မွ တင့္တယ္၏ ဝတၳဳကို ဒါ႐ိုက္တာ ေအဝမ္း ျမေမာင္ ႐ိုက္ကူးခဲ့သည့္ ‘ဖိုးၿပံဳးခ်ိဳ’ ဇာတ္ကား၌ ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္၍ အေကာင္းဆံုး သ႐ုပ္ေဆာင္မင္းသား ေ႐ႊစင္႐ုပ္ဆုကို ၁၉၅၅ခုႏွစ္တြင္ ရရွိခဲ့သည္။

အဆိုပါဇာတ္ကား၌ ဖိုးပါႀကီးႏွင့္ ဖိုးၿပံဳးခ်ိဳသည္ ခြဲမရေအာင္ သ႐ုပ္ေဆာင္ေကာင္းေသာေၾကာင့္ ၾကည့္႐ႈသူ ပရိသတ္အေပါင္းသည္ မ်က္ရည္က်သူက်၊ ဝမ္းနည္းသူဝမ္းနည္း ျဖစ္ကာ လူတိုင္းပါးစပ္ဖ်ား၌ ေရပန္းစားခဲ့သည္။ ျမန္မာ့႐ုပ္ရွင္သမိုင္း၌ စံျပဳရသည့္ ဂႏၱဝင္ဇာတ္ကားေကာင္း တစ္ကား ျဖစ္ခဲ့ရသည္။ ထိုႏွစ္မွာပင္ ႏိုင္ငံေတာ္အစိုးရမွ ခ်ီးျမႇင့္ခဲ့ေသာ အႏုပညာ ထူးခၽြန္ဆု ‘ဝဏၰေက်ာ္ထင္’ ဘြဲ႕ကို ရရွိခဲ့သည္။

ဖိုးပါႀကီးသည္ ဟာသလူ႐ႊင္ေတာ္၊ သ႐ုပ္ေဆာင္မင္းသား၊ ဇာတ္ပို႔၊ ဇာတ္ရံ စသည္ျဖင့္ အသံတိတ္၊ အသံထြက္ ဇာတ္ကားေပါင္း (၁၀၈)ကားကို ႐ိုက္ကူးခဲ့ၿပီး အသံတိတ္ေခတ္ကပင္ ‘ဖိုးပါႀကီး’ ႐ုပ္ရွင္ ကုမၸဏီကို တည္ေထာင္ခဲ့သည္။ ယင္းကုမၸဏီမွ ကိုယ္တိုင္ ဒါ႐ိုက္တာ၊ သ႐ုပ္ေဆာင္အျဖစ္ ‘ထူးတဲ့ဇာတ္ခံု’၊ ‘ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခုိင္’၊ ‘ခိုင္သဇင္’၊ ‘ျမာဋီကာ’ ႏွင့္ ‘ေမတၱာမိုးတေပါက္’ စသည့္ ကားမ်ားကို ႐ိုက္ကူးခဲ့သည္။

ထို႔ေနာက္ ၁၉၇၈ခုႏွစ္တြင္ ဒါ႐ိုက္တာ အကယ္ဒမီ ေမာင္တင္ဦး ႐ိုက္ကူးခဲ့ေသာ ‘တစ္ခါက တစ္ဘဝ’ ဇာတ္ကားျဖင့္ အေကာင္းဆံုး အမ်ိဳးသား ဇာတ္ပို႔ဆုကို ထပ္မံရ႐ိုခဲ့ျပန္သည္။

ျပဇာတ္ေပါင္း ၃ဝေက်ာ္၊ ႐ုပ္ရွင္ကားေပါင္း ၁ဝဝေက်ာ္ ႐ိုက္ကူးခဲ့ေသာ အကယ္ဒမီ ေ႐ႊစင္႐ုပ္ရွင္ထူးခၽြန္ဆု ႏွစ္ထပ္ကြမ္းရ ဝဏၰေက်ာ္ထင္ ဖိုးပါႀကီးသည္ ၁၉၈ဝျပည့္ႏွစ္၊ ဇန္နဝါရီလ ၁၄ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕တြင္ ကြယ္လြန္သြားခဲ့ေလသည္။ ကြယ္လြန္ခ်ိန္တြင္ ဇနီးေဒၚခင္ၿမိဳင္ႏွင့္ ကေလးေလးေယာက္၊ ကြယ္လြန္သူ မင္းသမီးေဒၚေမခ်စ္ႏွင့္ ကေလးႏွစ္ေယာက္ က်န္ရစ္ခဲ့ေလသည္။
သန္း၀င္းလႈိင္

#Unicode Version#
အနုပညာ အမျိုးအစားပေါင်း မြောက်မြားစွာ၌ ရုပ်ရှင်အနုပညာသည် ဆွဲဆောင်မှု အရှိဆုံး၊ လူကြိုက်အများဆုံး အနုပညာတစ်ခုဖြစ်သည်။ ရုပ်ရှင်မှာ ဂီတသဘော၊ ပန်းချီသဘော၊ စာပေသဘော၊ ကဗျာသဘော အားလုံးအကျုံးဝင်နေသောကြောင့် ရုပ်ရှင်ဇာတ်ကားတစ်ကားသည် ရသပေါင်းစုံကို ပေးစွမ်းနိုင်ပေသည်။

ထို့ကြောင့် ရုပ်ရှင်သည် အသက်အပိုင်းအခြားမရွေး၊ ကျားမ မရွေး လူတိုင်းခံစားသက်ဝင်နိုင်သော အနုပညာဖြစ်သည်သာမက အတုယူစရာ၊ သံဝေဂရစရာ၊ လေ့လာမှတ်သားစရာ အခြေခံအချက်အလက်များကိုလည်း ရုပ်ရှင်ငွေရောင်ပိတ်ကားမှ တဆင့် ရရှိနိုင်ပေသေးသည်။

ထိုကဲ့သို့ ညှို့အားပြင်းသော ရုပ်ရှင်ဇာတ်ကားတစ်ခု၌ ဇာတ်ဝင်ခန်းများ၊ ရုပ်ရှင်သရုပ်ဆောင်များ၏ ပါဝင်သရုပ်ဆောင်မှုများသည် ကြည့်ရှုသူ ပရိတ်သတ်ကို အနည်းနှင့်အများ ဆွဲဆောင်လွှမ်းမိုးနိုင်စွမ်းရှိ၍၊ အလွမ်းအဆွေး၊ သဘာဝယုတ္တိကို သာမက ဟာသပညာဖြင့် ပရိသတ် နှစ်ခြိုက်ခဲ့သော စွယ်စုံရ အနုပညာရှင်တစ်ဦးကား ဝဏ္ဏကျော်ထင်ဘွဲ့ရ အကယ်ဒမီဖိုးပါကြီးပင် ဖြစ်သည်။

ဖိုးပါကြီး ကွယ်လွန်ခဲ့သည်မှာ နှစ် (၃ဝ)ကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း ယနေ့တိုင် သူပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားများကို မြန်မာ့အသံမှ အခါအားလျော်စွာ ထုတ်လွှင့်ပြသသည့်အခါတိုင်း ပရိသတ်များ နှစ်ခြိုက်အားပေးနေဆဲဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင် ဖိုးပါကြီး၏ အမည်ရင်းမှာ မောင်ညွှန့်လှိုင်ဖြစ်သည်။ ၁၉၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ရက်၊ အင်္ဂါနေ့တွင် ဧရာဝတီတိုင်း ပုသိမ်မြို့၌ အဖယစ်မျိုးအမှုထမ်း ဦးစံဖေ၊ အမိ ဒေါ်လှတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးဦးအနက် အလတ်ဖြစ်ပြီး ညီမငယ်မှာ အမာစိန်ဖြစ်သည်။ အစ်ကိုဖြစ်သူမှာ ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့သည်။

ဟင်္သာတမြို့တွင် အနေကြာကြီးပြင်းခဲ့သည့်အတွက် ဖိုးပါကြီးအား ဟင်္သာတဇာတိဖွားဟု ထင်မှတ်နေကြသည်။

အသက် (၆)နှစ် အရွယ်တွင် မိဘနှစ်ပါး၏ အိမ်ထောင်ရေးပြိုကွဲမှုကြောင့် လူမမည်ဘဝအရွယ်တွင် အရွယ်နှင့်မမျှအောင် ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရသည်။ အပစ်ပယ်ခံဘဝတွင် ဒုက္ခပင်လယ်ဝေနေသည့် ဖိုးပါကြီးကို ပုသိမ်မြို့ ‘နိဂြောဓါ’ ကျောင်းတိုက် တလိုင်းကျောင်းဆရာတော် ဦးသုမနက ခေါ်ယူစောင့်ရှောက်ခဲ့သည့်အတွက် ကံကောင်းထောက်မစွာဖြင့် လူလားမြောက်ခဲ့ရ ပေသည်။

လူပျိုပေါက်အရွယ်တွင် မိခင်နှင့်ပြန်လည်တွေ့ဆုံခဲ့ပြီး ရန်ကုန်သို့ ရောက်ရှိခဲ့သည်။ ဉာဏ်ရည်ထက်မြက်သော်လည်း ဘဝပေးအခြေအနေ မကောင်းသည့်အတွက် အဋ္ဌမတန်းအထိသာ ပညာသင်ကြားနိုင်ခဲ့သည်။ ငယ်စဉ်ကတည်းကပင် အဆိုအက၊ ပြဇာတ်၊ ရုပ်ရှင်နှင့် ပန်းချီအနုပညာ ဝါသနာ ပြင်းပြခဲ့သူဖြစ်သည်။

သို့သော် ရန်ကုန်သို့ စတင်ခြေချစဉ်က အလုပ်ကြမ်းသမားဘဝမှ စခဲ့ရသည်။ ရုပ်ရှင်ပိုစတာ ကြော်ငြာလှည်းတွန်းသမား၊ ပိုစတာဆိုင်းဘုတ် ဆေးကြမ်းသုတ်သူ၊ ဆိုင်းဘုတ်ဆေးကြမ်းဖျက်၊ ဆက်တင်လက်သမား စသည်ဖြင့် စုံစီနဖာ၊ တိုလီမိုလီ၊ ဗူလိနတ်စ လုပ်ကိုင်ခဲ့ရသည်။ သို့သော် ပင်ပမ်းမှုနှင့် ငွေရရှိရေးကို အဓိကမထားဘဲ ရုပ်ရှင်ကင်မရာများ၊ ဆက်တင်မီးဆလိုက်ကြီးများကြား၌ လုပ်ကိုင်ခွင့်ရသည်ကိုပင် ကျေနပ်နေခဲ့သူဖြစ်သည်။ အခြားအလုပ်သမားများကဲ့သို့ အလကားမနေ။ ရုပ်ရှင်ဒါရိုက်တာကြီးများ၊ ဓါတ်ပုံဆရာများ၏ ရိုက်ကူးသင်ပြနေမှုကို ဘေးမှကြည့်၍ လေ့လာမှတ်သား ပညာယူခဲ့သည်။

ထို့ပြင် ရုပ်ရှင်သရုပ်ဆောင်များ၏ ဟန်အမူအရာ၊ ဇာတ်ဝင်ခန်း ပြောဆိုပုံတို့ကိုလည်း အတုခိုး၍ ယင်းတို့နှင့် တထပ်တည်းကျအောင် မှန်ရှေ့တွင် လေ့ကျင့်ခဲ့သည်။ တစ်နေ့တွင် သူတို့လို အောင်မြင်သော ရုပ်ရှင်သရုပ်ဆောင်ဖြစ်အောင် ကြိုးစားမည်ဟု ခံယူထားသည်။

သူ၏ ဇွဲ၊ လုံ့လ၊ ဝီရိယသည် အဟောသိကံမဖြစ်ခဲ့ချေ။ များမကြာမီ အချိန်အတွင်း၌ပင် ဇာတ်ပို့ဇာတ်ရံ ဘဝဖြင့် ရုပ်ရှင်ကင်မရာရှေ့တွင် လှုပ်ရှားသရုပ်ဆောင်ခွင့်ရခဲ့သည်။ သို့သော် စိတ်ကူးယဉ် အိပ်မက်ကမ္ဘာလေး ဒုတိယကမ္ဘာစစ်ဘေးကြောင့် ပျက်ပျယ်ကာ ဟင်္သာတနယ်သို့ စစ်ဘေးရှောင်ခဲ့ရသည်။ စစ်ကြီးအတွင်း အလုပ်ရှားပါးမှုကြောင့် အလုပ်ဟူသမျှ ဂုဏ်ရှိစွဟု ခံယူကာ သမ္ဗန်သမားဘဝရောက်ခဲ့ရသည်။

ဂျပန်ခေတ် (၁၉၄၂ မတ်လ ၈ ရက်မှ ၁၉၄၅ မေလ ၃ရက်နေ့အထိ) တွင် ဒါရိုက်တာ ဆရာခန့် ဦးဆောင်သည့် ကျော်အေး၊ ခင်ခင်ရီတို့ ပါဝင်သော ပြဇာတ်အဖွဲ့နှင့် ဆက်သွယ်မိပြီး ရန်ကုန်သို့ ရောက်ခဲ့ရပြန်သည်။

ရန်ကုန်သို့ ရောက်သောအခါ အာရှလူငယ် အစည်းအရုံး ရန်ပုံငွေအတွက် ကြည့်မြင်တိုင် ထီးတန်းထိပ် တရုတ်ကျောင်း ပြဇာတ်ရုံ (နောင်ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ)၌ ရုပ်ရှင်လူကြမ်း ချစ်တင်ကြီး ဒါရိုက်တာအဖြစ် တင်ဆက်ပြသသော ‘ရီရီ့ ကုသိုလ်’ ပြဇာတ်တွင် မင်းသားကျော်အေး၊ မင်းသမီး ခင်ခင်ရီ၊ လူရွှင်တော် စံပတို့နှင့် တွဲဖက်၍ ပြဇာတ်စင်ပေါ် ပထမဆုံး တက်ခွင့်ရခဲ့သည်။ ထိုအချိန်မှစ၍ ‘ဖိုးပါကြီး’ နာမည်တစ်လုံး တွင်လာခဲ့လေသည်။

ဖိုးပါကြီး ပြဇာတ်စင်ပေါ်သို့ အခကြေးငွေဖြင့် ဦးစွာတက်ရောက်ကခွင့်ရခဲ့သော ပြဇာတ်မှာ ဂျပန်ခေတ် လွင်လွင်ရုံ (ယခုအာဇာနည်
ကုန်းအနီး)တွင် တင်ဆက်ပြသခဲ့သော ဒါရိုက်တာ ဆရာခန့်၏ ‘ဤစစ်ကြီးမှာ’ ပြဇာတ်ဖြစ်သည်။ မင်းသားကျော်ဝင်း၊ မင်းသမီး ခင်ခင်တင့်၊ လူကြမ်း ဦးမောင်ကလေး၊ မင်းသားကြီး ဦးဘအုန်း၊ မင်းသမီးကြီး ဒေါ်ဖွားနှစ်တို့နှင့်အတူ ဖိုးပါကြီးသည် လူရွှင်တော်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့လေသည်။

ဖိုးပါကြီးသည် ‘ကမ္ဘာ့ဇာတ်ခုံ’၊ ‘သြော်မိန်းမ’၊ ‘သြော်ယောက်ျား’၊ ‘ကမ္ဘာ့ရန်သူ’၊ ‘ရတနာသိုက်’ စသည့် ပြဇာတ်ပေါင်းများစွာတွင် ပါဝင်ကပြခဲ့ရာမှ ဖိုးပါကြီးဟူသော နာမည်သည် ပရိသတ်နှုတ်ဖျားဝယ် သီးခဲ့ရလေသည်။

ထို့နောက် စစ်ကြီးအပြီး ပြဇာတ်များ မှေးမှိန်လာ၍ အသံတိတ်ရုပ်ရှင်များ ခေတ်စားလာချိန်တွင် ရန်ကုန်ရုပ်ရှင်နှင့် ဆက်မိပြီး ဒါရိုက်တာ ဦးချစ်ဖေ ရိုက်ကူးသည့် ‘လူပျိုသိုး’ အသံတိတ် ဇာတ်မြူးဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ရောက်ရှိလာခဲ့သည်။

ပြဇာတ်နှင့် ရုပ်ရှင်သည် ဆက်နွယ်နေသည့်အတွက် ရုပ်ရှင်သည် သူ့အဖို့ မစိမ်းပေ။ ဆက်လက်၍ ‘ဂျစ်တူးမောင်’၊ ‘သြော်ဖူးစာ’ ‘ခင်နဲ့မောင်’၊ ‘သူလိုလူ’၊ ‘ရွှေမျက်မှန်’ စသော အသံတိတ် ဇာတ်ကားများ ရိုက်ကူးခဲ့သည်။ ဤသို့ ရိုက်ကူးနေစဉ် ရုပ်ရှင်နှင့် ပြဇာတ်မင်းသမီး မေချစ်နှင့် နဖူးစာဆုံခဲ့သည်။

ယင်းနောက် ပြဇာတ်များ ပြန်လည်ခေတ်ထလာရာ ရုပ်ရှင်ရိုက်ကူးရင်း တဖက်မှ လက်ဦးဆရာ ဒါရိုက်တာ ဆရာခန့်၊ အလင်္ကာကျော်စွာ ဒဂုန်ဆရာတင်၊ ဘိုကလေး တင့်အောင်၊ ဦးသုခ၊ သန်းနွ့ဲ၊ ကျွန်တော်ချစ်မောင် စသည့် ပြဇာတ်ဆရာ အကျော်အမော်တို့၏ စီစဉ်ညွှန်ကြားမှုဖြင့် ပန်းဆိုးတန်း ဝင်းဝင်းရုံ (ယခု စာပေလောက စာအုပ်ဆိုင်အနီး) လမ်းမတော် အနောက်ပိုင်း ‘ကာဌေး’ ပြဇာတ်ရုံ (နောင်ကေသွယ် ရုပ်ရှင်ရုံ) တို့တွင် ဖိုးပါကြီး ပါဝင်ကပြခဲ့သော ပြဇာတ်များ ပလူပျံခဲ့သည်။

ပါဝင်ကပြခဲ့သော ပြဇာတ်များအနက် ‘လာလာလေ လိုက်ခဲ့တော့’၊ ‘နေရီရီ’၊ ‘ငယ်ကျွမ်းဆွေ’၊ ‘ဝါကျွတ်လက်ဆောင်’၊ ‘သြော်မိန်းမ’၊ ‘အပြုံးလက်ဆောင်’၊ ‘ကိုယ်ကြိုက်တာကိုယ်လုပ်’ စသည့် ပြဇာတ်များသည် အထူးလူကြိုက်များခဲ့သည်။

အနုပညာ ဇနီးမောင်နှံဖြစ်သည့် ဖိုးပါကြီးနှင့် မေချစ်တို့သည် သားကြီး ရုပ်ရှင်သရုပ်ဆောင် ဇေယျာနှင့် သားငယ် မောင်မြတ်ဝေတို့ ထွန်းကားခဲ့သည်။ ထို့နောက် ရုပ်ရှင်မင်းသမီး မေချစ် ကွယ်လွန်ပြီးနောက် ဒေါ်ခင်မြိုင်နှင့် လက်ထပ်ကာ သားသမီး (၄)ဦး ထွန်းကားခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ကပြခဲ့သော ပြဇာတ်များအနက် ဒါရိုက်တာ ဘိုကလေး တင့်အောင်၏ ‘ခြင်ထောင်ငါးလုံး’ ပြဇာတ်၊ ‘အမိန့်တော်ရ ရှေ့နေဦးသောကြာ’ ပြဇာတ် အပြင် ‘ဂုဏ်နဲ့မာန’ ပြဇာတ်များတွင် မင်းသား မျိုးချစ်၊ မင်းသမီး မြင့်မြင့်ဋ္ဌေးတို့နှင့် တွဲဖက်၍ သီချင်းမဆို၊ အပြောအဆိုမပါဘဲ ဟန်မူရာနှင့် ချာလီချက်ပလင် ရုပ်ရှင်ဆန်ဆန် ကပြရာတွင် ဖိုးပါကြီးသည် အကောင်းဆုံး သရုပ်ဆောင် သွားနိုင်ခဲ့သည်။ ဖိုးပါကြီးသည် ‘တရောင်ထဲခြယ်’ ပြဇာတ်တွင်မူ ကိုယ်တိုင် ဒါရိုက်တာ မင်းသား လုပ်ခဲ့သည်။

ဖိုးပါကြီးနှင့် ရင်းနှီးခင်မင်ခဲ့သော အမျိုးသားစာပေဆု၊ ရုပ်ရှင်နှင့်
ပြဇာတ်ဒါရိုက်တာ ဘိုကလေး တင့်အောင်က ဖိုးပါကြီးသည် စိတ်ထားအလွန်ကောင်း၍ အများက ချစ်ခင်လေးစားကြသည်။ ဟိတ်ဟန်မရှိ၊ မာန်မာနမထား၊ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရသော်လည်း မည်သူ့ကိုမျှ အပြစ်မမြင် ဘဝအကျိုးပေးတစ်ခုသာ မှတ်ယူ၍ ကိုယ့်ဘဝကိုယ်ကောင်းအောင် ဆင်ခြင်ပြုပြင်ခဲ့သည်။

ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ကဲ့ရဲ့ခြင်းစသည့် လောကဓံတရား ရှစ်ပါးကို အမှုမထား၊ ငွေကြေးကို မမက်၊ သူ့အနုပညာအပေါ်၌သာ သစ္စာရှိသည်။ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်ပြီး အားလပ်သည့်အခါ ပန်းချီဆွဲ၊ စာဖတ်၊ ငှက်ပစ်၊ ငါးမျှား၊ ဘိလိယက်ထိုး၊ မျက်လှည့်ပြခြင်းဖြင့် အပန်းဖြေလေ့ရှိသည်ဟု ဆိုသည်။

အကယ်ဒမီဝင်းဦးသည် ရုပ်ရှင်လောကသို့ မရောက်မီကပင် ဖိုးပါကြီးနှင့် ရင်းနှီးခဲ့ပြီး၊ မိတ်ဆွေလို၊ ဆရာသမားလို ဖိုးပါကြီးအား အလေးထားဆက်ဆံခဲ့သည်။ ဖိုးပါကြီးသည် သရုပ်ဆောင်ရာတွင် အလွန်တော်သူဖြစ်သောကြောင့် ဇာတ်ရုပ်မရွေး ကျရာကို ပီပြင်စွာ သရုပ်ဆောင်နိုင်သည်။ အခုငို၊ အခုဆန့်ကျင်ဘက် အမူအရာကို ချက်ချင်းလုပ်နိုင်စွမ်းရှိသောကြောင့် ဝင်းဦး ပါဝင်သော ဇာတ်ကားတိုင်း၌ ဖိုးပါကြီးကို ခေါ်ယူအသုံးပြုသည်။

ဖိုးပါကြီးသည် လူရွှင်တော် ဟာသမင်းသားအဖြစ် ရုပ်ရှင်ဇာတ်

ကားပေါင်းများစွာ ရိုက်ကူးခဲ့သည့်အနက် ရွှေဝယ်သီရိ ရုပ်ရှင်မှ တင့်တယ်၏ ဝတ္ထုကို ဒါရိုက်တာ အေဝမ်း မြမောင် ရိုက်ကူးခဲ့သည့် ‘ဖိုးပြုံးချို’ ဇာတ်ကား၌ ပီပြင်စွာ သရုပ်ဆောင်နိုင်၍ အကောင်းဆုံး သရုပ်ဆောင်မင်းသား ရွှေစင်ရုပ်ဆုကို ၁၉၅၅ခုနှစ်တွင် ရရှိခဲ့သည်။

အဆိုပါဇာတ်ကား၌ ဖိုးပါကြီးနှင့် ဖိုးပြုံးချိုသည် ခွဲမရအောင် သရုပ်ဆောင်ကောင်းသောကြောင့် ကြည့်ရှုသူ ပရိသတ်အပေါင်းသည် မျက်ရည်ကျသူကျ၊ ဝမ်းနည်းသူဝမ်းနည်း ဖြစ်ကာ လူတိုင်းပါးစပ်ဖျား၌ ရေပန်းစားခဲ့သည်။ မြန်မာ့ရုပ်ရှင်သမိုင်း၌ စံပြုရသည့် ဂန္တဝင်ဇာတ်ကားကောင်း တစ်ကား ဖြစ်ခဲ့ရသည်။ ထိုနှစ်မှာပင် နိုင်ငံတော်အစိုးရမှ ချီးမြှင့်ခဲ့သော အနုပညာ ထူးချွန်ဆု ‘ဝဏ္ဏကျော်ထင်’ ဘွဲ့ကို ရရှိခဲ့သည်။

ဖိုးပါကြီးသည် ဟာသလူရွှင်တော်၊ သရုပ်ဆောင်မင်းသား၊ ဇာတ်ပို့၊ ဇာတ်ရံ စသည်ဖြင့် အသံတိတ်၊ အသံထွက် ဇာတ်ကားပေါင်း (၁၀၈)ကားကို ရိုက်ကူးခဲ့ပြီး အသံတိတ်ခေတ်ကပင် ‘ဖိုးပါကြီး’ ရုပ်ရှင် ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ယင်းကုမ္ပဏီမှ ကိုယ်တိုင် ဒါရိုက်တာ၊ သရုပ်ဆောင်အဖြစ် ‘ထူးတဲ့ဇာတ်ခုံ’၊ ‘ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်’၊ ‘ခိုင်သဇင်’၊ ‘မြာဋီကာ’ နှင့် ‘မေတ္တာမိုးတပေါက်’ စသည့် ကားများကို ရိုက်ကူးခဲ့သည်။

ထို့နောက် ၁၉၇၈ခုနှစ်တွင် ဒါရိုက်တာ အကယ်ဒမီ မောင်တင်ဦး ရိုက်ကူးခဲ့သော ‘တစ်ခါက တစ်ဘဝ’ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ထပ်မံရရိုခဲ့ပြန်သည်။

ပြဇာတ်ပေါင်း ၃ဝကျော်၊ ရုပ်ရှင်ကားပေါင်း ၁ဝဝကျော် ရိုက်ကူးခဲ့သော အကယ်ဒမီ ရွှေစင်ရုပ်ရှင်ထူးချွန်ဆု နှစ်ထပ်ကွမ်းရ ဝဏ္ဏကျော်ထင် ဖိုးပါကြီးသည် ၁၉၈ဝပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ရက်နေ့တွင် ရန်ကုန်မြို့တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မြိုင်နှင့် ကလေးလေးယောက်၊ ကွယ်လွန်သူ မင်းသမီးဒေါ်မေချစ်နှင့် ကလေးနှစ်ယောက် ကျန်ရစ်ခဲ့လေသည်။

သန်းဝင်းလှိုင်