Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 17, 2018

လောကမှာ ​အောင်​မြင်​ချင်​ရင်​ ဘာပဲလုပ်​လုပ်​ နှလုံးသွင်းမှန်​မှန်​နဲ့ ပီပီပြင်​ပြင်​ လုပ်​ရတယ်​.


မျက်​တွင်း​ဟောက်​ပက်​နဲ့ အိပ်​​ရေးပျက်​​နေတဲ့
ကျွန်​​တော့်​ကို Star Light Company ပိုင်​ရှင်
ဦး​အောင်​​ဇော်​၀င်းက ဘာဖြစ်​တာလဲ လို့​မေးတယ်​.

"ညဘက်​​တွေ အိပ်​မရဘူး ဦး​ဇော်​..
စိတ်​ညစ်​ညူးစရာ ပြဿနာတစ်​ချို့အ​ကြောင်း
ခေါင်းထဲ​ရောက်​​နေတယ်​.."

ကျွန်​​တော့်​စကားကိုနား​ထောင်​ပြီး
ဦး​ဇော်​ ရယ်​ပါတယ်​..

"​မှတ်​ထား သားရဲ့..
မင်းကိုစကားတစ်​ခု လက်​​ဆောင်​​ပေးမယ်​..
လောကမှာ ​အောင်​မြင်​ချင်​ရင်​ ဘာပဲလုပ်​လုပ်
နှလုံးသွင်းမှန်​မှန်​နဲ့ ပီပီပြင်​ပြင်​ လုပ်​ရတယ်​..ကွ.."

"အဲဒီစကားရဲ့ အဓိပ္ပါယ်​ကို
ရှင်းပြပါလား ဦး​ဇော်​.."

"Ok..လူတစ်​​ယောက်​ဟာညဘက်​ အိပ်​ရာ​ပေါ်မှာ
လုပ်​စရာ နှစ်​ခုပဲ ရှိတယ်​..
မင်းက အိမ်​​ထောင်​သည်​​နော်​..
အဲဒါဆို ညဘက်​ မင်း အိပ်​ရာ​ပေါ်​ရောက်​ရင်
အိပ်​ချင်​ အိပ်​ ၊
မအိပ်​ချင်​ သား မိန်းမနဲ့ ချစ်​ကြ​ပေါ့ကွ..
ဟားဟား...
ဒါပဲသားရဲ့..
အိပ်​ရာ​ပေါ်​ရောက်​ရင်​ လုပ်​စရာနှစ်​ခုပဲရှိတာကို
မင်းက ပီပီပြင်​ပြင်​ မလုပ်​ဘဲ
အိပ်​ရာ​ပေါ်မှာ ပြဿနာ​တွေ ရှင်း​နေတာကိုး.."

ဦး​ဇော်​စကားနား​ထောင်​ပြီး
ကျွန်​​တော်​ ရယ်​ပါတယ်​..

ဦး​ဇော်​က ကျွန်​​တော်​ကို ဆက်​​ပြောတယ်​..

"ဦး​ဇော်​ ငယ်​ငယ်​က တအား ဆင်းရဲတာကွ..
လမ်း​ဘေးမှာ အိပ်​ရတယ်​..
လမ်း​ဘေးမှာ စားရတယ်​..
အလုပ်​သမား​တွေ ပျံကျ​တွေ
လမ်း​ဘေးက သူ​တောင်းစား​တွေ ၀ယ်​စားကြတဲ့
ထမင်းဆိုင်​ ​သေး​သေး​လေးမှာ
ဦး​ဇော်​ ထမင်းစားခဲ့ရတယ်​..
အဲဒီတုန်းကလည်း ဘာမှ မစဉ်းစားဘဲ
ထမင်းကို ပီပီပြင်​ပြင်​စားတယ်​..
ငါဗိုက်​ပြည့်​ဖို့ကလွဲပြီး ဘာမှ မစဉ်းစားဘူး..

အခု ဦး​​ဇော်​ ချမ်းသာသင့်​သ​လောက်
ချမ်းသာတဲ့ အချိန်​မှာ မ​နေ့က
သွားစားတဲ့ Sea Food တစ်​ပွဲက
၁၀ သိန်း ​ကျော်​တန်​တယ်​..
အဲဒါမျိုး ဟင်းတစ်​ပွဲကို ၁၀ သိန်း တန်
သိန်း ၂၀ တန်​​တွေ စားတဲ့အခါလည်း
ဗိုက်​ပြည့်​ဖို့ပဲ စဉ်းစားတယ်​..
ဒီလိုဟင်းပွဲမျိုးစားရလို့ ဂုဏ်​ယူတာ​တွေ
ဘာ​တွေ ညာ​တွေ အပိုကိစ္စ​တွေ
ဦး​ဇော်​ ဘာမှ မစဉ်းစားဘူး..

ဦး​ဇော်​ ငယ်​ငယ်​က လမ်း​ဘေးမှာ
၅ ပြားတန်​ ထမင်းစားတုန်းကစိတ်​နဲ့
အခု တစ်​ပွဲ ၁၀သိန်းတန်​ စားရတဲ့ စိတ်​နဲ့
အတူတူပဲ..
ဗိုက်​ပြည့်​ဖို့သာ အဓိက .."

(ကျွန်​​တော်​ ​ရော ထမင်းစားတဲ့အခါ
ဘယ်​လိုစိတ်​မျိုးနဲ့စားလဲ ပြန်​စဉ်းစားမိတယ်​..
အိုး..အ​တွေး​ပေါင်းစုံနဲ့ ထမင်း စားခဲ့တဲ့
ရက်​​တွေချည်းပါဘဲ..)

"ဦး​ဇော်​က အရက်​ အရမ်း​သောက်​ခဲ့ဖူးတယ်​..
ငယ်​ငယ်​က လမ်း​ဘေးမှာ ​သောက်​တယ်​..
မူး​အောင်​​သောက်​တယ်​..
ချမ်းသာလာတဲ့အခါ အရက်​တစ်​ပုလင်း
သိန်း ၃၀ တန်​​လောက်​ကို
အိမ်​မှာ ၀ယ်​​သောက်​တယ်​..
တစ်​ခါ​သောက်​ရင်​ တစ်​ပုလင်းလုံး
ကုန်​​အောင်​​​သောက်​တယ်​..
အတူတူပဲ..
လမ်း​ဘေးက အရက်​​သောက်​တုန်းက စိတ်​နဲ့
အခု အရက်​အ​ကောင်းစား ​သောက်​တဲ့စိတ်
အတူတူပဲ..
မူး​အောင်​ကို ​သောက်​တာ.."

"အခုချိန်​မှာ ဦး​ဇော်​ဟာ တရားအားထုတ်​တဲ့အတွက်
မ​ကောင်းတာ​တွေ ဘာမှ မလုပ်​ဘူး..
အရက်​လည်း မ​သောက်​​တော့ဘူး..
ဖဲလည်း မရိုက်​​တော့ဘူး..
တရားကိုပဲ ပီပီပြင်​ပြင်​ နှလုံးသွင်းတယ်​..
ရင်​ထဲမှာ ဗုဒ္ဓရဲ့ တရား​တော်​​တွေသာ
အမြဲမပြတ်​ ဆင်​ခြင်​တယ်​..
ကုသိုလ်​​ကောင်းမှု​တွေသာ ပြု​တော့တယ်​ သား​ရေ..

အဲဒီ​တော့ ဦး​ဇော်​ ​ပြောချင်​တာက
မင်းဘာလုပ်​ ​နေတာလည်း ..
မင်းလုပ်​​နေတဲ့အလုပ်​ကို ပီပီပြင်​ပြင်​လုပ်​စမ်းဘာ.

အရက်​​သောက်​​နေတာလား ..
ပီပီပြင်​ပြင်​ မူး​အောင်​​သောက်​လိုက်​ကွာ..

ထမင်းစား​နေတာလား..
ပီပီပြင်​ပြင်​ ၀ ​အောင်​ စားကွာ..

ပရဟိတလုပ်​မလို့လား..
ပီပီပြင်​ပြင်​လုပ်​စမ်းကွာ..

တရားအားထုတ်​မလုပ်​လား..
ပီပီပြင်​ပြင်​ အားထုတ်​ကွာ...

အိပ်​မလို့လား
အိပ်​ရာ​ပေါ်မှာ မိန်းမကို ပီပီပြင်​ပြင်​ ချစ်​ပြီး
ဘာမှ မစဉ်းစားဘဲ
ပီပီပြင်​ပြင်​ အိပ်​ချလိုက်​စမ်းပါကွာ....
ဟား..ဟား..ဟား.."

ကျွန်​​တော်​ ဦး​ဇော်​ကိုကြည့်​ပြီး သ​ဘောကျစွာ
မှတ်​ချက်​တစ်​ခုချ မိတယ်​..
" ဒီလိုစိတ်​မျိုး​ကြောင့်​ သူဟာ လမ်း​ဘေးက​နေ
သူကြွယ်​တစ်​​ယောက်​ဖြစ်​သွားတာကိုး.."

ဦး​ဇော်​က ကျွန်​​တော့်​ကို ​မေးတယ်​..
"​နေပါအုံးကွ ..​မောင်​စိုးထိုက်​ရ..
မင်းညည အိပ်​မ​ပျော်​​အောင်​ဖြစ်​​နေရတဲ့
ကိစ္စကို ​ပြောပြပါအုံး.."

"ဒီလိုပါဦး​ဇော်​..သားကို လူတစ်​​ယောက်​က
အပုပ်ချ မ​​ကောင်း​ပြော​နေလို့ပါ.."

"​ဟေ..ငါ့သား..
မင်းကွာ..​ကျေးဇူးရှင်​တစ်​​ယောက်​​ပေါ်လာတာဟ..
မင်း ၀မ်းသာရမယ့်​ ကိစ္စကို ဘယ့်​နှယ်​​ကြောင့်
စိတ်​ညစ်​​နေရတာတုန်း.."

"ဟာဗျာ..ဦး​ဇော်​ကလည်း..
ကိုယ့်​ကို အပုပ်​ချ မ​ကောင်း​ပြောတဲ့သူ​ပေါ်လာတာကို
ဘာဖြစ်​လို့ ​ကျေးဇူးရှင်​လို့ သတ်​မှတ်​ပြီး
ဝမ်းသာရမှာလဲ.."

ဦး​ဇော်​ က သူထိုင်​​နေတဲ့ ခုံကို ကျွန်​​တော့်​ဘက်​ကို
ရွှေ့လိုက်​ပြီး..

"ဒီမှာ ငါ့သား..မှတ်​ထားဟ..
ပါရမီ ၁၀ ပါးမှာ ​ခန္တီပါရမီကလွဲလို့
ကျန်​တဲ့ ပါရမီ​တွေက ကိုယ်​တစ်​​ယောက်​ထဲနဲ့
ဖြည့်​လို့ရတယ်​..
ခန္တီပါရမီက ပါရမီဖြည့်​ဘက်​လိုတယ်​ဟ..
အဲဒီပါရမီဖြည့်​ဘက်​က
ကိုယ့်​ကို ရန်​စရမယ်​..
ကိုယ့်​ကို မ​ကောင်းတာ လုပ်​ရမယ်​..
ကိုယ့်​ကို မ​ကောင်းတာကြံရမယ်​..
အဲဒီအခါ ကိုယ်​က သည်းခံရတယ်​..
ကိုယ့်​ကို အဲဒီလို မ​ကောင်းတာ
လာလုပ်​လို့ သူဟာ ကုသိုလ်​မရဘူး​နော်​..
သူလည်း အကုသိုလ်​ပဲရတာ..

ဒါ​ကြောင့်​ ကိုယ့်​ကို အဲဒီလိုလာလုပ်​တဲ့
လူ​တွေနဲ့ကြုံတိုင်းကြုံတိုင်း
သူဟာ အကုသိုလ်​အဖြစ်​ခံပြီး ငါ့ကို
ခန္တီပါရမီလာဖြည့်​​ပေး​နေတဲ့ ​ကျေးဇူးရှင်​လို့
သ​ဘောထားလိုက်​ရင်​ သားဟာ
နှလုံးစိတ်​၀မ်း ​အေးချမ်းမယ်​ သား​ရေ..."

အို...
ရင်​ ထဲ မှာ ရှင်း သွား လိုက်​ တာ..
ရင်​ ထဲ မှာ လင်း သွား လိုက်​ တာ..
ရင်​ ထဲ မှာ ​အေး သွား လိုက်​ တာ..
ရင်​ ထဲ မှာ ငြိမ်း သွား လိုက်​ တာ..

ဦး​အောင်​​ဇော်​၀င်းကို နှုတ်​ဆက်​ပြီး
ကျွန်​​တော်​ဟာ ဘ၀ကို နှလုံးသွင်းမှန်​ကန်​စွာနဲ့
ပီပီပြင်​ပြင်​ ​လျောက်​လှမ်းဖို့
ခွန်​အား အပြည့်​နဲ့ အိမ်​ကို ပြန်​လာခဲ့တယ်

ကိုစိုးထိုက်​(ဖဒို)

No comments:

Post a Comment