Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 1, 2018

ကားအပျက်ကြီးမောင်းနေရသော ဗိုလ်ချုပ်

" နိဗ္ဗာန်​ ရောက်စေချင်လျင် နိဗ္ဗာန်​ ရောက်ကြောင်းတရားကိုကျင့် ၊ လွတ်လပ်ရေးလိုချင်လျင် လွတ်လပ်ရေး ရရာရကြောင်းကျင့်ထားကြပါ။
အင်္ဂလိပ်ဟာ အင်္ဂလိပ်ဥပဒေ ဖြစ်နေပေမဲ့ အုပ်ချုပ်တဲ့သူက ကျုပ်က အုပ်ချုပ်နေတယ်။

ဥပမာပြရလျှင် ကျုပ်ကို အင်္ဂလိပ်က မော်တော်ကား အပျက်ကြီးကို ပြင်မောင်းခိုင်းတာဘဲ ။ အမောင်းခိုင်းပေမဲ့ အချုပ်​အခြာ အာဏာက အင်္ဂလိပ်လက်ထဲမှာ ရှိနေတော့ ကျုပ်တို့က ဘာမှ မပြင်နိုင်သေးဘူး ။ မော်တော်ကား အပျက်မို့ အမောင်းဘယ်လောက်ကောင်းကောင်း စက်မကောင်းတော့ လိုရာကိုမြန်နိုင်သလောက် မြန်အောင် မရောက်နိုင်ဘူး ဒီစက်ကြီးနဲ့သာ ဆိုရင် တာရှည်ကျုပ်မအုပ်ချုပ်နိုင်ဘူး"

ဆက်လက်ပြီး ဗိုလ်ချုပ်က တိုင်းသူပြည်​သားများ စိတ်ပြောင်း သင့်ပီဖြစ်ကြောင်း
လွတ်လပ်ရေးရံပုံငွေထည့်ရန် လိုကြောင်း စသည်များကို အကျယ်တ၀င့် မိန့်ကြားပြန်သည်။ ဗိုလ်ချုပ်က -

" အခုခေတ်မှာ ဘုရင်ခံတောင်မှ ဇွတ်အတင်းမလုပ်နိုင်ဘူး ။ အားလုံးအတွက် စီမံကိန်းစွဲပြီး လုပ်လာခဲ့ပါပြီ။ ခင်ဗျားတို့လည်း လုပ်ကြည့်ပါ။ ညီညွတ်လို့မရနိုင်ဘူးဆိုလျှင် အစိုးရတွေ ခေတ်ပြောင်းတိုင်း စိတ်ပြောင်းပါ။
စိတ်မပြောင်းဘဲ ကိုးရိုးကားယား လုပ်လျှင် ဘုရင်ခံ လုပ်လျှင် ဘုရင်ခံ တိုက်မည်။ အောက်ကလူတွေလုပ်လျှင် ဖိနှိပ်​ ပေးမယ်။
သို့သော်လည်း လူကြီးဆိုလျှင် လူကြီးနှင့်တူအောင် အရေးယုမည်။
ကျုပ် လွယ်လွယ်နဲ့ ကတိမပေးလိုဘူး။ လူထုဘက်ကကြည့်ရင် ဗမာပြည် လွတ်လပ်ပြီ ထားပါတော့ ။ လူထုကိုယ်စားလှယ်တွေချည်း အုပ်ချုပ်လို့ရမယ်ထင်သလား ။ ဒီလူတွေ ဘယ်လောက်ညစ်ပတ်ညစ်ပတ် ခဏတော့သုံးရအုံးမှာပဲ
အင်္ဂလိပ် တွေရှိနေရင်လည်း ဗမာအဖြစ်နဲ့နေရမှာဘဲ။ အုပ်ချုပ်တဲ့လူတွေ ကလည်း ဗမာတွေဘဲ။ ဗမာစိတ်ပေါက်ပြီး ဗမာပြည်မှာနေတဲ့သူတွေ ကတော့ ဗမာတွေဘဲရယ်လို့ မှတ်ထားရမယ်
ရှော်တဲ့လူတွေကိုလည်း ကျုပ်တို့က ထုတ်ပစ်ရမှာဘဲ
နိုင်ငံရေးဘက်ကနေ ကြည့်လျင် လူထုခေါင်းဆောင်လုပ်နေတဲ့လူတွေ၊ဘ၀င်မြင့်နေတဲ့ လူတွေ မြင့်နေတယ်။ မှားနေတာတွေလည်းရှိတယ်။ မှန်တယ်ထင် တိုင်းလည်း မပြောရဘူး" ။

" အင်္ဂလိပ်ကို သခင်တင်မနေနဲ့ ။ ကျုပ်တို့မကြာခင် သခင် ဖြစ်တော့မယ်။ အစိုးရအမှုထမ်းများကို မဆဲပါနှင့်။ နောက်ပီး လွတ်လပ်ရေးရအောင် လုပ်တဲ့အခါမှာ အချင်းချင်း ခြေထိုးမှုတွေလုပ်တာရှိတယ် ။ အချင်းချင်း ညီညွတ်အောင်လုပ်ကြပါ။ အကြောက်မလွန်ပါနှင့်။ အစိုးရဘက်ကော လူထုဘက်ကော ကျုပ် ပြုပြင်ခဲ့ပါမယ်" ဟုပြောသည်။

၂၅.၃.၄၇ နတ်မောက်ရောက်မိန့်ခွန်း

No comments:

Post a Comment