Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 15, 2018

သားသမီးကို ငရဲ​ေပးတဲ့ မိဘမ်ိဳး တကယ္​႐ွိသလား


သားသမီးကို ငရဲ​ေပးတဲ့ မိဘမ်ိဳး တကယ္​႐ွိသလား
” ႐ွိပါတယ္​ . .”

ဘယ္​္​လိုမိဘအမ်ိဳးအစားကမ် ားသားသမီးကိုငရဲ​ေပးလို႔ရ​ေနသလဲ
​ေတြးၾကည္​့ၾကရ​ေအာင္​လားဗ်ာ…

​ေျပာမရဘူး​ေလ ဒီအမ်ဳိးအစား​ေတြမွာ
ကိုယ္​့မိဘလဲပါနိုင္သလို ကိုယ္​လဲပါႏုိင္​တယ္​​ေလ…

(1)။`အျပစ္​တင္​လြန္​းတဲ့မိဘ´

ဒါက႐ိုး႐ွင္​းပါတယ္​။ဘာလုပ္​လုပ္​အျပစ္​တင္​​ေနတာ . .
တစ္​နည္​းဆိုရရင္​ ​ေလာဘႀကီးမိတာ​ေပါ့ .။

အသံုးမက် ဘူးဆိုတဲ့ ​ေဘာင္​ထဲသြတ္​သြင္​းတာ
သားသမီးက တကယ္​အသံုးမက် တာျဖစ္​ခ်င္​ျဖစ္​မယ္​ ။ ဒါ​ေပမဲ့
အသံုးမက် ျခင္​းကိုပဲ ​ေဖာက္​ျမင္​​ေနတာ . . .
ဒါကိုၾကားရဖန္​မ်ားလာတဲ့အခါ ​ေဒါသကမိဘကိုျပန္​ခံ​ေျပာဖို႔ စတင္​လာတယ္​…

(2)။`ဘက္​လိုက္​တာ´
သားသမီးခ်င္​းတူရင္​ငါ့သမီးငယ္​​ေလး …ငါ့သားႀကီးနဲ႔
ဘက္​လိုက္​ဆက္​ဆံတာ…။
ဒါကအရမ္​းဆိုးတယ္​ ။ ဘက္​လိုက္​တတ္​တဲ့မိဘပိုင္​ဆုိင္​တဲ့ သားသမီး​ေတြဟာ
မစည္​းလံုးၾကတာမ်ားတယ္​ ။
မိဘက​ေသြးခြဲထားတာ​ေလ။“နင္​ကည့ံတယ္​ နင္​က​ေတာ္​တယ္​”ဆိုၿပီး
ကြာလတီခြဲလိုက္​တဲ့ ကုန္​ပစၥည္​း​ေတြဟာဘယ္​​ေတာ့မွ​ေစ်းႏႈန္​းညႇိမရၾက​ေတာ့ဘူး…။
​ဘက္​လိုက္​မႈက မ​ေလးစားမႈကိုအစပ်ဳိးပါတယ္​ .။ ၿပီးရင္​အခ်င္​းခ်င္​း
မနာလိုစိတ္​က​ေန အမုန္​းတရားပြားမ်ားလာတယ္​။

က​ေလးဘဝကတည္​းကအ႐ိုးစြဲတဲ့ အမုန္​းတရားက
ဘယ္​​ေတာ့မွ​ေဖ်ာက္​မရေတာ့ဘူး…။

မိဘ​ေ႐ွ႕ မို႔ ဟန္​​ေဆာင္​ဆက္​ဆံျပ​ေနျကတာပါ။
မိဘ​ေသၾကည္​့ ဒီ​ေမာင္​ႏွမ​ေတြဟာပက္​သက္​စရာလံုးဝကိုမ႐ွိ​ေတာ့တဲ့
လူ​ေတြအျဖစ္​​ေနၾကလိမ့္​မယ္​…
အခ်င္​းခ်င္​းကူညီဖို႔ဆိုတာက​ေတာ့ဟိုး အ​ေဝးႀကီးမွာပဲ…. .!

(3)။`ဆဲဆိုလြန္​းတာ´

​ေန႔စဥ္​အဆဲခံရတဲ့လူဆိုတာ​ေဒါသမ် ားမယ္​ထင္​လား ? နည္​းမယ္​ထင္​လား?
ျပန္​မ်ား​ေျပာမိရင္​ မိဘကိုခံ​ေျပာတယ္​ . .
ငရဲႀကီးမွာ . .ဒုကၡ​ေရာက္​မွာ​ေခြးျဖစ္​မွာဆိုတဲ့က်ိန္​စာဆန္​ဆန္​
စကား​ေတြကအရမ္​းဆိုးတာပဲေနာ္ …။

ဒါဆို ​ေန႔စဥ္​သားသမီးကိုဆဲ​ေရး​ေနတဲ့မိဘက​ေကာ ငရဲမႀကီးတတ္​​ေတာ့ဘူးလား . .!
​​ေကာင္​း​ေကာင္​းမြန္​မြန္​​ေျပာၿပီးခိုင္​းလို႔မရရင္​မခိုင္​းသင္​့ေတာ့ဘူး … ဆဲ​ေရးၿပီးမွ
ခိို္​င္​းရတယ္​ဆိုတာ အ​ေတာ္​ကိုနည္​းလမ္​းမက် တာ။
သူဘာလို႔မလုပ္​ခ်င္​တာလဲဆိုတာ​ေတာ္​​ေတာ္​ကို ခ်ဥ္​းကပ္​ရခက္​တဲ့ကိစၥပါ ။

ဘာမွကိုမလုပ္​ခ်င္​တာလား . . .?သို႔ေသာ္လည္း
သူလုပ္​ခ်င္​တာဘာမ်ားလဲဆိုတဲ့လမ္​းက​ေဝး​ေတာ့ ဆဲၿပီးခိုင္​းလိုက္​တာျမန္​တယ္​​ေလ…
ဒီနည္​းပဲသံုးျကေတာ့တယ္​…

(4)။`သားသမီးအိမ္​​ေထာင္​ကိုစြက္​ဖက္​တာ´
​ေတာ္​​ေတာ္​မ်ားမ်ားဒါကိုလုပ္​ၾကတယ္​…။“နင္​ယူထားတဲ့ ​ေယာက္​်ားကဘယ္​လို ”
“နင္​ယူထားတဲ့ မိန္​းမကဘယ္​လို “ဆိုတာမ်ဳိးမ​ေျပာသင္​့ပါဘူး …။

သားသမီးရဲ႕​ေရြးခ်ယ္​မႈကို​ေလးစားရပါမယ္​ …။
သူဟာ ​သူ႔ဘဝကိုသူ​ေနတတ္​လို႔​ေန​ေနတာပါ .။
သားသမီးကသူ႔အိမ္​​ေထာင္​နဲ႔ပက္​သက္​ၿပီးကူညီပါလို႔မ​ေျပာမခ် င္​း ဝင္​ပါစရာကိုမလိုတာ….
ငါ့သမီး ပဲ မွန္တယ္ ငါ့သားက မွန္တယ္ ဆိုတာ ခ်ည္းပဲ ယူဆတာ မွားပါတယ္​.။
သားသမီးအ​ေၾကာင္​းမိဘကသိတယ္​ဆိုတာက​ေလးဘဝမွာပဲျဖစ္​လိမ္​့မယ္​…။

သားသမီးအ​ေၾကာင္​းမသိၾကလို႔သာသားသမီးက လူသတ္​မိရင္​ မုဒိမ္​းက်င္​့တာမ်ဳိးလုပ္​မိရင္​
မိဘက အ့ံၾသတႀကီးျဖစ္​ၾကရတာ​ေပါ့…

…ငယ္​စဥ္​ကသိတယ္​ဆိုတာက​ေလးဘဝမွာမိဘနဲ႔တစ္​​ေနကုန္​႐ွိ​ေနလို႔
အက်င္​့​ေလး​ေတြသိ​ေနတာ…
သူတို႔္​အရြယ္​​ေရာက္​တဲ့အခါ မိဘနဲ႔အခ်ိန္​ကုန္​တာနည္​း​ေလ မိဘက
သားသမီးစိတ္​ကုိမသိရ​ေလပဲဆိုတာကိုသိထားသင္​့ပါတယ္​…!

သားသမီးဆိုတာ။။။မိဘကိုအစစအရာရာ​ေျပာျပခ် င္​တဲ့
အရြယ္​ဆ္ိုတာ အသက္​​ေလးငါးဆယ္​ႏွစ္​အရြယ္​မွာပဲ႐ွိတယ္​…။

ဒါကိုက​ေလးလိုပဲ အကုန္​သိခ်င္​အကုန္​​ေျဖ႐ွင္​း​ေပးခ်င္​တယ္​ဆိုရင္​
တကယ္​ျဖစ္​ရင္​​ေတာင္​ မိဘကိုမတုိင္​ပင္​ၾက​ေတာ့တာမ်ားတယ္​… …။

” ငါ​ေျပာသားပဲ”ဆိုတဲ့စကား​ေနာက္​ကအျပစ္​တင္​မႈ​ေတြဟာ
ျပႆနာကို​ေျဖ႐ွင္​းဖို႔​ေဝးကြာ​ေစတာသားသမီး​ေတြကရိပ္​စားမိၾကပါတယ္​…။

သားသမီးအ​ေၾကာင္​းတကယ္​သာသိရင္​ဒါမ်ိဳးမလုပ္​သင္​့တာကိုသိကိုသိထားရမယ္​…

(5)။`သားသမီးကို​​​ေျပာဆိုဆက္​ဆံပံုမွားတာ´
အခ်ိဳ႕ မိဘ​ေတြ႐ွိပါတယ္​ ။ ျပင္​ပမွာ​ေတာ့လူငယ္​လူႀကီး​မ​ေရြးကို အရမ္​းအ​ေလးထား
ဆက္​ဆံတတ္​ပါတယ္​ ။
​ေျပာရရင္​ လူ​ေတြအ​ေပၚ​ေလးစားမႈ႐ွိတာ​ေပါ့ ။သားသမီးကိုက် အဲ့လိုမလုပ္​ႏုိင္​ၾကပါဘူး ။
သားသမီးဆိုတာ ငယ္​ႏုိင္​လိုျဖစ္​​ေန​ေတာ့စိတ္​အလိုမက် တုိင္​းသားသမီးကို
ႏွိမ္​​ေနတတ္​တာမ်ိဳးပါ…။
​ေစတနာစကား​ေပမဲ့ အ​ေျပာမတတ္​ရင္​နားခါးတာလူ႔သဘာဝပါ…

အျပင္​ပန္​းက မွတ္​မထားတာ မွန္​​ေကာင္​းမွန္​ပါလိမ္​့မယ္​…
စိတ္​ခံစားခ်က္​က မွတ္​ထားတတ္​လို႔သာ မိဘ​ေျပာတုိင္​း
မ​ေကာင္​းျမင္​တယ္​ဆိုၿပီး ​ေဒါသႀကီး​ေနတတ္​တဲ့
သားသမီး​ေတြ႐ွိလာရတာပါ…

စိတ္​ဆိုတာအျမဲမ႐ွည္​ပါဘူး .။ဒါ​ေၾကာင္​့ သားသမီးကိုအျမဲနားပူ​ေအာင္​
​ေန႔စဥ္​ဆံုးမစကားဆို​မ​ေနပါနဲ႔…။

သူ​ေန႔စဥ္​လုပ္​တာ​ေတြမွတ္​ထားၿပီးတစ္​ပတ္​တစ္​ခါ တစ္​လတစ္​ခါ​ေလာက္​သာ
စားပြဲဝိုင္​းမွာ ​ေအး​ေအး​ေဆး​ေဆးပဲဆံုးမစကားတစ္​ခြန္​းခ်င္​း​ေျပာသင္​့တာပါ .။

တစ္​ပတ္​တစ္​ခါမို႔ ဆံုးမရတာစိတ္​လဲ႐ွည္​တယ္​ … သားသမီးအ​ေနနဲ႔လဲမိဘက
ခ်က္​က်လက္​က်​ေျပာ​ေတာ့ ျငင္​းရခက္​တယ္​. ။

သူ႔အမွားကိုဆင္​ျခင္​ႏုိင္​တယ္​ ။“​ေဒါသပါတဲ့ ဆံုးမစကားဟာ
​ေျပာင္​းျပန္​အက်ဳိးသက္​​ေရာက္​ပါတယ္​ . . .”

ဘာလို႔လဲဆို​ေတာ့ သားသမီးဆိုတာလူသားမို႔​ေဒါသထြက္​ရင္​အရြဲ႕တုိက္​တတ္​လို႔ပါ…

အဆင္​မ​ေျပမႈ​ေတြကိုသူတို႔လဲမလိုလားၾကပါဘူး!
ဒါ​ေပမဲ့ ျငင္​းဆန္​မရရင္​ေတာ့မိဘနဲ႔ထိပ္​တုိက္​ရင္​ဆိုင္​ျခင္​းထက္​
အ​ေဝးကို ​ေျပးသြားလိုက္​တာအကုသိုလ္​အနည္​းဆံုး
အ​ဆင္​​ေျပဆံုးလို႔ထင္​ပါတယ္​……

မိဘအတြက္​လဲ မ်က္​စိထဲအဆင္​မ​ေျပတဲ့သားသမီးဟာ သူ႔ဖာသာရပ္​တည္​​ေနတာ
ကိုယ္​မျမင္​ရဘူးဆို အပူသက္​သာတယ္​ .။
မိဘရဲ႕ အ​ေဝးမွာ​ေနမယ္​ဆိုရင္​လဲအဆင္​​ေျပ​ေျပ မ​ေျပ​ေျပ မိဘသာမသိ​ေစနဲ႔
​ေမးလာရင္​အဆင္​​ေျပတယ္​ပဲ​ေျပာလိုက္​ပါ ။
ဒါမွ အ​ေဝးမွာမိဘ​ေကာ သားသမီးပါစိတ္​​ေအးလက္​​ေအး​ေနႏုိင္​မွာပါ ။
ႏို႔မို႔ ​ေတြးပူ​ေနတာနဲ႔ မိဘစိတ္​ပင္​ပန္​းပါမယ္​…
​ေန႔စဥ္​တစ္​​ေယာက္​နဲ႔တစ္​​ေယာက္​အကုသိုလ္​ယူ​ေနရတာမ်ိဳး
ဘာလုိ႔လုပ္​​ေတာ့မလဲ…
ကိုယ္​တတ္​ႏုိင္​ရင္​ အ​ေဝးက​ေန​ေထာက္​ပ့ံျခင္​းကိုလုပ္​လို႔ရပါတယ္​…

အနီးမွာပဲ​ေနရမယ္​ဆိုလဲ မိဘနဲ႔အဆင္​​ေျပ​ေအာင္​နည္​းလမ္​း႐ွာ
စိတ္​​ေလ်ာ့တာလဲလုပ္​ႏုိင္​ပါတယ္​…

မိဘဆိုတာ အဖိုးတန္​ပါတယ္​ . ။ဒါ​ေပမဲ့ သားသမီးဆိုတာလဲ လူသားမို႔
သူလဲသူ႔တန္​ဖိုးသူ႐ွိတယ္​ဆိုတာမိဘမ် ား အထူးသတိခ်ပ္​မိျကရင္​
မိဘနဲ႔သားသမီး ဆက္​ဆံ​ေရးကအဆင္​​ေျပမွာပါ…
SniperSu

” ရှိပါတယ် . .”

ဘယ်လိုမိဘအမျိုးအစားကမျ ား
သားသမီးကိုငရဲပေးလို့ရနေသလဲ
တွေးကြည့်ကြရအောင်လားဗျာ…

ပြောမရဘူးလေ ဒီအမျိုးအစားတွေမှာ
ကိုယ့်မိဘလဲပါနိုင်သလို ကိုယ်လဲပါနိုင်တယ်လေ…

(1)။`အပြစ်တင်လွန်းတဲ့မိဘ´

ဒါကရိုးရှင်းပါတယ်
ဘာလုပ်လုပ်အပြစ်တင်နေတာ . .
တစ်နည်းဆိုရရင် လောဘကြီးမိတာပေါ့ .။

အသုံးမကျ ဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ
သားသမီးက တကယ်အသုံးမကျ တာ
ဖြစ်ချင်ဖြစ်မယ် ။ ဒါပေမဲ့

အသုံးမကျ ခြင်းကိုပဲ ဖောက်မြင်နေတာ . . .
ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသက
မိဘကိုပြန်ခံပြောဖို့ စတင်လာတယ်…

(2)။`ဘက်လိုက်တာ´

သားသမီးချင်းတူရင်
ငါ့သမီးငယ်လေး …ငါ့သားကြီးနဲ့
ဘက်လိုက်ဆက်ဆံတာ…။

ဒါကအရမ်းဆိုးတယ် ။ ဘက်လိုက်တတ်တဲ့
မိဘပိုင်ဆိုင်တဲ့ သားသမီးတွေဟာ
မစည်းလုံးကြတာများတယ် ။

မိဘကသွေးခွဲထားတာလေ
“နင်ကညံ့တယ် နင်ကတော်တယ်”ဆိုပြီး
ကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ
ဘယ်တော့မှဈေးနှုန်းညှိမရကြတော့ဘူး…။

ဘက်လိုက်မှုက မလေးစားမှုကို
အစပျိုးပါတယ် .။ ပြီးရင်အချင်းချင်း
မနာလိုစိတ်ကနေ အမုန်းတရားပွားများလာတယ်။

ကလေးဘဝကတည်းက
အရိုးစွဲတဲ့ အမုန်းတရားက
ဘယ်တော့မှဖျောက်မရတော့ဘူး…။

မိဘရှေ့ မို့ ဟန်ဆောင်ဆက်ဆံပြနေကြတာပါ။
မိဘသေကြည့် ဒီမောင်နှမတွေဟာ
ပက်သက်စရာလုံးဝကိုမရှိတော့တဲ့

လူတွေအဖြစ်နေကြလိမ့်မယ်…
အချင်းချင်းကူညီဖို့ဆိုတာကတော့
ဟိုး အဝေးကြီးမှာပဲ…. .!

(3)။`ဆဲဆိုလွန်းတာ´

နေ့စဉ်အဆဲခံရတဲ့လူဆိုတာ
ဒေါသမျ ားမယ်ထင်လား ? နည်းမယ်ထင်လား?
ပြန်များပြောမိရင် မိဘကိုခံပြောတယ် . .

ငရဲကြီးမှာ . .ဒုက္ခရောက်မှာ
ခွေးဖြစ်မှာဆိုတဲ့ကျိန်စာဆန်ဆန်
စကားတွေကအရမ်းဆိုးတာပဲနော် …။

ဒါဆို နေ့စဉ်သားသမီးကိုဆဲရေးနေတဲ့
မိဘကကော ငရဲမကြီးတတ်တော့ဘူးလား . .!
ကောင်းကောင်းမွန်မွန်ပြောပြီးခိုင်းလို့မရရင်

မခိုင်းသင့်တော့ဘူး … ဆဲရေးပြီးမှ
ခိုင်းရတယ်ဆိုတာ အတော်ကိုနည်းလမ်းမကျ တာ။
သူဘာလို့မလုပ်ချင်တာလဲဆိုတာ
တော်တော်ကို ချဉ်းကပ်ရခက်တဲ့ကိစ္စပါ ။

ဘာမှကိုမလုပ်ချင်တာလား . . .?သို့သော်လည်း
သူလုပ်ချင်တာဘာများလဲဆိုတဲ့လမ်းက
ဝေးတော့ ဆဲပြီးခိုင်းလိုက်တာမြန်တယ်လေ…
ဒီနည်းပဲသုံးကြတော့တယ်…

(4)။`သားသမီးအိမ်ထောင်ကိုစွက်ဖက်တာ´

တော်တော်များများဒါကိုလုပ်ကြတယ်…။
“နင်ယူထားတဲ့ ယောက်ျားကဘယ်လို ”
“နင်ယူထားတဲ့ မိန်းမကဘယ်လို “ဆိုတာမျိုး
မပြောသင့်ပါဘူး …။

သားသမီးရဲ့ရွေးချယ်မှုကိုလေးစားရပါမယ် …။
သူဟာ သူ့ဘဝကိုသူနေတတ်လို့နေနေတာပါ .။
သားသမီးကသူ့အိမ်ထောင်နဲ့ပက်သက်ပြီး

ကူညီပါလို့မပြောမချ င်း ဝင်ပါစရာကိုမလိုတာ….
ငါ့သမီး ပဲ မှန်တယ် ငါ့သားက မှန်တယ် ဆိုတာ ချည်းပဲ ယူဆတာ မှားပါတယ်.။

သားသမီးအကြောင်းမိဘကသိတယ်ဆိုတာ
ကလေးဘဝမှာပဲဖြစ်လိမ့်မယ်…။

သားသမီးအကြောင်းမသိကြလို့သာ
သားသမီးက လူသတ်မိရင် မုဒိမ်းကျင့်တာမျိုးလုပ်မိရင်
မိဘက အံ့သြတကြီးဖြစ်ကြရတာပေါ့…

…ငယ်စဉ်ကသိတယ်ဆိုတာ
ကလေးဘဝမှာမိဘနဲ့တစ်နေကုန်ရှိနေလို့
အကျင့်လေးတွေသိနေတာ…

သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့
အချိန်ကုန်တာနည်းလေ မိဘက
သားသမီးစိတ်ကိုမသိရလေပဲဆိုတာကို
သိထားသင့်ပါတယ်…!

သားသမီးဆိုတာ။။။

မိဘကိုအစစအရာရာပြောပြချ င်တဲ့
အရွယ်ဆိုတာ အသက်လေးငါးဆယ်နှစ်
အရွယ်မှာပဲရှိတယ်…။

ဒါကိုကလေးလိုပဲ အကုန်သိချင်
အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်
တကယ်ဖြစ်ရင်တောင် မိဘကိုမတိုင်ပင်
ကြတော့တာများတယ်… …။

” ငါပြောသားပဲ”
ဆိုတဲ့စကားနောက်ကအပြစ်တင်မှုတွေဟာ
ပြဿနာကိုဖြေရှင်းဖို့ဝေးကွာစေတာ
သားသမီးတွေကရိပ်စားမိကြပါတယ်…။

သားသမီးအကြောင်းတကယ်သာသိရင်
ဒါမျိုးမလုပ်သင့်တာကိုသိကိုသိထားရမယ်…

(5)။`သားသမီးကိုပြောဆိုဆက်ဆံပုံမှားတာ´

အချို့ မိဘတွေရှိပါတယ် ။ ပြင်ပမှာတော့
လူငယ်လူကြီးမရွေးကို အရမ်းအလေးထား
ဆက်ဆံတတ်ပါတယ် ။

ပြောရရင် လူတွေအပေါ်လေးစားမှုရှိတာပေါ့ ။
သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး ။

သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့
စိတ်အလိုမကျ တိုင်းသားသမီးကို
နှိမ်နေတတ်တာမျိုးပါ…။

စေတနာစကားပေမဲ့ အပြောမတတ်ရင်
နားခါးတာလူ့သဘာဝပါ…

အပြင်ပန်းက မှတ်မထားတာ မှန်ကောင်းမှန်ပါလိမ့်မယ်…
စိတ်ခံစားချက်က မှတ်ထားတတ်လို့သာ မိဘပြောတိုင်း
မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့
သားသမီးတွေရှိလာရတာပါ…

စိတ်ဆိုတာအမြဲမရှည်ပါဘူး .။
ဒါကြောင့် သားသမီးကိုအမြဲနားပူအောင်
နေ့စဉ်ဆုံးမစကားဆိုမနေပါနဲ့…။

သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီး
တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ
စားပွဲဝိုင်းမှာ အေးအေးဆေးဆေးပဲ
ဆုံးမစကားတစ်ခွန်းချင်းပြောသင့်တာပါ .။

တစ်ပတ်တစ်ခါမို့ ဆုံးမရတာ
စိတ်လဲရှည်တယ် … သားသမီးအနေနဲ့လဲမိဘက
ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်. ။

သူ့အမှားကိုဆင်ခြင်နိုင်တယ် ။
“ဒေါသပါတဲ့ ဆုံးမစကားဟာ
ပြောင်းပြန်အကျိုးသက်ရောက်ပါတယ် . . .”

ဘာလို့လဲဆိုတော့ သားသမီးဆိုတာလူသားမို့
ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ…

အဆင်မပြေမှုတွေကိုသူတို့လဲမလိုလားကြပါဘူး!
ဒါပေမဲ့ ငြင်းဆန်မရရင်တော့
မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက်

အဝေးကို ပြေးသွားလိုက်တာ
အကုသိုလ်အနည်းဆုံး
အဆင်ပြေဆုံးလို့ထင်ပါတယ်……

မိဘအတွက်လဲ မျက်စိထဲအဆင်မပြေတဲ့
သားသမီးဟာ သူ့ဖာသာရပ်တည်နေတာ
ကိုယ်မမြင်ရဘူးဆို အပူသက်သာတယ် .။

မိဘရဲ့ အဝေးမှာနေမယ်ဆိုရင်လဲ
အဆင်ပြေပြေ မပြေပြေ မိဘသာမသိစေနဲ့
မေးလာရင်အဆင်ပြေတယ်ပဲပြောလိုက်ပါ ။

ဒါမှ အဝေးမှာမိဘကော သားသမီးပါ
စိတ်အေးလက်အေးနေနိုင်မှာပါ ။
နို့မို့ တွေးပူနေတာနဲ့ မိဘစိတ်ပင်ပန်းပါမယ်…

နေ့စဉ်တစ်ယောက်နဲ့တစ်ယောက်
အကုသိုလ်ယူနေရတာမျိုး
ဘာလို့လုပ်တော့မလဲ…

ကိုယ်တတ်နိုင်ရင် အဝေးကနေထောက်ပံ့ခြင်း
ကိုလုပ်လို့ရပါတယ်…

အနီးမှာပဲနေရမယ်ဆိုလဲ မိဘနဲ့
အဆင်ပြေအောင်နည်းလမ်းရှာ
စိတ်လျော့တာလဲလုပ်နိုင်ပါတယ်…

မိဘဆိုတာ အဖိုးတန်ပါတယ် . ။
ဒါပေမဲ့ သားသမီးဆိုတာလဲ လူသားမို့
သူလဲသူ့တန်ဖိုးသူရှိတယ်ဆိုတာ

မိဘမျ ား အထူးသတိချပ်မိကြရင်
မိဘနဲ့သားသမီး ဆက်ဆံရေးက
အဆင်ပြေမှာပါ…
SniperSu

No comments:

Post a Comment