Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 13, 2018

ေခြးေဂဟာတည္ေထာင္သူကို သတ္ခဲ့တဲ့သူမွာ ေဂဟာေန ၿခံေစာင့္ ျဖစ္ေန

မုဒုံၿမိဳ႕မွာ ေခြးေလေခြးလြင့္ေဂဟာ ဖြင့္လွစ္ထားတဲ့ ဦးၾကည္မိုးခ်စ္ကို သတ္ခဲ့တဲ့သူမွာ အဆိုပါ ေဂဟာမွာ အလုပ္လုပ္တဲ့ ၿခံေစာင့္ ျဖစ္တယ္လို႔ ကနဦးသတင္းေတြအရသိရပါတယ္။အဆိုပါၿခံေစာင့္ဆိုသူက ဦးၾကည္မိုးခ်စ္နဲ႔ စကားမ်ား ရန္ျဖစ္ရာကေန ရဲဒင္းနဲ႔ ခုတ္သတ္လိုက္တယ္လို႔ ကနဦး စစ္ေဆးခ်က္ေတြအရသိရပါတယ္။

ျဖစ္စဥ္ကေတာ့ ဒီဇင္ဘာ ၁၁ ရက္ ညေနပိုင္းက အဲဒီၿခံလုပ္သား စိုးမင္းေအာင္ဆိုသူက အျပင္ကေန အရက္ေသာက္ၿပီး ၿခံထဲကို ျပန္လာခဲ့ရာ မိန္းမျဖစ္သူနဲ႔ စကားမ်ားရန္ျဖစ္ၿပီး မိန္းမက ေနအိမ္ေပၚကေန ဆင္းသြားခဲ့တယ္လို႔သိရပါတယ္။

ဦးၾကည္မိုးခ်စ္က ေခြးစာေကြၽးဖို႔ လာေခၚတာကို စိုးမင္းေအာင္က မသြားဘဲ " ခင္ဗ်ားက ဘာလူပါးဝတာလဲ ပိုက္ဆံေပးၿပီးခိုင္းတာဆိုၿပီး လူပါးဝတာ လားလို႔ ေျပာဆိုၿပီး လုံးေထြးသတ္ပုတ္ခဲ့ရာ မိန္းမ ျဖစ္သူက ေက်းဇူးရွင္ အလုပ္ရွင္ကို မလုပ္သင့္ေၾကာင္းေျပာဆိုၿပီး ဆက္လုပ္ရင္ သူ႔ကိုယ္သူသတ္ေသမယ္လို႔ ေျပာခဲ့တာေၾကာင့္ ရပ္တန႔္ခဲ့တယ္လို႔ သိရပါတယ္။

အဲဒီေနာက္ ဦးၾကည္မိုးခ်စ္က အျပင္လိုက္ခဲ့ဖို႔ ေခၚခဲ့ရာမွာ အနီးက ရဲဒင္းကို ယူၿပီးလိုက္သြားခဲ့ရာ ၿခံဝလမ္းမေပၚမွာ ထပ္မံစကားမ်ားရန္ျဖစ္ရာကေန ရဲဒင္းနဲ႔ ခုတ္သက္လိုက္တယ္လို႔ စစ္ေဆးေပၚေပါက္ခဲ့တာလည္းျဖစ္ပါတယ္။

ေသဆုံးသူ ဦးၾကည္ခ်စ္မိုးဆိုသူဟာ ပရဟိတလုပ္ငန္းေတြလုပ္ကိုသူတစ္ဦးျဖစ္သလို လြန္ခဲ့တဲ့ ႏွစ္ ႏွစ္ေလာက္ကတည္းက တာပသြန္ေက်း႐ြာ ေဘးမဲ့ေတာရအနီးက ေရာ္ဘာၿခံေျမကြကို ဝယ္ယူၿပီး လမ္းေဘးေခြးေလးေခြးလြင့္ေတြကို လိုက္လံစုေဆာင္းၿပီး ျပဳစုေစာင့္ေရွာက္ေနတဲ့သူ တစ္ဦးျဖစ္တယ္လို႔လည္းသိရပါတယ္။

အဆိုပါေရာ္ဘာၿခံအတြင္းမွာ ဦးၾကည္ခ်စ္မိုးအျပင္ အလုပ္သမား ၂ ဦးေနထိုင္တယ္လို႔ လည္းသိရပါတယ္။
Duwun

#Unicode Version#

မုဒုံမြို့မှာ ခွေးလေခွေးလွင့်ဂေဟာ ဖွင့်လှစ်ထားတဲ့ ဦးကြည်မိုးချစ်ကို သတ်ခဲ့တဲ့သူမှာ အဆိုပါ ဂေဟာမှာ အလုပ်လုပ်တဲ့ ခြံစောင့် ဖြစ်တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။အဆိုပါခြံစောင့်ဆိုသူက ဦးကြည်မိုးချစ်နဲ့ စကားများ ရန်ဖြစ်ရာကနေ ရဲဒင်းနဲ့ ခုတ်သတ်လိုက်တယ်လို့ ကနဦး စစ်ဆေးချက်တွေအရသိရပါတယ်။

ဖြစ်စဉ်ကတော့ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက အဲဒီခြံလုပ်သား စိုးမင်းအောင်ဆိုသူက အပြင်ကနေ အရက်သောက်ပြီး ခြံထဲကို ပြန်လာခဲ့ရာ မိန်းမဖြစ်သူနဲ့ စကားများရန်ဖြစ်ပြီး မိန်းမက နေအိမ်ပေါ်ကနေ ဆင်းသွားခဲ့တယ်လို့သိရပါတယ်။

ဦးကြည်မိုးချစ်က ခွေးစာကျွေးဖို့ လာခေါ်တာကို စိုးမင်းအောင်က မသွားဘဲ " ခင်ဗျားက ဘာလူပါးဝတာလဲ ပိုက်ဆံပေးပြီးခိုင်းတာဆိုပြီး လူပါးဝတာ လားလို့ ပြောဆိုပြီး လုံးထွေးသတ်ပုတ်ခဲ့ရာ မိန်းမ ဖြစ်သူက ကျေးဇူးရှင် အလုပ်ရှင်ကို မလုပ်သင့်ကြောင်းပြောဆိုပြီး ဆက်လုပ်ရင် သူ့ကိုယ်သူသတ်သေမယ်လို့ ပြောခဲ့တာကြောင့် ရပ်တန့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဦးကြည်မိုးချစ်က အပြင်လိုက်ခဲ့ဖို့ ခေါ်ခဲ့ရာမှာ အနီးက ရဲဒင်းကို ယူပြီးလိုက်သွားခဲ့ရာ ခြံဝလမ်းမပေါ်မှာ ထပ်မံစကားများရန်ဖြစ်ရာကနေ ရဲဒင်းနဲ့ ခုတ်သက်လိုက်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာလည်းဖြစ်ပါတယ်။

သေဆုံးသူ ဦးကြည်ချစ်မိုးဆိုသူဟာ ပရဟိတလုပ်ငန်းတွေလုပ်ကိုသူတစ်ဦးဖြစ်သလို လွန်ခဲ့တဲ့ နှစ် နှစ်လောက်ကတည်းက တာပသွန်ကျေးရွာ ဘေးမဲ့တောရအနီးက ရော်ဘာခြံမြေကွကို ဝယ်ယူပြီး လမ်းဘေးခွေးလေးခွေးလွင့်တွေကို လိုက်လံစုဆောင်းပြီး ပြုစုစောင့်ရှောက်နေတဲ့သူ တစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။

အဆိုပါရော်ဘာခြံအတွင်းမှာ ဦးကြည်ချစ်မိုးအပြင် အလုပ်သမား ၂ ဦးနေထိုင်တယ်လို့ လည်းသိရပါတယ်။

No comments:

Post a Comment