Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 3, 2018

ဒီဘ၀မိန္းမဘဝကေန..ေနာက္ဘ၀ေယာက်ာ္းဘဝျဖစ္ခ်င္ရင္

(၁) မိန္းမဘဝကို စက္ဆုပ္ရမယ္။

(၂)ဥပုဒ္သီလေစာင့္ထိန္းရမယ္။

(၃) ကာေမသုမိစၦာစာရမွ ေရွာင္ၾကဥ္ရမယ္။

(၄)ေယာက်ာ္းျဖစ္လိုတဲ႔ ဆႏၵအားႀကီးရမယ္။

(၅)ကုသိုလ္ျပဳတဲ႔အခါတိုင္း ေယာကၤ်ားအျဖစ္ကို ဆုေတာင္းၿပီး ကုသိုလ္ျပဳရမယ္။

(၆)လင္သားကို နတ္ကဲ႔သို႔ ရိုရိုေသေသ ျပဳစုလုပ္ေကြ်းရမယ္။

ဒီေနရာမွာ ျခြင္းခ်က္အေနနဲ႔ လင္ေယာက်္ားမရွိသူမ်ားဟာ အျခားအခ်က္မ်ားကို ျပည့္စံုေအာင္ ျဖည့္က်င့္ၿပီး ေယာက်ာ္းဆုပန္နိုင္ပါတယ္။

မိန္းမမ်ား မရနိုင္တဲ႔ အခြင့္အေရး ( ၅) ခ်က္

(၁) မိန္းမသည္ ဘုရားမျဖစ္နိုင္

(၂) စၾကဝေတးမင္း မျဖစ္နိုင္

(၃) သိၾကာမင္း မျဖစ္နိုင္

(၄)မာရ္နတ္မင္း မျဖစ္နိုင္

(၅)မဟာျဗဟၼာမင္း မျဖစ္နိုင္

အဂဳၤတၱရ္ ဧကကနိပါတ္ ဒုတိယဝဂ္ နဲ႔ မဟာအဌကထာ ေဂါပကဝတၳဳမွာ ေဟာထားတယ္။ဒါေတြအတိုင္းဆို မိန္းမမ်ား ဘုရားဆုပန္လို႔မရဘူးေပါ႔။ ဒါေပမဲ႔ယခုမ်က္ေမွာက္ မိန္းမဘဝမွာမရေပမဲ႔ ေနာက္ဘဝမွာ ေယာက်ာ္းျဖစ္ရင္ေတာ႔ ဘုရားဆုပန္ဖို႔ အခြင့္အေရးရနိုင္ပါတယ္။

ဒါေၾကာင့္အနာဂတ္ဘဝကိုေမွ်ာ္လင့္ၿပီးဆုပန္မယ္ ဆိုရင္ေတာ႔ ဆုပန္လို႔ရပါတယ္။ေဂါတမျမတ္စြာဘုရားရွင္ေတာင္ မိန္းမဘဝနဲ႔ ဘုရားဆုပန္ခဲ႔ပါေသးတယ္။ ေသာတတၱကီက်မ္း နိဒါန္းမွာပါတယ္။

ေဂါတမဘုရားအေလာင္းဟာ ေရွးေရွးဘဝက က်ဴးလြန္ခဲ႔ဖူးတဲ႔ အပရာပရိယေဝဒနိယကံ (မ်က္ေမွာက္ဘဝနွင့္ အျခားမဲ႔ဘဝမွ တစ္ပါးေသာဘဝ၌ အက်ိဳးေပးေသာကံ)ေၾကာင့္ နတ္ျပည္ကေနစုေတၿပီး ေပါရာဏဒီပကၤရာဘုရားနဲ႔ အေဖတူ အေမကြဲ မင္းသမီးျဖစ္လာရတယ္။

ဒီေနရာမွာ ေပါရာဏဒီပကၤရာဘုရားဆိုတာ ေဂါတမဘုရားအေလာင္း သုေမဓာရွင္ရေသ႔ နိယတဗ်ာဓိတ္ခံယူတဲ႔ ဒီပကၤရာဘုရားရဲ႕ အရင္ ကပ္ကမၻာ အသေခၤ်ပြင့္တဲ႔ ဒီပကၤရာဘုရားျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီပကၤရာခ်င္းတူေနလို႔ ကပ္ကမၻာ အသေခၤ်ပြင့္တဲ႔ ဒီပကၤရာဘုရားကို ေပါရာဏဒီပကၤရာဘုရား၊ သုေမဓုရွင္ရေသ႔ နိယတဗ်ာဓိတ္ခံယူတဲ႔ ဒီပကၤရာကိုေတာ႔ပစၦိမဒီပကၤရာဘုရားလို႔ဆိုတယ္။

ေပါရာဏဒီပကၤရာဘုရားလက္ထက္မွာ ပစၦိမဒီပကၤရာဘုရားအေလာင္းဟာ ပုဏၰားမ်ိဳးမွာျဖစ္ၿပီး ေပါရာဏဒီပကၤရာေဟာတဲ႔ တရားကိုနာၾကားၿပီး ရဟန္းဝတ္တယ္။ မၾကာမီ အဘိညာဥ္ငါးပါး သမာပတ္ရွစ္ပါးကို႐ရွိၿပီး ဘုရားအျဖစ္ကို အားက်လို႔ ဘုရားဆုပန္မယ္ဆိုၿပီး သပိတ္ပိုက္ၿပီး တစ္ၿမိဳ႔လံုးဆီအလွဴခံတယ္။ အဲဒီရတဲ႔ဆီေတြနဲ႔ တစ္ညလံုး ဘုရားရွင္ကို ဆီမီးပူေဇာ္ၿပီး ဘုရားဆုပန္တဲ႔အခါ ဘုရားေလာင္းအဂၤါရွစ္ပါးနဲ႔ ျပည့္စံုေနလို႔ ေပါရာဏဒီပကၤရာ ဘုရားရွင္ဆီကေန နိယတဗ်ာဒိတ္ ရခဲ႔တယ္။

ဒီေနရာမွာ ဘုရားေလာင္းအဂၤါ (၈) ပါးက-

(၁) လူသားျဖစ္ျခင္း

(၂) ေယာက်္ားျဖစ္ျခင္း

(၃) ထိုပစၥဳပၸန္အတၱေဘာ၌ပင္လွ်င္ အရဟတၱဖိုလ္သို႔ေရာက္ျခင္း၏ အေၾကာင္းေကာင္းမႈ ရွိျခင္း

(၄)သက္ေတာ္ထင္ရွားျမတ္စြာဘုရားကို ဖူးေတြ႔ရျခင္း

(၅)သာသနာ႔ဝန္ထမ္း ရေသ႔ရဟန္းျဖစ္ရျခင္း

(၆) အဘိညာဥ္ သမာပတ္ေက်းဇူးနွင့္ ျပည့္စံုျခင္း

(၇)ဘုရားတို႔အား ကိုယ့္အသက္ကို စြန္႔ျခင္းဟုဆိုအပ္ေသာ လြန္ကဲေသာ ကုသိုလ္ရွိျခင္း

(၈)ဘုရားအျဖစ္ကို ျပဳတတ္ေသာ အေၾကာင္းပါရမီတို႔ကိုျဖည့္ျခင္း၌ လြန္ကဲေသာ အလိုဆႏၵရွိျခင္း – တို႔ ျဖစ္ပါတယ္။

ဒါကေတာ႔ ျပည္ဆရာေတာ္ႀကီးရဲ႕ နိႆယကိုမွီၿပီး ျမန္မာျပန္ထားတာပါ။ပစၦိမဒီပကၤရာဘုရားအေလာင္းဟာ အဲဒီေန႔ကစၿပီး ဆီအၿမဲအလွဴခံၿပီး မီးပူေဇာ္တယ္။ တစ္ညေနမွာေတာ႔ နန္းေတာ္ကိုဝင္ၿပီး ဆီအလွဴခံတဲ႔အခါ ေပါရာဏဒီပကၤရာဘုရားရဲ႕ နွမေတာ္ဟာ ညေနဆိုေတာ႔ ဆြမ္းအလွဴခံတာမဟုတ္မွန္းသိေတာ႔ အလုပ္အေကြ်းမိန္းမတစ္ေယာက္ကို လႊတ္ၿပီး စံုစမ္းခိုင္းတဲ႔အခါ အေၾကာင္းစံုသိၿပီး ရဟန္းေတာ္ကိုပင့္ၿပီး ေရႊအဆင္းနဲ႔တူတဲ႔ မုန္ညင္းဆီလွဴတယ္။

ျပီးေတာ႔ ‘ အရွင္ဘုရား ဤ ေကာင္းမႈေၾကာင့္ ဘုရားစင္စစ္ျဖစ္၍ ဤမုန္ညင္းဆီအမည္နဲ႔ သိဒၶတၱ ဆိုတဲ႔ အမည္ကို ႐ပါလို၏။ ဒီအေၾကာင္းကို ေမာင္ေတာ္ ဘုရားကိုလည္း ေလွ်ာက္ထားေပးပါ ‘ လို႔ေလွ်ာက္တယ္။ ပစၦိမဒီပကၤရာဘုရားအေလာင္းလည္း မင္းသမီးေလွ်ာက္တဲ႔အတိုင္းေလွ်ာက္တဲ႔အခါ ေပါရာဏဒီပကၤရာဘုရားက ‘ ရဟန္း ငါ့ရဲ႕ နွမေတာ္ဟာ ဘုရားေလာင္းအဂၤါရွစ္ပါးနဲ႔ မျပည့္စံုလို႔ နိယတဗ်ာဒိတ္ မခံနိုင္ဘူး ‘လို႔ မိန္႔ေတာ္မူတယ္။

နိယတဗ်ာဒိတ္မရနိုင္ဘူးလို႔ ဆိုေတာ႔ ပစၦိမဒီပကၤရာဘုရားအေလာင္းဟာ ‘ သူလိုခ်င္တဲ႔ ဘုရားအျဖစ္ကို မရနိုင္ေတာ႔ဘူးလား ‘ လို႔ ထပ္ေလွ်ာက္တယ္။ အဲဒီေတာ႔ ေပါရာဏဒီပကၤရာဘုရားက အနာဂတံသဥာဏ္နဲ႔ ၾကည့္တယ္။ ဘုရားျဖစ္နိုင္တာကိုျမင္တယ္။

ဒါေၾကာင့္ …’ ရဟန္း ဤကမၻာမွ ၁၆ အသေခၤ် ကမၻာတစ္သိန္းေက်ာ္လြန္တဲ႔အခါ သင္ရဟန္းဟာ ငါကဲ႔သို႔ ဒီပကၤရာအမည္နဲ႔ ဘုရားျဖစ္လိမ္႔မယ္။ အဲဒီအခါမွာ သင္က ငါရဲ႕ နွမေတာ္ကို နိယတဗ်ာဒိတ္စကား ေပးနိုင္လိမ္႔လို႔ ‘ မ်က္ကြယ္ဗ်ာဒိတ္စကား ေပးေတာ္မူတယ္။

ဒါေတြအားလံုးကို ၿခံဳငံုသံုးသပ္႐ရင္ မိန္းမမ်ားဟာ လက္ရွိမိန္းမဘဝနဲ႔ ဘုရားဆုမပန္နိုင္ေသာ္လည္း ေနာင္ဘဝေယာက်ာ္းျဖစ္ပါက အခြင့္အေရးရနိုင္ပါတယ္။ေဖာ္ျပပါ အခ်က္မ်ားကို ေထာက္ရႈၿပီး မိန္းမမ်ားလည္း ဘုရားဆုကိုေယာက်ာ္းဘဝျဖစ္ခြင့္ရရွိၿပီးဆုထူးပန္နိုင္ၾကပါေစ။

ဓမၼမိတ္ေဆြမ်ား ဗဟုသုတရပါေစျခင္း အက်ိဳးငွာ ရည္ရြယ္၍ ဆရာေတာ္ရေဝႏြယ္ ( အင္းမ ) ၏ ဘဝတိုင္းဆံုေတြ႔ခ်င္ပါသလားစာအုပ္မွေကာက္နုတ္ေဖာ္ျပထားပါသည္ ။

မုဒိတာအလင္း

#Unicode Version#
(၁) မိန်းမဘဝကို စက်ဆုပ်ရမယ်။

(၂)ဥပုဒ်သီလစောင့်ထိန်းရမယ်။

(၃) ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ရမယ်။

(၄)ယောကျာ်းဖြစ်လိုတဲ့ ဆန္ဒအားကြီးရမယ်။

(၅)ကုသိုလ်ပြုတဲ့အခါတိုင်း ယောင်္ကျားအဖြစ်ကို ဆုတောင်းပြီး ကုသိုလ်ပြုရမယ်။

(၆)လင်သားကို နတ်ကဲ့သို့ ရိုရိုသေသေ ပြုစုလုပ်ကျွေးရမယ်။

ဒီနေရာမှာ ခြွင်းချက်အနေနဲ့ လင်ယောကျ်ားမရှိသူများဟာ အခြားအချက်များကို ပြည့်စုံအောင် ဖြည့်ကျင့်ပြီး ယောကျာ်းဆုပန်နိုင်ပါတယ်။

မိန်းမများ မရနိုင်တဲ့ အခွင့်အရေး ( ၅) ချက်

(၁) မိန်းမသည် ဘုရားမဖြစ်နိုင်

(၂) စကြဝတေးမင်း မဖြစ်နိုင်

(၃) သိကြာမင်း မဖြစ်နိုင်

(၄)မာရ်နတ်မင်း မဖြစ်နိုင်

(၅)မဟာဗြဟ္မာမင်း မဖြစ်နိုင်

အဂုၤတ္တရ် ဧကကနိပါတ် ဒုတိယဝဂ် နဲ့ မဟာအဌကထာ ဂေါပကဝတ္ထုမှာ ဟောထားတယ်။ဒါတွေအတိုင်းဆို မိန်းမများ ဘုရားဆုပန်လို့မရဘူးပေါ့။ ဒါပေမဲ့ယခုမျက်မှောက် မိန်းမဘဝမှာမရပေမဲ့ နောက်ဘဝမှာ ယောကျာ်းဖြစ်ရင်တော့ ဘုရားဆုပန်ဖို့ အခွင့်အရေးရနိုင်ပါတယ်။

ဒါကြောင့်အနာဂတ်ဘဝကိုမျှော်လင့်ပြီးဆုပန်မယ် ဆိုရင်တော့ ဆုပန်လို့ရပါတယ်။ဂေါတမမြတ်စွာဘုရားရှင်တောင် မိန်းမဘဝနဲ့ ဘုရားဆုပန်ခဲ့ပါသေးတယ်။ သောတတ္တကီကျမ်း နိဒါန်းမှာပါတယ်။

ဂေါတမဘုရားအလောင်းဟာ ရှေးရှေးဘဝက ကျူးလွန်ခဲ့ဖူးတဲ့ အပရာပရိယဝေဒနိယကံ (မျက်မှောက်ဘဝနှင့် အခြားမဲ့ဘဝမှ တစ်ပါးသောဘဝ၌ အကျိုးပေးသောကံ)ကြောင့် နတ်ပြည်ကနေစုတေပြီး ပေါရာဏဒီပင်္ကရာဘုရားနဲ့ အဖေတူ အမေကွဲ မင်းသမီးဖြစ်လာရတယ်။

ဒီနေရာမှာ ပေါရာဏဒီပင်္ကရာဘုရားဆိုတာ ဂေါတမဘုရားအလောင်း သုမေဓာရှင်ရသေ့ နိယတဗျာဓိတ်ခံယူတဲ့ ဒီပင်္ကရာဘုရားရဲ့ အရင် ကပ်ကမ္ဘာ အသင်္ချေပွင့်တဲ့ ဒီပင်္ကရာဘုရားဖြစ်ပါတယ်။ ဒါကြောင့် ဒီပင်္ကရာချင်းတူနေလို့ ကပ်ကမ္ဘာ အသင်္ချေပွင့်တဲ့ ဒီပင်္ကရာဘုရားကို ပေါရာဏဒီပင်္ကရာဘုရား၊ သုမေဓုရှင်ရသေ့ နိယတဗျာဓိတ်ခံယူတဲ့ ဒီပင်္ကရာကိုတော့ပစ္ဆိမဒီပင်္ကရာဘုရားလို့ဆိုတယ်။

ပေါရာဏဒီပင်္ကရာဘုရားလက်ထက်မှာ ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းဟာ ပုဏ္ဏားမျိုးမှာဖြစ်ပြီး ပေါရာဏဒီပင်္ကရာဟောတဲ့ တရားကိုနာကြားပြီး ရဟန်းဝတ်တယ်။ မကြာမီ အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးကိုရရှိပြီး ဘုရားအဖြစ်ကို အားကျလို့ ဘုရားဆုပန်မယ်ဆိုပြီး သပိတ်ပိုက်ပြီး တစ်မြို့လုံးဆီအလှူခံတယ်။ အဲဒီရတဲ့ဆီတွေနဲ့ တစ်ညလုံး ဘုရားရှင်ကို ဆီမီးပူဇော်ပြီး ဘုရားဆုပန်တဲ့အခါ ဘုရားလောင်းအင်္ဂါရှစ်ပါးနဲ့ ပြည့်စုံနေလို့ ပေါရာဏဒီပင်္ကရာ ဘုရားရှင်ဆီကနေ နိယတဗျာဒိတ် ရခဲ့တယ်။

ဒီနေရာမှာ ဘုရားလောင်းအင်္ဂါ (၈) ပါးက-

(၁) လူသားဖြစ်ခြင်း

(၂) ယောကျ်ားဖြစ်ခြင်း

(၃) ထိုပစ္စုပ္ပန်အတ္တဘော၌ပင်လျှင် အရဟတ္တဖိုလ်သို့ရောက်ခြင်း၏ အကြောင်းကောင်းမှု ရှိခြင်း

(၄)သက်တော်ထင်ရှားမြတ်စွာဘုရားကို ဖူးတွေ့ရခြင်း

(၅)သာသနာ့ဝန်ထမ်း ရသေ့ရဟန်းဖြစ်ရခြင်း

(၆) အဘိညာဉ် သမာပတ်ကျေးဇူးနှင့် ပြည့်စုံခြင်း

(၇)ဘုရားတို့အား ကိုယ့်အသက်ကို စွန့်ခြင်းဟုဆိုအပ်သော လွန်ကဲသော ကုသိုလ်ရှိခြင်း

(၈)ဘုရားအဖြစ်ကို ပြုတတ်သော အကြောင်းပါရမီတို့ကိုဖြည့်ခြင်း၌ လွန်ကဲသော အလိုဆန္ဒရှိခြင်း – တို့ ဖြစ်ပါတယ်။

ဒါကတော့ ပြည်ဆရာတော်ကြီးရဲ့ နိဿယကိုမှီပြီး မြန်မာပြန်ထားတာပါ။ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းဟာ အဲဒီနေ့ကစပြီး ဆီအမြဲအလှူခံပြီး မီးပူဇော်တယ်။ တစ်ညနေမှာတော့ နန်းတော်ကိုဝင်ပြီး ဆီအလှူခံတဲ့အခါ ပေါရာဏဒီပင်္ကရာဘုရားရဲ့ နှမတော်ဟာ ညနေဆိုတော့ ဆွမ်းအလှူခံတာမဟုတ်မှန်းသိတော့ အလုပ်အကျွေးမိန်းမတစ်ယောက်ကို လွှတ်ပြီး စုံစမ်းခိုင်းတဲ့အခါ အကြောင်းစုံသိပြီး ရဟန်းတော်ကိုပင့်ပြီး ရွှေအဆင်းနဲ့တူတဲ့ မုန်ညင်းဆီလှူတယ်။

ပြီးတော့ ‘ အရှင်ဘုရား ဤ ကောင်းမှုကြောင့် ဘုရားစင်စစ်ဖြစ်၍ ဤမုန်ညင်းဆီအမည်နဲ့ သိဒ္ဓတ္တ ဆိုတဲ့ အမည်ကို ရပါလို၏။ ဒီအကြောင်းကို မောင်တော် ဘုရားကိုလည်း လျှောက်ထားပေးပါ ‘ လို့လျှောက်တယ်။ ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းလည်း မင်းသမီးလျှောက်တဲ့အတိုင်းလျှောက်တဲ့အခါ ပေါရာဏဒီပင်္ကရာဘုရားက ‘ ရဟန်း ငါ့ရဲ့ နှမတော်ဟာ ဘုရားလောင်းအင်္ဂါရှစ်ပါးနဲ့ မပြည့်စုံလို့ နိယတဗျာဒိတ် မခံနိုင်ဘူး ‘လို့ မိန့်တော်မူတယ်။

နိယတဗျာဒိတ်မရနိုင်ဘူးလို့ ဆိုတော့ ပစ္ဆိမဒီပင်္ကရာဘုရားအလောင်းဟာ ‘ သူလိုချင်တဲ့ ဘုရားအဖြစ်ကို မရနိုင်တော့ဘူးလား ‘ လို့ ထပ်လျှောက်တယ်။ အဲဒီတော့ ပေါရာဏဒီပင်္ကရာဘုရားက အနာဂတံသဉာဏ်နဲ့ ကြည့်တယ်။ ဘုရားဖြစ်နိုင်တာကိုမြင်တယ်။

ဒါကြောင့် …’ ရဟန်း ဤကမ္ဘာမှ ၁၆ အသင်္ချေ ကမ္ဘာတစ်သိန်းကျော်လွန်တဲ့အခါ သင်ရဟန်းဟာ ငါကဲ့သို့ ဒီပင်္ကရာအမည်နဲ့ ဘုရားဖြစ်လိမ့်မယ်။ အဲဒီအခါမှာ သင်က ငါရဲ့ နှမတော်ကို နိယတဗျာဒိတ်စကား ပေးနိုင်လိမ့်လို့ ‘ မျက်ကွယ်ဗျာဒိတ်စကား ပေးတော်မူတယ်။

ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ရရင် မိန်းမများဟာ လက်ရှိမိန်းမဘဝနဲ့ ဘုရားဆုမပန်နိုင်သော်လည်း နောင်ဘဝယောကျာ်းဖြစ်ပါက အခွင့်အရေးရနိုင်ပါတယ်။ဖော်ပြပါ အချက်များကို ထောက်ရှုပြီး မိန်းမများလည်း ဘုရားဆုကိုယောကျာ်းဘဝဖြစ်ခွင့်ရရှိပြီးဆုထူးပန်နိုင်ကြပါစေ။

ဓမ္မမိတ်ဆွေများ ဗဟုသုတရပါစေခြင်း အကျိုးငှာ ရည်ရွယ်၍ ဆရာတော်ရဝေနွယ် ( အင်းမ ) ၏ ဘဝတိုင်းဆုံတွေ့ချင်ပါသလားစာအုပ်မှကောက်နုတ်ဖော်ပြထားပါသည် ။

မုဒိတာအလင်း

No comments:

Post a Comment