Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 23, 2018

သန်ကောင်အရှည်က ၈ လက်မရှိပါတယ်


လူနာက အသက် ၃၀ကျော်အမျိုးသား အရက်ဖြတ်ထားတာ ၆ လလောက်ရှိပြီ ဗိုက်အောင့်တာ ၃လလောက်ရှိပြီ ဆေးရုံတက်ရတာလည်း ၂ခါရှိပြီ
အထူးကုဆေးရုံကြီးတခုမှာ တက်ပြီး ခွဲစိတ်အထူးကုဆရာဝန်ကြီးနဲ့ပြ CT ရိုက်တော့ သည်းခြေပြွန်ထိပ် ကင်ဆာ ( periampullary Ca) နဲ့တူတယ်လို့ပြောတော့ ကျွန်မတို့ ရန်ကုန်ဆေးရုံကြီး အစာအိမ်နဲ့ အူလမ်းကြောင်း ဌာနကို ERCP လုပ်ပေးဖို့လွှဲလာပါတယ်
သူ့အသက်အရွယ် ရောဂါရာဇဝင် CT အဖြေ အားလုံးကိုကြည့်ပြီး ကင်ဆာလို့ကောက်ချက်ချရမှာဝန်လေးနေသေးလို့ သူ့အတွက်အကျိုးရှိအောင် Endoscopic Ultrasound (EUS) ကို ERCP မလုပ်ခင်ကြည့်ဖို့ ဆုံးဖြတ်ကြပါတယ် Periampullary Ca ပြောရင် သည်းခြေပြွန်ထိပ်ကင်ဆာ (ampullary Ca), ပန်ကရိယကင်ဆာ, သည်းခြေပြွန်လမ်းကြောင်းကင်ဆာ (distal cholangiocarcinoma) လားလည်းမသဲကွဲပါဘူး
(EUS ရဲ့အားသာချက်ကတော့ သည်းခြေပြွန်လမ်းကြောင်းနဲ့ ပန်ကရိယကို အစာအိမ်အူလမ်းကြောင်းအတွင်းက USG နဲ့ ကြည့်တာဖြစ်လို့ အထက်ကကင်ဆာတွေလား ကျောက်လား တခြားအဖတ်တွေလား သဲသဲကွဲကွဲမြင်နိုင်တာဘဲဖြစ်ပါတယ်)
EUS နဲ့အစာအိမ်ထွက်ပေါက်နားကကြည့်တော့ သည်းခြေပြွန်ထိပ်မှာ ကင်ဆာမရှိပါဘူး အထဲမှာရှည်ရှည် အဖတ်တွေလိုကျောက် လိုလိုလေးတွေ သွားတွေ့ပါတယ် အူသိမ်ထဲကိုဆက်ဝင်သွားလိုက်တော့ သေသေချာချာတွေ့ရပါပြီ သည်းခြေပြွန်ထိပ်မှာ သန်ကောင်ကြီးတကောင် ဝင်လိုက် ထွက်လိုက်နဲ့ သန်ကောင်ကိုဆွဲထုတ်လိုက်တာတော့ video ထဲက အတိုင်းပါ သန်ကောင်အရှည်က ၈ လက်မရှိပါတယ်

ဒီနေ့မနက်တော့ လူနာက ဗိုက်မအောင့်တော့ဘူး ပြုံးပြုံးရွှင်ရွှင်နဲ့ဆိုတော့ သေချာမေးကြည့်တော့မှ အထူးကုဆေးရုံကြီးမှာတက်နေတုန်းက သံကောင်တွေ ၇ ကောင် ၈ကောင်လောက် ၃ရက်လောက်ဆက်ပြီး အန်ထွက်ပါတယ်တဲ့ ဆရာကြီးကလည်း သံချဆေး ၃ရက်တိုက်ထားင်္ပြးသားပါတဲ့ အခုတွေ့တဲ့သံကောင်ကလည်း အရှင်ကြီး 😩😇😫
မြန်မာပြည်က ဆရာဝန်တွေလက်ထဲမှာရွေးချယ်စရာမရှိဘဲ အကုခံပေးခဲ့တဲ့လူနာကိုလည်းကျေးဇူးအထူးတင်ရှိပါတယ် 😃

Tin Moe Wai

No comments:

Post a Comment