Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 16, 2018

ႀကာရိုးႀကာစြယ္ လွဴရက်ိဳး – ၄မ်ိဳး


1-ေကာင္းစြာတန္ဆာဆင္အပ္ေသာနတ္သမီးရွစ္ေသာင္း ေျခာက္ေထာင္တို႕ညအခါ နံက္အခါတို႕၌ဆည္းကပ္ခစားခံရျခင္း(ဒကာမမ်ားကသာႀကာပန္းလွဴႀကတာဆိုေတာ့နတ္သားျဖစ္ျပီးခစားတာျဖစ္နိုင္သလို/နတ္မိဖုရားႀကီးျဖစ္ခါ ခစားခံရတာလဲျဖစ္နိုင္ပါည္။ဤကားအက်ြန္ဳပ္၏အယူအဆေပတည္း)

2-လူ႕ဘဝေရာက္ေသာအခါ ခ်မ္းသာႀကြယ္ဝသူျဖစ္၍စည္းစိမ္ဥစၥာမ်ားဆုတ္ယုတ္မွဳ႕မရွိျခင္း

3-ႀကာစြယ္လွဴသည့္အခ်ိန္မွစ၍ ကမ႓ာတစ္သိန္းဒုဂၢတိဘဝသို႕မေရာက္ျခင္း

4-ေနာက္ဆုံးဘဝ၌ ကိေလသာကုန္ခမ္းရဟႏၱာျဖစ္ျခင္း(အပ!၂။၁၇၈။)(အပ!ျမန္!၂။ ၁၇၂။)(နိဗၺာန္ရည္မွန္း လွဴဒါန္းသူသာရဟႏၱာျဖစ္နိုင္ )

နတ္သမီးအျခံအရံ အေရအတြက္ အတိအက်ပါတဲ႕ထူးျခားတဲ႔ သုတ္ မို႕ ဒကာဒကာမေတြ အားက်ေစပါေတာ့ဆိုတဲ႕ ေစတနာလဲ ပါပါတယ္။ ဒကာႀကီးေတြလဲ လွဴတတ္ရင္ရပါတယ္မလွဴတတ္ရင္လဲ လွဴမဲ႔ဒကာမေတြကိုခူးေပးလိုက္ေပါ့ ။ ဒါေပမဲ႕…ေက်းေတာသူေတြအတြက္ပါေက်းေတာသူေတြသာ ႀကာပန္းခ်ိဳးလွဴတတ္ေသာ အေလ့အထရွိတာမို႕ပါ။

ျမိဳ႕ႀကီးသူေတြကိုေတာ့ လွဴျဖစ္လိမ့္မည္လွဴခ်င္စိတ္ပင္လာလိမ့္မည္ ထင္မထားပါ။ ႀကာပန္းတစ္ေထာင္လွဴဒါန္းျခင္းသည္ေနာင္ပြင့္ေတာ္မူမည့္ ေမေတၱယ်ဘုရားရွင္နွင့္ေတြ႕ဆုံဖူးေမ်ွာ္ရန္ အေႀကာင္းတစ္ပါးေပတည္း။ေက်ာင္းမွာကထိန္အဝင္ေန႕ပါ။ စိတ္ရွဳပ္တဲ႕အႀကားကေရးသားရတဲ႔ တိုနွံ႕ ႏွံ႕ အေရးသားမို႕ ခြင့္လြတ္ပါ။လူတိုင္းသတိမထားမိတဲ႕အက်ိဳးေပးေလးမို႕သိေစခ်င္တဲ႔စိတ္ ျပင္းျပလာလို႕ ေရးရျခင္းပါ။ အာခံတြင္းက ႀကာညိုနံ႕သင္းတာ မပါေသး ။

(ဥဴဇင္းေက်ာင္းအနီးမွ မီွခိုေနေသာ ႀကာကန္ႀကီးပါ)
 ဦးဇဝန ( မေကြး )

#Unicode Version#

1-ကောင်းစွာတန်ဆာဆင်အပ်သောနတ်သမီးရှစ်သောင်း ခြောက်ထောင်တို့ညအခါ နံက်အခါတို့၌ဆည်းကပ်ခစားခံရခြင်း(ဒကာမများကသာကြာပန်းလှူကြတာဆိုတော့နတ်သားဖြစ်ပြီးခစားတာဖြစ်နိုင်သလို/နတ်မိဖုရားကြီးဖြစ်ခါ ခစားခံရတာလဲဖြစ်နိုင်ပါည်။ဤကားအကျွန်ုပ်၏အယူအဆပေတည်း)

2-လူ့ဘဝရောက်သောအခါ ချမ်းသာကြွယ်ဝသူဖြစ်၍စည်းစိမ်ဥစ္စာများဆုတ်ယုတ်မှု့မရှိခြင်း

3-ကြာစွယ်လှူသည့်အချိန်မှစ၍ ကမ္ဘာတစ်သိန်းဒုဂ္ဂတိဘဝသို့မရောက်ခြင်း

4-နောက်ဆုံးဘဝ၌ ကိလေသာကုန်ခမ်းရဟန္တာဖြစ်ခြင်း(အပ!၂။၁၇၈။)(အပ!မြန်!၂။ ၁၇၂။)(နိဗ္ဗာန်ရည်မှန်း လှူဒါန်းသူသာရဟန္တာဖြစ်နိုင် )

နတ်သမီးအခြံအရံ အရေအတွက် အတိအကျပါတဲ့ထူးခြားတဲ့ သုတ် မို့ ဒကာဒကာမတွေ အားကျစေပါတော့ဆိုတဲ့ စေတနာလဲ ပါပါတယ်။ ဒကာကြီးတွေလဲ လှူတတ်ရင်ရပါတယ်မလှူတတ်ရင်လဲ လှူမဲ့ဒကာမတွေကိုခူးပေးလိုက်ပေါ့ ။ ဒါပေမဲ့…ကျေးတောသူတွေအတွက်ပါကျေးတောသူတွေသာ ကြာပန်းချိုးလှူတတ်သော အလေ့အထရှိတာမို့ပါ။

မြို့ကြီးသူတွေကိုတော့ လှူဖြစ်လိမ့်မည်လှူချင်စိတ်ပင်လာလိမ့်မည် ထင်မထားပါ။ ကြာပန်းတစ်ထောင်လှူဒါန်းခြင်းသည်နောင်ပွင့်တော်မူမည့် မေတ္တေယျဘုရားရှင်နှင့်တွေ့ဆုံဖူးမျှော်ရန် အကြောင်းတစ်ပါးပေတည်း။ကျောင်းမှာကထိန်အဝင်နေ့ပါ။ စိတ်ရှုပ်တဲ့အကြားကရေးသားရတဲ့ တိုနှံ့ နှံ့ အရေးသားမို့ ခွင့်လွတ်ပါ။လူတိုင်းသတိမထားမိတဲ့အကျိုးပေးလေးမို့သိစေချင်တဲ့စိတ် ပြင်းပြလာလို့ ရေးရခြင်းပါ။ အာခံတွင်းက ကြာညိုနံ့သင်းတာ မပါသေး ။

(ဥူဇင်းကျောင်းအနီးမှ မှီခိုနေသော ကြာကန်ကြီးပါ)

No comments:

Post a Comment