ရခိုင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕နယ္မွာ မူလတန္းျပ ေက်ာင္းဆရာမေလးတဦးကို သတ္သြားခဲ့တဲ့ လူသတ္တရားခံကို ၂၄ နာရီအတြင္း ေဖာ္ထုတ္ဖမ္္းဆီးႏိုင္ခဲ့တယ္လို႔ ေက်ာက္ျဖဴခ႐ုိင္ ရဲတပ္ဖြဲ႔မႉး ဒုရဲမႉးႀကီးသန္႔ဇင္ဦးက ေျပာပါတယ္။
မူလတန္းျပဆရာမ ေဒၚေမဇင္ႏွင္းဟာ ဒီဇင္ဘာ ၁၀ ရက္ေန႔က တာဝန္က်ေနတဲ့ ေတာင္ရြာေက်းရြာကုိ စာသင္ဖို႔အသြားလမ္းမွာ အသတ္ခံရၿပီး ေသဆုံးေနတာကို ေတြ႔ရိွတဲ့အတြက္ ဖခင္ျဖစ္သူ ဦးေအးေရႊက တရားလိုျပဳလုပ္ တုိင္ၾကားခ်က္အရ ေက်ာက္ျဖဴခ႐ုိင္ရဲတပ္ဖြဲ႔မႉး ဒုရဲမႉးႀကီး သန္႔ဇင္ဦး ဦးစီးတဲ့အဖြဲ႔နဲ႔ ရမ္းၿဗဲၿမိဳ႕နယ္ရဲတပ္ဖြဲ႔မႉး ရဲမႉးေဇာ္ဝင္း ဦးစီးအဖြဲ႔က တရားခံကို ပူးေပါင္း စုံစမ္းေဖာ္ထုတ္ ဖမ္းဆီးႏိုင္ခဲ့တာပါ။
ေက်ာက္ျဖဴခ႐ုိင္ရဲတပ္ဖြဲ႔မႉး ဒုရဲမႉးႀကီး သန္႔ဇင္ဦးက “ရမ္းၿဗဲၿမိဳ႕နယ္ ေလးေတာင္ရဲစခန္းပိုင္ နယ္ေျမအတြင္း ျဖစ္ပြားခဲ့တာပါ၊ ေစရင္းေက်းရြာေန မူလတန္းျပဆရာမေလး ေဒၚေမဇင္ႏွင္းကို သတ္တဲ့တရားခံကို ဒီေန႔ ၁၀ နာရီခြဲအခ်ိန္မွာ ဖမ္းဆီးရမိတာပါ၊ တရားခံက ေရႊထူး (ခ) ေအးခ်မ္းပါ၊ အသက္က ၂၁ ႏွစ္ပါ။ ျဖစ္စဥ္ကိုေတာ့ စစ္ေဆးေနတယ္” လို႔ ေျပာပါတယ္။
အသက္ ၂၇ ႏွစ္အရြယ္ရွိ ေသဆုံးသူ မူလတန္းျပဆရာမေလးဟာ ရမ္းၿဗဲၿမိဳ႕နယ္ ေစရင္းေက်းရြာအုပ္စု ေစရင္းေက်းရြာဇာတိျဖစ္ၿပီး ရြာနဲ႔ ၃ မုိင္ေလာက္ေဝးတဲ့ အတြင္းျပင္ ေက်းရြာအုပ္စု၊ ေတာင္ရြာရိွ မူလတန္းေက်ာင္းမွာ တာဝန္ထမ္းေဆာင္ေနသူပါ။
ေက်ာင္းကုိ ေန႔စဥ္လမ္းေလွ်ာက္ စာသင္သြားေနတာျဖစ္ၿပီး ဒီဇင္ဘာ ၁၀ ရက္ ေန႔လယ္ ၁၂ နာရီအခ်ိန္ထိ ေက်ာင္းကို ေရာက္မလာလို႔ ေက်ာင္းအုပ္ဆရာမႀကီးက မိဘထံ ဖုန္းဆက္အေၾကာင္းၾကားတဲ့အတြက္ ဖခင္ျဖစ္သူ ဦးေအးေရႊက လိုက္လံရွာေဖြရာ အခြၽန္ျပင္ရြာ အနီး ကားလမ္းမေဘးရိွ ေခ်ာက္ထဲမွာ သမီးျဖစ္သူကို ေမွာက္လွ်က္ ေသဆုံးေနတာ ေတြ႔ရိွခဲ့ရတာပါ။
မေမဇင္ႏွင္းဟာ လည္ပင္းညိဳမည္း၊ ပါးစပ္/မအဂၤါ ေသြးထြက္ဒဏ္ရာေတြနဲ႔ ေသဆုံးေနလို႔ အေလာင္းကို ရမ္းၿဗဲျပည္သူ႔ေဆး႐ုံ ပို႔ေဆာင္ခဲ့တယ္လို႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ ထားပါတယ္။
ဒီအမႈကို ဖခင္ျဖစ္သူ ဦးေအးေရႊက တရားလိုျပဳလုပ္ တုိင္တန္းတဲ့အတြက္ ရမ္းၿဗဲၿမိဳ႕နယ္ ေလးေတာင္နယ္ေျမရဲစခန္းမွာ (ပ)အမွတ္ ၃၁/ ၂၀၁၈၊ ပုဒ္မ(၃၀၂) လူသတ္မႈနဲ႔ အမႈဖြင့္လွစ္ထားတယ္လို႔ ေက်ာက္ျဖဴခ႐ုိင္ရဲတပ္ဖြဲ႔မႉး႐ုံးက သိရပါတယ္။
ေနာင္ေနာင္
#Unicode Version#
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ မူလတန်းပြ ကျောင်းဆရာမလေးတဦးကို သတ်သွားခဲ့တဲ့ လူသတ်တရားခံကို ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသန့်ဇင်ဦးက ပြောပါတယ်။
မူလတန်းပြဆရာမ ဒေါ်မေဇင်နှင်းဟာ ဒီဇင်ဘာ ၁၀ ရက်နေ့က တာဝန်ကျနေတဲ့ တောင်ရွာကျေးရွာကို စာသင်ဖို့အသွားလမ်းမှာ အသတ်ခံရပြီး သေဆုံးနေတာကို တွေ့ရှိတဲ့အတွက် ဖခင်ဖြစ်သူ ဦးအေးရွှေက တရားလိုပြုလုပ် တိုင်ကြားချက်အရ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန့်ဇင်ဦး ဦးစီးတဲ့အဖွဲ့နဲ့ ရမ်းဗြဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်း ဦးစီးအဖွဲ့က တရားခံကို ပူးပေါင်း စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာပါ။
ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန့်ဇင်ဦးက “ရမ်းဗြဲမြို့နယ် လေးတောင်ရဲစခန်းပိုင် နယ်မြေအတွင်း ဖြစ်ပွားခဲ့တာပါ၊ စေရင်းကျေးရွာနေ မူလတန်းပြဆရာမလေး ဒေါ်မေဇင်နှင်းကို သတ်တဲ့တရားခံကို ဒီနေ့ ၁၀ နာရီခွဲအချိန်မှာ ဖမ်းဆီးရမိတာပါ၊ တရားခံက ရွှေထူး (ခ) အေးချမ်းပါ၊ အသက်က ၂၁ နှစ်ပါ။ ဖြစ်စဉ်ကိုတော့ စစ်ဆေးနေတယ်” လို့ ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ သေဆုံးသူ မူလတန်းပြဆရာမလေးဟာ ရမ်းဗြဲမြို့နယ် စေရင်းကျေးရွာအုပ်စု စေရင်းကျေးရွာဇာတိဖြစ်ပြီး ရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ အတွင်းပြင် ကျေးရွာအုပ်စု၊ တောင်ရွာရှိ မူလတန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေသူပါ။
ကျောင်းကို နေ့စဉ်လမ်းလျှောက် စာသင်သွားနေတာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက် နေ့လယ် ၁၂ နာရီအချိန်ထိ ကျောင်းကို ရောက်မလာလို့ ကျောင်းအုပ်ဆရာမကြီးက မိဘထံ ဖုန်းဆက်အကြောင်းကြားတဲ့အတွက် ဖခင်ဖြစ်သူ ဦးအေးရွှေက လိုက်လံရှာဖွေရာ အချွန်ပြင်ရွာ အနီး ကားလမ်းမဘေးရှိ ချောက်ထဲမှာ သမီးဖြစ်သူကို မှောက်လျှက် သေဆုံးနေတာ တွေ့ရှိခဲ့ရတာပါ။
မမေဇင်နှင်းဟာ လည်ပင်းညိုမည်း၊ ပါးစပ်/မအင်္ဂါ သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေလို့ အလောင်းကို ရမ်းဗြဲပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန် ထားပါတယ်။
ဒီအမှုကို ဖခင်ဖြစ်သူ ဦးအေးရွှေက တရားလိုပြုလုပ် တိုင်တန်းတဲ့အတွက် ရမ်းဗြဲမြို့နယ် လေးတောင်နယ်မြေရဲစခန်းမှာ (ပ)အမှတ် ၃၁/ ၂၀၁၈၊ ပုဒ်မ(၃၀၂) လူသတ်မှုနဲ့ အမှုဖွင့်လှစ်ထားတယ်လို့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
:နောင်နောင်
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, December 13, 2018
ရမ္းၿဗဲၿမိဳ႕နယ္တြင္ မူလတန္းျပေက်ာင္းဆရာမေလးကို သတ္ခဲ့သည့္တရားခံ ဖမ္းမိ
ရမ္းၿဗဲၿမိဳ႕နယ္တြင္ မူလတန္းျပေက်ာင္းဆရာမေလးကို သတ္ခဲ့သည့္တရားခံ ဖမ္းမိ
Reviewed by VC
on
December 13, 2018
Rating: 5
Reviewed by VC
on
December 13, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment