Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 23, 2018

လပွတ္တာမြို့နယ်​တွင်​ (၈)နှစ်အရွယ် မယားပါသမီးကို ပထွေးဖြစ်သူမှ သားမယားအဖြစ်​အဓမ္မပြုကျင့်​မှုဖြစ်​ပွာ

ဒီဇင်​ဘာ ၂၂ လပွတ္တာ

လပွတ္တာမြို့နယ်(၁၃)မိုင် လယ်ကွင်းထဲ တဲအိမ်​တွင် (၉.၁၂.၂၀၁၈​) နေ့က အတူနေထိုင်သော ဇနီးဖြစ်​သူ မတယ်နက်နှင့်အိမ်ထောင်ကျ စဉ်က ပါလာသည့်​ သမီးဖြစ်သူ မ....... (၈)နှစ်အရွယ်အား ပထွေး ဖြစ်သူ ဦးကြည်ခိုင် အသက်(၄၀)နှစ်​မှ ဇနီးဖြစ်သူ မတယ်နက် လယ်ကွင်းထဲသို့ကောက်ရိတ်ဆင်းသွားချိန်တွင် တဲအိမ်အတွင်း၌ ကျန်ရှိခဲ့သော မယားပါသမီး ဖြစ်သူ မ........အား သားမယားအဖြစ်​အဓမ္မပြုကျင့် ကြောင်းကိုသိသဖြင့် ရာအိမ်မှုးဖြစ်သူ ကြာကံ လမ်းခွဲ(၁၄)မိုင်(၆)ဖာလုံတွင်နေထိုင်သော ဦးသန်းဌေး အားသတင်းပေး အကူအညီတောင်းသဖြင့် ဦးသန်းဌေး မှ အခင်းဖြစ်နေရာ(၁၃)မိုင်သို့ သွားရောက်ရာ ကသပေါင်းကျေးရွာအုပ်ချူ ပ်ရေးမှုး ဦးအက်ဇော်နှင့်တွေ့ဆုံပြီး လပွတ္တာ ခရိုင်ရဲတပ်ဖွဲ့သို့ဖုန်းဆက်၍အကူအညီတောင်းခံခဲ့ပါသည် ၎င်းနောက် တရားခံ ဦးကြည်ခိုင် ရှောင်တိမ်းမသွားနိုင်စေရန် ဦးသန်းဌေး မှ ဦးဆောင်၍ ဦးကုလား ကိုသက်နိင်ကိုဖိုးကျော် ကိုဝဏ္ဏ တို့နှင့်ပူးပေါင်းပြီး ဝိုင်းဝန်ဖမ်းဆီပေးခဲ့ပါကြောင်း ၎င်းအမှုအား လပွတ္တာခရိုင် တူးမြောင်း ရဲစခန်း မှ (ပ)(၅၆)ပုဒ်​မ(၃၇၆)ဖြင့် အရေးယူဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်​။

Photo Credit
ရ​ဝေ​မောင်​(​မြောင်းမြ)

No comments:

Post a Comment