ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္က ဘူးသီးေတာင္ၿမိဳ႕ အနီးတဝိုက္မွာ ျမန္မာတပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ ေအေအ အၾကား တိုက္ပြဲေတြဟာ နိုဝင္ဘာလ ၂၉ ရက္ကတည္းက ၃ ရက္ဆက္တိုက္ ပစ္ခတ္မွုေတြ ျပင္းျပင္းထန္ထန္ ျဖစ္ေနတယ္လို႔ ရကၡိဳင့္တပ္မေတာ္ ေအေအရဲ့ ေျပာခြင့္ရသူ ခိုင္သုခက ဘီဘီစီကို ေျပာပါတယ္။
တိုက္ပြဲေတြဟာ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တဝိုက္ကေန ဘူးသီးေတာင္အထိ က်ယ္ျပန႔္လာတာျဖစ္ၿပီး နိုဝင္ဘာလ၂၉ ရက္ မနက္ ၁၁ နာရီ ေက်ာ္ကေန ညေန ၅ နာရီ အခ်ိန္အထိ ဘူးသီးေတာင္ၿမိဳ႕ ေျမာက္ဖက္၊ “နဟန္း”ႏွင့္”ဝါးနက္႐ုံ”အၾကားမွာ ျဖစ္ပြားခဲ့သလို နိုဝင္ဘာ ၃၀ ရက္ကလည္း ညေန ၅ နာရီ ကေန ည ၇ နာရီ အတြင္း တိုက္ပြဲ ၄ ႀကိမ္တိတိ ျဖစ္ပြားခဲ့တယ္လို႔ ေအေအ ေျပာခြင့္ရသူ ခိုင္သုခက ဆက္ေျပာပါတယ္။
ၿပီးခဲ့တဲ့ နိုဝင္ဘာလတုန္းကလည္း ခ်င္းျပည္နယ္ထဲက ပလက္ဝၿမိဳ႕နယ္တဝိုက္ ဘဂၤလားေဒ့ရွ္ နဲ႔ အိႏၵိယ နယ္စပ္ၾကားမွာ ေအေအ နဲ႔ အစိုးရ တပ္မေတာ္အၾကား တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္ခဲ့ၿပီး ၂ ဖက္ အက်အဆုံး မ်ားခဲ့ပါတယ္။
ေအေအအဖြဲ႕က အရာရွိတစ္ဦးကေတာ့ တိုက္ပြဲေၾကာင့္ တပ္မေတာ္က က်ဆုံးသူ ၂၀ ဝန္းက်င္ရွိခဲ့ၿပီး ဒဏ္ရာရသူေတြလည္း မ်ားခဲ့တယ္လို႔ ဘီဘီစီကို ေျပာပါတယ္။
အခုတိုက္ပြဲေတြ ထပ္ျဖစ္ေနတာေၾကာင့္ ပလက္ဝၿမိဳ႕နယ္ နဲ႔ နယ္စြန္နယ္ဖ်ားေတြမွာ ခရီးသြားလာခြင့္ကို အကန႔္အသတ္နဲ႔ ခြင့္ျပဳေနၿပီး အစစ္ေဆးေတြလည္း မ်ားေနတာေၾကာင့္ ေဒသခံေတြ သြားေရလာေရး အခက္ခဲၾကဳံေနရတယ္လို႔ ပလက္၀ ေဒသခံ ဦးတင္ထြန္းေအာင္က ေျပာပါတယ္။
၃ ရက္ၾကာ ဆက္တိုက္ျဖစ္ေနတဲ့ တိုက္ပြဲေတြအတြင္း ထိခိုက္ဒဏ္ရာရမွုနဲ႔ က်ဆုံးမွုေတြ ရွိေနတယ္လို႔ ေအေအဖက္က ေျပာေပမယ့္လည္း အေရအတြက္ ဘယ္ေလာက္အထိ ရွိခဲ့လည္းဆိုတာကိုေတာ့ အတည္မျပဳနိုင္ေသးပါဘူး။
တိုက္ပြဲေတြနဲ႔ ပတ္သက္လို႔လည္း ျမန္မာ့တပ္မေတာ္ဖက္က အခုထိ တစုံတရာ ထုတ္ျပန္ေျပာၾကားတာ မရွိေသးပါဘူး။
ref ; BBC
Unicode
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဘူးသီးတောင်မြို့ အနီးတဝိုက်မှာ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေ အကြား တိုက်ပွဲတွေဟာ နိုဝင်ဘာလ ၂၉ ရက်ကတည်းက ၃ ရက်ဆက်တိုက် ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ ရက္ခိုင့်တပ်မတော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။
တိုက်ပွဲတွေဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ်တဝိုက်ကနေ ဘူးသီးတောင်အထိ ကျယ်ပြန့်လာတာဖြစ်ပြီး နိုဝင်ဘာလ၂၉ ရက် မနက် ၁၁ နာရီ ကျော်ကနေ ညနေ ၅ နာရီ အချိန်အထိ ဘူးသီးတောင်မြို့ မြောက်ဖက်၊ “နဟန်း”နှင့်”ဝါးနက်ရုံ”အကြားမှာ ဖြစ်ပွားခဲ့သလို နိုဝင်ဘာ ၃၀ ရက်ကလည်း ညနေ ၅ နာရီ ကနေ ည ၇ နာရီ အတွင်း တိုက်ပွဲ ၄ ကြိမ်တိတိ ဖြစ်ပွားခဲ့တယ်လို့ အေအေ ပြောခွင့်ရသူ ခိုင်သုခက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တဝိုက် ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ နယ်စပ်ကြားမှာ အေအေ နဲ့ အစိုးရ တပ်မတော်အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ၂ ဖက် အကျအဆုံး များခဲ့ပါတယ်။
အေအေအဖွဲ့က အရာရှိတစ်ဦးကတော့ တိုက်ပွဲကြောင့် တပ်မတော်က ကျဆုံးသူ ၂၀ ဝန်းကျင်ရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း များခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
အခုတိုက်ပွဲတွေ ထပ်ဖြစ်နေတာကြောင့် ပလက်ဝမြို့နယ် နဲ့ နယ်စွန်နယ်ဖျားတွေမှာ ခရီးသွားလာခွင့်ကို အကန့်အသတ်နဲ့ ခွင့်ပြုနေပြီး အစစ်ဆေးတွေလည်း များနေတာကြောင့် ဒေသခံတွေ သွားရေလာရေး အခက်ခဲကြုံနေရတယ်လို့ ပလက်၀ ဒေသခံ ဦးတင်ထွန်းအောင်က ပြောပါတယ်။
၃ ရက်ကြာ ဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရမှုနဲ့ ကျဆုံးမှုတွေ ရှိနေတယ်လို့ အေအေဖက်က ပြောပေမယ့်လည်း အရေအတွက် ဘယ်လောက်အထိ ရှိခဲ့လည်းဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲတွေနဲ့ ပတ်သက်လို့လည်း မြန်မာ့တပ်မတော်ဖက်က အခုထိ တစုံတရာ ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။
ref ; BBC
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, December 1, 2018
တပ္မေတာ္နဲ ့AA တုုိ ့သုုံးရက္ျကာသည္အထိ တုုိက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္ေန
တပ္မေတာ္နဲ ့AA တုုိ ့သုုံးရက္ျကာသည္အထိ တုုိက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္ေန
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 01, 2018
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 01, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment