Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 28, 2018

စည်းလုံးစွာ Vote ပေးကြတဲ့ မြန်မာပရိသတ်တွေကြောင့် ဆုတွေများစွာနဲ့ နံပါတ်(၁) ပြေးနေတဲ့ ရွှေအိမ်စည်


Miss Supranational Myanmar 2018 မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု အလှမယ်ရွှေအိမ်စည်ကတော့ ယခုဆိုရင်တော့ ပြိုင်ပွဲအတွက် ပိုလန်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပြီး နောက်ဆုံး Final ပြိုင်ပွဲ အဆင့်ကို မရောက်ရှိသေးပေမဲ့လည်း နိုင်ငံတကာ အလှမယ်တွေထက် ကျော်လွန်လို့ သတ် Competitions အတော်အများမှာ နံပါတ်(၁) နေရာကနေ ပြေးနေပါတယ်။

သူမရဲ့ ကျန်းမာရေး အခြေအနေကြောင့်ရယ်၊ Personal Cases တချို့နဲ့ အတိုက်အခိုက်တွေကြောင့် ပြိုင်ပွဲကို သတ်မှတ်ထားတဲ့ ရက်ကို အရောက်မသွားနိုင်ပဲ ဖြစ်ခဲ့ရပေမဲ့လည်း ပိုလန်နိုင်ငံကို မရောက်ရှိခင်ကတည်းက ဆုတွေက သူမကို စောင့်ကြိုနေခဲ့ပါတယ်။
သာမန်မိန်းကလေးတွေနဲ့ မတူပဲ ရင့်ကျက်မှု၊တည်ငြိမ် လှပမှု၊ မိမိကိုယ့်ကိုယုံကြည်မှု၊ ရဲရင့်မှု၊ ထက်မြက်မှု နဲ့ အတူ အကောင်းဆုံးအမြဲတမ်း ကြိုးစားနေတဲ့ အချက်လေးတွေဟာ စူးရှလွန်းတဲ့ သူမရဲ့ မျက်ဝန်းတွေကနေ တွေ့နိုင်သလို ပိုလန်နိုင်ငံ မရောက်ရှိခင်ကတည်းက 20 Girl Most Voted on Instagram (Instagramမှာ Vote အများဆုံး အလှမယ်အယောက်-၂၀) မှာ အိမ်စည်က Myanmar Voting- 2.350 ရရှိခဲ့ပြီး Top-5 အဆင့်မှာပါဝင်နေခဲ့တာကြောင့် Miss Supranational Official Page ကနေ ချီးမြင့်တဲ့ လက်ဝတ်ရတနာ တချို့ ကို လက်ဆောင် ရရှိမှာ ဖြစ်ပါတယ်။

missosology page ကတော့ နိုင်ငံတကာ က အလှမယ်တွေကို အမြဲ Updates ဖြစ်အောင် ဖော်ပြပေးနေတဲ့ websites and page တစ်ခုဖြစ်ပြီး အိမ်စည်ဟာ ဒီနှစ်မှာ Miss Supranational သရဖူဆောင်းကာ ပြိုင်ပွဲယှဉ်ပြိုင်မယ် ဆိုတဲ့ အတွက်လည်း အရမ်းကို လက်ကမ်းကြိုဆိုပေးခဲ့ပါတယ်။

အိမ်စည်ဟာ ဒီနှစ်ရဲ့ missosology pageကနေ ရွေးချယ်တဲ့ Miss Supranational 2018 Second Hot Picks (အဟော့ဆုံး အလှမယ် အယောက်-၂၀) မှာ မပါဝင်ခဲ့ပေမဲ့လည်း Miss Supranational 2018: Preliminary swimsuit competition standouts (ရေကူးဝတ်စုံနဲ့ အလှဆုံး အလှမယ် အယောက်-၂၀) ထဲမှာတော့ ပါဝင်ခဲ့ပါတယ်။

အိမ်စည်ကို ” ဒီနှစ်ရဲ့မြန်မာအလှမယ် တစ်ယောက်အနေနဲ့ Miss Supranational ကို လာပြိုင်ဖို့ သူမကို အရောက်ပို့လိုက်တာ အကောင်းဆုံး ရွေးချယ်မှု တစ်ခုဖြစ်သလို သူမ အကောင်းဆုံးပြုလုပ်နိုင်မယ်လို့ လည်း ယုံကြည်ပါတယ်။ ပြီးတော့ သူမက Ponytails ဆံပင်စည်းလေးနဲ့ အရမ်းကို လိုက်ဖက်ပါတယ်” လို့ ချီးကျူးစကားဆိုထားပါတယ်။

ဒီနှစ်တရားဝင် Miss Supranational Official Page ကနေ ရွေးချယ်ထားတဲ့ ပြိုင်ပွဲ နှစ်ခုကတော့ အိမ်စည်က winner အဖြစ် နံပါတ်(၁) နေရာကနေ ထိပ်ဆုံးပြေးနေခဲ့ပြီး မြန်မာ့နိုင်ငံပရိသတ်တွေရဲ့ စည်းလုံးစွာ အားပေးပြီး Vote ပေးခဲ့တဲ့ အတွက်ဖြစ်တာကြောင့်လည်း ဂုဏ်ယူမိပါတယ်နော်။

ရရှိခဲ့တဲ့ နောက်ထပ်ဆုကတော့ Raymond Saldana နဲ့ ရိုက်ကူးထားတဲ့ အလှမယ်တွေရဲ့ ပုံမှာမှ winners voted for on Instagram and Facebook – the 10 contestants ( Instagram နဲ့ Facebook မှာ Voting အများဆုံး(၁၀)ယောက် ) မှာ

အိမ်စည်က facebook မှာ Voting အများဆုံး(voting – like share အပါအဝင်- 108,584)ရရှိခဲ့ပြီး ထိပ်ဆုံးက နံပါတ်(၁) နေရာမှာ ရရှိခဲ့ပါတယ်။ အဲ့ဒီအတွက် Professional Photographer ဖြစ်တဲ့ Raymond Saldana နဲ့ special photoshoot အမိုက်စားပုံတွေ ရိုက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အစောဆုံးနဲ့ Facebook မှာ Voting ရရှိခဲ့တဲ့ အတွက်လည်း Winner of our first voting on Facebook Top-6 မှာ အိမ်စည်ပါဝင်ခဲ့တဲ့ အတွက်လည်း Hotel Gołębiewski Karpacz မှာ SPA treatment ပြုလုပ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
နောက်ထပ်နိုင်ငံတကာ အလှမယ် page တစ်ခုဖြစ်တဲ့ Global Beauties အလှမယ် page ကရွေးချယ်တဲ့ Miss Supranational 2018 : list of Favorite Top-20 မှာ အိမ်စည်က top-5 နေရာ မရောက်ရှိခဲ့ပေမဲ့လည်း Top-20 နေရာမှာ ပါဝင်နေခဲ့ပါတယ်။ Top-1 ကတော့ Romania အလှမယ် ဖြစ်ပြီး Top-5 မှာ 2-Indonesia၊ 3- Venezuela၊ 4-Poland နဲ့ 5-Brazil တို့ ရပ်တည်နေပါတယ်။

Winner အဖြစ် အိမ်စည်ကို ရွေးချယ်ခံထားရတဲ့ နောက်ထပ်အလှမယ် pageကတော့” Beauty Pageants Center “အလှမယ် page တစ်ခုဖြစ်ပြီး MISS SUPRANATIONAL 2018 BY : Beauty Pageants Center အဖြစ်

WINNER – MYANMAR
1ST RUNNER UP – VENEZUELA
2ND RUNNER UP – VIETNAM
3RD RUNNER UP – PHILIPPINES
4TH RUNNER UP – BRAZIL တို့ ဖြစ်ပါတယ်။

နောက်ထပ် Final Round ပြိုင်ပွဲကြီးကတော့ ဒီဇင်ဘာလ(၈)ရက်နေ့ဖြစ်ပြီး အမေရိက၊ ယူရို စသဖြင့် နိုင်ငံကြီးကအလှမယ်တွေထက်ဒီနှစ်ရဲ့ Hot Pick တွေထဲမှာ အာရှက ပေါက်ဖွားလာတဲ့ အလှမယ်တွေက အထင်သေးလို့ မရသလို အိမ်စည်နဲ့ အတူ လူကြိုက်များပြီး Hot ဖြစ်နေတဲ့ အလှမယ်တွေကတော့ အင်ဒိုနီးရှာ၊ ဗီယက်နမ်၊ ကိုရီးယား နဲ့ ဖိလစ်ပိုင် အလှမယ်တို့ ဖြစ်ပါတယ်။ မြန်မာပရိသတ်တွေနဲ့လည်း အချိန်နဲ့ တပြေးညီ ပြိုင်ပွဲ တစ်ခုချင်းစီတိုင်းအတွက် စည်းစည်းလုံးလုံးနဲ့ vote ပေးကြဖို့ လိုအပ်သလို စည်းကမ်းလည်း ရှိဖို့ လိုအပ်ပါတယ်နော်။

source: miss supranational , miss golden land myanmar, beauty center, global beauties and misssolo

Burmese asia













No comments:

Post a Comment